← Chapters

နဂါးအရှင်နှင့် တိုက်ပွဲ

Vol. 10 Ch. 974

နဂါးအရှင်နှင့် တိုက်ပွဲ

Vol. 10 Ch. 974

ရှုညီအမတို့ ကဲ့သို့သော အဆင့်နိမ့် ကျင့်ကြံသူများ ပင်လျှင် ပေါက်ကွဲ ထွက်ပေါ်လာသော စွမ်းအား၏ အရှိန်အဝါကို ခံစား မိကြသည်။

“ဘုန်း...”

ရွှေရောင် အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေကာ ဆွတ်ဆွတ်ဖြူနေသော သူ၏ မျက်ခုံးမွေးနှင့် ဆံပင်တို့ကို ဆေးခြယ်နေ၏။ သူ၏ လက်များသည် လေထဲတွင် ကူးခပ်နေကာ မ‌ရေမတွက်နိုင်သော တန်ခိုးရှင် သင်္ကေတများကို ချန်ရစ်သည်။

ထိုအခိုက်အတန့်၌ နဂါးအရှင်ကား နတ်ဘုရား တစ်ပါးနှင့်ပင် တူနေသေး၏။

“အဘိုး စိတ်ဆိုးနေပြီ...”

ကလေးမလေးက လျှာအား ထုတ်ကာ အာကာသ ဟင်းလင်းပြင် တစ်ခုထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။

“ကောင်စုတ်လေး... အခြေတည် ဝိညာဥ် အဆင့်ရဲ့ စွမ်းအား အစစ်အမှန်က ဘာလဲ ဆိုတာ ငါ မင်းကို ပြမယ်ကွ..”

နဂါးအရှင်၏ စကားသံက ပေါက်ကွဲကာ ကောင်းကင်တွင် ပျံ့နှံ့ သွား၏။

တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှာ အရွယ်အစား ပို၍ ကြီးမားလာ၏။ သူ၏ အရှိန်အဝါမှာလည်း ဘိုးဘေး ဟုန်ယန်၊ မိစ္ဆာ စစ်ဦးစီး ယွမ်လောင်တို့ကို ကျော်လွန်ကာ မခန့်မှန်းနိုင်သည့် အဆင့် တစ်ခုသို့ ရောက်ရှိသွားသည်။

သို့သော်လည်း ချန်းဖန်မှာ တည်တည်ငြိမ်ငြိမ်သာ ရှိနေဆဲ ဖြစ်သည်။ သူက လက်သီးအား ဆန့်ထုတ်ကာ နောက်တစ်ကြိမ် ထိုးနှက် လိုက်ပြန်၏။

“မိစ္ဆာ ဘိုးဘေး ခြောက်ယောက် ကောင်းကင် ချိတ်ပိတ်ခြင်း လက်သီး...”

“ဘုန်း..”

တစ်ချိန်တည်း၌ နဂါးအရှင်က လက်အား စက်ဝိုင်း သဏ္ဌာန် ဝှေ့ယမ်းကာ ရွှေရောင် ယင်ယန် ထိုက်ကျိ စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုစက်ဝိုင်းက ချန်းဖန်၏ လက်သီးအား လမ်းကြောင်းပိတ်ကာ တားဆီးလေ၏။

“ဘုန်း...”

အနက်ရောင်နှင့် ရွှေရောင် အလင်းများမှာ ကောင်းကင်တစ်ခွင် ပြည့်နှက်ကာ ပြိုးပြိုးပျက်ပျက် လင်းလက်သွားသည်။ ရှေးဟောင်း မိစ္ဆာအင်း အတွင်းရှိ မိစ္ဆာ စစ်ဦးစီးများမှာ မျက်နှာများ ဖြူရော် သွားကြ၏။

“အလွှာ ၅၃ မှာ ဘယ်သူတွေ တိုက်ခိုက်နေတာလဲ... သူတို့က ယွမ်လောင်ထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်... တောင်တန်း အင်ပါယာ ဂိုဏ်းချုပ်များလား”

မိစ္ဆာ စစ်ဦးစီးများက စွမ်းအင်လှိုင်း ပျံ့နှံ့လာရာ အရပ်သို့ မျှော်ကြည့် လိုက်ကြ၏။

“ပျက်စီးစမ်း...”

ချန်းဖန်သည် လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်နေသည်။ မိစ္ဆာခြောက်ကောင်သည် သူ၏ နောက်၌ ရပ်ကာ အဆုံးမဲ့ စွမ်းအင်များကို ထောက်ပံ့ပေး၏။

ချန်းဖန်၏ လက်သီးတစ်ချက်ချင်းစီမှာ မိစ္ဆာ နတ်ဘုရား ခြောက်ယောက်၏ စုပေါင်းအင်အားကို သယ်ဆောင်ထားသည်။ အကယ်၍ နဂါးအရှင်သာ သာမန် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်ပါက ချန်းဖန်၏ လက်သီးချက်များအောက်၌ အသက်ထွက် သွားလောက်ပြီ ဖြစ်လေသည်။

“ဘုန်း... ဘုန်း... ဘုန်...”

နဂါးအရှင်မှာ အလွန် အစွမ်းထက်သည့်တိုင် နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေရ၏။

“မင်းက မင်းကိုယ်မင်း အခြေတည် ဝိညာဥ် အဆင့်လို့ ခေါ်တယ်ပေါ့ ဟုတ်လား...”

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်သည်။

နဂါးအရှင်သည် ကောင်းကင်အရှင် ဟုန်ယန်ထက် ပို၍ အစွမ်းထက်သည့်တိုင် ချန်းဖန်မှာ သူ့အား အသာစီးရရန် အင်အား ၂၀ ရာခိုင်နှုန်းသာ သုံးရသေးသည်။ အခြား အစစ်အမှန် သဏ္ဌာန် လေးခုကို လုံးဝ မသုံးရသေးချေ။

“ဟမ့်... ကောင်စုတ်လေး... ဘဝင်မြင့် မနေနဲ့”

နဂါးအရှင်က နှာခေါင်းရှုံ့ လိုက်သည်။

ထိုက်ကျိ စက်ဝိုင်းများမှာ တစ်ခုပြီးတစ်ခု ပေါ်လာကာ တစ်ခုချင်းစီမှာ ပထမ စက်ဝိုင်းများထက် ပို၍ တောက်ပနေ၏။ ၎င်းတို့က ကောင်းကင်ကို ဖြတ်၍ လင်းလက်ကာ အာကာသ အထိ ထိုးဖောက်သည်။

“ပျက်စီးစမ်း... ပျက်စီးစမ်း... ပျက်စီးစမ်း...”

ချန်းဖန်က သူ၏ အင်အားကို နှစ်ဆ တိုးမြှင့်ကာ အဆက်မပြတ် ထိုးနှက် လိုက်ပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

စက္ကန့်ပိုင်း အတွင်းမှာပင် ထိုက်ကျိ စက်ဝိုင်းများမှာ တစ်ခုပြီး တစ်ခု ပေါက်ကွဲ ကုန်ပြန်သည်။ နဂါးအရှင်သည် မီး၊ ရေခဲ၊ ရွှေရောင်ဓား စသည်ဖြင့် နတ်ဘုရား စွမ်းအား အမျိုးမျိုးကို ထုတ်သုံးသော်လည်း ချန်းဖန်၏ လက်သီးချက်များကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။ မိစ္ဆာခြောက်ပါး ကျင့်စဥ်မှာ မိစ္ဆာနယ်မြေ၏ ထိပ်တန်း ကျင့်စဥ် သုံးခုအနက် တစ်ခုဖြစ်ရာ သာမန် နတ်ဘုရား စွမ်းအားများ အနေဖြင့် မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

“ဘုန်း...”

အဆုံး၌ နဂါးအရှင်မှာ သားရဲ အဖြစ်သို့ ပြောင်းလဲ လိုက်ရတော့၏။ အစစ်အမှန် နဂါး၏ အသွင်သို့ ပြောင်းလဲ သွားသည်နှင့် သူ၏ အရှိန်အဝါသည် အဆပေါင်းများစွာ ပိုမို တိုးတက် သွားကာ လေထုကိုပင် မွမ်းကြပ် သွားစေသည်။

“တားမြစ်ခြင်း...”

“ဘုန်း...”

စကားလုံး သုံးလုံးမှာ နဂါးအရှင်၏ ပါးစပ်မှ ထွက်လာသည်နှင့် အရာရာမှာ ရပ်တန့်သွား၏။ အချိန်၏ စီးဆင်းမှု ပင်လျှင် အေးခဲ သွားသည်။ အားလုံးထဲ၌ ချန်းဖန်နှင့် လော့ချန်ရှန်း တို့သာလျှင် လှုပ်ရှားနိုင်ကြတော့သည်။

“ကောင်းကင်နှင့် မြေကြီးကို ချိတ်ပိတ်ခြင်း...”

နဂါးအရှင်၏ ထိုနတ်ဘုရား စွမ်းအား အပေါ် အသုံးချမှုကား ဘိုးဘေး ဟုန်ယန်ထက် အဆများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

“မဟာ နတ်ဘုရား ချည်နှောင်ခြင်း...”

နဂါးအရှင်က ရေရွတ်လိုက်ရာ မရေမတွက်နိုင်သော နတ်ဘုရားကြိုးများမှာ လေထုထဲ၌ ပေါ်ထွက်လာ၏။ ၎င်းတို့က ရွှေရောင်အလင်းဖြင့် တောက်ပကာ ချက်ချင်းပင် လေထု၌ ပြည့်နှက်သွားသည်။

“သွား...”

နဂါးအရှင်က လက်ညိုးထိုးလိုက်၏။

“ဝှစ်...”

ရွှေရောင် နတ်ဘုရားကြိုးများမှာ မူလ နေရာမှာ ပျောက်ကွယ်သွားကြကာ ချန်းဖန်၏ ပတ်လည်၌ ပြန်ပေါ် လာ၍ ချုပ်နှောင် ကြတော့၏။

“ဘုန်း...”

ချန်းဖန်က သူ၏ စွမ်းအားကို ထုတ်ဖော်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ၎င်းတို့၏ မြဲမြံသော ဆုပ်ကိုင်မှုအောက်၌ ချန်းဖန်မှာ အစွမ်း ကင်းမဲ့ကာ ကောင်းကင်မှ ပြုတ်ကျလေ၏။

“အကို...”

ရှောင်မန်က စိုးရိမ်တကြီးဖြင့် ချန်းဖန်အား ခေါ်လိုက်သည်။

“ကောင်းကင်အရှင်ချန်...”

ရှုညီအမှာလည်း ရင်များ တဒိန်းဒိန်း ခုန်သွားကြ၏။

“အဲဒါက နတ်ဘုရား သားရဲဂိုဏ်းရဲ့ နတ်ဘုရား ကျင့်စဥ် တစ်ခု ဖြစ်တဲ့ မဟာ နတ်ဘုရား ချည်နှောင်ခြင်း ကျင့်စဥ်ပဲ... ကောလဟာလတွေ အရဆို အဲဒီ ကျင့်စဥ်က အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုတောင် ခွန်အားမဲ့သွားတဲ့ အထိ ချည်နှောင်နိုင်တယ် တဲ့”

လော့ချန်ရှန်း၏ မျက်လုံးများမှာ ကြောက်လန့်မှုများဖြင့် ပြည့်နှက် သွား၏။

တစ်ချိန်တည်း၌ ချန်ရှန်း နတ်မိမယ်မှာ မထိန်းချုပ်နိုင်အောင် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။

ချန်းပေ့ရွှမ်းကား မိစ္ဆာ စစ်ဦးစီး တစ်ယောက်ကိုပင် လက်ဗလာဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ သို့တိုင်အောင် သူက အရှင်ကုထံ၌ ချုပ်နှောင်ခံလိုက်ရသည်လား။

“ကောင်စုတ်လေး... မင်း ဘာပြောချင်သေးလဲ”

နဂါးအရှင်၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီး အကြား၌ ပြည့်နှက်နေ၏။ သူက အထက်စီးမှနေ၍ ချန်းဖန်အား ငုံ့ကြည့်ရင်း ခေါင်းခါလိုက်၏။

“နှမြောဖို့ ကောင်းလိုက်လေခြင်း... ငါ မင်းကို ငါ့လက်အောက်ငယ်သား ဖြစ်စေချင်တာ... နောက်ပြီး မင်းညီမကိုတော့ ငါ့မြေးရဲ့ အစေခံ တစ်ယောက် အနေနဲ့ပေါ့... ဒါပေမဲ့ ငါ့ရဲ့ ကမ်းလှမ်းမှုက အချိန်စေ့ သွားပြီ... မင်းရဲ့ ဦးနှောက်ထဲက မိစ္ဆာကျင့်စဥ်ကို ငါကိုယ်တိုင် ထုတ်ယူမယ်... ပြီးရင် မင်းရဲ့ ညီမကိုတော့ ကျင့်စဥ်တွေ ဖျက်ဆီးပြီး သေမျိုး ဘဝကို ပြန်ပို့ပေးလိုက်မယ်”

နဂါးအရှင်၏ အသံက စိတ်မကောင်းခြင်းများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း သူ၏ အလွဣ်အမင်း အေးစက်သော မျက်နှာက သူ၏ စကားကို သစ္စာဖောက်နေသည်။ သူသည် ချန်းဖန်အား တပည့်အဖြစ် လက်ခံရန် တစ်ခါမျှ မစဥ်းစားခဲ့ချေ။ သူလိုချင်သည်က ချန်းဖန်၏ “မိစ္ဆာ ကျင့်စဥ်” သာ ဖြစ်သည်။

“ငါ့အကိုကို လွှတ်ပေးလိုက်...”

ရှောင်မန်က အော်ဟစ်ကာ နဂါးအရှင်အား‌ ပြေးဝင် တိုက်ခိုက်လိုက်၏။

“ဘုန်း...”

သို့သော်လည်း နဂါးအရှင်၏ လက်ညိုးညွှန်မှုတွင်ပင် ရှောင်မန်မှာ နောက်သို့ ပြန်လည် လွင့်စဥ် သွားသည်။ ရွှေရောင်သွေးများက သူမ၏ ပါးစပ်မှ စီးကျနေကာ တစ်ချိန်တည်း၌ သူမ၏ များစွာသော အရိုးများမှာလည်း ကျိုးကြေ သွားခဲ့ပြီ ဖြစ်လေသည်။

“မိန်းကလေး...”

ကျိုးကျူရှင်း၏ မျက်နှာက အ‌ရောင်ပြောင်းသွားကာ နဂါးအရှင်ထံ တိုးဝင် သွား၏။

“ဟမ့်...”

နဂါးအရှင်က သူ့အား တစ်ချက်သာ ကြည့်သည်။ ထိုအကြည့်တစ်ချက်မှာပင် ကျိုးကျူရှင်း၏ မျက်နှာမှာ ဖြူရော်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

“ခွေးမသားကြီး...”

ချန်းဖန်၏ မျက်နှာက ရုတ်ချည်းပင် မည်းမှောင်သွား၏။

“ဘုန်း...”

ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်၊ လိန်ဟူးနှင့် မိစ္ဆာခြောက်ပါး ဟူသော ပုံရိပ်ယောင် ငါးခုမှာ သူ၏ နောက်၌ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့၏။ ၎င်းတို့က ဟိန်းဟောက်ကာ ချန်းဖန်ထံ သူတို့၏ အဆုံးမဲ့ အင်အားများကို လွှဲပြောင်းပေးသည်။ ရုတ်တရက် ချန်းဖန်၏ စွမ်းအားမှာ အဆရာချီအထိ ပိုမို မြင့်တက် လာခဲ့၏။

“ဘုန်း... ဘုန်း... ဘုန်း...”

မရေမတွက်နိုင်သော ရွှေရောင်ကြိုးများမှာ တစ်ခုပြီး တစ်ခု ပြတ်တောက် သွားလေသည်။ အချုပ်အနှောင်မှ လွတ်မြောက်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်ကာ ရှောင်မန်၏ နံဘေး၌ ပြန်ပေါ်လာ၏။

“ဟူး... ဟူး...”

ချက်ချင်းပင် ချန်းဖန်က နတ်ဘုရား စိတ်အာရုံဖြင့် ရှောင်မန်အား စစ်ဆေးလိုက်သည်။ ဒဏ်ရာများမှာ အသေးစားလေးများသာ ဖြစ်ကြောင်း သေချာသွားသော အခါတွင်မှ ချန်းဖန်မှာ သက်ပြင်းချနိုင်တော့၏။

“ဝှစ်...”

ထို့နောက် ချီလင်ပေါက်စမှာ ရှောင်မန်၏ အနားသို့ ပျံသန်းလာရာ အဝါရောင် အရည်စက် နှစ်စက်ကို ပါးစပ်အတွင်း ချလိုက်၏။ ထိုအရည်နှစ်စက်အား စုပ်ယူပြီးသည်နှင့် ရှောင်မန်၏ ဒဏ်ရာများမှာ ချက်ချင်းပင် သက်သာလာသည်။

“မြွေအိုကြီး...”

ရှောင်မန်၏ ဒဏ်ရာ အခြေအနေ စိတ်ချရသည်နှင့် ချန်းဖန်က နဂါးအရှင်ဘက်သို့ လှည့်လိုက်ကာ မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။

“ဘုန်း...”

မြေပြင်မှာ ငလျင်ကဲ့သို့ တုန်လှုပ်သွားကာ အက်ကြောင်းများမှာ ပင့်ကူအိမ် ကဲ့သို့ အဖက်ဖက် ပျံ့နှံ့ သွားသည်။ ထိုအရှိန်ကို ယူ၍ ချန်းဖန်၏ ခန္ဓာကိုယ်မှာ လေထဲသို့ အလွန် လျှင်မြန်စွာ မြောက်တက်လာ၏။ တစ်ဆက်တည်း လိုလိုပင် သူက မည်သည့် ဓမ္မ စွမ်းအားကိုမှ အသုံးပြုခြင်း မရှိပဲ လက်သီးအား ဆန့်ထုတ် လိုက်သည်။

“မိစ္ဆာ ဘိုးဘေးခြောက်ပါး ကောင်းကင် ချိတ်ပိတ်ခြင်း လက်သီး...”

ချန်းဖန်သည် ထိုလက်သီးချက်အား အထွတ်အထိပ် အမြုတေ ငါးခု၏ အားကိုယူ၍ ထိုးလိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှု စွမ်းအား မည်မျှ အထိ ရှိမည်ကို မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီတိုက်ခိုက်မှုက...”

လော့ချန်ရှန်း၏ မျက်လုံးများ ပင်လျှင် မယုံကြည်နိုင်စွာ ပြူးကျယ် သွား၏။

“ဘုန်း...”

အရှင်ကု၏ အစစ်အမှန် သဏ္ဌာန်ဖြစ်သော ရွှေရောင် နဂါးက ချက်ချင်းပင် မဟာ နတ်ဘုရား ချည်နှောင်ခြင်း ကျင့်စဥ်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုအရာက အသုံးမဝင်တော့ချေ။

“ဘုန်း...”

စဥ်းစား၍ပင် မရနိုင်သော စွမ်းအင်တစ်ခုမှာ ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ ပေါက်ကွဲသွား၏။ ကမ္ဘာလောကကား ခွန်ပန်၏ ဝါးမျိုခြင်းကို ခံရသည့်အလား နှစ်ခြမ်းကွဲအက်လာသည်။ လူတိုင်းသည် ကောင်းကင်မှာ သူတို့ နားအတွင်း ပြိုကျလာသလို ခံစားလိုက်ရလေ၏။

“ဟူး... ဟူး...”

ဖုန်များ ပျောက်ကွယ်သွားချိန်၌ လူများမှာ ကောင်းကင်တွင် နဂါးသွေးမိုးစက်များ ရွာသွန်းနေကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်း၌ မြေပြင်တွင်မူ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေ၏။

“ဟူး... ဟူး...”

ထိုတွင်းပေါက်၏ အထက်တွင်မူ လူငယ် တစ်ယောက်မှာ လွင့်မျောနေ၏။ သူ၏ ဘေးတွင်မူ ရောင်ခြည် တစ်ခုက တဖျတ်ဖျတ် တောက်ပနေသည်။ သူကား ကောင်းကင်ဘုံ ကိုးထပ်မှ ကောင်းကင် တန်ခိုးရှင် တစ်ဦးနှင့်ပင် တူနေသေးတော့သည်။

***

All Chapters