← Chapters

နတ်ဘုရား ဆေးပင် ပေါ်လာခြင်း

Vol. 10 Ch. 979

နတ်ဘုရား ဆေးပင် ပေါ်လာခြင်း

Vol. 10 Ch. 979

လော့ချန်ရှန်းနှင့် အရှက်ကုတို့မှာ ချန်းဖန် အတွက် ဘာမှ မဟုတ်ချေ။ အကယ်၍ နတ်ဘုရား စက်ဝန်း၏ ပဥ္စမ အသွင်ပြောင်းခြင်းကို မအောင်မြင်သေးလျှင်ပင် ချန်းဖန် အနေဖြင့် သူတို့အား အနိုင်ယူနိုင်စွမ်း ရှိပေသည်။ မြောက်ပိုင်းကောင်းကင်၏ အရှင်သခင် အနေဖြင့် သူ့တွင် မရေမတွက်နိုင်သော ဝှက်ဖဲများစွာ ရှိပေသည်။

သို့သော်လည်း ကမ္ဘာဂြိုဟ်မှာမူ ခြားနား၏။

ထျန်းဟောင်ဂြိုဟ်တွင် အခြေတည် ဝိညာဥ် ဝိညာဥ် အဆင့်များစွာ ရှိသော်လည်း ကမ္ဘာတွင်မူ ချန်းဖန် ထွက်လာသည့် အချိန်အထိ ရွှေအမြုတေ အဆင့်ပင် မရှိသေးချေ။ အကယ်၍ လော့ချန်ရှန်း၊ အရှင်ကုတို့ ကဲ့သို့သော ကျင့်ကြံသူများသာ ကမ္ဘာသို့ ရောက်ရှိသွားပါက သူတို့သည် ကမ္ဘာ၏ မဟာ အင်အားကြီး နိုင်ငံ ငါးနိုင်ငံနှင့် အစွမ်းထက် အရှင်သခင်များကို လက်တစ်ဖက်ဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည် ဖြစ်သည်။ မြောက်ပိုင်းချုံး ပင်လျှင် သူတို့အား ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

အရှင်ကု၏ စကားအရ ဆိုလျှင် များစွာသေစာ အင်အားကြီး မျိုးနွယ်များ၊ ဂိုဏ်းများမှာ ကမ္ဘာသို့ သွားကြသည်ဟု ဆိုသည်။ ချန်းဖန်ကား ကမ္ဘာသို့ ချက်ချင်းပင် ထ၍ ပြန်ချင်နေပြီ ဖြစ်သည်။

သို့သော်လည်း သူပြန်၍ မရသေးချေ။

ထျန်းဟောင်ဂြိုဟ်၌ သူဖြေရှင်းစရာ ကိစ္စများစွာ ရှိပေသေးသည်။ ထို့အပြင် နတ်ဘုရား ကုန်းမြေမှာလည်း သူ၏ အရှေ့တွင် ဖြစ်သည်။ ဤအခွင့်အ‌ရေးကို လွဲချော်ပါက သူ့အနေဖြင့် ‌နတ်ဘုရား စက်ဝန်း နဝမ အသွင်ပြောင်းခြင်းကို အောင်မြင်ရန် အချိန် မည်မျှ ယူရဦးမည် မသိချေ။

“ငါ့အနေနဲ့ ပထမဆုံး နတ်ဘုရား ကုန်းမြေမှာ ရှိတဲ့ ကောင်းကင်ဆေးပင်တွေ နတ်ဘုရားဆေးပင်တွေကို စုဆောင်းသင့်တယ်... ငါ့ဆီမှာ ရှိပြီးသား အရင်းအမြစ်တွေနဲ့ ပေါင်းလိုက်ရင် သတ္တမမြောက် အသွင်ပြောင်းခြင်းကို အောင်မြင်လောက်မှာပါ... အပြင်ရောက်တာနဲ့ ထျန်းဟောင်ဂြိုဟ်ပေါ်က ပြဿနာတွေကို ရှင်းပြီး အိမ်ကို ပြန်တော့မယ်”

ချန်းဖန်၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေ၏။

သူ ချက်ချင်း ကမ္ဘာသို့ မပြန်ရသေးခြင်းတွင် အခြား အကြောင်းရင်း တစ်ခုလည်း ရှိသေးသည်။ သူသည် ကမ္ဘာမြေမှ မထွက်ခွာခင် ဖန့်ချုံး၊ ချန်းကောရှင်းနှင့် ဝမ်ရှောက်ယွင်တို့ကို ဝိညာဥ် ကျောက်စိမ်း အဆောင်များ ပေးခဲ့သည်။ ထိုအဆောင်များမှာ ယခုထိ မကွဲသေးရာ သူတို့ လုံခြုံနေသည်ဟု အဓိပ္ပာယ် ရသည်။

“ကဲ... ခပ်မြန်မြန် သွားကြစို့”

ချန်းဖန်က အရှိန်မြင့်လိုက်ကာ နတ်ဘုရား ကုန်းမြေအား လေအလျင် အလား ဖြတ်သန်းလိုက်သည်။ သူသည် အဆင့်နိမ့် ကောင်းကင် ဆေးပင်များကိုပင် မယူတော့ပဲ ကုန်းမြေ ဗဟိုကိုသာ ဦးတည်လိုက်၏။

“သူက သေချင်နေတာလား...”

အရှင်ကု၏ မျက်လုံးများမှာ ပြူးကျယ် သွားသည်။ သူ့ကဲ့သို့ ထိပ်တန်း အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် ဤနေရာ၌ သတိလက်လွတ် မသွားရဲချေ။ တစ်ချက်မှားသည်နှင့် သာမန် ကျောက်တုံးပင် အသက်ကို နှုတ်ယူ သွားနိုင်သော နေရာ ဖြစ်သည်။

သို့သော်လည်း ထူးဆန်းစွာပင် ချန်းဖန်သည် အခြားလူများကို သယ်ဆောင်ထားသည့်တိုင် မည်သည့် အန္တရာယ်ကိုမျှ မကြုံရသေးချေ။ ပန်းခင်းလမ်းကို လျှောက်ရသည့် အလား အရာရာက ဖြောင့်ဖြူးနေ၏။

“ဘုန်း...”

သို့သော်လည်း အနက်ပိုင်းသို့ ရောက်လာပြီးနောက် သူတို့သည် ပထမဆုံး အတားအဆီးကို ကြုံတွေ့ လာရ၏။ ပေတစ်ရာကျော် ကြီးမားသည့် ရွှေရောင် သိမ်းငှက်ကြီးသည် ကောင်းကင်မှ ဆင်းသက်လာကာ သူတို့အား ထိုးသုတ်ရန် ကြိုးစားလာခြင်းပင် ဖြစ်ပေသည်။

“သွားစမ်း...”

ချန်းဖန်က ထိုသားရဲအား လက်သီးဖြင့် ဆီးကြိုလိုက်သည်။ သူ၏ လက်သီးသည် ကျောက်စိမ်း အပိုင်းအစ ကဲ့သို့ တောက်ပနေ၏။

“ဘုန်း...”

ရွှေရောင် သိမ်းငှက်ကြီးမှာ နောက်သို့ ပေပေါင်းများစွာတိုင် လွင့်စဥ် သွား၏။ ရွှေရောင် သွေးများကား သူ လွင့်စဥ် သွားသည့် စွပ်ကြောင်း တစ်လျှောက်၌ အိုင်တစ်ခုနှယ် ထွန်းကာ ကျန်ရစ်ခဲ့လေသည်။

“ဂီး...”

သိမ်းငှက်ကြီးမှာ ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိတော့ချေ။ ၎င်းက ချက်ချင်းပင် နတ်ဘုရား ကုန်းမြေ အတွင်းပိုင်းသို့ ပျံသန်း ထွက်ပြေးရန် ကြိုးစားသည်။

“ရပ်စမ်း...”

ချန်းဖန် နေရာကပင် လက်အား ဆန့်ထုတ်ကာ လှမ်းကုတ်ဆွဲလိုက်၏။ ရွှေရောင် အတောင်ပံ တစ်ဖက်မှာ သူ၏ လက်၌ ပြတ်ထွက် ကျန်ရစ်ခဲ့သော်လည်း သိမ်းငှက်ကြီးမှာမူ နတ်ဘုရား ကုန်းမြေ အတွင်းပိုင်းသို့ လျှင်မြန်စွာပင် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

“အစွမ်းထက်လိုက်တာ...”

ရှောင်မန်နှင့် အခြားလူများမှာ ချန်းဖန်နှင့် သူ၏ လက်ထဲရှိ တောင်ပံတစ်ဖက်အား ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

“အဲဒီကောင်ကြီးက အစစ်အမှန် ‌ရွှေရောင် ကောင်းကင် သိမ်းငှက် မဟုတ်ပေမဲ့ သန့်စင်တဲ့ သွေးမျိုးဆက် အချို့ကို ပိုင်ဆိုင်ထားတယ်... သူ့နဲ့ သွေးနဲ့ အမွေးအတောင်တွေက ဓမ္မ ရတနာနဲ့ ဆေးလုံးတွေ လုပ်တဲ့ နေရာမှာ အရမ်း အဖိုးတန်တယ်”

နဂါးအိုကြီးကုမှာ ရွှေရောင် သိမ်းငှက် အတောင်ပံကို လိုချင်တပ်မက်နေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်၏။ တစ်ချိန်တည်း၌ သူမှာ ချန်းဖန်၏ စွမ်းအားကို အံ့သြနေမိသည်။

ရွှေ‌ရောင် သိမ်းငှက်ကြီးကား သာမန် ‌အခြေတည် ဝိညာဥ် အဆင့် သားရဲများထက် ပိုမို အစွမ်းထက်သည်။ သူပင်လျှင် ထိုကောင်ကြီးကို အတော်လေး အားစိုက်ကာ တိုက်ခိုက်ယူရမည် ဖြစ်သည်။ သို့သော်လည်း ထိုကောင်စုတ်လေးကမူ နေရာမှပင် မရွေ့ပဲ အတောင်ပံ တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့သည်။ ထိုအရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

“ဒီကောင်စုတ်လေးက ဘယ်သူများလဲ... သူက အရမ်း ကြောက်ဖို့ကောင်းတယ်... နောက်ပြီး သူ့ညီမကလည်း ပြိုင်စံရှား ပါရမီကို ပိုင်ဆိုင်ထားတယ်... သူတို့က တစ်ခုခုတော့ တစ်ခုခုပဲ”

နဂါးအိုကြီးကုက စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်၏။ ထိုနှစ်ယောက်ကား ထိပ်တန်း မျိုးနွယ်ကြီး တစ်ခု၏ မျိုးဆက်များပင် ဖြစ်နေနိုင်သည်။

“ငါတို့ နတ်ဘုရား ကုန်းမြေရဲ့ ဗဟိုကို ရောက်တော့မယ်...”

ချန်းဖန်က ပြောလိုက်၏။ သူသည် လမ်းတစ်လျှောက်၌ များစွာသော ထောင်ချောက် အစီအရင်များကို ကျော်ဖြတ်ခဲ့ရသည်။ ထိုအထဲမှ အများစုမှာ အလွန် ‌ရှေးကျသည့် နည်းစနစ်များ ဖြစ်ပြီး ထျန်းဟာင်ဂြိုဟ်၌ မတွေ့နိုင်သည့် အရာများ ဖြစ်သည်။ ထိုအရာက ချန်ေးဖန်အား ဆိုးရွားသော ခံစားချက် တစ်ခုကို ပေး၏။

“ဝှစ်...”

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာကာ အရောင်အသွေး စုံလင်သော လမ်းတစ်ခုကို ဖန်တီး၏။ သူတို့သည် ထိုလမ်းကြောင်းမှ တစ်ဆင့် နတ်ဘုရား ကုန်းမြေ အတွင်းပိုင်းသို့ ဆက်လက် ပျံသန်းလိုက်ကြသည်။

“ဘုန်း...”

နောက်ဆုံးသော အစီအရင် ထောင်ချောက်ကို ဖြတ်ကျော်ပြီးနောက် ညိမ့်ညောင်း သာယာသော ကမ္ဘာလောက တစ်ခုမှာ သူတို့၏ အရှေ့၌ တဖြည်းဖြည်း ပေါ်လာခဲ့၏။

ထိုနေရာကား လုံးဝ တည်ငြိမ်အေးချမ်းသော နေရာ တစ်ခုဖြစ်ကာ အပြင်လောက ကဲ့သို့ ထောင်ချောက်များ ပြည့်နှက်နေခြင်း မရှိချေ။ ထိုနေရာ၏ အလယ်၌ ချန်းဖန်တို့သည် ရေကန်ကြီး တစ်ခုကို တွေ့ကြရ၏။

ရေကန်ထဲမှ ရေကား ကြည်လင်စိမ်းမြနေကာ ကောင်းကင်ရှိ ကြယ်များ၏ အရိပ်များက ၎င်း၏ မျက်နှာပြင်၌ ရောင်ပြန်ဟပ် နေလေ၏။

ရေကန်ကြီး၏ ကမ်ပါးများ၌ အရောင်အသွေး စုံလင်ကာ လှပသော သားရဲများသည် ရေသောက်ဆင်း နေကြသည်။ ရှောင်မန်တို့သည် သုံးပေမျှ ရှည်ရှားပြီး နဖူးထက်၌ မျက်လုံးတစ်လုံး ပါသော ကျားနက်လေး တစ်ကောင်ကိုလည်း တွေ့ကြရသည်။ တောင်တစ်လုံးမျှ ကြီးမားသော ဝိညာဥ် သားရဲကြီးကိုလည်း တွေ့ကြရ၏။ သူတို့သည် ပျင်းရိနေဟန်ပင် ရကာ အပြင်မှ သားရဲများ ကဲ့သို့ ရန်လိုခြင်း အလျင်း မရှိချေ။ သို့သော်လည်း မည်သည့် သားရဲကမျှ ချန်းဖန်တို့ ကြုံဆုံခဲ့ရသည့် ရွှေရောင် သိမ်းငှက်ထက် အားနည်းကြခြင်း မရှိချေ။ သူတို့ အားလုံးကား အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ကြပေသည်။

“အကို... ကြည့်စမ်း... ဟိုဖီးနစ်ငှက်က ကျိမိသားစုရဲ့ ပြောတဲ့ကောင်ကြီးလား”

ရှောင်မန်က တစ်နေရာသို့ လက်ညိုးထိုးကာ ပြောလိုက်သည်။

ချန်းဖန်က ကြည့်လိုက်ရာ ကောင်းကင်၌ ပျံသန်းနေသော အရောင်အဆင်းစုံ ဖီးနစ်ငှက် တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် တိမ်များကို ဝန်းရံကာ လောက၏ ဧကရာဇ် တစ်ပါး အလား ခန့်ညား ထည်ဝါလှသည်။

“ဖီးနစ်ကိုးကောင် နတ်ဘုရား ဆေးပင်...”

ချန်းဖန်မှာ ဆွံ့အသွား၏။

ထိုအရာကား ကြယ်ပင်လယ်တွင်ပင် ရှားပါးသည့် နတ်ဘုရား ဆေးပင် တစ်မျိုးပင် ဖြစ်သည်။ ၎င်းသည် မြေပြင်၌ ကြီးထွားသော်လည်း ဖီးနစ်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းနိုင်စွမ်း ရှိပေသည်။

“ဒီဆေးပင်နဲ့ ဆိုရင် ငါ နတ်ဘုရား စက်ဝန်းရဲ့ သတ္တမ အသွင်ပြောင်းခြင်းကို အောင်မြင်နိုင်ပြီ... ကံကောင်းရင် နဝမ အသွင်ပြောင်းခြင်း အထိတောင် အောင်မြင်သွားနိုင်တယ်”

ချန်းဖန်၏ မျက်လုံးများမှာ တလက်လက် တောက်ပ သွားလေ၏။ ထိုအရာကား အမှန်တကယ်ပင် အခွင့်အရေး ဖြစ်ပေသည်။

“ဘုန်း..”

ရုတ်တရက် အလင်းတစ်ခုမှာ ကောင်းကင်တွင် လင်းလက်ကာ ဖီးနစ်ငှက်ထံ တိုးဝင်သွား၏။ သို့သော်လည်း ဖီးနစ်ငှက်ကား နတ်ဘုရား ဆေးပင်တစ်ခု ဖြစ်သရာ အလွန် လျှင်မြန်သည်။ ၎င်းသည် ရောင်စုံအလင်းကို ချန်ရစ်ကာ ကောင်းကင်တွင် ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။

“ဝှစ်...”

တစ်ချိန်တည်း၌ ဓားချီ တစ်ခုမှာ ချန်းဖန်တို့ထံ တိုးဝင်လာသည်။ အကယ်၍ ချန်းဖန်သာ အချိန်မီ မရွှေ့ပြောင်းနိုင်ပါက သူတို့ တစ်ဖွဲ့လုံးမှာ ထက်ပိုင်းပြတ်နေလောက်ပြီ ဖြစ်သည်။

“မြန်လိုက်တာ...”

အသံတစ်ခုမှာ ချန်းဖန်တို့နောက်မှ ထွက်ပေါ်လာ၏။

“လော့ချန်ရှန်း...”

ချန်းဖန်က အေးစက်စွာ ရေရွတ်ကာ လှည့်ကြည့်လိုက်၏။

“ကျင့်ကြံသူချန်း... ထပ်တွေ့ကြပြန်ပြီ”

လော့ချန်ရှန်းက အနည်းငယ်ပြုံးကာ နှုတ်ဆက်လိုက်သည်။ သူသည် သူ၏ ဓားချက် ချန်းဖန်ကို မထိခြင်း အတွက် အနည်းငယ် အံ့အားသင့်နေဟန် ရ၏။

“ရှင်က အကိုရဲ့ ဆေးနတ်ဘုရား ဆေးပင်ကို လုယူချင်နေတဲ့ အပြင် ငါတို့ကိုပါ တိုက်ခိုက်လိုက်သေးတယ်ပေါ့”

ရှောင်မန်က လော့ချန်ရှန်းအား ကြည့်ကာ အော်လိုက်၏။

“အိုး... အဲဒါက နတ်ဘုရား ဆေးပင်လား... ငါက အခြေတည် ဝိညာဥ် အဆင့် သားရဲ မှတ်လို့ ဖမ်းပြီး ချင်လော့ကိုတောင် လက်ဆောင်ပေးမလို့.... နောက်ပြီး တိုက်ခိုက်မိတာကတော့ မတော်မဆ ဖြစ်သွားတာပါ”

လော့ချန်ရှန်းက တောင်းပန်လိုက်သည်။ သို့သော်လည်း သူ၏ အမူအရာက လေးနက်ဟန် မရချေ။ သူ၏ စကားထဲမှ ချင်လော့မှ ချန်ရှန်း နတ်မိမယ်ကိုပင် ဆိုလိုခြင်း ဖြစ်သည်။

“ဒါပေမဲ့ နတ်ဘုရား ဆေးပင်ကို ထိုက်တန်တဲ့လူ ယူနိုင်တယ်... ဘယ်လိုလုပ်ပြီး နင့်အကိုရဲ့ ဟာလို့ ပြောလို့ရမှာလဲ”

“ငါတို့ အရင်တွေ့တာလေ...”

ရှောင်မန်က ဒေါသတကြီး ပြောလိုက်သည်။

“ရှောင်မန်... ထားလိုက်”

ချန်းဖန်က ရှောင်မန်ကို တားလိုက်ကာ လော့ချန်ရှန်းအား အေးစက်စွာ ကြည့်လိုက်သည်။

“မင်းကိုကြည့်ရတာ ငါ့ရဲ့ ဖီးနစ်ကိုးကောင် ဆေးမြစ်ကို လိုချင်နေပုံပဲ... မင်းလက်ထဲက ဓမ္မ ရတနာက မင်းကို ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိပေးတာလား”

လော့ချန်ရှန်း၏ လက်ထဲရှိ ဓားသည် ကြောက်မက်ဖွယ် ဓားချီများကို ထုတ်လွှတ်နေကာ ရွှေ‌ရောင် သင်္ကေတများဖြင့် ဝန်းရံနေ၏။ ချန်းဖန်သည် အတိအကျ မသိသော်လည်း ထိုအရာမှာ အနည်းဆုံး ကောင်းကင် ရတနာ ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ထို့ထက်ပင် ပိုမိုနိုင်ချေ ရှိသည်။

“ချန်းပေ့ရွှမ်း... ငါ အပြင်မှာ မင်းနဲ့ မတိုက်ခဲ့တာက အစီအရင် ပွင့်တဲ့ အချိန်နဲ့ လွဲသွားမှာ စိုးလို့ သက်သက်ပဲ... မင်းလို ဂြိုဟ်ပျက် တစ်ခုပေါ်က လူကို ငါက ဘာလို့ ကြောက်ရမှာလဲ”

လော့ချန်ရှန်းက အေးစက်စက် ပြန်လည် ပြောလိုက်၏။ သူသည် လက်ဗလာဖြင့် ရင်ဆိုင်ရပါက ချန်းဖန်အား အနိုင်ယူရန် ယုံကြည်ချက် မရှိချေ။ သို့သော်လည်း သူ့တွင် ဓမ္မ ရတနာနှင့် ဝှက်ဖဲများစွာ ရှိရာ မည်သူ့ကိုမျှ ကြောက်လန့်နေမည် မဟုတ်ချေ။

“ဟူး...”

ရုတ်တရက် လော့ချန်ရှန်း၏ အရှိန်အဝါမှာ နတ်ဘုရား တစ်ပါးနှယ် ပြောင်းလဲသွား၏။ လစက်ဝန်းသည် ကောင်းကင်တွင် တောက်ပလာကာ လောက တစ်ခုလုံးကို အလင်းဖြင့် လွှမ်းခြုံသည်။ လော့ချန်ရှန်းသည် လ၏ အထက်၌ ရပ်ကာ လောကအရှင် တစ်ပါးအလား မြေပြင်ကို ငုံ့ကြည့်နေ၏။

“ချန်ရှန်းဂိုဏ်းရဲ့ ခံစားချက် ကျင့်စဥ်ပါလား... လော့ချန်ရှန်းက  စီးမျောခြင်း အဆင့်ကိုတောင် ရောက်နေပြီ... သူက ချန်ရှန်းဂိုဏ်း လူငယ်မျိုးဆက်ရဲ့ ထိပ်တန်း သုံးယောက်ထဲတောင် ပါနေမလား မသိဘူး”

နဂါးအိုကြီးကုမှာ အနည်းငယ် မျက်နှာပျက် သွား၏။

“ဝှစ်...”

တစ်ချိန်တည်း၌ ချန်းဖန်က ကောင်းကင်သို့ ပျံတက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ အရောင်ငါးခု ခြယ်ထားသော နတ်ဘုရား စက်ဝန်းက သူ၏ နောက်၌ ပေါ်လာသည်။

တိုက်ပွဲ တစ်ခုကား စတင်တော့မည် ဖြစ်လေသည်။

***

All Chapters