← Chapters

အပိုင်း (၁၆)

Vol. 2 Ch. 16

အပိုင်း (၁၆)

Vol. 2 Ch. 16

ရွှမ်ဝူအိမ်တော်သည် မြို့ထဲတွင် တည်ရှိခြင်း မဟုတ်ချေ။ ၎င်းတို့သည် ကိုယ်ပိုင်ရဲတိုက်ကြီးကို ပိုင်ဆိုင်ပြီး ယင်းရဲတိုက်ကြီးသည် ရွှမ်ဝူမြို့နှင့် မိုင်နှစ်ဆယ် အဝေးတွင် တည်ဆောက်ထားခြင်းဖြစ်၏။

ရှမ့်လန်သည် ထိုရဲတိုက်ကြီးကို အဝေးမှသာ မြင်ခဲ့ဖူး၏။ အလွန်ခံ့ညားသည့် ရဲတိုက်ကြီးကို မြင်ရတိုင်း သူသည် ထိတ်လန့် တုန်လှုပ်ခဲ့ဖူး၏။ သို့ပေမဲ့ သူသည် သူ၏ ဂုဏ်သိက္ခာတရားကြောင့် ရဲတိုက်ထဲသို့ ဝင်ခွင့်ရရန် အရည်အချင်း မရှိခဲ့ချေ။

ရှစ်မိသားစုသည် ရွှမ်ဝူမြို့ထဲတွင် တကယ့်ကို ထိပ်တန်းကျသည်ဟု သူဌေးများအဖြစ် နာမည်ကျော်ကြား၏။ သို့ပေမဲ့ ရှစ်မိသားစုသည် တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်သာလျှင် ရဲတိုက်ထဲသို့ ဝင်ခွင့်ရသည်။ ထိုသို့ဆိုလျှင်တောင်မှ အိမ်စေကြီး၏ ဧည့်ကြိုခြင်းကိုသာလျှင် လက်ခံရ၏။ ရှစ်မိသားစု၏ ချမ်းသာကြွယ်ဝမှုသည် လုံလောက်သည့်အရာတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ မြို့စားအိမ်တော်နှင့် နှိုင်းယှဉ်၍ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ကျင်းမိသားစုသည် များပြားလွန်းသည့် မြေပိုင်နက်ကို ပိုင်ဆိုင်ပြီး တခြားသော တော်ဝင်မျိုးနွယ်များနှင့် ခြားနား၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်တုန်းကဆိုလျှင် ရွှမ်ဝူမြို့စား ပိုင်ဆိုင်သည့် မြေပိုင်နက်သည် စတုရန်းကီလိုမီတာ ငါးထောင်ထက်ပင် ပိုမိုကာ ကျယ်ပြန့်သေး၏။ သို့ပေမဲ့ နိုင်ငံရေး အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့ပြီးနောက် တော်ဝင်ယန်နိုင်ငံတော်နှင့် ရွှဲ့ပြည်နယ်တို့ကြားထဲတွင် နိုင်ငံရေး စည်းမျဉ်းအသစ်များ ဖြစ်တည်လာခဲ့သည်။

ထို့ကြောင့် ရွှမ်ဝူမြို့စား၏ နယ်မြေများသည် အနည်းငယ် လျော့ပါးသွားခဲ့၏။ ထိုသို့ ဆိုလျှင်တောင်မှ ရွှမ်ဝူမြို့စားသည် ရွှမ်ဝူမြို့၏ အုပ်စိုးသူတစ်ယောက်အဖြစ် ကျန်ရှိနေတုန်းပင်။ ရွှမ်ဝူအိမ်တော်၏ ပိုင်ဆိုင်မှုများ သည် လယ်ဧကထောင်ချီ တည်ရှိနေသည်သာမက ၎င်းတို့၏ လယ်ယာလုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများ၊ သစ်ခွပန်း စိုက်ပျိုးခြင်း၊ ဝိုင်ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကလည်း ကြီးကျယ်ခမ်းနား၏။

ရဲတိုက်ကြီးသည် တောင်တစ်ခုအပေါ်တွင် ထင်းထင်းကြီး တည်ရှိနေခဲ့ပြီး မီတာနှစ်ရာမှ သုံးရာနီးပါးခန့် မြင့်မားသည့် ရဲတိုက်ကြီးလည်းဖြစ်၏။ ရဲတိုက်ကြီး၏ မြို့နံရံသည် ရွှမ်ဝူမြို့၏ မြို့နံရံထက်ပင် ပိုမိုကာ မြင့်မားပြီး ထူထဲလွန်းသည်။

ထို့ကြောင့် ရွှမ်ဝူမြို့တစ်ခုလုံး ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွားမည် ဆိုလျှင်တောင်မှ ဤရဲတိုက်ကြီးသည် ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွားလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ရွှမ်ဝူအိမ်တော် ရန်သူ၏ လက်ထဲသို့ ပါသွားပါက မြို့တစ်ခုလုံးသည် ရန်သူ၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။

ဤတစ်ကြိမ်မှာတော့ ရှမ့်လန်သည် သမိုင်းမှတ်တမ်း နှစ်တစ်ရာခန့်ရှိသည့် ရဲတိုက်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။ သူ့အတွက် ပထမဦးဆုံး အကြိမ်လည်း ဖြစ်လို့နေ၏။ နုကျင်းစီရင်စု တစ်ခုလုံးတွင် တကယ့်ကို ကြီးကျယ် ခမ်းနားသည့် တည်နေရာတစ်ခုပင်။

.........

ရွှမ်ဝူအိမ်တော်၏ သခင်မလေး ကျင်းမူလန်သည် သူမ၏ ငွေရောင်ချပ်ဝတ်များကို ချွတ်ပြီးသည့်နောက် ခန္ဓာကိုယ်ပေါ်တွင် ကိုယ်ကျပ်ဝတ်စုံသာလျှင် ကျန်တော့၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့၏။ တကယ့်ကို ကြည့်ကောင်းလွန်းသည့် ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်သည့် အမျိုးသမီး တစ်ယောက်ပင်။

တစ်နှစ်ပတ်လုံး သိုင်းပညာ လေ့ကျင့်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်မို့ သူမသည် သာမန်ယောက်ျားများထက် ပိုမိုကာ အရပ်မြင့်မား၏။ သူမ၏ ခြေတံရှည်များသည် သွယ်လျကာ လှပလွန်း၏။ အလုံးစုံသော အားအင်အဆင့်နှင့် အလှအပကို ယှဉ်တွဲကာ ပိုင်ဆိုင်ပေသည်။ သူမ၏ ကောက်ကြောင်းသည် မည်သူမှ မျက်နှာလွှဲ၍ မရနိုင်သည့် အလှမျိုးပင်။ ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်ကျပ်ဝတ်စုံကိုချွတ်ပြီးနောက် သူမသည် ရေချိုးကန်ထဲသို့ အသာလှမ်းလျှောက် ဝင်ရောက်သွားခဲ့သည်။

စစ်တပ်ကြီးကို ဦးဆောင်ကာ ပြန်လာရသည့်အချိန်တိုင်း ရေနွေးပူပူထဲတွင် ရေစိမ်ကာ ချိုးရသည့် အချိန်တိုင်းသည် သက်တောင့်သက်သာ အဖြစ်ဆုံး အချိန်ပင်ဖြစ်၏။ ရေချိုးပြီးနောက် သူမသည် အမျိုးသားတစ်ယောက်၏ အဝတ်အစားများကို ပြန်လည်ကာဆင်မြန်းပြီး သူမ၏ မိဘဆီသို့ သွားရောက်ခဲ့၏။ အမျိုးသားကဲ့သို့ ဝတ်ဆင်ရခြင်းသည် သူမကို ပိုမိုကာ ရဲရင့်သည့် လူတစ်ယောက်အဖြစ် ထင်မှတ်ရစေသလို ပိုမိုကာ လှပပြီး ကြည့်ကောင်းစေ၏။

“နှုတ်ဆက်ပါတယ် အဖေနဲ့အမေ” ကျင်းမူလန်က ဦးညွတ်လိုက်သည်။

မြို့စားအိမ်တော်၏ စာကြည့်ခန်းသည် အလွန်အမင်း ခမ်းနားကြီးကျယ်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ အထဲတွင် ရှိနေသည့် ပစ္စည်းပေါင်းများစွာတို့သည် နှစ်ပေါင်းတစ်ရာ သက်တမ်းအတွင်း တည်ရှိနေသည့် ရှေးဟောင်းပစ္စည်းများသာလျှင်ဖြစ်၏။ စာအုပ်များ ဆိုလျှင်လည်း နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ရွှမ်ဝူမြို့စား ကျင်းကျိုးသည် အသက်ငါးဆယ် နီးပါးခန့်ရှိပြီး ၎င်း၏ ချောမောသည့် မျက်နှာသွင်ပြင်နှင့် ကြည့်ကောင်းသည့် ဟန်ပန်အမူအရာများကြောင့် နာမည်ကျော်ကြား၏။ ရံဖန်ရံခါ ဆိုသလို သူ၏အကြည့်သည် လူသားတို့၏ နှလုံးသားကို ထွင်းဖောက်နိုင်စွမ်းရှိသည့် ဓားတစ်စင်းကဲ့သို့ပင် စူးရှလှသည်။

သူသည်လည်း သိုင်းပညာရှင် တစ်ယောက်ဖြစ်၏။ သူ၏ သိုင်းပညာအဆင့်အတန်းကလည်း အလွန်ပင် မြင့်မားလေ၏။ သို့ပေမဲ့ အချိန်တော်တော်များများတွင် ဓားကို ကိုင်ဆောင်ခြင်း မရှိခဲ့ချေ။ ထိုအစား သူသည် တစ်နှစ်ပတ်လုံး လက်ထဲတွင် ကျမ်းစာများကိုသာ ကိုင်ဆောင်ထားတတ်၏။

မြင့်မားသည့် ရာထူးရာခံနှင့် အခွင့်အာဏာကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သော်လည်း သူသည် ပိုးထည်ဝတ်စုံကို ရှားရှားပါးပါးမှသာလျှင် ဝတ်ဆင်ခဲ့၏။ အချိန်အများဆုံး ဖျင်ကြမ်းဝတ်စုံများကိုသာ ဝတ်ဆင်တတ်၏။ ထို့အပြင် ရွှေ၊ ငွေများကို ဝတ်ဆင် ဆင်ယင်ခြင်းသည် ရှားရှားပါးပါးပင်။ ၎င်း၏လက်တွင် ဆင်မြန်းထားခဲ့သည့် ကျောက်စိမ်းလက်ပတ် တစ်ခုကသာလျှင် တော်ဝင်မျိုးနွယ်ဟု အသိအမှတ် ပြုစရာ ဖြစ်သည်။

“မူလန် ပြန်လာပြီလား။ သိုင်းလေ့ကျင့်တဲ့ အခြေအနေ ဘယ်လိုရှိလဲ” ရွှမ်ဝူမြို့စားက မေးမြန်းလိုက်၏။

ကျင်းမူလန်က ပြောလိုက်သည်။ “မဆိုးပါဘူး။ ကျင်းမိသားစုကိုတော့ အရှက်မရစေရပါဘူး”

ရွှမ်ဝူမြို့စားက ရယ်မောလိုက်၏။ “အင်း.. မင်းမဆိုးဘူး ပြောတယ်ဆိုရင်တော့ ဒါ အရမ်းကောင်းလို့ပေါ့”

သူသည် သူ၏ သမီးအား ချစ်မြတ်နိုးသည့် အကြည့်ဖြင့် လှမ်းကာ ကြည့်လိုက်၏။ သို့ပေမည့် မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများနှင့်လည်း ပြည့်နှက်လျက် ရှိနေ၏။ သူသည် အသာသက်ပြင်းချလိုက်မိသည်။

“မင်းရဲ့ မောင်လေးသာ မင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းနီးပါး တက်ကြွမယ်ဆိုရင် ငါတို့ ရွှမ်ဝူအိမ်တော်က ဘာတစ်ခုကိုမှ စိုးရိမ်စရာ မလိုတော့ဘူး။ ဆက်ခံသူအတွက် တကူးတက စဉ်းစားနေစရာတောင် မလိုတော့ဘူး။ ဆိုးတာက”

ကျင်းမူလန်က မေးမြန်းလိုက်၏။ “အဖေ.. အခုအခြေအနေက အရမ်းဆိုးလို့လား”

“အရမ်းဆိုးတာပေါ့”

ရွှမ်ဝူမြို့စားက ပြောလိုက်သည်။ “တော်ဝင်ရင်နိုင်ငံတော် တစ်ခုလုံးက စည်းမျဉ်း စည်းကမ်း အသစ်တွေကို ချမှတ်ခဲ့တယ်။ အဲထဲမှာ ငါတို့ ရွှဲ့ပြည်နယ်ကလည်း ခြွင်းချက် ဘယ်ရှိပါ့မလဲ။ ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒက အရမ်းကို ရိုးရှင်းတယ်။ အရင် ရာထူးရာခံရှိတဲ့ တော်ဝင်မျိုးနွယ် အဟောင်းတွေ နေရာမှာ အားအင်အသစ်တွေနဲ့ အစားထိုးချင်တယ်။ သူက တော်ဝင်မျိုးနွယ်ဟောင်းတွေကို သီးခြားနေစေချင်တဲ့ စိတ်ဆန္ဒရှိပုံပေါ်တယ်”

“အခု ငါတို့ရွှမ်ဝူမြို့ရဲ့ ဆက်ခံသူက လုံလောက်တဲ့ အရည်အချင်း မရှိဘူးဆိုတော့ ကျင်းမိသားစုရဲ့ အခြေခံ တစ်ခုလုံးက မကြာခင် ပျက်စီးသွားမှာ စိုးရတယ်။ ဒါဆိုရင် ငါ သေဆုံးပြီးပြီရင် ငါ့ရဲ့ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြရမလဲ”

သူ၏ သားအကြောင်းကို ပြောဆိုနေတုန်းမှာပဲ မြို့စားသည် အံကိုကြိတ်ကာဖြင့် ဒေါသထွက်လို့လာခဲ့၏။ သူ၏ သားသည် တကယ်ကို အသုံးမဝင်ခဲ့ချေ။

ကျင်းမူလန်က ပြောလိုက်၏။ “အင်း.. သမီးရှိနေတယ်ဆိုမှတော့ ရွှမ်ဝူအိမ်တော်ကို လုံးဝ အပျက်အစီးခံမှာ မဟုတ်ပါဘူး”

သူမ ဝါကြွားစွာ ပြောဆိုနေခြင်း မဟုတ်ချေ။ ယနေ့အခြေအနေ၌ သူမသည် မြို့စားအိမ်တော်တစ်ခုလုံး၏ အဓိကထောက်တိုင် ဖြစ်ခဲ့၏။ သူမသည် သူမ မိဘများ ဂုဏ်ယူလောက်စရာ ကိစ္စရပ်များကို ပြုလုပ်ခဲ့သည့် လူတစ်ယောက် သာလျှင်ဖြစ်သည်။

သို့ပေမဲ့ အမျိုးသမီး တစ်ယောက်အနေနှင့် ကျိန်းသေပေါက် လက်ထပ်ရပေမည်။ ကျင်းမူလန်သည် လက်ရှိအချိန်၌ အသက် နှစ်ဆယ့်နှစ်နှစ် ရှိနေပြီဖြစ်၏။

“ကျွန်မ လက်မထပ်တော့ဘူး။ မောင်လေးနဲ့ ကျင်းမိသားစုရဲ့ နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ အမွေအနှစ်ကို ကာကွယ်ဖို့အတွက် အိမ်မှာပဲ နေတော့မယ်”

ကျင်းမူလန်က အေးစက်စက် ပြောလိုက်၏။ “ကျွန်မကို လက်ထပ်ဖို့ ကြိုးစားတဲ့လူက ကျင်းမိသားစုရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးဖို့ ကြိုးစားတာနဲ့ တူလိမ့်မယ်။ ဒါဆိုရင် သူက ကျွန်မရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်”

သူတို့သုံးယောက်ကြားတွင် ရှိနေသည့် အခြေအနေသည် ပိုမိုကာ လေးနက်သွားခဲ့၏။ သူတို့၏ သမီးသည် မိသားစု အတွက် အရာအားလုံးကို စွန့်လွှတ် တေးခဲ့၏။ ဤအရာသည် မြို့စားမောင်နှံကို တကယ်ပင် ဝမ်းနည်းစေခဲ့၏။ သို့ပေမဲ့ ဘာတစ်ခုမှ ပြောဆိုနိုင်ခြင်း မရှိကြချေ။

ခဏလောက် ကြာပြီးသည့်နောက် ရှမ်ဝူမြို့စားသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒီနေ့ ပြန်လာတဲ့အချိန်မှာ လူတစ်ယောက်ကို ဝင်တိုက်မိခဲ့တယ်ဆို”

“ဟုတ်ပါတယ်” ကျင်းမူလန်က ပြောလိုက်၏။

ရွှမ်ဝူမြို့စားက ပြောလိုက်သည်။ “သူ့ကို ကောင်းကောင်း ကုသပေးလိုက်လေ။ ဒဏ်ရာ သက်သာသွားတယ် ဆိုရင် ပိုက်ဆံအနည်းငယ် ပေးလိုက်ပြီး အိမ်ကို ပြန်ခိုင်းလိုက်တော့။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာ ငါတို့ မိသားစုက ဂုဏ်သိက္ခာကောင်းကောင်းကို ရဖို့ လိုအပ်နေတယ်”

ထိုအချိန်မှာပဲ အိမ်တော်၏ ကျေးကျွန်အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “သခင်ကြီး... သမားတော်အန်း က တွေ့ချင်လို့ပါတဲ့”

“သူ့ကို အထဲကိုခေါ်လိုက်” မြို့စားရွှမ်ဝူက ပြောလိုက်သည်။

ခဏလောက်ကြာပြီးနောက် အဘိုးအိုတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခ၏။ ၎င်းသည် မြို့စား အိမ်တော်၏ သမားတော် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ ရှမ့်လန်ကို မြို့စား အိမ်တော်ထဲသို့ ခေါ်လာခဲ့ပြီးနောက် ကျင်းမူလန်သည် ၎င်းအား တာဝန်ယူကုသပေးစေ၏။

“သခင်ကြီး”

သမားတော်အိုကြီးသည် ဦးကိုညွတ်ကာဖြင့် ပြောလိုက်သည်။ “ခုဏက မြင်းနဲ့တိုက်မိတဲ့ လူငယ်လေးက နိုးလာပါပြီ။ သူအဆင်ပြေပါတယ်”

ကျင်းမူလန်က ကြောင်အသွားခဲ့၏။ ဤလူငယ်လေးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည် မဟုတ်ပါလား။

“ဒါဆိုရင် ကောင်းတာပေါ့” ရွှမ်ဝူမြို့စားက ပြောလိုက်၏။ သို့ပေမဲ့ အနည်းငယ် အံ့အားသင့်မိနေ၏။ ဤကဲ့သို့သော သေးငယ်သည့် ကိစ္စရပ်တစ်ခုကို မြို့စားကြီးဆီသို့ သတင်းပေးပို့ရန် လိုအပ်နေလေသည်လား။ ဤကိစ္စသည် အိမ်ထိန်းတစ်ယောက်နှင့်ပင် ဖြေရှင်း၍ ရနေသည့် ကိစ္စမျိုးဖြစ်၏။

“လူငယ်လေးက နိုးလာတဲ့အချိန်မှာ မြို့စားနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်”

“ကျုပ်နဲ့တွေ့ချင်တာ ဟုတ်လား” ရွှမ်ဝူမြို့စားသည် အံ့အားသင့်သွားခဲ့သည်။

ထိုလူငယ်သည် တကယ်ပင် မောက်မာလွန်းလှ၏။ မြို့စားကြီး ဆိုသည်မှာ ရွှမ်ဝူမြို့တွင်ရှိနေသည့် အမှုထမ်းများသည်ပင်လျှင် တွေ့ချင်တိုင်း တွေ့ခွင့်ရသည့် လူမျိုး မဟုတ်ချေ။ သို့ပေမည့် သာမန် လူငယ်လေးတစ်ယောက်သည် မြို့စားကို တွေ့ခွင့်ရရန် တောင်းဆိုလျက် ရှိနေ၏။

သမားတော်အန်းက ပြောလိုက်သည်။ “သူက မြို့စားကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခု ပြောစရာရှိတယ်လို့ ပြောပါတယ်။ ဒီကိစ္စက သခင်မလေးရဲ့ လက်ထပ်ပွဲနဲ့ သက်ဆိုင်နေတယ်တဲ့”

ရွှမ်ဝူမြို့စားသည် မည်သို့မှမနေနိုင်ဘဲ မျက်မှောင်ကုတ်လိုက်၏။ “အင်း.. သူ အဆင်ပြေတယ်ဆိုရင်လည်း တွေ့လိုက်ကြတာပေါ့”

ရှမ့်လန်၏ ခန္ဓာကိုယ်သည် ကောင်းမွန်၏။ သို့ပေမဲ့ ကြွက်သားနှင့် အရိုးများသည် ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့၏။ သူ့အနေနှင့် လမ်းလျှောက်ရန် ခက်ခဲလို့နေခဲ့၏။ ထို့အပြင် သူသည် တစ်ညလုံးနီးပါး အပြင်မှာ နေခဲ့ရသောကြောင့် မျက်နှာသွင်ပြင်တစ်ခုလုံးက ဖြူလျော်လျက် ရှိနေသည်။

ရွှမ်ဝူအိမ်တော်၏ စာကြည့်ခန်းထဲသို့ ရောက်ရှိပြီးသည့်နောက် ရှမ့်လန် ဦးညွတ်ကာ ပြောလိုက်၏။ “ရှမ့်လန်က မြို့စားကို ဂါရဝပြုပါတယ်” သူသည် ရွှမ်ဝူမြို့၏ မြို့သားတစ်ယောက်ဖြစ်၏။ ပြောရမည်ဆိုလျှင် ရွှမ်ဝူအိမ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မြို့သားတစ်ယောက်ဟုလည်း သတ်မှတ်ရပေမည်။ ထို့ကြောင့် သူ့အနေနှင့် ဒူးထောက်သင့်၏။ သို့ပေမဲ့ ရှမ့်လန်သည် အမိကမ္ဘာမြေဆီမှ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာသူဖြစ်သည်မို့ တခြားသောသူများကို ဒူးထောက်ရန် စိုးရွံ့လို့နေ၏။

ရွှမ်ဝူမြို့စား၏ မျက်နှာသည် ကြင်နာတတ်သည့် လူတစ်ယောက်၏ မျက်နှာမျိုးပင်။ တကယ့်ကို ခန့်ညား တည်ကြည်လွန်းသည်။

တစ်ဖက်လူ၏ ချောမောမှုကိုကြည့်ရင်း မြို့စားကြီးသည် အံ့အားသင့်လို့နေ၏။ တကယ့်ကို ချောမောလွန်းသည့် လူတစ်ယောက်ပင်။ သူ၏ ပိုင်နက်နယ်မြေထဲတွင် ဤကဲ့သို့သော မျက်နှာသွင်ပြင်မျိုးကို မြင်ရဖို့ဆိုသည်မှာ ခက်ခဲလွန်း၏။ အဓိကနန်းမြို့များတွင်သာရှိမည့် ရုပ်ရည်သွင်ပြင်မျိုးပင်။

“ရှမ့်လန် ဟုတ်လား”

ရွှမ်ဝူမြို့စားက မေးလိုက်၏။ “မင်းက ဘာလုပ်တာလဲ။ ရှမ့်လန်ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က ကျောင်းသားတစ်ယောက်ပါပဲ”

ထိုကဲ့သို့ ပြောဆိုလိုက်သည့် အချိန်မှာတော့ ရှမ့်လန်သည် အနည်းငယ် ရှက်ရွံ့မှုကို ခံစားနေခဲ့၏။ သူ၏ ကျောင်းသည် မူလတန်းကျောင်း တစ်ခုသာလျှင် ဖြစ်၏။ သူသည် ဆယ်စုနှစ်နီးပါး လေ့လာသင်ယူခဲ့ပြီးပြီ ဆိုလျှင်တောင်မှ ထိုကဲ့သို့သော ကျောင်းမျိုးဆီမှ ဘွဲ့ရခြင်းမရှိခဲ့ချေ။ ကျောင်းမှပင် နှင်ထုတ်ခြင်းကို ခံခဲ့ရသေး၏။

ရွှမ်ဝူမြို့စားသည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ “မင်းက တကယ့်ကို နူးညံ့တဲ့ အသားအရေ ရှိပြီးတော့ ကြည့်ကောင်းတယ်။ မင်းရဲ့မိဘတွေက မင်းကို အရမ်းချစ်မယ့်ပုံပဲ။ ဒီတော့ မင်းအနေနဲ့ လေ့လာ သင်ကြားတဲ့ နေရာမှာ အာရုံစိုက်သင့်တယ်လေ။ ဒါပေမဲ့ ဒီအသက်အရွယ်ထိ ရွှမ်ဝူမြို့မှာရှိတဲ့ကျောင်းတွေကိုတောင် ဝင်ခွင့် မရသေးဘူးဆိုတော့ မင်းက တော်တော်ညံ့လို့ပဲ နေမယ်”

ထိုအချိန်မှာတော့ မြို့စားသည် ရှမ့်လန်ကို အထင်အမြင်သေးသွားမိ၏။ သူ၏သားသည် ညံ့ဖျင်းလို့ နေခဲ့ပြီ ဖြစ်၏။ သူ၏ သားထက် ပိုမိုကာဆိုးရွားသည့် လူတစ်ယောက်ကို မြင်ရချိန်မှာတော့ သူသည် တကယ်ပဲ ဒေါသထွက်မလိုပင် ဖြစ်လာ၏။

ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ ရှမ့်လန်သည် မြို့စားနှင့်ပတ်သက်၍ အထင်အမြင်ကောင်းကို ပိုင်ဆိုင် ခဲ့လေ၏။ မြို့စားသည် ရွှမ်ဝူမြို့တွင် ရှိနေသည့် လူပေါင်းများစွာတို့အား သူ၏ရင်သွေးရင်းချာကဲ့သို့ ဆက်ဆံ တတ်သည်ဟု သူ ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ရှမ့်လန်၏ လေ့လာသင်ယူမှု မကောင်းသည်ကို ကြားရသည့် အချိန်၌ စိတ်ဆိုးစွာဖြင့် သူ၏ မိဘအလား ဆုံးမလျက် ရှိနေသည်။

“မင်း.. ငါတို့အိမ်တော်ရဲ့ မြင်းစီးတပ်ဖွဲ့ကြောင့် ဒဏ်ရာရရှိခဲ့တယ် မဟုတ်လား။ အခု ခန္ဓာကိုယ်ကကော အဆင်ပြေရဲ့လား” မြို့စားက မေးမြန်းလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ရဲ့ ခန္ဓာကိုယ်က အဆင်ပြေပါတယ်။ ဒါပေမဲ့ ကြွက်သားနဲ့ အရိုးအနည်းငယ်က နာကျင်နေတာပေါ့”

မြို့စားက ပြောလိုက်၏။ “ငါ့ကို အရေးတကြီး ပြောစရာရှိတယ်လို့ ပြောတယ်လေ။ ဒါ ငါ့သမီးရဲ့ လက်ထပ်ပွဲနဲ့ ဆက်စပ်နေတယ် ဟုတ်လား။ ပြောစမ်းပါအုံး”

ရှမ့်လန်က ပြောလိုက်၏။ “ကျိုးမိသားစုက ဒီကိုလာပြီးတော့ မင်္ဂလာပွဲ လာမြန်းမယ်လို့ ကျုပ်ကြားခဲ့တယ်လေ။ ကျိုးဟုန်ရွဲ့က မြို့စားအိမ်တော်ရဲ့ မိန်းကလေး ကျင်းမူလန်ကို လက်ထပ်ချင်နေတယ်”

ဤအရာသည် လျှို့ဝှက်ချက် တစ်ခုဖြစ်၏။ မည်သူမှ သေသေချာချာ မသိကြချေ။ အားလုံးသောသူတို့သည် ရုတ်တရက် ဆိုသလိုပဲ မျက်နှာများ ပျက်ယွင်းသွားခဲ့၏။ အလုံးစုံလည်း ဆွံ့အလို့ နေကြသည်။

ကျိုးမိသားစု - ရွှဲ့ပြည်နယ်၏ ထိပ်တန်းရာထူးရာခံကို ပိုင်ဆိုင်သည့် မိသားစုဟုလည်း သတ်မှတ်ရပေမည်။ ဘုရင်မင်းမြတ်နှင့် ခမည်းခမက် တော်စပ်ပြီး ထျန်းနန်စီရင်စု၏ အုပ်ချုပ်သူလည်းဖြစ်၏။ ကျင်းမူလန်သာ ထိုသူနှင့် လက်ထပ်ခဲ့ပါက မြို့စားအိမ်တော်ကို မည်သူက စောင့်ကြပ်မည်နည်း။

ကျင်းမိသားစု၏ ကိုယ်ပိုင် စစ်တပ်ကြီးကို မည်သူက အမိန့်ပေးတော့မည်နည်း။ တစ်စုံတစ်ယောက်သည် ရွှမ်ဝူအိမ်တော်၏ ရေသောက်မြစ်ကို တူးယူချင်နေပြီး မိသားစု၏ ထောက်တိုင်ကို ချိုးဖြတ်ရန် စီစဉ်နေလေ သည်လား။

All Chapters