← Chapters

လက်သီးတစ်ချက်

Vol. 10 Ch. 991

လက်သီးတစ်ချက်

Vol. 10 Ch. 991

ထျန်းဟောင်ဂြိုဟ်၏ အခြေတည် ဝိညာဥ် အဆင့် ဆယ်ယောက်သည် အလင်း ရောင်ခြည်များကို ထုတ်လွှတ်ကာ ကောင်းကင်တွင် ရပ်တည်နေခဲ့သည်။ အခြားတစ်ဖက်၌ မိစ္ဆာ ကျင့်ကြံသူ ငါးယောက် ရှိ၏။ သူတို့သည် နတ်ဘုရား ကုန်းမြေ ဝင်ပေါက်ကို ပိတ်ဆို့ကာ ရပ်နေကြပေသည်။

စုစုပေါင်း အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်... ထိုအင်အားကား တောင်တန်း အင်ပါယာကိုပင် ခြောက်လှန့်နိုင်သည့် အင်အား ဖြစ်သည်။

သို့သော်လည်း သူတို့၏ မျက်နှာချင်းဆိုင် အရပ်၌ ရပ်နေသူမှာမူ လူငယ် တစ်ယောက် သာလျှင် ဖြစ်သည်။ သူသည် သာမန် အဇူရာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကိုယ်ယောင်ကိုယ်ဝါသာကိုသာ ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူ၏ မျက်လုံးများကမူ အလွန်အမင်း အေးစက်နေပေသည်။

ထိုလူငယ်ကား အခြားလး မဟုတ်ချေ။ နတ်ဘုရား ကုန်းမြေတွင် လေးလကြာ ကျင့်ကြံပြီးနောက် ထွက်လာခဲ့သော ချန်းဖန်ပင် ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း...”

လူတိုင်းသည် ချန်းဖန်ကို ကြည့်ကာ အလွန်တရာ စိတ်လှုပ်ရှား သွားကြ၏။ သူတို့ လနှင့်ချီ၍ စောင့်မျှော်ခဲ့ရသော လူမှာ နောက်ဆုံး၌ ထွက်ပေါ်လာခဲ့ပြီ မဟုတ်ပါလား။

“အဲဒါ... ရှင်လား...”

ရှန်းရှီ၏ မျက်ဝန်းတွင်မူ အံ့သြမှု တစ်ချို့က ထင်ဟပ်နေသည်။

သူမနှင့် ထိုလူငယ်သည် ကမ္ဘာနှစ်ခု ဆုံမှတ်စတင် စတင် ဆုံစည်းခဲ့ကြသည်။ ထိုအချိန်က ထိုလူငယ်လေးမှာ မြေရိုင်းနယ် တစ်ခု၏ မထင်မရှား မူလ အဆင့် တစ်ယောက် သာလျှင် ဖြစ်သည်။ သို့သော်လည်း သူမ တံခါးပိတ် ကျင့်ကြံခဲ့သည့် သုံးနှစ် အတွင်းမှာပင် ထိုလူငယ်သည် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကိုပင် တုန်လှုပ်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်အဖြစ် ပြောင်းလဲ သွားခဲ့သည်။

“ကောင်းတယ်ဟေ့... ကောင်းတယ်... ဒါကမှ တကယ့် ကောင်းကင်အရှင်ချန်း... အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်က ဘာဟုတ်လို့လဲ... အယောက်တစ်ထောင်လာတောင် သူက ကြောက်မှာ မဟုတ်ဘူး”

ဝမ်ရွှမ်လုံက အော်ဟစ်ကာ ချန်းဖန်ထံ ပြေးလွှား နှုတ်ဆက်ရန် ပြင်လိုက်၏။ သို့သော်လည်း ဝမ်မိသားစု ဘိုးဘေးက သူ့အား ဆွဲထားလိုက်သည်။

“ကောင်းကင်အရှင်ချန်း...”

တစ်ချိန်တည်း၌ လုံဟွာ၊ ဂူဖန်းနှင့် လီချန်းတို့မှာလည်း ချန်းဖန်အား ငေးမောကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင်မူ လေးစားမှုများက ထင်ဟပ်နေ၏။ သို့သော်လည်း သူတို့ ချန်းဖန်အား လေးစားကြသည်က သူ၏ သတ္တိနှင့် ပါရမီကိုသာ ဖြစ်ပေသည်။

“နတ်ဘုရား ကုန်းမြေထဲက ချန်းပေ့ရွှမ်း ထွက်လာပြီ...”

ထိုသတင်းက လျှင်မြန်စွာပင် ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ နေရာအနှံ့ စခန်းချနေသော လူများသည် ချက်ချင်းပင် နတ်ဘုရား ကုန်းမြေဆီသို့ ပျံသန်းလာကြ၏။

“မမဝူဟွာ... စီနီယာချန်း ထွက်လာပြီလား... သူ သမီးတို့ကို ထားမသွားဘူးပေါ့ ဟုတ်လား...”

ယွင်ရီအာက တုန်ရီသော အသံဖြင့် ပြောလိုက်သည်။ မူဟုန်တိက သူမ၏ လက်အား ကြင်နာစွာ ဆွဲကာ ခေါင်းညိတ်ပြလိုက်၏။ သူမသည် အလွန် စိတ်လှုပ်ရှား နေခဲ့ရာ စကား တစ်ခွန်းပင် မဆိုနိုင်ခဲ့ချေ။

“စီနီယာချန်း.. ရှင် နောက်ဆုံးတော့ ရောက်လာပြီ...”

လင်းဝူဟွာက ဓားကို ထောက်ကာ မတ်တပ်ရပ်လိုက်သည်။ ချန်းဖန် ပြန်ရောက်လာပြီ ဆိုသော တစ်ခွန်းနှင့်ပင် သူမကား ဒဏ်ရာများကို မေ့သွားခဲ့ပြီ ဖြစ်လေသည်။

တိုတောင်းသော အချိန်တစ်ခု အတွင်းမှာပင်...

နတ်ဘုရား ကုန်းမြေမှ ချန်းဖန် ထွက်ပေါ်လာပြီ ဆိုသော သတင်းမှာ ချင်းဟယ် မျှော်စင်မှ တစ်ဆင့်် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး အထိ ပျံ့နှံ့သွားကာ လူတိုင်းမှာ အံ့အားသင့် သွားကြတော့၏။

“မင်းက ချန်းပေ့ရွှမ်းလား...”

နတ်ဘုရား ကုန်းမြေ၏ အရှေ့၌ မိစ္ဆာချီများ၊ ဓားအလင်းများ၊ ရေခဲနှင်းများ၊ နတ်ဘုရား မီးတောက်များ ဝန်းရံနေသည့် အလင်းတန်း ဆယ့်ငါးခုသည် လွင့်မြောနေ၏။ အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်ကား ချန်းဖန်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့် နေကြသည်။ သူတို့သည် ချန်းဖန် ထိုမျှ သတ္တိရှိလိမ့်မည်ဟု ထင်မှတ် မထားကြချေ။

“ငါပဲ...”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အဖြေပေး လိုက်သည်။ သူသည် ကောင်းကင်အရှင် ဆယ့်ငါးယောက်၏ အရှိန်အဝါကို တိုက်ရိုက် ရင်ဆိုင် နေရသည့်တိုင် တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။ သူကား ပုံမှန် ကဲ့သို့ပင် ငယ်ရွယ်ကာ နတ်ဘုရား တစ်ပါးကဲ့သို့ ချောမောနေဆဲ ဖြစ်၏။

“ဝှစ်... ဝှစ်... ဝှစ်...”

များစွာသော နတ်ဘုရား စိတ်အာရုံများမှာ ချန်းဖန်အား ဖြတ်သန်း သွားကြ၏။

“သူက အခုမှ ရွှေအမြုတေ အဆင့်မှာတင် ရှိသေးတာပါလား... ဘယ်လိုလုပ်ပြီး ဟုန်ယန်နဲ့ ယွမ်လောင်တို့ကို သတ်နိုင်ရတာလဲ”

မည်သို့ပင် ဆိုစေ ရွှေအမြုတေ အဆင့်ကား ရွှေအဆင့်ကား ရွှေအမြုတေ အဆင့်သာ ဖြစ်သည်။ ထို့အပြင် သူသည် ရွှေအမြုတေ ထိပ်ဆုံးအဆင့်ပင် မဟုတ်သေးချေ။

ရွှေအမြုတေ အစောပိုင်း အဆင့် တစ်ယောက်သည် ကောင်းကင် ရွှေအမြုတေကိုပင် ပိုင်ဆိုင်ထားစေကာမူ အခြေတည် ဝိညာဥ် အဆင့်ကို ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီလောက် အခြေတည် ဝိညာဥ် အဆင့်တွေ ရောက်နေတာကိုတောင် မင်းက တစ်ပြန်တည်း သေချင်လို့ လာတာလားလို့ မေးနေတယ်... ဘယ်လိုကြီးလဲကွ”

ထင်းရွှမ် ဓားသခင်က ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။

အခြားသော ကောင်းကင် အရှင်မျာနှင့် မိစ္ဆာ စစ်ဦးစီးများမှာမူ ချန်းဖန်အား အပြုံးများဖြင့်သာ ကြည့်နေကြသည်။ အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်၏ ဝန်းရံခြင်းကို ခံထားရသော ရွှေအမြုတေ အဆင့်မှာ သေလူသာ ဖြစ်သည် မဟုတ်ပါလော။

“ငါ အခု ထွက်လာတာ တောင်တန်း အင်ပါယာ အတွက်ပဲ... မင်းတို့ ငါ့ကို မနှောက်ယှက်ရင် ငါကလည်း မင်းတို့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး... မဟုတ်ရင်တော့ မင်းတို့ သေရမယ်”

ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အထင်သေးခြင်းများ ပြည့်နှက်နေသော မျက်ဝန်းများကမူ အခြေတည် ဝိညာဥ် အဆင့် ဆယ့်ငါးယောက်ကို ပုရွက်ဆိတ်များ ကဲ့သို့သာ သဘောထားကြောင်း ဖော်ပြနေ၏။

“တယ်မောက်မာလိုက်တဲ့ ကောင်လေးပါလား...”

အခြေတည် ဝိညာဥ် အဆင့်များမှ ဒေါသထွက် သွားကြသည်။

အခြေတည် ဝိညာဥ် အဆင့်များကို အဘယ်ကြောင့် ကောင်းကင်အရှင်များဟု ခေါ်ဆိုသနည်း။ ထိုအရာမှာ သူတို့၏ ဥပဒေသကို အနည်းငယ် ထိန်းချုပ်နိုင်သည့် စွမ်းအားကြောင့်ပင် ဖြစ်သည်။ သူတို့ ဒေါသထွက်သည့် အချိန်၌ တောင်တန်းများမှာ ကျိုးပဲ့ကာ လောက ပင်လျှင် ပျက်စီးခြင်းကပ် ဆိုက်ကပ်ရသည်။ အကယ်၍ ကောင်းကင်အရှင် ဆယ့်ငါးယောက် တစ်ပြိုင်နက်တည်း ဒေါသထွက်ပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်မှာ မှန်းဆ၍ပင် မရနိုင်ချေ။

“ဘုန်း...”

မိုင်တစ်ရာ အတွင်းရှိ မရေမတွက်နိုင်သော တောင်တန်းများမှာ ပြိုကျကာ မြေပြင်မှာ အက်ကွဲလာ၏။ မိစ္ဆာချီနှင့် ဝိညာဥ်ချီတို့မှာလည်း ထက်ပိုင်းပြတ်ကုန်ကြလေသည်။

အနီးအနားရှိ ကျင့်ကြံသူများမှာ ပေါက်ကွဲကာသွေးမြူအဖြစ် ပြောင်းကုန်ကြသည်။ များစွာသော အကြီးအကဲများ၊ တပည့်များမှာ နောက်သို့ မိုင်ဒါဇင်ချီအောင် ဆုတ်ခွာ လိုက်ကြရသည်။

အားလုံးထဲ၌ ချန်းဖန် တစ်ယောက်သာလျှင် မားမားမတ်မတ် ရပ်တည်နေနိုင်ခဲ့၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ရွှေအမြုတေ အဆင့် အရှိန်အဝါကိုသာ ထုတ်လွှတ်ထားရာ ကောင်းကင်အရှင် ဆယ့်ငါးယောက်၏ အရှေ့၌ ပုရွက်ဆိတ် တစ်ကောင်နှယ် အားနည်းပုံ ပေါ်သည်။ သူကား မုန်တိုင်းကြားမှ လှေငယ် တစ်ခုအလား မကြာခင် နစ်မြုပ်တော့မည့်ပုံ ပေါ်၏။

“ချန်းပေ့ရွှမ်း... အမှန်အတိုင်း ပြောရရင် ငါတို့ မင်းလို ပါရမီရှင်ကို မသင်ချင်ဘူး... တကယ်လို့ မင်းရဲ့ ကျင့်စဥ်တွေနဲ့ နတ်ဘုရား ကုန်းမြေအတွင်း ရခဲ့တာတွေကိုသာ ငါတို့ကို ပေးမယ် ဆိုရင် ငါတို့ မင်းအသက်ကို ချမ်းသာပေးမယ်...  မဟုတ်ရင်တော့ မင်းရော မင်းမျိုးနွယ် တစ်ခုလုံးကိုပါ ငါတို့ ရှင်းပစ်မယ်”

ကောင်းကင်အရှင် ရှန်းယန်က ပြောလိုက်သည်။

သူသည် အနီရောင် ဆံပင်၊ အနီရောင် မုတ်ဆိတ်များကို ပိုင်ဆိုင်ကာ အနီရောင် မီးတောက်ကို ဝန်းရံထား၏။ သူ၏ မျက်ဝန်းတွင်မူ လောဘ အရိပ်များက တရိပ်ရိပ် တက်နေခဲ့သည်။

“သူတို့က...”

နတ်မိမယ် ရှန်းရှီက တစ်စုံတစ်ခုကို နားလည်သွားဟန် ရသည်။

ထိုကောင်းကင်အရှင်များကား လက်စားချေရန် ရည်ရွယ်ချက်ဖြင့် လာကြခြင်း မဟုတ်ချေ။ သူတို့က ချန်းဖန်၏ ကျင့်စဥ်များနှင့် နတ်ဘုရား ကုန်းမြေ အတွင်းမှ ရလာသော ရတနာများကို လိုချင်သောကြောင့်သာ ရောက်လာကြခြင်း ဖြစ်သည်၊။

“ကောင်းကင်အရှင်တိုင်းက အားလုံး ဒီလိုချည်းပဲလား...”

ရှန်းရှီမှာ ဆွံ့အနေခဲ့၏။ အထူးသဖြင့် သူမသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း ဘိုးဘေး ရှုဟောင်၏ မျက်ဝန်းထဲမှ လောဘများကို  မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဘိုးဘေး ဖူတူက ချန်းဖန်အား ကြည့်ကာ ပြောလိုက်၏။

“ချန်းပေ့ရွှမ်း... မင်း နတ်ဘုရား ကုန်းမြေထဲက ရခဲ့တဲ့ နတ်ဘုရား ဆေးပင်ကို ငါတို့ကို လွှဲပေးလိုက်... အဲဒါဆို ငါတို့ မင်းကို လွှတ်ပေးမဲ့ အပြင် တောင်တန်း အင်ပါယာဆီမှာပါ မင်းအတွက် အသနားခံပေးဦးမယ်... နောက်ပြီး ငါတို့ ဆေးနတ်ဘုရားဂိုဏ်းကို လိုက်ပြီး နှစ်တစ်ရာ တိတိ အပြစ်ခံယူရုံနဲ့တင် ငါတို့ကြားက အဖုအထစ်တွေ အားလုံးကို ဖြေဖျောက်ပေးမယ်”

ချန်းဖန်အား ဘိုးဘေးဖူတူအား ထူးမခြားနားစွာ ကြည့်လိုက်၏။

“အဓိပ္ပာယ်က ဒီပြဿနာမှာ မင်းတို့‌ ဆေးနတ်ဘုရားဂိုဏ်းကပါ ဝင်ပါမယ့် သဘောလား...”

ဘိုးဘေးဖူတူက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ငါတို့ ထာဝရဂိုဏ်းဟောင်းတွေက အမြဲတမ်း မဟာမိတ်တွေပဲ... ဒါကြောင့်ပဲ ဆေးနတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင်မင်းသား အသတ်ခံရတဲ့ ကိစ္စကို တောင်တန်း အင်ပါယာက ဝင်စွက်ဖက်ခဲ့တာပေါ့... ငါတို့ဂိုဏ်းချုပ် ကိုယ်တိုင် တောင်တန်း အင်ပါယာကို ကိုယ်တိုင်သွားပြီး ဒီအကြောင်းကို ပြောပြခဲ့တာလေ... မင်း ဘယ်လိုသဘောရလဲ... မသေချင်ရင်တော့ ချက်ချင်း တောင်းပန်ပြီး...”

“ဘုန်း...”

စကားမဆုံးခင်မှာပင် ချန်းဖန်၏ လက်သီးကား ဘိုးဘေးဖူတူ၏ မျက်နှာဆီသို့ တိုးဝင် သွားခဲ့ပြီ ဖြစ်လေသည်။

“ဘုန်း...”

ဘိုးဘေးဖူတူမှာ နောက်သို့ မိုင်ပေါင်းများစွာ လွင့်စဥ်ကာ တောင်တန်းများနှင့် မိတ်ဆက်သွား၏။ သူ၏ ‌ရှေ့သွား လေးချောင်းကား ကျွတ်ထွက် သွားခဲ့ပြီ ဖြစ်လေသည်။

“မင်းလိုကောင်ကများ ငါ့ကို တောင်းပန်စေချင်သေးတယ်...”

ချန်းဖန်က သူ၏ လက်သီး၌ ကပ်နေသော ဘိုးဘေး ဖူတူ၏ သွေးအစအန အချို့ကို ရွံရှာဟန် သုတ်ပစ်လိုက်၏။

“ ... “

ထိုအခိုက်အတန့်၌  ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့၏။ လူတိုင်းသည် မျက်လုံးများ ပြူးကျယ်ကာ ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့လေသည်။

***

All Chapters