← Chapters

အခန်း (၃၈၁)

Vol. 28 Ch. 381

အခန်း (၃၈၁)

Vol. 28 Ch. 381

ပစ်မှတ်က တက်ကြွစွာ ချဉ်းကပ်လာသည်ကို ခံစားရသောအခါ ဘေးဒုက္ခမိုးတိမ်အတွင်း နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး ဒေါသအမျက်ခြောင်းခြောင်းထွက်နေသကဲ့သို့ တအုန်းအုန်းပေါက်ကွဲကာ ပုရွက်ဆိတ်တစ်ကောင်၏ ရန်စမှုကို အလွန်မကျေနပ်ဟန်ရှိ၏။

ဗုံး!

နောက်တစ်စက္ကန့်တွင် ပေပေါင်း ထောင်သောင်းချီ ကျယ်ပြောသည့် အဆင့်မြင့်လျှပ်စီးလုံး တစ်လုံးသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျဆင်းလာခဲ့သည်။

၎င်း၏ စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားကာ မသေမျိုးဘုရင်တစ်ပါးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

လျှပ်စီးဒဏ်၏ အမြင်တွင် ယဲ့ကျွင်းလင်မှာ ကောင်းကင်အဆင့် မသေမျိုးတစ်ပါးသာဖြစ်သော်လည်း ယခုအခါ မသေမျိုးဘုရင် ကို ဖျက်ဆီးနိုင်သော ကောင်းကင်လျှပ်စီးကို အထူးထုတ်လွှတ်လိုက်ခြင်းမှာ အခွံမာသီးကို လှံနှင့်ထိုးခွဲခြင်းဟုသာ ဆိုရပေတော့မည်။

“ဆရာသခင်!”

“ညီလေးယဲ့!”

...

ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လူတိုင်း၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး ထိုလူငယ်မှာ လျှပ်စီးဒဏ်အောက်တွင် သေဆုံးတော့ရ‌တော့မည်ဟုသာ တပ်အပ်သတ်မှတ်လိုက်ကြတော့၏၊

“အချိန်ကောင်းပဲ!”

မိမိအား ဝန်းရံထားသည့် ကြီးမားသော ဖိအားကို ခံစားလိုက်ရ‌သောအခါ ယဲ့ကျွင်းလင်သည် အင်အားကြီးသူနှင့်ရင်ဆိုင်ရာမှ ပိုမိုအင်အားကြီးလာတတ်သည့် ‌သူ၏ ရွှေလက်ချောင်းအား ချက်ချင်းအစပျိုးလိုက်သည်။ အရှိန်အဝါသည် ချက်ချင်း တဟုန်ထိုးတက်လာပြီး ငွေရောင်ဆံပင်များ လေထဲတွင် မြောလွင့်ကာ မျက်နှာထက်တွင် သရော်ပြုံးဖြင့် လက်တစ်ဖက်မြှောက်လိုက်သည်။

စွမ်းအင်တို့ တဖျစ်ဖျစ်မြည်သံ ထွက်ပေါ်လာပြီး ကမ္ဘာကို လှုပ်ခါနိုင်လောက်အောင် ကြီးမားသော အဖြူရောင်လက်ကြီးတစ်ဖက် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ လက်ဖဝါး၏ အကျယ်သည် မိုင်ပေါင်း ထောင်သောင်းချီရှိပြီး မြင့်မြတ်သော အလင်းရောင်ခြည် သန်းပေါင်းများစွာကို ထုတ်လွှတ်နေ၏။ ၎င်းသည် ထူးကဲသောတာအိုအရိုးဖွဲ့စည်းပုံ၏ မူရင်းစွမ်းရည်ဖြစ်ကာ ကောင်းကင်ဘုံ‌ ဘေးဒုက္ခအလင်းထက် ဗားရှင်းတစ်ဆင့်ပိုမြင့်သော ကောင်းကင်လက်ဟုခေါ်ဆိုသည်။

မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များကြားတွင် ထိုကြီးမားသော အဖြူရောင်လက်ကြီးက လက်ညှိုးဖြင့် တစ်ချက်တည်း တောက်ထုတ်လိုက်သော် ကျဆင်းလာသော လျှပ်စီးလုံးမှာ လမ်းကြောင်းပြောင်းသွားရ၏။ ထို့နောက် ထိုလျှပ်စီးလုံးကို ဘေးဒုက္ခမိုးတိမ်မည်းထဲသို့ ပြန်လည်ပစ်သွင်းလိုက်ရာ အဖြူအမည်း လျှပ်စီးပင်လယ်ကြီး မွှေ့ယမ်းဖြစ်‌ပေါ်လာခဲ့သည်။

ဗုံး…

ကောင်းကင်ယံထက်တွင် မိုင်ပေါင်းထောင်ချီအထိ ပေါက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ လျှပ်စီးသန်းပေါင်းများစွာသည် ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် အချင်းချင်းလိမ်ယှက်သွားပြီး တဖြည်းဖြည်း မှေးမှိန်ပျက်စီးသွားခဲ့သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?!” ခြံဝင်းထဲမှ သတ္တဝါများမှာ အဆုံးစွန်ထိ ကြောက်လန့်တုန်လှုပ်သွားကြရသည်။

“မြည်းသခင် မြင်လိုက်တာ မှန်ရဲ့လား? ကျွန်းသခင်ယဲ့က လျှပ်စီးဒဏ်၏ တိုက်ခိုက်မှုကို တကယ်ပဲ ပိတ်ဆို့လိုက်တာလား?” မြည်းလေး က မျက်လုံးပြူးကာ မေးလိုက်သည်။

“ကျွန်မ ခံစားလို့ရတယ်။ အဲဒါက မသေမျိုးဘုရင်ကို ဖျက်ဆီးနိုင်တဲ့ အဆင့်မြင့် ကောင်းကင်လျှပ်စီး ပဲ။ ဒါပေမဲ့ ကျွန်းသခင်ယဲ့က လွယ်လွယ်ကူကူပဲ ပယ်ဖျက်လိုက်တယ်။ သူက မသေမျိုးဘုရင် ထက်တောင် ပိုပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးလား?” ကြက်မအိုကြီးက သံသယအပြည့်ဖြင့် ပြောလိုက်သည်။

“အားလုံးပဲ၊ မေ့နေကြပြီလား? လျှပ်စီးဒဏ်ဟာ ဒီကမ္ဘာရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်။ ကျွန်းသခင်ယဲ့ရဲ့ အဆင့်က မသေမျိုးဘုရင်ထက် ပိုမြင့်ရင် လျှပ်စီးဒဏ်က သူ့ရဲ့ စွမ်းအားကို ရန်သူရဲ့စွမ်းအားထက် မမြင့်မြင့်အောင် ညှိယူနိုင်စွမ်းရှိတယ်။ အဲဒီစွမ်းရည်ကို အနိုင်ယူနိုင်မဲ့ ဖြစ်နိုင်ချေဆိုတာ လုံးဝမရှိဘူး” မိုးမခပင်ကဆိုသည်။

မိုးမခပင်သည်ပင် ဤမယုံနိုင်စရာ ဖြစ်ရပ်ကို လက်ခံရန် ခက်ခဲနေသည်။ အကြောင်းမှာ ၎င်းသည် သူ၏ ဘိုးစဥ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့သော ရိုးရာအသိပညာများကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်သောကြောင့်ဖြစ်သည်။

ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?

အပြင်ဘက်တွင်လည်း လူတိုင်း၏ မျက်နှာအမူအရာများ ချက်ချင်းဆိုသလို တောင့်ခဲသွားကြပြီး သူတို့၏ ပါးစပ်များမှာ ငှက်ကုလားအုတ်ဥတစ်လုံးလောက် ဆံ့နိုင်လောက်အောင် ပွင့်ဟနေကြသည်။ ဘာတွေဖြစ်နေတာလဲ?

အဆင့်မြင့်လျှပ်စီးလုံး၏ ဖျက်ဆီးနိုင်စွမ်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး ဟွမ်ကျိုးပြည်နယ်တစ်ကြောလုံးကိုပင် စက္ကန့်ပိုင်းအတွင်း အပြောင်ရှင်းပစ်နိုင်စွမ်းရှိကြောင်း ရှင်းလင်းစွာ ခံစားမိသည်။ သို့သော် ထိုသူက ထိုလျှပ်စီးကြောင်းကို လက်ညှိုးဖြင့် အသာတောက်ထုတ်လိုက်သတဲ့လား။ ကောင်းကင်ဘုံ၏အမျက်ဒေါသအား ကလေးများ ဇယ်တောက်သလို ဆော့ကစားနေခဲ့ခြင်းသာ။

တိုက်ခိုက်ခံရသော ဘေးဒုက္ခမိုးတိမ်သည် ပြန်လည်စုစည်းလာပြီး ဤတစ်ကြိမ်တွင် အရင်ကထက်ပင် အတိုင်းအဆ ပိုမိုကြီးမားလာသည်။ မိုးခြိမ်းသံများသည် ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေပြီး ကောင်းကင်ဘုံ၏ ကျားနာဒေါသကား ကမ္ဘာပျက်စေမည့် လျှပ်စီးပြစ်ဒဏ်ကို ချမှတ်တော့မည့်အလား။ ဘေးဒုက္ခမိုးတိမ်အတွင်း မျက်စိကျိန်းလောက်အောင် တောက်ပလင်းလက်လော လျှပ်စီးအလင်းတန်းများဖြင့် ပြည့်နေပြီး ထိုလျှပ်စီးကြောင်းတို့ကို အလျင်အမြန် ဒေါသတကြီး စုစည်းနေကာ အရင်ကထက်ပင် ပိုမိုကြီးမားလာသော အရှိန်အဝါဖြင့် ယဲ့ကျွင်းလင်ကို ဖိနှိပ်ချုပ်ကိုင်ထား၏။

“ဟဲဟဲ၊ တခြား ဘယ်လိုလှည့်ကွက်တွေ ရှိသေးလဲ? အားလုံး ထုတ်ပြလိုက်” ယဲ့ကျွင်းလင် ပြောသည်။ တစ်ကြိမ်အောင်မြင်မှုကြောင့် သူ့ဘက်မှ ပို၍ယုံကြည်မှုရှိလာပြီး စွမ်းအား ဆက်တိုက်တိုးမြှင့်နေသော လျှပ်စီးဒဏ်ကို အသာစောင့်ကြည့်ရင်း နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွတ်နေသည်။

ဗုံး!

လျှပ်စီးဒဏ်သည် ဒေါသအမျက်ခြောင်းခြောင်းထွက်နေလေပြီ။ ရှေးခေတ်ဦးမှသည် ယခုချိန်အထိ သက်ရှိသတ္တဝါတစ်ဦး တစ်ကောင်သော်မှ သူ့ကို ဤမျှ ရိုင်းစိုင်းရဲသည် မရှိခဲ့ဖူးပေ။ ၎င်းသည် ကောင်းကင်ဘုံကို ပြင်းပြင်းထန်ထန် ရန်စစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ ဤထူးခြားသော သတ္တဝါကား သူ့ကို နည်းနည်းမှကြောက်ရကောင်းမှန်း သိပုံမပေါ်။

အရင်တစ်ခေါ်က မတော်တဆ လွဲချော်မှုကြောင့် လျှပ်စီးဒဏ်ဘက်မှ ရှုံးနိမ့်ခဲ့ရသော်လည်း ၎င်းသည် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြှင့်တင်လိုက်ပြီး ဤမုန်းတီးဖွယ် လူသားမျိုးနွယ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။

ဝေါင်း!

ကြီးမားသော ဘေးဒုက္ခမိုးတိမ်အတွင်း ခမ်းနားသော ကျားဟိန်းသံနှင့် နဂါးဟိန်းသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာသည်။ အနက်ရောင် နဂါးပုံသဏ္ဍာန် လျှပ်စီးနှင့် အဖြူရောင် ကျားပုံသဏ္ဍာန် လျှပ်စီးတို့ ပုံပေါ်လာခဲ့ကာ နက်ရှိုင်းသော အဆင့်မြင့်စွမ်းအင်အား ထုတ်လွှတ်နေခဲ့သည်။ နဂါးပုံသဏ္ဍာန် လျှပ်စီးသည် ကောင်းကင်တွင် ကိုယ်ခန္ဓာကို လိမ်ယှက်နေပြီး ကျားပုံသဏ္ဍာန် လျှပ်စီးက ခေါင်းမော့ချီကာ အားကောင်းခန့်ညားစွာ ဟိန်းဟောက်လျက်ရှိ၏။

ဝှစ်!

ထို့နောက် နဂါးနှင့်ကျား၏သဏ္ဍာန် လျှပ်စီးနှစ်သွယ်က အောက်ဘက်မှ လူငယ်ကို နှစ်ဖက်ညှပ် တိုက်ခိုက်လာသည်။ မသေမျိုးအရှင်သခင်တစ်သောင်းကို စုပေါင်းထားလျှင်တောင် ဤနဂါးနှင့်ကျားပုံသဏ္ဍာန် လျှပ်စီးနှစ်ခုက တစ်ချက်တည်းဖြင့် ရက်ရက်စက်စက် ဆုတ်ဖြဲပစ်နိုင်ပေမည်။

ဗုံး!

အရင်ကထက် ပိုမိုအားကောင်းသော ဖိနှိပ်မှုတစ်ခု ဆင်းသက်ကျရောက်လာသည်။ ယဲ့ကျွင်းလင်၏ မျက်လုံးများကား စိတ်လှုပ်ရှားမှုဖြင့် ပို၍သာ တောက်ပလာလျက်။ အကြောင်းမှာ တစ်ဖက်ကအင်အားကြီးလေလေ သူလည်း ပိုအင်အားကြီးလေလေ ဖြစ်သောကြောင့်။

ကောင်းကင်ဘုံနှင့် ကမ္ဘာ၏ ဥပဒေသ!

အခွင့်အရေးကို အသုံးချပြီး ယဲ့ကျွင်းလင်သည် ကြီးမြတ်သော နတ်ဘုရားစွမ်းရည်အား ထုတ်လွှတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ကြီးမားကျယ်ပြန့်သွားပြီး တောင်တန်းမြစ်ချောင်းများပင် သူ့အရေပြားပေါ်မှ မွေးညင်းလေးများသာသာ။ ကောင်းကင်ကို ထောက်မထားသော ဧရာမထောက်တိုင်ကြီးတစ်တိုင်ကဲ့သို့ လေဟာနယ်တွင် ရပ်တည်နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ထုတ်လွှတ်နေသည်။ မျက်လုံးများမှာ စကြဝဠာ၏ ဂလက်ဆီများကို ထည့်သွင်းထားသကဲ့သို့ တောက်ပလင်းလက်နေလျက်။

ထိုအခိုက်တွင် နှလုံးသားကို လှုပ်ခတ်စေသော ကျားဟိန်းသံတစ်ခုက သူ့နားဆီသို့ ရောက်ရှိလာသည်။ ယဲ့ကျွင်းလင်သည် ခြေထောက်တစ်ဖက်ကို ကျင်လည်စွာမြှောက်ကာ ကျားပုံသဏ္ဍာန် လျှပ်စီးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်။

All Chapters