← Chapters

ထျန်းဟောင်ဂြိုဟ်၏ အံ့အားသင့်မှု

Vol. 10 Ch. 985

ထျန်းဟောင်ဂြိုဟ်၏ အံ့အားသင့်မှု

Vol. 10 Ch. 985

“ဘယ်လိုဖြစ်နိုင်မှာလဲ...”

လော့ချန်ရှန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေ၏။ ကောင်းကင် ကျေးကျွန် အစီအရင်နှင့် အဘိုးအိုတို့မှာ ချန်းပေ့ရွှမ်းအား တားဆီးခြင်း မရှိသည့် အပြင် လမ်းပင် ဖွင့်ပေးနေကြသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

နဂါးအရှင် ဆိုလျှင် သတိလက်လွတ် ဖြစ်မသွားစေရန် လျှာကိုပင် အကြိမ်ကြိမ် ကိုက်နေမိသည်။

“သူက တကယ်ပဲ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီးရဲ့ တပည့်လား...”

နတ်မိမယ် ချင်လော့က ခြောက်ကပ်စွာ ရေရွတ်လိုက်သည်။

အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း...

ထိုပြိုင်ဘက်ကင်း နတ်ဘုရားဂိုဏ်းကြီးကား စကြဝဠာ တစ်ခုလုံးတွင် တိုက်ခိုက်ရေး စွမ်းအား ပထမ ဖြစ်သည်။ ဗဟို ဂလက်စီတွင်ပင် ထိပ်ဆုံးဂိုဏ်း တစ်ခု ဖြစ်သည်။ သူတို့နှင့် နှိုင်းယှဥ်ပါက ချန်ရှန်းဂိုဏ်း၊ နတ်ဘုရား သားရဲဂိုဏ်းနှင့် ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေတို့မှာ ပမွှားလေးများသာ ဖြစ်သည်။ သူတို့၏ အရှေ့၌ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ ဂိုဏ်းများဆိုလျှင် ပုရွက်ဆိတ်များ ကဲ့သို့ အားနည်းပေသည်။

သို့သော် ချန်းပေ့ရွှမ်းက မည်ကဲ့သို့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သနည်း။

နတ်မိမယ် ချင်လော့မှ ထိုအရာကို နားမလည်နိုင်ချေ။

ချန်းပေ့ရွှမ်းက ထျန်းဟောင်ဂြိုဟ်တွင်ပင် တစ်ဆင့်ချင်း မြင့်တက်လာသည့် ဒေသခံ ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးလား။ သူက မည်ကဲ့သို့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး၏ တပည့်တစ်ယောက် ဖြစ်သွားရသနည်း။

“မဟုတ်ဘူး... မဖြစ်နိုင်ဘူး”

လော့ချန်ရှန်း၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ရီနေ၏။ သူ၏ မောက်မာသော ပင်ကိုယ်အမူအရာကား အဆုံးတိုင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ချန်းဖန်အား မိစ္ဆာ နတ်ဆိုး တစ်ကောင်အလား ငေးမော ကြည့်နေမိ၏။

သူသည် ဓမ္မ စွမ်းအားများ ဆုံးရှုံးသွားသည့် အချိန်တုန်းကပ် ထိုမျှ မကြောက်လန့်ခဲ့ဖူးချေ။

“ဘာက မဖြစ်နိုင်တာလဲ...”

ချန်းဖန်က တာအိုသစ်သီးကို လွယ်ကူစွာ ဆွတ်ခူးကာ ကောင်းကင်မှ မြေပြင်သို့ ပြန်လည် ဆင်းသက် လာခဲ့သည်။

မရေမတွက်နိုင်သော သားရဲများသည် ချန်းဖန်ကို ဝန်းရံနေကြသော်လည်း မည်သူမျှ မလှုပ်ရှား ဝံ့ကြချေ။ သူတို့သည် ဉာဏ်ရည်မြင့်မားကြရာ တာအို သစ်သီးကို ခူးယူနိုင်သည့် ပုဂ္ဂိုလ်၏ အဆင့်အတန်းကို နားလည်ကြပေသည်။

“မင်းက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ တပည့် တစ်ယောက်ပေါ့... ငါ”

လော့ချန်ရှန်းမ၏ ပါးစပ်၌ သွေးများမှာ ထပ်မံ လျှံတက်လာ၏။ အကယ်၍ ချန်းပေ့ရွှမ်းမှာ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းမှ လာမှန်းသာ သိခဲ့ပါက သူ ဘယ်တော့မှ စော်ကားခဲ့လိမ့်မည် မဟုတ်ချေ။

“အကို... အကိုက တကယ်ပဲ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကလား...”

ရှောင်မန်က မေးလိုက်၏။ သူမမှာ အလွန်တရာ စိတ်လှုပ်ရှား နေရကား ရင်များပင် တဒိန်းဒိန်း ခုန်နေခဲ့သည်။ ထို့အတူ လူတိုင်းမှာလည်း ချန်းဖန်၏ တုန့်ပြန်မှုကို စိတ်ဝင်တစား စောင့်မျှော်နေကြ၏။

“ဟုတ်တယ်လို့ ပြောလည်း ရတယ်...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်၏။

“မဟုတ်ဘူးလို့ ပြောလည်း မှန်တယ်”

“အဲဒါက ဘာအဓိပ္ပာယ်လဲ...”

လူတိုင်းမှာ နားမလည်ကြချေ။

ချန်းဖန်က ရှောင်မန်၏ ရွှေရောင် ဆံပင်များကို ကြင်နာစွာ ထိုးဖွ ပေးလိုက်၏။

“တစ်ချိန်က အကိုဟာ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... အဲဒီ လူအို ကျင့်ကြံသူကြီးရဲ့ ခုနစ်ယောက်မြောက် တပည့်ပေါ့... ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး”

“ကောင်းကင်အရှင်ချန်းက လူအို ကျင့်ကြံသူကးရဲ့ ခုနစ်ယောက်မြောက် တပည့်...”

အခြားလူများမှာ ပြောစရာ စကား မရှိ ဖြစ်သွားကြသည်။ သို့သော်လည်း များစွာသော အတွေးများမှာ သူတို့၏ ခေါင်းအတွင်း စိုးမိုးနေသည်။

တစ်ချိန်တည်း၌ နဂါးအရှင်မှာ ထိန်းချုပ်နိုင်အောင် တုန်ရီနေ၏။ သူ၏ မျက်လုံးများမှာလည်း လေးစားမှုများ၊ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ကျင့်ကြံသူ တစ်ယောက်သည် နတ်ဘုရား ဂိုဏ်းတစ်ခု အတွင်း ဝင်ရောက်ပြီးသည်နှင့် သူသည် ထိုဂိုဏ်း၏ ထာဝရဂိုဏ်းသား ဖြစ်သွားပြီ ဖြစ်သည်။ ထိုအရာက ပြောင်းလဲ၍ မရနိုင်သော စကြဝဠာ၏ ဥပဒေ ဖြစ်သည်။

ချန်းပေ့ရွှမ်းသည် သူ၏ ဂိုဏ်းကို သစ္စာဖောက်နိုင်သည် အထိ အစွမ်းထက်သူ တစ်ယောက် သို့မဟုတ် သေဆုံးပြီးမှ ပြန်လည် မွေးဖွားလာသည့် မဟာ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေနိုင်ပေသည်။ မည်သည့် အရာပင် ဖြစ်စေကာမူ သူ၏ အစစ်အမှန် အဆင့်အတန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

“မဟုတ်ဘူး...”

နဂါးအရှင်သည် သူ၏ အတွေးကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ ဆက်စပ်ခြင်းဖြင့် ပေါ်လာသော အကြောင်းအရာ တစ်ခုချင်းစီက ထက်ရှသော ဓားသွားတစ်လက် အလား သူ့အား နာကျင်စေသည်။ သို့သော်လည်း သူသည် အတွေးများကို ထိန်းချုပ်၍ မရခဲ့ချေ။

“ချန်းပေ့ရွှမ်းရဲ့ ပုံစံကို ကြည့်ရတာ ပါရမီ အရမ်း မြင့်မားပေမဲ့ အခုမှ ရွှေအမြုတေ အဆင့်ကိုပဲ ရောက်သေးတယ်... သူ့ စွမ်းအားကလည်း အတူတူပဲ... ဒီတော့ သူက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီးထက် ပိုအစွမ်းထက်သွားတဲ့ မဟာ ကျင့်ကြံသူကြီး တစ်ယောက်တော့ မဖြစ်နိုင်ဘူး... ဒီလိုဆို ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတော့တယ်...”

တိကျ သေချာသော အတွေးတစ်ခုက နဂါးအရှင်၏ ဦးခေါင်းအတွင်း ခိုင်မာစွာ ‌နေရာယူ လာ၏။

“ပြန်လည် မွေးဖွားလာတဲ့ မဟာ ကျင့်ကြံသူ...”

အံ့သြစရာ မရှိတော့ချေ။ ချန်းပေ့ရွှမ်းသည် အပယ်ခံ ဂြိုဟ်တစ်ခု၌ မွေးဖွားလာသည့်တိုင် ရွှေအမြုတေ အဆင့်ဖြင့် သူ့ကဲ့သို့သော နဂါးအရှင်ကိုပင် အနိုင်ယူခဲ့သည်။ မရေမတွက်နိုင်သော ကျိန်စာများ၊ ဓမ္မ ရတနာများ ပိုင်ဆိုင်ထားသည့် လော့ချန်ရှန်းကို ဒူးထောက်စေခဲ့သည်။ ထို့အပြင် အခြေတည် ဝိညာဥ် အဆင့်ကို သေမျိုး အဖြစ် ပြောင်းလဲပစ်နိုင်သည့် နတ်ဘုရား ကျင့်စဥ်ကိုပင် တဒင်္ဂ အတွင်း တီထွင်ခဲ့သည်။ ပြန်လည် မွေးဖွားလာသည့် မဟာ ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါက သူက ထိုအရာများကို မည်ကဲ့သို့ လုပ်နိုင်မည်နည်း။

“ဘုန်း...”

နဂါးအရှင်မှာ ချန်းဖန်၏ ရှေ့၌ ဒူးထောက်ချလိုက်၏။ နတ်ဘုရားဂိုဏ်းဝင် မဟာ ကျင့်ကြံသူ တစ်ယောက်၏ အစေခံ ဖြစ်ရခြင်းက သူ အသက်ရှင်သန်ခဲ့သည့် နှစ်သုံးသောင်း ကာလအတွင်း ဂုဏ်သိက္ခာ အမြင့်မားဆုံး၊ အကြီးကျယ် အခမ်းနားဆုံးသော အရာ ဖြစ်ပေသည်။

တစ်ချိန်တည်း၌ လော့ချန်ရှန်းနှင့် နတ်မိမယ် ချင်လော့တို့မှာလည်း ထိုအရာကို ခန့်မှန်းမိနေကြပြီ ဖြစ်လေသည်။

“ငါနားလည်ပြီ...”

လော့ချန်ရှန်းက ခေါင်းခါကာ ဖြူရော်စွာ ပြုံးလိုက်၏။ ထို့နောက် သူက ကိုယ့်ကိုယ်ကို သတ်သေလိုက်သည်။

“ငါနဲ့ တွေ့ခဲ့တာ မင်းဘဝမှာ ကံအဆိုးဆုံး အရာပဲ...”

ချန်းဖန်က လော့ချန်ရှန်း သူ့အား ပြောဆိုခဲ့သော စကားကို ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ထို့နောက် သူက ခေါင်းခါကာ မီးတစ်ခုကို ဖန်တီး၍ လော့ချန်ရှန်း၏ အလောင်းအား သင်္ဂြိုဟ် ပေးလိုက်သည်။ တစ်ခေတ်တစ်ယောက် ကျော်ကြားလှသော ချန်ရှန်းဂိုဏ်း၏ ကောင်းကင်မင်းသားလော့ကား အဇူရာ ပြာမှုန်များ ဘဝဖြင့် အဆုံးသတ် သွားခဲ့ရပြီ ဖြစ်လေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

နတ်မိမယ် ချင်လော့နှင့် ရှုညီအမတို့မှာ ချန်းဖန်၏ ရှေ့၌ တုန်ရီစွာ ဒူးထောက်ချ လိုက်ကြ၏။

“ကျွန်မ... ကျွန်မတို့ကို မသတ်ပါနဲ့”

သူတို့ကား ချန်းပေ့ရွှမ်း၏ လျှို့ဝှက်ချက်များကို သိရှိသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ချန်းပေ့ရွှမ်းက သူတို့အား အလွတ်ပေးတော့မည် မဟုတ်ချေ။ ကျိန်းသေ နှုတ်ပိတ် စီရင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း သူတို့၏ အတွေးများမှာ မှားယွင်းနေ၏။ ချန်းဖန်သည် သူတို့ကို သတ်ရန် တွေးပင် မတွေးခဲ့ချေ။

“ဟူး... ဟူး...”

သူက အစီအရင် တစ်ခုကို ရေးဆွဲကာ သူတို့ အားလုံး၏ ခေါင်းအတွင်း ထည့်သွင်းထားလိုက်၏။ အစီအရင်၏ ထိန်းချုပ်မှု၌ သူတို့သည် ထိုအကြောင်းကို မည်သူ့ကိုမျှ ပြောလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီ... အားလုံးပဲ ထကြပါ”

အစီအရင် ထည့်သွင်းပြီးနောက် ချန်းဖန်က လက်ဝှေ့ယမ်းကာ ထခိုင်းလိုက်၏။

နဂါးအရှင်နှင့် နတ်မိမယ် ချင်လော့တို့မှာ ထိုင်ရာမှ ထကာ ချန်းဖန်၏ အနောက်၌ ရိုသေစွာ ရပ်လိုက်ကြသည်။ ကျိုးကျူရှင်းမှာလည်း သူ၏ လက်စားချေရန် ဟူသော ဆန္ဒကို အပြီးတိုင် ဖျောက်ဖျက် ပစ်လိုက်ပြီ ဖြစ်၏။  “ကောင်းကင်အရှင်ရဲ့ နောက်ကို လိုက်ရုံနဲ့တင် ငါတို့တွေ တစ်နေ့မှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူတွေ ဖြစ်လာနိုင်တယ်”

ကျိုးကျူရှင်းမှာ ထိုအတွေးဖြင့် အနာဂတ် အတွက် စိတ်လှုပ်ရှား သွား၏။

တစ်ချိန်တည်း၌ ‌ရှောင်မန်မှာမူ အလွန်တရာ ပျော်ရွှင် နေခဲ့သည်။ သူမက ချန်းဖန်၏ လက်ကို ဆွဲကာ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အကြောင်းကို အထပ်ထပ် မေးမြန်းနေခဲ့တော့သည်။

ချန်းဖန်သည် ထိုကလေးမ၏ မဆုံးနိုင်သော မေးခွန်းများကို ဖြေရင်း တစ်ချိန်တည်း၌ တွေးတောနေခဲ့၏။

“ဒီတာအို သစ်သီးနဲ့ လောက ဝိညာဥ်ရေတွေကို အကျိုးရှိရှိ အသုံးချရမယ်...  ငါ နတ်ဘုရား စက်ဝန်း နဝမ အသွင်ပြောင်းခြင်း အထိ ကျင့်ကြံပြီးတာနဲ့ ထျန်းဟောင်ဂြိုဟ်ပေါ်က ပြဿနာတွေကို ဖြေရှင်းတော့မယ်”

ထို့အပြင် ချန်းဖန်သည် ကမ္ဘာ အတွက်လည်း စိတ်ပူနေမိသည်။ သူသည် ဖြစ်နိုင်လျှင် ကမ္ဘာကို ယခုပင် ထ၍ ပြန်ချင်နေပြီ ဖြစ်သည်။

ချန်းဖန်တို့ အဖွဲ့ နတ်ဘုရား ကုန်းမြေ အတွင်း ရှိနေကြချိန်တွင် အပြင်လောကမှာလည်း သက်ဝင် လှုပ်ရှားနေခဲ့၏။

နတ်ဘုရား ကုန်းမြေ အကြောင်းနှင့် ကောင်းကင်အရှင်များ ဝင်ပေါက်ကို ပိတ်ဆို့ထားသည့် သတင်းမှာ ထျန်းဟောင်ဂြိုဟ် တစ်လွှား ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မကြာခင် ဖြစ်လာ‌တော့မည့် ကြီးကျယ် ခမ်းနားသော တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့နိုင်ရန် ‌ရှေးဟောင်း မိစ္ဆာအင်းသို့ တဖွဲဖွဲ ရောက်ရှိ လာနေကြ၏။

“ဘုရားရေ... ဘိုးဘေး ဖူတူ၊ ကောင်းကင် ကျောက်စိမ်း ကျောင်းတော် ဂိုဏ်းချုပ်၊ ကောင်းကင် အရှင် ရှန်းယန်၊ ကောင်းကင် အရှင် ရှုဟောင်... လူသား ကောင်းကင်အရှင် ဆယ်ယောက်ကျော်နဲ့ ရှေးဟောင်း မိစ္ဆာအင်းရဲ့  မိစ္ဆာ စစ်ဦးစီး ငါးယောက်တောင်”

တစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။

နတ်ဘုရား ကုန်းမြေမှာမူ ရောင်စုံအလင်းများကို ထုတ်လွှတ်ကာ လှပ ခမ်းနားစွာ တည်ရှိနေ၏။ မမြင်နိုင်သော အလင်းဒိုင်းလွှာ တစ်ခုက ၎င်းအား ကာကွယ်ထားသည်။ ကောင်းကင်အရှင်များသည် စုပေါင်းကာ ထိုအလင်းဒိုင်းအား တိုက်ခိုက်နေကြသည့်တိုင် ထိုအရာက တုတ်တုတ်မျှ မလှုပ်ကြချေ။

“ဟူး... ဟူး...”

အချိန် ကာလကား တရွေ့ရွေ့ စီးဆင်းနေ၏။

အခြေတည် ဝိညာဥ် အဆင့်များနှင့် မိစ္ဆာ စစ်ဦးစီးများသည် ပူးပေါင်းကာ နတ်ဘုရား ကုန်းမြေ ဝင်ပေါက်ကို ဖျက်ဆီးရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

“လတွေတောင် ‌တော်တော်ကြာသွားပြီ... ကောင်းကင်အရှင်တွေက အခုထိ စိတ်ရှည်နေကြတုန်းပဲ... အကယ်လို့ ချန်းပေ့ရွှမ်းသာ ထွက်မလာတော့ရင် ဘာတွေ ဆက်ဖြစ်မလဲ မသိဘူး...”

တစ်ယောက်က ပြောလိုက်သည်။

သို့သော်လည်း မကြာခင်မှာပင် ကြီးမားသော သတင်း အပိုင်းအစ တစ်ခုမှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို အံ့အားသင့် သွားစေ၏။

ထိုသတင်းကား တောင်တန်း အင်ပါယာ စတင် လှုပ်ရှားလာပြီ ဆိုသော သတင်းပင်။

***

All Chapters