← Chapters

ရတနာများ

Vol. 10 Ch. 981

ရတနာများ

Vol. 10 Ch. 981

ဓားချက် တစ်ချက်တွင်ပင် လော့ချန်ရှန်းကား သေမျိုး တစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

သူကား ချန်ရှန်းဂိုဏ်း၏ ကောင်းကင် မင်းသား တစ်ယောက်ဖြစ်သလို ကောင်းကင် အဆင့် ရွှေအမြုတေ ပိုင်ရှင် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူ့၌ ချီစုဆောင်းခြင်း အဆင့် တစ်ယောက်၏ စွမ်းအားပင် မရှိတော့ချေ။

ရှောင်မန်နှင့် ကျိုးကျူရှင်းတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြ၏။ ထို့အတူ ချန်ရှန်းဂိုဏ်း၏ နတ်မိမယ်နှင့် ရေကန်ဘေးရှိ အခြေတည် ဝိညာဥ် အဆင့် သားရဲများမှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

“အဲဒါက ဘယ်လို ဓမ္မ အစီအရင်မျိုးလဲ... ချန်ရှန်းဂိုဏ်းရဲ့ ကောင်းကင်မင်းသားကိုတောင် သေမျိုး တစ်ယောက်ဖြစ်အောင် ပြောင်းပစ်နိုင်စွမ်း ရှိတယ် ဆိုတာက ပုံမှန်တော့ မဟုတ်တော့ဘူး...”

နဂါးအိုကြီးကု ပင်လျှင် မျက်လုံးနှစ်လုံး စလုံး ပေါက်ထွက် မတတ် ချန်းဖန်အား ငေးကြည့်နေခဲ့သည်။

ထိုဓားချက်ကား လူတိုင်း၏ ပုံဖော်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ ဗဟို ဂလက်စီမှ ထိပ်တန်းဂိုဏ်းကြီးများ သာလျှင် ထိုသို့သော လျှို့ဝှက် ကျင့်စဥ်မျိုးကို ပိုင်ဆိုင်နိုင်ပေသည်။

“ငါ့စွမ်းအားတွေ... ငါ နှစ်ပေါင်း ခုနစ်ရာ့ သုံးဆယ် လေ့ကျင့်ထားတဲ့ အခြေတည် ဝိညာဥ် အဆင့် စွမ်းအားတွေ ဘယ်ရောက်သွားတာလဲ... မင်း ဘာလုပ်လိုက်တာလဲ ချန်းပေ့ရွှမ်း... ငါ့စွမ်းအားတွေကို မင်းဘယ်မှာ ဝှက်ထားတာလဲ... ပြန်ပေးစမ်း... အား...”

လော့ချန်ချန်းမှာ အော်ဟစ်ကာ ကောင်းကင်မှ ပြုတ်ကျသွား၏။ သူ့လက်ထဲမှ ကောင်းကင်ဓားမှာလည်း လွတ်ထွက်သွားသည်။ သူကား ဓမ္မ စွမ်းအားများ ဆုံးရှုံးသွားပြီးနောက် ဓားတစ်ချောင်းကိုပင်ည ကိုင်တွယ်နိုင်စွမ်း မရှိတော့ချေ။

လော့ချန်ရှန်း အတွက် ထိုအရာမှာ လက်ခံရန် အလွန် ခက်ခဲသော အရာ တစ်ခု ဖြစ်သည်။ သူသည် မြေပြင်ပေါ်၌ ထိုင်င်း ဓမ္မ စွမ်းအားကို ရူးသွပ်စွာ ထုတ်ဖော်ရန် ကြိုးစားနေသည့်တိုင် သူ၏ ခန္ဓာကိုယ်က မည်သို့မျှ တုန့်ပြန် မလာခဲ့ချေ။

“မဖြစ်နိုင်ဘူး... ချန်းပေ့ရွှမ်း... မင်း ဘာမျက်လှည့်တွေ သုံးထားတာလဲ... ဒါက ပုံရိပ်ယောင် တစ်ခုပဲ ဖြစ်ရမယ်... ငါ လုံးဝ မယုံနိုင်ဘူး”

လော့ချန်ရှန်းက ရူးသွပ်စွာ အော်ဟစ်ရင်း ချန်းဖန်အား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သူ၏ ဓမ္မ စွမ်းအားများသည် သေမျိုး တစ်ယောက် အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည့်တိုင် သူသည် အခြေတည် ဝိညာဥ် အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

“ဝှစ်...”

လျှပ်တစ်ပြက် အတွင်းမှာပင် လော့ချန်ရှန်းမှာ ချန်းဖန် အနားသို့ ရောက်ရှိသွားကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။

“ဖောင်း...”

ချန်းဖန်က လက်တစ်ဖက်ကို နောက်ပစ်ကာ အခြား လက်တစ်ဖက်ခြင့် လော့ချန်ရှန်း၏ မျက်နှာကို ဆီးရိုက်လိုက်သည်။

“ဘုန်း...”

လော့ချန်ရှန်းမှာ မီတာရာချီ လွင့်စဥ်ကာ မြေပြင်ပေါ် ခွေးကျဝက်ကျ ကျသွား၏။

“မင်း လုပ်ရဲတယ်ပေါ့... အပယ်ခံဂြိုဟ်တစ်ခုက ကောင်က ငါ့ကို ရိုက်ရဲတယ်ပေါ့... ငါ မင်းကို သတ်မယ်”

လော့ချန်ရှန်းကား စဥ်းစားဆင်ခြင်နိုင်စွမ်းပင် ကင်းမဲ့ သွားခဲ့ပြီ ဖြစ်သည်။ သူသည် အရူးတစ်ပိုင်း ကဲ့သို့ စိတ်ခံစားမှုများ၏ ထိန်းချုပ်ခြင်းအား ခံထားရ၏။

“ဘုန်း...”

သူက ချန်းဖန်အား အကြိမ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ကြိုးစားသော်လည်း ချန်းဖန်၏ ရိုက်နှက်မှု၌ အကြိမ်တိုင်း နောက်သို့ လွင့်စဥ်ကျနေခဲ့၏။

သူ၏ မျက်နှာ တစ်ခုလုံးကား ယောင်ကိုင်းနေခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူ၏ ဆံပင်များမှာ ပြန့်ကျဲနေကာ သူ၏ ဝတ်စုံမှာလည်း ရွှေ‌ရောင်သွေးများဖြင့် ပေကျံနေခဲ့သည်။ သူ၏ ပုံစံကား ကောင်းကင်မင်းသား တစ်ယောက်နှင့် လားလားမျှ မတူတော့ချေ။

“ကောင်းကင်မင်းသား...”

ချန်ရှန်း နတ်မိမယ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်ရည်များ ကျဆင်းလာခဲ့၏။ လော့ချန်ရှန်းကား သူ အမြဲ လေးစား အားကျကာ ချစ်ခင်ခဲ့ရသူ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက် ယခုကဲ့သို့ ဘဝပျက်နေခြင်းက သူမအား နာကျင်စေသည်။

“ကြောက်ဖို့ကောင်းလိုက်တာ... ကောင်းကင်ပြာ ပျံသန်းခြင်း ဓားချက်တောင် လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို တစ်ဆင့်ပဲ နိမ့်ကျစေတယ်... ဒါပေမဲ့ ဒီနတ်ဘုရား စွမ်းအားမျိုးက ကောင်းကင်ပြာ ပျံသန်းခြင်းထက် အဆ ထောင်ချီ ပိုပြီး အစွမ်းထက်လောက်တယ်... ဘယ်လိုလုပ်ပြီး ဒီလို ကျင့်စဥ်တစ်ခု ထျန်းဟောင်ဂြိုဟ်မှာ ပေါ်လာရတာလဲ”

နဂါးအိုကြီးကုက ခေါင်းအား ခါယမ်းလိုက်သည်။ သူ၏ မျက်လုံးများမှာ ကြောက်လန့်မှုများနှင့် ပြည့်နှက်နေ၏။

သူသည် ပထမ၌ ချန်းဖန် သူ့အပေါ် ချမှတ်ခဲ့သော နှစ်တစ်ထောင် ကျိန်စာမှာ ရက်စက်လှပြီ ဟု တွေးခဲ့မိသည်။ သို့သော်လည်း လော့ချန်ရှန်း၏ အဖြစ်ကို မြင်ပြီးနောက် သူ၏ အတွေးမှာ လုံးလုံး မှားနေကြောင်း သိရှိလိုက်ရသည်။

ယခုဆိုလျှင် လော့ချန်ရှန်းမှာ အပယ်ခံ လူသားတစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ နာမည် အတိုင်းပင် ဆိုသည်မှာ အပယ်ခံလူသား ဆိုသည်မှာ ချီစွမ်းအင်၏ ပစ်ပယ်ချင်းကို ခံရသည့် လူသား တစ်ယောက်ကို ဆိုလိုပေသည်။ အပယ်ခံလူများသည် ကျင့်ကြံခြင်း အမှုကို ပြုလုပ်နိုင်စွမ်း မရှိသလို ရာစုနှစ် တစ်ခုမျှသာ အသက်ရှင် နေထိုင်နိုင်ပေသည်။

ကျင့်ကြံသူ တစ်ယောက်အတွက် ထိုကဲ့သို့သော ထိုးနှက်မှုက သေသည်ထက်ပင် ဆိုးသည့် အရာတစ်ခု ဖြစ်ပေသည်။

“ခရက်... ခရက်...”

အခြေတည် ဝိညာဥ် အဆင့် သားရဲများသည် လျှင်မြန်စွာ နောက်ဆုတ်သွားကြ၏။ သူတို့၏ မျက်လုံးများမှာမူ ချန်းဖန်အား မွန်းစတားကြီး တစ်ကောင်အလား ကြောက်ရွံ့နေပုံ ပေါ်သည်။

ဤနတ်ဘုရား ကုန်းမြေ၌ မည်သည့်အရာကမျှ ချန်းဖန်ထက် ပိုမို၍ ကြောက်ဖို့ မကောင်းချေ။ ဓမ္မ စွမ်းအားနှင့် နတ်ဘုရား စွမ်းအားတို့မှာ ကျင့်ကြံသူတိုင်း အတွက် အရေးအကြီးဆုံး အရာများ ဖြစ်ကြသည်။ ထိုအရာများအား ထုတ်ပယ်ခံရခြင်းက ကျင့်ကြံသူတိုင်း၊ သားရဲတိုင်း အတွက် အိပ်မက်ဆိုးကြီး သဖွယ် ဖြစ်သည်။

အချိန်တစ်ခု ကြာပြီးနောက် လော့ချန်ရှန်းမှာ အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ အသက်မဲ့နေဆဲ ဖြစ်၏။

“အဲဒါ ဘယ်လိုကျင့်စဥ်မျိုးလဲ...”

သူက ချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။

“နာမည် မရှိသေးဘူး... မင်းရဲ့ ကောင်းကင်ပြာ ပျံသန်းခြင်းကို အတုခိုးပြီး ဒီကျင့်စဥ်ကို ငါ ဖန်တီးလိုက်တာ... ဒီကျင့်စဥ်ထဲကို ငါ့ရဲ့ စကြဝဠာနဲ့ လောက အကြောင်း နားလည်မှု အချို့အဝက်ပါ ပေါင်းထည့်ထားတယ်... ဒါပေမဲ့ အားမငယ်ပါနဲ့... မင်းရဲ့ ဉာဏ်အလင်းက ငါ့ထက် နက်ရှိုင်းလာတဲ့ တစ်နေ့ အဲဒီ စွမ်းအားတွေကို ပြန်ရလာမှာပါ”

ချန်းဖန်က ပြောလိုက်သည်။

“ကောင်းလိုက်တဲ့ ပါရမီ... အစွမ်းထက်လိုက်တဲ့ ဉာဏ်အလင်း... ငါ တကယ်ပဲ အံ့အားသင့်မိတယ်... ဒါပေမဲ့ တစ်‌နေ့ကျ ငါပြန်လာပြီး မင်းကို အနိုင်ယူမယ်”

လော့ချန်ရှန်းက တည်ကြည်စွာ ပြုံးလိုက်၏။ သူကား ဓမ္မ စွမ်းအားများ ဆုံးရှုံးသွားမှု အပေါ် အာရုံရပုံ မပါ်တော့ချေ။

နဂါးအိုကြီးကု ပင်လျှင် လော့ချန်ရှန်း၏ စိတ်နှလုံးအား ကြည့်ကာ အံ့အားသင့် သွားသည်။ ထိုလူငယ်ကား အမှန်ပင် ချန်ရှန်းဂိုဏ်း၏ ကောင်းကင်မင်းသား ပီသပေသည်။

ချန်းဖန်က ပြုံးလိုက်ကာ ဘာမှ ဆက်မပြောတော့ချေ။

“ချန်းပေ့ရွှမ်း... မင်းရဲ့ ကျင့်စဥ်က လျှို့ဝှက်တယ် ဆိုပေမဲ့ နတ်ဘုရား ကုန်းမြေရဲ့ လျှို့ဝှက်ချက်ကို မင်း မသိသေးဘူးလို့ ငါထင်တယ်”

လော့ချန်ရှန်းက ရုတ်တရက် ပြောလိုက်သည်။

“မင်း သိလို့လား...”

ချန်းဖန်က သူ့အား ကြည့်လိုက်၏။

လော့ချန်ရှန်းက ထိုင်ရာမှ ထကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ့အသက်ကို ချမ်းသာ‌ပေးရင် ပြောပြမယ်....”

“ကောင်းပြီလေ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ မူလကပင် သူသည် လော့ချန်ရှန်းအား သတ်ဖြတ်ရန် အစီအစဥ် မရှိချေ။

လော့ချန်ရှန်းက ရေကန်အား လက်ညိုးထိုးကာ ပြောလိုက်၏။

“ဒီနတ်ဘုရား ကုန်းမြေကို ရှေးခေတ်ဟောင်းက သူတော်စင်တွေ၊ နတ်ဘုရားတွေ ဖွဲ့စည်းထားခဲ့တာ... ထျန်းဟောင်ဂြိုဟ်ရဲ့ ဝိညာဥ်ကြောတွေ အကုန်လုံးက ဒီနေရာမှာ စုစည်းနေတယ်... အဲဒီ ရေကန်ထဲမှာ ရှိတဲ့ ရေစက်တစ်ခုချင်းစီက ထျန်းဟောင်ဂြိုဟ်ရဲ့ ဝိညာဥ်ဆေးတွေထက် ပိုပြီး အဖိုးတန်တယ်... မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီနေရာ ဒီလောက်များတဲ့ အခြေတည် ဝိညာဥ် အဆင့် သားရဲတွေ၊ ကောင်းကင် ဆေးပင်တွေ၊ နတ်ဘုရား ဆေးပင်တွေ ရှိနေမှာလဲ”

“ဘယ်လို...”

လူတိုင်းမှာ ဆွံ့အသွားကြ၏။ နဂါးအိုကြီးကုက ချက်ချင်းပင် ရေကန်အစပ်သို့ သွားကာ စစ်ဆေးလိုက်သည်။ တလက်လက် တောက်ပနေသည့် ရေတစ်စက်ချင်းစီကို ကြည့်ကာ သူ၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွား၏။

“ဒါက လောက ဝိညာဥ်‌ရေပါလား... ဘုရားရေ... ဒီလို ရတနာမျိုးကို ဗဟို ဂလက်စီမှာပဲ ရှိလိမ့်မယ်လို့ ငါထင်ထားတာ... ဒီမှာ ရေကန် တစ်ခုလုံး ရှိနေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ...”

“အရှင်ကု... လောက ဝိညာဥ်ရေ ဆိုတာ ဘာလဲ...”

အခြားလူများက သူ့အား နားမလည်စွာ မေးလိုက်ကြသည်။

“လောက ဝိညာဥ်ရည် ဆိုတာ ဂြိုဟ်တစ်ခုလုံးမှာ ရှိတဲ့ ဝိညာဥ်ချီတွေနဲ့ ဖွဲ့စည်းထားတဲ့ရေကို ခေါ်တာ... ဒီရေက သာမန် ဝိညာဥ်ရည်တွေထက် အဆ သောင်းချီ ပိုပြီး အာနိသင်ရှိတယ်... ဒီရေကို အချိန်ကာလ တစ်ခု အထိ စွဲမြဲပြီး သောက်တာနဲ့တင် သာမန် သေမျိုး တစ်ယောက်က အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိ လာနိုင်တယ်”

နဂါးအိုကြီး၏ စကားကို နားထောင်ပြီးနောက် လူတိုင်းမှာ ဆွံ့အ သွားကြ၏။

အချိန်တစ်ခု စွဲမြဲ သောက်ရုံဖြင့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာနိုင်ခြင်း...

ထိုအရာက မည်ကဲ့သို့သော ရေနည်း။ ဤရေကန် တစ်ခုက မည်မျှသော အခြေတည် ဝိညာဥ် အဆင့်များကို မွေးထုတ်နိုင်သနည်း။

“ထူးဆန်းတယ်... ဒီလို ဝိညာဥ် ရေကန်မျိုးကို နတ်ဘုရားလို အစွမ်းထက်တဲ့ အစီအရင်တွေကပဲ  ဖန်တီးနိုင်စွမ်း ရှိတာ... ဘယ်သူက ဒီအစီအရင်ကို ဒီဂြိုဟ်မှာ ချန်ထားခဲ့တာလဲ... ထာဝရဂိုဏ်းတွေတောင် အဲ့လို အစီအရင်မျိုး ဖန်တီးနိုင်စွမ်း မရှိဘူး... ထိပ်တန်း မျိုးနွယ်တွေ ဂိုဏ်းကြီးတွေလောက်ပဲ အဲ့လောက် အစွမ်းထက်ကြတာ”

နဂါးအိုကြီးကုက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုအရာကို နားမလည်နိုင်ချေ။

တစ်ချိန်တည်း၌ ချန်းဖန်၏ မျက်နှာမှာလည်း လေးနက်နေ၏။ ထိုရေကန်ကား နတ်ဘုရား ဆေးပင်များထက်ပင် ပို၍ အဖိုးထိုက်တန်ပေသည်။ ထိုရေကန်အား သုံးပါက သူ့အနေဖြင့် နဝမ အသွင်ပြောင်းခြင်းကိုပင် အောင်မြင်နိုင်သည်။

သို့သော်လည်း ထျန်းဟောင်ဂြိုဟ်၌ ထိုကဲ့သို့သော ရတနာမျိုး ပေါ်လာသည်ကိုမူ သူ နားမလည်နိုင်ချေ။ ထိုအရာ၏ နောက်ကွယ်၌ လျှို့ဝှက်ချက် တစ်ခု ရှိနေမည်လား။

“ဒါကို တကယ့် ရတနာလို့ မင်းတို့က ထင်နေတာလား... မှားနေပြီ... တကယ့် ရတနာက ခုထိ ပေါ်မလာသေးဘူး”

ရုတ်တရက် လော့ချန်ရှန်းက ထပ်မံ ဆိုလိုက်၏။

“ဘာ...”

လူတိုင်းမှာ အံ့အားသင့် သွားကြသည်။

***

All Chapters