ဒူးထောက်ပြီး တောင်းပန်
Vol. 10 Ch. 975
ရှေးဟောင်း မိစ္ဆာအင်း အလွှာ ၅၃ တွင်...
ကြီးမားသော အက်ကြောင်းကြီးများသည် နတ်ဘုရား ကုန်းမြေကို ဗဟိုပြု၍ ပတ်ဝန်းကျင် မိုင်တစ်ထောင် အထိ ပျံ့နှံ့နေ၏။ မြေပြင်သည် ပင့်ကူအိမ် အလား ဖြစ်တည်နေကာ လေထုမှာလည်း ဖုန်များဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ ကျောက်တုံးများသည် ကောင်းကင်မှ မြေပြင်သို့ တဘုန်းဘုန်း ပြုတ်ကျနေ၏။
ချန်းဖန်၏ ခြေထောက်အောက် တည့်တည့်တွင်မူ အလွန် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ထိုအပေါက်ကြီးသည် မီတာတစ်ရာ ကျယ်ဝန်းကာ ကီလိုမီတာနှင့် ချီသည့် အနက်ရှိ၏။ လူများသည် သေချာ မမြင်ရသည့်တိုင် ထိုအပေါက်ကြီးမှာ ချန်းဖန်၏ လက်သီးချက်ကြောင့် နဂါးအရှင် ကျွံဝင်သွားသည့် အပေါက်ဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်ကြသည်။
“အရှင်ကု ရှုံးသွားတာလား...”
သခင်မလေးကျိမှာ ထိုအချင်းအရာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူမသည် မွေးဖွားလာစဥ်မှ စ၍ နဂါးအရှင်၏ ဒဏ္ဍာရီများကို နားနှင့် မဆံ့အောင် ကြားခဲ့ရသည်။ အရှင်ကုကား ကျိမိသားစု၌နတ်ဘုရားတစ်ပါး သဖွယ် ကိုးကွယ်ခံရသူ ဖြစ်သည်။
ထိုကဲ့သို့သော နဂါးအရှင်က ချန်းပေ့ရွှမ်း၏ လက်သီးချက်တွင် ယခုကဲ့သို့ ဆိုးရွားစွာ ရှုံးနိမ့်သွားသည်လား...။
သခင်မလေးကျိမှာ တွင်းပေါက်ကြီးအား ငေးငိုင်ကာ ကြည့်နေမိ၏။
“ကောင်းကင်အရှင်ချန်း နိုင်သွားပြီ...”
စီမာတိုင်နှင့် ရှုညီအမတို့က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ကြသည်။ တစ်ချိန်တည်း၌ ကောင်းကင် ဗိုလ်ချုပ်ဟူ၏ မျက်နှာမှာမူ တိုး၍ ဖြူရော်သွား၏။
“ကျင့်ကြံသူချန်း... မင်း နတ်ဘုရား သားရဲဂိုဏ်းကို မကြောက်ဖူးလား...”
လော့ချန်ရှန်းက ချန်းဖန်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။
“ဘာကို ကြောက်ရမှာလဲ... မင်းပြောတဲ့ နတ်ဘုရား သားရဲဂိုဏ်း ငါ့ဆီကို လာရှာရဲရင်လည်း သူတို့ကိုပါ သတ်ပစ်လိုက်ရုံပေါ့”
ချန်းဖန်က ပြန်ပြောလိုက်သည်။
ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်... အစ ရှိသည့် နတ်ဘုရား အသွင် ငါးမျိုးသည် စက်ဝိုင်း သဏ္ဌာန်ဖြင့် ချန်းဖန်ကို လှည့်ပတ်နေ၏။ ၎င်းတို့သစည် ချန်းဖန်အား အဆုံးမဲ့ စွမ်းအင်များကို ထောက်ပံ့ပေးကာ ထပ်မံ တိုက်ပွဲဝင်နိုင်ရန် အဆင်သင့် ပြင်ဆင်ပေးနေကြလေသည်။
“မြွေအိုကြီး... မင်းမသေသေးဘူး ဆိုတာ ငါသိတယ်... ပုန်းမနေနဲ့ ထွက်လာခဲ့စမ်း”
ချန်းဖန်က တွင်းပေါက်ထဲကို ကြည့်ကာ ဆိုလိုက်၏။
“ဟူး... ဟူး...”
ရွှေရောင် အလင်း မှိန်မှိန် ဝန်းရံနေသော နဂါးကြီးမှာ ကောင်းကင်သို့ ပြန်လည် ပျံတက်လာသည်။ ၎င်း၏ ခန္ဓာ တစ်ခုလုံးကား ရွှေရောင် သွေးများဖြင့် လိမ်းကျံနေ၏။ ထို့အတူ သူ၏ အရိုးများမှာလည်း ကျိုးကြေ နေခဲ့ပြီ ဖြစ်သည်။
“သွား...”
ချန်းဖန်က လေထုအား လက်ညိုးဖြင့် ထိတွေ့လိုက်ရာ အာကာသမှာ အေးခဲသွားသည်။ နဂါးအရှင်၏ ခန္ဓာကိုယ်မှာ အလင်းမှုန်များ အဖြစ် လွင့်ပြယ်သွားကာ ထိုနေရာ၌ ရှစ်လက်မခန့် ရှည်လျားသည့် နဂါးတစ်ကောင် သာလျှင် ကျန်ရစ်လေ၏။ သို့သော်လည်း ထိုနဂါးငယ်မှာ မူလနှင့် မခြား အစွမ်းထက်နေဆဲ ဖြစ်လေသည်။
“လူသားတွေမှာ အခြေတည် ဝိညာဥ် ရှိတယ်... နတ်ဆိုး မိစ္ဆာတွေမှာက မိစ္ဆာ သန္ဓေသား ရှိတယ်... ဒါက မင်းရဲ့ သားရဲ ဝိညာဥ် ဖြစ်ရမယ်”
ချန်းဖန်က နဂါးဝိညာဥ် အသွင်ရှိနေသော အရှင်ကုအား ကြည့်ကာ ပြောလိုက်သည်။
“ချန်းပေ့ရွှမ်း... နတ်ဘုရား သားရဲဂိုဏ်းက လက်စားချေမှာကို မင်း တကယ် မကြောက်ဘူးလား”
အရှင်က ပြန်လည် မေးလိုက်၏။
သူ၏ မျက်လုံးများတွင်မူ ကြောက်ရွံ့မှုများက အထင်းသား ပေါ်လွင်နေသည်။ သူသည် အကောင်းဆုံး အခြေအနေတွင်ပင် ချန်းဖန်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ ယခုကဲ့သို့ ပုံစံမျိုးဖြင့် ဆိုပါက အနိုင်ရရှိရန် သာ၍ မဖြစ်နိုင်တော့ကြောင်း သိရှိထား၏။
“မင်းက ငါ့ညီမကို ဒဏ်ရာ ရအောင် လုပ်ခဲ့တယ်...ကောင်းကင် သားရဲ စကြဝဠာထဲက သားရဲတွေ ကိုယ်တိုင် လာတားမယ် ဆိုရင်တောင် ငါမင်းကို လွှတ်မပေးနိုင်ဘူး”
ချန်းဖန်က အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“မင်းက မင်းကိုယ်မင်း ဘာထင်နေတာလဲ...”
အရှင်ကုက နှာခေါင်းရှုံ့ လိုက်၏။
“ကောင်းကင် သားရဲ စကြဝဠာက မဟာ သားရဲအရှင်တွေ ကိုယ်တိုင် အုပ်စိုးတဲ့ မြင့်မြတ်နယ်မြေ တစ်ခုကွ... သူတို့အတွက် မင်းက ထျန်းဟောင်ဂြိုဟ်ရဲ့ ပုရွက်ဆိတ် တစ်ကောင် သာသာပဲ... သူတို့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်း တွေးတောင် တွေးမိမှာ မဟုတ်ဘူး... ဟမ့် ငါ့စွမ်းအားတွေသာ ဒီဂြိုဟ်ပေါ်မှာ ကန့်သတ်ခံ မထားရရင် မင်း ခုထိ လေကျယ်နိုင်မှာတောင် မဟုတ်ဘူး”
“တကယ်လား... ကြိုးစားကြည့်လေ...”
ချန်းဖန်က ပြုံးလိုက်၏။
သူ၏ နောက်ရှိ နတ်ဘုရား စက်ဝန်းသည် တောက်ပသော အလင်းများကို ထုတ်လွှတ်ကာ ဖြည်းညင်းစွာ လည်ပတ်နေသည်။
နတ်ဘုရား စက်ဝန်း၏ ပဥ္စမ အသွင်ပြောင်းခြင်းကို အောင်မြင်ပြီးနောက် ချန်းဖန်သည် ရွှေအမြုတေ ငါးခု၏ စွမ်းအားကို အချိန် အကန့်အသတ် တစ်ခုအတွင်း ပေါင်းစပ် အသုံးပြုနိုင်နေခဲ့ပြီ ဖြစ်သည်။ ထိုအင်အားသည် အခြေတည် ဝိညာဥ် အဆင့် ငါးယောက် စုပေါင်းထားသည်နှင့် ညီမျှ၏။ ထို့အပြင် သူ့တွင် ယခုထိ အသုံးမပြုရသေးသည့် နတ်ဘုရား စွမ်းအားများ၊ ကျင့်စဥ်များလည်း ရှိပေသေးသည်။
နဂါးအရှင်မှာ ပါးစပ်ပိတ်ကာ ပြန်လည် တိတ်ဆိတ်သွား၏။ သူသည် နတ်ဘုရား သားရဲဂိုဏ်း၏ နာမည်ကို သုံးကာ ချန်းဖန်အား ခြိမ်းခြောက်နေသည့်တိုင် စိတ်ထဲကမူ အလွန် ကြောက်လန့် နေခဲ့သည်။ အထူးသဖြင့် ချန်းဖန်၏ လက်သီးချက်မှာ သူ ခွန်အား အပြည့်အဝ ရှိလျှင်ပင် ခုခံရန် မလွယ်ကူသော အရာ ဖြစ်သည်။
“သူ့ရဲ့ ကျင့်စဥ်တွေ နတ်ဘုရား စွမ်းအားတွေက အရမ်း လျှို့ဝှက်တယ်... သူက ရွှေအမြုတေ အဆင့်နဲ့တင် ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ... ရှေးဟောင်း အထွတ်အမြတ် ကုန်းမြေတွေက အထွတ်အထိပ် ရွှေအမြုတေ ပိုင်ရှင်တွေတောင် သူ့ကိုနိုင်ဖို့ မသချောဘူး... ငါ ဘာလုပ်ရမလဲ”
အရှင်ကုမှာ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်ရင်း လွတ်မြောက်ရာလမ်းကို တွေးတော လိုက်မိ၏။
“မင်းမှာ ဘာမှ ပြောစရာ မရှိတော့ရင်လည်း သေဖို့ အချိန်ရောက်ပြီ”
ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ နောက်ရှိ နတ်ဘုရား စက်ဝန်းမှာ ပို၍ တောက်ပလာ၏။
“နေပါဦး...”
အရှင်ကုက အော်ဟစ်လိုက်သည်။
“ကျင့်ကြံသူချန်း... သူ ဘာပြောမလဲ အရင် နားထောင်ပေးလိုက်ပါဦး”
လော့ရှန်ချန်းကလည်း ဝင်ရောက် ပြောဆို လိုက်သည်။
ချန်းဖန်က တစ်ခဏမျှ ရပ်ကာ အရှင်ကုအား ကြည့်လိုက်၏။
အရှင်ကုက ပင့်သက် တစ်ချက်ရှိုက်ရင်း လိုရင်းကို တည့်တည့်မတ်မတ်ပင် ဆိုလိုက်သည်။
“ဒီလိုပါ... ငါ မင်းကို ကောင်းကင် စာအုပ်နဲ့ အဆင့်မြင့် ကောင်းကင်ဆေး တစ်လုံးပေးမယ်... မင်းဘက်က အပြန်အလှန် အနေနဲ့ ငါတို့အကြားမှာ ရှိတဒ့ ပြဿနာတွေကို သင်ပုန်းချေပေး... ဘယ်လိုသဘောရလဲ”
“ကောင်းကင်စာအုပ်... ကောင်းကင် ဆေးလုံး...”
ချန်းဖန်၏ မျက်လုံးများမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွား၏။
မည်ကဲ့သို့သော ကောင်းကင် စာအုပ်က မြောက်ပိုင်း ကောင်းကင် ဧကရာဇ်ကို အံ့အားသင့်စေနိုင်မည်နည်း။ ထို့အပြင် သူသည် ရှန်းရှီကိုပင် အဆင့်မြင့် ကောင်းကင်ဆေး သုံးလုံး ပေးခဲ့သေးသည်။ အရှင်ကု၏ ကမ်းလှမ်းမှုက သူ့အတွဥ် လုံးဝ မသုံးမဝင်ချေ။
“ဘာလဲ... မင်းက အဲဒါတွေကို မလိုချင်ဘူးလား... ကောင်စုတ်လေး မင်းသိပ်လွန်မလာနဲ့... ငါ့ရဲ့ ကျင့်စဥ်က ထျန်းဟောင်ဂြိုဟ်ပေါ်က ဟာတွေလို မပြည့်စုံတဲ့ အစုတ်ပလုတ်တွေ မဟုတ်ဘူး”
အရှင်ကုက ဒေါသတကြီး ဆိုလိုက်၏။
“မင်းရဲ့ ကောင်းကင် စာအုပ်နဲ့ ဆေးလုံးကို အခေါင်းထဲသာ သယ်သွားလိုက်တော့...”
ချန်းဖန်က တည်ငြိမ်စွာ ဆိုကာ ရှေ့သို့ တစ်လှမ်း ထပ်မံ တိုးလိုက်သည်။
“ဘုန်း...”
နတ်ဘုရား စက်ဝန်းက အရှင်ကု၏ အထက် ပေတစ်ထောင်တွင် ပေါ်လာကာ အောက်သို့ ဆင်းသက်လာ၏။ ၎င်းက ကောင်းကင်၏ ဖိအားကို သယ်ဆောင်ကာ အရှင်ကုအား စတင် ဖျက်ဆီးရန် ကြိုးစား၏။
“ကောင်စုတ်လေး... မင်းက ငါနဲ့ အဆုံးထိ တိုက်ခိုက်ချင်တာလား”
မရမတွက်နိုင်သော ရွှေရောင် အလင်းများမှာ အရှင်ကု၏ ခန္ဓာကိုယ်တွင် ပေါ်လာကာ သူ၏ ဓမ္မ အသွင်က နတ်ဘုရား စက်ဝန်းအား မတင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ချန်းဖန်၏ နတ်ဘုရား စက်ဝန်းမှာ အသွင်ပြောင်းခြင်း ငါးခု၏ ခွန်အားများ ပါဝင်နေရာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
“ဘုန်း...”
အရှင်ကုမှာ ပေသုံးရာ အမြင့် ကောင်းကင်မှ မြေပြင်သို့ နောက်တစ်ကြိမ် ပြုတ်ကျသွားပြန်သည်။ ကြီးကျယ် ခမ်းနားသော နဂါးအရှင်ကား ဖုန်အလူးလူးဖြင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
“နဂါးအရှင်...”
လော့ချန်ရှန်း၏ မျက်လုံးများ၌ သင်္ကေတ ကိုးခုမှာ လင်းလက်လာ၏။ တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် စွမ်းအားမှာ သူ့အား ဝန်းရံလာကာသည်။ သူသည် နဂါးအရှင် အသတ်ခံရသည်ကို ဤအတိုင်း မကြည့်နိုင်ချေ။ သို့မဟုတ်ပါက နတ်ဘုရား သားရဲဂိုဏ်းမှာ ထိုကိစ္စ အတွက် သူ့အား အပြစ်တင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှာမူ လော့ချန်ရှန်း၏ အပြုအမူပေါ်၌ အာရုံရှိပုံ မပေါ်ချေ။ သူက အရှင်ကုကိုသာ တည်ငြိမ်စွာ ကြည့်ရင်း ပြောလိုက်၏။
“မင်းအသက်ရှင်ချင်တယ် ဆိုရင် ငါ့ညီမကို ဒူးထောက်ပြီး တောင်းပန်... နောက်ပြီး သူ့ရဲ့ အစေခံ အဖြစ် နှစ်တစ်ထောင် မင်း အမှုထမ်းပေးရမယ်”
“မင်း...”
အရှင်ကုမှာ ဒေါသထွက်သွား၏။
သူကား ကြယ်ပင်လယ်ရှိ ကျော်ကြားသော နတ်ဘုရား သားရဲဂိုဏ်း၏ နဂါးအရှင် ဖြစ်သည်။ မည်ကဲ့သို့ ကလေးမလေး တစ်ယောက်၏ အစေခံအဖြစ် အမှုထမ်း နိုင်ပါမည်နည်း။
“ကျင့်ကြံသူချန်း... မင်းက နတ်ဘုရား သားရဲဂိုဏ်းကို တကယ်ပဲ ဂရုမစိုက်တာလား... သူတို့က မင်းရဲ့ လုပ်ရပ် အတွက် ခွင့်လွှတ်လိမ့်မှာ မဟုတ်ဘူး”
လော့ချန်ရှန်းက သက်ပြင်းချရင်း ထပ်မံ ဖျောင်းဖျ လိုက်သည်။
“သူက ငါ့ညီမကကို အစေခံ အနေနဲ့ လိုချင်တယ်... အပြန်အလှန် အနေနဲ့ ငါက သူ့ကို နှစ်တစ်ထောင်ပဲ ငါ့ညီမ ဆီမှာ အမှုထမ်းခိုင်းတယ်... ငါ့ကို တားတဲ့သူ သေရမယ်... မင်း တားရင်လည်း ငါမင်းကို သတ်ပစ်မယ်”
ချန်းဖန်က ပြောလိုက်သည်။
လော့ချန်ရှန်းမှာ အနည်းငယ် နောက်တွန့် သွား၏။ သူသည် ဘဝ တစ်လျှောက်လလုံး၌ များစွာသော အခြေတည် ဝိညာဥ် အဆင့်များ၊ နတ်ဘုရားများကို တွေ့ဖူးသော်လည်း ချန်းဖန်ကဲ့သို့ ခေါင်းမာသူကိုမူ ယခုမှ တွေ့ဖူးခြင်း ဖြစ်သည်။
“ဟူး... ဟူး...”
တစ်ချိန်တည်း၌ နတ်ဘုရား စက်ဝန်းသည် အရှိန်ပြင်းစွာ လည်ပတ်ကာ အရှင်ကု၏ သားရဲ ဝိညာဥ်ကို တိုက်စားနေသည်။ အကယ်၍ ဤအတိုင်းသာ ဆက်လက် တိုက်စားနေပါက အရှင်ကု၏ ဝိညာဥ်ကား နာရီဝက် အတွင်း အပြီး ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။
အသက် အန္တရာယ် ခြိမ်းခြောက်မှု အောက်၌ အရှင်ကုမှ ဆက်လက်ခေါင်းမမာ ဝံ့တော့ချေ။ သူက လူသား အသွင်သို့ ပြန်လည် ပြောင်းလဲကာ မြေပြင်ထက်တွင် ဒူးထောက်ချလိုက်၏။
“ကောင်းကင်အရှင်ချန်း... မိန်းကလေးရှောင်မန်... ကျုပ် တောင်းပန်ပါတယ်... ကျုပ် မိုက်မဲမိပါတယ်”
“ ... “
ရုတ်တရက် လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ ထျန်းဟောင်ဂြိုဟ် ပြင်ပမှ ကျင့်ကြံသူများမှာ အလွန် အစွမ်းထက်သည် မဟုတ်ဘူးလား။ သူက အဘယ်ကြောင့် ဆေးဧကရာဇ် ချန်းပေ့ရွှမ်းထံ၌ ဒူးထောက် တောင်းပန်နေရသနည်း။
***