အပိုင်း (၂၇)
Vol. 3 Ch. 27
မင်္ဂလာဦးညမှာတော့ ရှမ့်လန်သည် အခန်းထဲ တစ်ယောက်တည်း ရှိလို့နေ၏။ သူသည် ညသန်းခေါင် နီးပါးထိ စောင့်မျှော်နေမိ၏။ သို့ပေမဲ့ ကျင်းမူလန်သည် မင်္ဂလာအိပ်ခန်းထဲသို့ ဝင်မလာခဲ့ချေ။ မင်္ဂလာဦးည၏ မိနစ်တိုင်းသည် ရွှေထောင်ပေါင်းများစွာ ထိုက်တန်သည်ဟုပင် သတ်မှတ်ကြ၏။ သို့ပေမဲ့ ဆိုးရွားသည်မှာ သူ့အနေနှင့် ဘာမှလုပ်စရာ မရှိချေ။ အိပ်ရာထဲတွင် အသာလှဲပြီး ငြိမ်ငြိမ်သက်သက်နှင့်သာ နေထိုင်နေရ၏။
လက်ထပ်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူ၏နှလုံးသားတစ်ခုလုံးသည် ပူလောင်လျက် ရှိနေ၏။ ထို့ကြောင့် သူသည် အိပ်မပျော်ခဲ့ချေ။ ထိုအချိန်မှာပဲ ကျင်းမူလန်က ဝင်ရောက်လာခဲ့တော့၏။ ရှမ့်လန်သည် အနည်းငယ် ကံကောင်းသလို ခံစားမိ၏။ ပျင်းပျင်းနှင့်သာ လက်သိုင်းကျင့်မိနေပါက မည်မျှရှက်ရွံ့စရာကောင်းသည့် အခြေအနေမျိုး ကို သူမ မြင်သွားမည်နည်း။
ရှမ့်လန် ရုတ်တရက် ထထိုင်လာသည်ကို မြင်ရချိန်မှာတော့ ကျင်းမူလန်က ပြောလိုက်သည်။ “နေသာသလိုနေပါ”
ရှမ့်လန်သည် ရုတ်တရက်ထပြီး စားပွဲဘေးရှိ ထိုင်ခုံ၌ အသာထိုင်ချလိုက်၏။ ကျင်းမူလန်သည် စားပွဲနားဆီသို့ ရောက်ရှိလာပြီးထိုင်၏။ သူမ၏ သေးသွယ်သည့် ခါးလေးသည် ထင်းခနဲပေါ်လာ၏။ ရှမ့်လန်၏ နှလုံးသားများသည် ပိုမိုကာ ပူလောင်လာခဲ့၏။
“ကျွန်မ ဒီနေ့ ရှင့်အကြောင်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေ အများကြီးကို ကြားခဲ့တယ်။ တချို့လူတွေ ပြောတာတော့ ရှင်ကသုံးမရဘူး။ တချို့ကတော့ ရှင်ကအပျင်းကြီးတယ်။ တချို့ကတော့ ရှင်က ဦးနှောက်ပိုင်းဆိုင်ရာ အားနည်းတယ်လို့ ပြောကြတယ်”
ကျင်းမူလန်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီနေ့ရှင့်ရဲ့ ပြုမူဆောင်ရွက်ပုံတွေက ကျွန်မကို အံ့အားသင့်စေခဲ့ တယ်။ ပြီးတော့ ကျွန်မအဖေကိုပဲပေါ့”
“အင်း မြှောက်ပြောနေပြန်ပြီ” ရှမ့်လန်က ပြောဆိုလိုက်၏။
ကျင်းမူလန်က ပြောလိုက်သည်။ “ဒါဆိုရင် ရှင် ဒီနေ့ညမှာ ဘာလို့ အဲလောက်ပြောင်းလဲသွားခဲ့တာလဲ ဆိုတာ ကျွန်မကို ပြောနိုင်မလား။ ရှစ်မိသားစုနဲ့ လက်ထပ်တဲ့အချိန်တုန်းက ရှင်က ဦးနှောက်ကောင်းကောင်း အလုပ်မလုပ်ဘူးဆို”
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်မိသားစုမှာ နေထိုင်ရင်း ကျုပ်ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ခဲ့တယ်။ သေလုနီးပါးပဲ။ ပြီးတော့ ကျုပ်ရဲ့ဦးနှောက်က ဉာဏ်အလင်း ပွင့်သွားခဲ့တယ်။ အရင်လိုမျိုး တုံးအ မနေတော့ဘူး”
ကျင်းမူလန်က ပြောလိုက်သည်။ “ရှမ့်လန်.. တချို့သော ကိစ္စရပ်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောထားချင်တယ်”
ရှမ့်လန်က စကားထောက်ပေးလိုက်၏။ “ပြောပါ ပြောပါ”
ကျင်းမူလန်က ပြောလိုက်၏။ “ဒီဘဝတစ်သက်တာမှာ ကျွန်မ ဘယ်သူ့ကိုမှ လက်ထပ်ယူဖို့ အစီအစဉ် မရှိခဲ့ဘူး။ ကျွန်မရဲ့ ရှိရှိသမျှခွန်အား၊ အရာအားလုံး မိသားစုအတွက်ပဲ ပေးအပ်ထားချင်ခဲ့တာ။ ဒါပေမဲ့ ကျိုးမိသားစုက ကျွန်မကို လက်ထပ်ဖို့အတွက် အတင်းဖိအားပေးခဲ့တယ်။ ဒါ့ကြောင့် ရွေးချယ်ခွင့်မရှိဘဲ ရှင်နဲ့ လက်ထပ်ခဲ့ရတာ”
သူမ ဘာတွေ ပြောဆိုနေခြင်းဖြစ်ကြောင်း ရှမ့်လန်က ကောင်းကောင်းနားလည်၏။ သို့ပေမဲ့ ဝင်ရောက်ကာ ပြောဆိုခြင်း မပြုခဲ့ချေ။
မူလန်က ဆက်လက်ကာ ပြောလိုက်သည်။ “ရှင်နဲ့ကျွန်မက အမည်ခံလင်မယားတွေပဲ။ ဒီဘဝမှာ ဒါက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်မ တခြားတစ်စုံတစ်ယောက်ကို ဘယ်တော့မှ ထပ်ပြီးလက်ထပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လင်မယားအတွက်ဆိုရင်တော့ မိန်းမတာဝန်ကျေပွန်အောင် မပြုလုပ်ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ။ အားနာပါတယ်”
ပြောရမည်ဆိုလျှင် သူမသည် ရှမ့်လန်နှင့် အမည်ခံသက်သက် လက်ထပ်ခဲ့ခြင်းပင်ဖြစ်၏။ ခန္ဓာကိုယ်ချင်း တကယ်တမ်း ပေါင်းစပ်ရန် မလိုချေ။
ရှမ့်လန်သည် မနည်းအားတင်းကာ ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်နားလည်ပါတယ်”
မူလန်က ပြောလိုက်သည်။ “ဒါက ခဏတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘဝတစ်သက်တာလုံးလည်း ဖြစ်သွားနိုင်တယ်”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်နားလည်ပါတယ်”
ကျင်းမူလန်ကဲ့သို့သော တော်ဝင်ဆန်ပြီး လှပကာ အဆင့်အတန်းရှိသည့် အမျိုးသမီးတစ်ယောက်သည် တရားဝင် လင်ယောက်ျား ဖြစ်သည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူဖြင့် ယောက်ျားတစ်ယောက်နှင့် အိပ်စက်လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အဆင့်အတန်းနှင့် အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ကို ရရှိဖို့ဆိုလျှင် သူမ၏နှလုံးသားကို အရင်ဆုံး အနိုင်သိမ်းနိုင်မှဖြစ်ပေမည်။
ပြောရမည်ဆိုလျှင် ရှမ့်လန်သည်လည်း မြို့စားမင်းအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး အချစ်အတွက်နှင့် လက်ထပ်ခဲ့ခြင်း မဟုတ်ချေ။ သူ၏မိသားစုနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အဓိကပင်။ ထို့ကြောင့် ပင်လျှင် တစ်ယောက်နှင့်တစ်ယောက် အကြွေးမရှိဟု ခံစားမိ၏။
ဟုတ်ပေ၏။ အဆုံးသတ်မှာတော့ သူသည် ကျင်းမူလန်ကို အကြွေးတင်လျက် ရှိနေသေး၏။ ထို့ပြင် ကျင်းမူလန်နှင့် လက်ထပ်ခဲ့ပြီးသည့်နောက် ရှမ့်မိသားစု၏ အရေးကြီး သေရေးရှင်ရေး အခြေအနေ အကုန်လုံးကို ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
“အခုကစပြီး ရှင့်အနေနဲ့ မြို့စားအိမ်တော်ထဲမှာ ကြိုက်သလို ဝင်ထွက်သွားလာလို့ရတယ်။ ပြီးတော့ လစဉ် လတိုင်း ထောက်ပံ့ကြေးတွေလည်း ရအုံးမယ်။ ကျွန်မကတော့ ကျွန်မမိဘတွေကို ဂရုစိုက်မယ်။ ရှင်ဘယ်ကိုပဲ သွားသွား ရှင်က ကျွန်မရဲ့ယောက်ျားဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုနိုင်တယ်”
ကျင်းမူလန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မတို့က သေဆုံးသွားတဲ့အချိန်အထိ တူညီတဲ့အခန်းတစ်ခုထဲမှာ အိပ်စက်မှာ မဟုတ်ဘူး။ ကျွန်မက တစ်ယောက်တည်း သေဆုံးသွားမှာပဲ။ ဒါကိုသဘောတူရဲ့လား”
ရှမ့်လန်သည် ခေါင်းညိတ်ကာပြောလိုက်၏။ “သဘောတူပါတယ်”
ကျင်းမူလန်က ပြောလိုက်သည်။ “ကောင်းပြီ ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မက လင်မယားတွေပဲ။ ရှင်တစ်ခုခု မှားယွင်းတာတွေ ပြုလုပ်ခဲ့တယ်ဆိုရင်တောင်မှ ရှင်က ကျွန်မရဲ့ယောက်ျားပဲ”
ရှမ့်လန်သည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”
သူသည် အလွန်အမင်း တည်ငြိမ်လျက်ရှိနေ၏။ မည်သည့် စိတ်စနိုးစနောင့်ဖြစ်သည့် အမူအရာကိုမှ ထုတ်ဖော်မပြသခဲ့ချေ။
ကျင်းမူလန်က ပြောလိုက်သည်။ “ဟုတ်ပြီ ကျွန်မက အဲ့လောက်ကြီးလည်း အတ္တမဆန်ပါဘူး။ တစ်ယောက်တည်း သေဆုံးသွားနိုင်တယ်ဆိုပေမဲ့ ရှင့်ရဲ့မိသားစုမျိုးဆက်ကိုတော့ ရှင်သယ်ပိုးသွားလို့ရတယ်။ ဒီညက ရှင့်ရဲ့မင်္ဂလာဦးညလေ။ ဒီတော့ ရှင့်ကို တစ်ယောက်တည်း ကျွန်မထားမှာမဟုတ်ဘူး။ ရှောင်ပင်း ဝင်ခဲ့အုံး”
ကျင်းမူလန်က ခေါ်လိုက်၏။
အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်သည် အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ သူမသည် အသက်(၁၈)နှစ် ၊ (၁၉)နှစ်ခန့်သာရှိ၏။ အလွန်အမင်းလည်း လှပ၏။ အဓိကအားဖြင့် သူမ၏ ခန္ဓာကိုယ်သည် တကယ့်ကို ဖွံ့ထွားလွန်းပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ပြည့်တင်းကာဖြင့် သပ်ရပ်လှပ၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် မျိုးကောင်းရိုးကောင်းများကို မွေးထုတ်ပေးနိုင်စွမ်းရှိသည့် အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း သိသာသည်။ (ဆရာမင်ဆွေ၏ ဓားဝတ္တုထဲမှ ဇာတ်ဆောင် မင်းသမီးကဲ့သို့ပင်)။ ထို့အပြင် သူမ၏မျက်နှာသည် သပ်ရပ်ပြီး သန့်ရှင်းလွန်း၏။ သိပ်ကိုကြည့်ရှု၍ ကောင်းသည့် မျက်နှာသွင်ပြင်မျိုးပင်။
“ရှောင်ပင်းက ကျွန်မနဲ့အတူ အရွယ်ရောက်လာခဲ့တာ ညီအစ်မတွေလိုပဲလေ။ ကျွန်မ ရှင့်ကိုပေးလိုက်မယ်”
ကျင်းမူလန်က ပြောလိုက်၏။ “ဒီညကစပြီးတော့ သူမက ရှင်နဲ့အတူ တူညီတဲ့အခန်း တစ်ခုမှာနေပြီးတော့ ရှင့်အတွက် ကလေးတွေ မွေးပေးလိမ့်မယ်”
ရှမ့်လန်က ကြောင်အသွား၏။ နတ်မိမယ် ကျင်းမူလန်သည် တကယ့်ကို ရက်ရောလွန်းလှချေ၏။ ဤကဲ့သို့ ဖြစ်မည်ဟု သူမထင်မှတ်ခဲ့ချေ။
“ရှောင်ပင်း... ဒီည သားမက်တော်ရဲ့ မင်္ဂလာဦးညလေ။ ဒီတော့ သူ့ကို ကောင်းကောင်းပြုစုလိုက်” ကျင်းမူလန်က ပြောလိုက်သည်။
“ကောင်းပါပြီ” ရှောင်ဖေးသည် နီရဲသည့်မျက်နှာဖြင့် ပြန်လည်ကာပြောဆိုလိုက်၏။
ရှမ့်လန်ကပြောလိုက်သည်။ “အင်း .... ဒါ ... ဒါက မကောင်းဘူးနဲ့တူတယ်”
ကျင်းမူလန်က လေးလေးနက်နက် ပြောလိုက်၏။ “ကျွန်မက အတ္တမကြီးပါဘူး။ ကျွန်မက တစ်ကိုယ်ကောင်း လည်း မဆန်ပါဘူး။ ဒီတော့ ရှင့်ရဲ့မင်္ဂလာဦးညကို မနှောင့်ယှက်တော့ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်သေးပါဘူး။ တစ်ခုခုမှားနေသလို ခံစားမိနေတယ်”
ကျင်းမူလန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ရှမ့်လန်သည် သူမနှင့် ပတ်သက်ဆက်နွယ်မှုကိုသာ အလိုရှိပြီး တခြားသောမိန်းမများကို ထိကိုင်ချင်စိတ်မရှိပေဘူးလား။ ထိုကဲ့သို့ဖြစ်ရန် မလိုအပ်ချေ။ ကျင်းမူလန် သည် ရှမ့်လန်နှင့် အိပ်ချင်စိတ် မရှိချေ။ ထို့ကြောင့် ထွက်ခွာသွားရန်သာ ပြင်ဆင်လိုက်၏။ သူမကိုသာ တသသနှင့် ရှမ့်လန် စွဲလမ်းနေသည်ဆိုပါက သူမအနေနှင့် စိတ်မသက်မသာဖြစ်မှုကို ခံစားရမှာ သေချာသည်။
“ရှမ့်လန် ကျွန်မပြောတာကိုနားထောင်”
ကျင်းမူလန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ရှင် ကျွန်မနဲ့ပတ်သက်ပြီးတော့ တခြားသော စိတ်ကူးယဉ် အိမ်မက်တွေရှိနေတယ်ဆိုရင် ဖယ်လိုက်ပါ။ ကျွန်မရဲ့ အိမ်မက်က စစ်တပ်ကြီးတစ်ခုကို ဦးဆောင်ဖို့။ ကျွန်မမိသားစုတွေရဲ့ ပိုင်နက်ကို ချဲ့ထွင်နိုင်ဖို့။ ပြီးတော့ အရှင်မင်းကြီးအတွက်ပဲ၊ ရှင် ကျွန်မကိုနှစ်သက်တဲ့အတွက် ကျွန်မတကယ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ပျော်ရွှင်မှုတွေကို ကျွန်မ နှောင့်နှေးစေလို့ မဖြစ်ဘူးလေ။ ဒီညမှာ ရှောင်ပင်းနဲ့အတူတူ ရှင့်ရဲ့မင်္ဂလာဦးညကို ကောင်းကောင်း ဖြတ်သန်းလိုက်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတစ်ယောက် မွေးနိုင်ဖို့ကြိုးစား။ ဒါဆိုရင် ရှင့်ရဲ့မိဘတွေအတွက် အကောင်းမွန်ဆုံးအရာတစ်ခု ပေးသလို ဖြစ်လိမ့်မယ်”
ရှမ့်လန်သည် မူလန်အား ခဏလောက် ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း ကျုပ်မိန်းမက ကျုပ်ကို ဒီလောက်ချစ်နေတယ်ဆိုမှတော့ မယဉ်မကျေးနဲ့ ငြင်းပယ်နေဖို့ မဖြစ်တော့ဘူးပဲ”
ပြီးနောက် သူသည် လှပသည့် အိမ်စေမိန်းကလေးကို ကြည့်ရှုကာ ပြောလိုက်၏။ “ရှောင်ပင်း.. ဒီညအတွက် မိနစ်တိုင်း မိနစ်တိုင်းက ရွှေတစ်ထောင်လောက်တန်တယ်။ ဒီတော့ နှောင့်နှေးမနေနဲ့။ ကျုပ်အဝတ်တွေကို လာကူပြီး ချွတ်ပေးအုံး”
“ဟမ်”
ကျင်းမူလန်က ကြောင်အသွား၏။ သူမသည် ရက်ရောလွန်းခဲ့၏။ သို့ပေမဲ့ ရှမ့်လန်သည် ပိုမိုကာ တိုက်ရိုက် ဆန်လွန်းနေ၏။ ဤကဲ့သို့ပင် လွယ်လွယ်ကူကူ လက်ခံနိုင်လေသည်လား။ အနည်းငယ်လောက်ပင် မငြင်းပယ်တော့ချေ။
သို့နှင့် မူလန်သည် မသက်မသာ တွေးတောရင်း ထွက်ခွာသွားခဲ့၏။ သူမ မထွက်ခွာ၍လည်း မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်သည် ဘောင်းဘီချွတ်ရန်ပင် ပြင်ဆင်နေပြီမဟုတ်ပါလား။
..............
မူလန်ထွက်ခွာသွားခဲ့ပြီး ရှမ့်လန်၏အကြည့်သည် ရှောင်ပင်းပေါ်သို့ရောက်ရှိသွား၏။ သူမသည် အသွင်အပြင် အားဖြင့် ဖွံ့ထွားလွန်းလှ၏။ သို့ပေမဲ့ စာအုပ်တစ်အုပ်ကို သုံးသပ်ဖို့ဆိုရင် စာအုပ်အဖုံးကို ကြည့်ရှုရုံနှင့် မဖြစ်နိုင်ချေ။ အတွင်းကျကျ ချွတ်ကြည့်မှ ဖြစ်ပေလိမ့်မည်။
“သခင်... သခင်လေး တကယ်ကြီး ကျွန်မနဲ့အိပ်ချင်လို့လား” ရှောင်ပင်းသည် တုန်ယင်စွာနှင့် မေးမြန်း လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ... အိပ်ရမှာပေါ့။ ဘယ်တတ်နိုင်မလဲ”
သူ တကယ် ဟန်ဆောင်နေခြင်း မဟုတ်ချေ။ မြို့စားအိမ်တော်သို့ အောင်မြင်စွာနှင့် ရောက်ရှိလာခဲ့ ပြီးနောက် သူ၏တောင်းဆုအားလုံးသည် အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ ကျင်းမူလန် သူနှင့်အိပ်ခြင်း၊ မအိပ်ခြင်းနှင့် ပတ်သက်၍ အရေးမကြီးပေ။ ဟုတ်ပေ၏။ သူ ကျင်းမူလန်ကို နှစ်သက်၏။ အထူးသဖြင့် သူမ၏ မျက်နှာအသွင်အပြင်၊ အမူအရာနှင့် ကိုယ်ရည်ကိုယ်သွေးပင် ဖြစ်သည်။ သို့ပေမဲ့ သူမသည် အတုအယောင် လင်မယားသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီးပြီဖြစ်၏။ တစ်ယောက်နှင့် တစ်ယောက် လေးလေးစားစား ဆက်ဆံရန်သာရှိ၏။
ထို့ကြောင့် ရှမ့်လန်အနေနှင့် သူ၏ တစ်ကိုယ်ရည်စိတ်ဆန္ဒအား သူ့ဘာသာသူ ဖြေလျော့မှဖြစ်ပေတော့မည်။ သူသည် ယခင်ဘဝတည်းက နှစ်ပေါင်းလေးဆယ်ကျော်ကြာ တစ်ယောက်တည်း အထီးကျန်နေခဲ့ရသည်။ ထို့ကြောင့် မစောင့်နိုင်တော့ချေ။ သူ ကျိန်းသေပေါက် လိင်ဆက်ဆံရပေမည်။
ဟုတ်ပေ၏။ ရှောင်ပင်းသည် တောင့်တင်းသည့်ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ပြီး လှပသည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်၏။ ပိုမို၍အရေးကြီးမားသည်မှာ သူမ၏ခြေတံများသည် ရှည်လျား လွန်းနေခြင်း ပင်။ ထို့ကြောင့် သူမသည် အရသာ ကောင်းမွန်နိုင်လောက်၏။ စတော်ဘယ်ရီလို ချိုမွှေးနေခြင်းမျိုး လည်း ဖြစ်နိုင်သည်။
“ပင်းအာ.. နောက်ကျနေပြီ။ အနားယူကြရအောင်” ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောဆို လိုက်၏။
ရှောင်ပင်းသည် ရှမ့်လန်ကို ကြည့်ရှုပြီး အံကိုကြိတ်ကာ စိတ်ဆုံးဖြတ်ချက် ချလိုက်၏။ ပြီးနောက် သူမ၏ အဝတ်များကို အသာချွတ်လိုက်သည်။
ရှမ့်လန်သည် အဆင်သင့်ဖြစ်လို့ နေလေပြီ။ သူသည် ရှောင်ပင်းကို စူးစိုက်စွာ ကြည့်ရှုနေမိ၏။ နှစ်ပေါင်း လေးဆယ်ကျော်ကြာ ထိန်းသိမ်းခဲ့ရသည့် သူ၏လူပျိုဘဝကို နောက်ဆုံးတွင် စွန့်လွှတ်ရပေတော့မည်။
သို့ပေမဲ့ ရှောင်ဖေးသည် သူမ၏ အဝတ်များကို ချွတ်နေတုန်းမှာပဲ မျက်ရည်များ တစ်ပေါက်ပေါက်နှင့် ကျဆင်းလာ၏။ ဘာကိုဆိုလိုသနည်း။
ငါက ရုပ်ဆိုးကြီးမလို့လား။ အခုကြည့်ရတာ မိန်းကလေးက မီးတွင်းထဲကို ခုန်ချရတော့မဲ့ ပုံစံမျိုးဖြစ်နေပါလား။ ငါ ရှမ့်လန်က ချောတယ် မဟုတ်ဘူးလား။ မင်းနဲ့ မထိုက်တန်လို့လား။
“ပင်းပင်း... စိတ်မပါဘူးလား” ရှမ့်လန်က မေးမြန်းလိုက်၏။
ရှောင်ပင်း၏ မျက်လုံးများက နီရဲလျက်ရှိနေ၏။ သူမသည် မည်သည့်စကားကိုမှ မဆိုချေ။ သို့ပေမဲ့ သူမ၏ မျက်လုံးထဲတွင် ရှိနေသည့် မျက်ရည်များမှာတော့ တစ်ပေါက်ပေါက်နှင့် ကျဆင်းလျက် ရှိနေသည်။
ရှမ့်လန်သည် အလွန်အမင်း ဆွံ့အလျက်ရှိနေ၏။ ဤမိန်းကလေးသည် သူနှင့် သံဝါသ ပြုလုပ်ချင်စိတ် ရှိပုံမပေါ်ချေ။ ထိုသို့ဆိုလျှင် မေ့လိုက်ရန်သင့်၏။ အတင်းခူးဆွတ်ထားသည့် ဖရဲသီးသည် ချိုမြိန်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်အနေနှင့် ရပ်တန့်လိုက်ရန်သာ ဆုံးဖြတ်လိုက်၏။
“ကောင်းပြီ။ ဒါဆိုရင်လည်း ဘေးခန်းထဲသွားပြီးတော့ အိပ်တော့” ရှမ့်လန်က ပြောဆိုလိုက်သည်။
ချက်ချင်းပဲ ရှောင်ပင်းသည် အနှောင်အဖွဲ့မှ လွတ်မြောက်သွားသကဲ့သို့ပင် အဝတ်အစားများကို ကောက်ဝတ်ကာဖြင့် ထွက်ခွာသွားခဲ့၏။ ရှမ့်လန်သည် ခေါင်းကိုငုံ့ပြီး သူ့ညီလေးကို ငုံ့ကြည့်လိုက်မိ၏။ အသုံးမပြုရမည့်အတူတူ ဓားနှင့် ခုတ်လိုက်လျှင် ကောင်းမည်လားဟု တွေးတောနေမိ၏။
“အင်း … မူလန့်အခန်းကလည်း ခြံဝင်းထဲမှာ ရှိနေတယ်။ ပြီးတော့ မနီးမဝေးပဲ။ ငါ အခန်းထဲဝင်ပြီးတော့ သူမ ကုတင်ပေါ် တက်လိုက်ရင် ဘာဖြစ်နိုင်လဲ။ အင်း .... ငါသေသွားမှာပေါ့”
ဆိုးဆိုးရွားရွား သေဆုံးသွားရမည့်မြင်ကွင်းမျိုးကို မြင်ယောင်လာပြီးနောက် ရှမ့်လန်သည် စိတ်ဓာတ်တကျပင် ဖြစ်သွားမိ၏။ သူသည် အိပ်ရာပေါ်သို့ အသာတက်ကာ လှဲလျောင်းလိုက်၏။ ဆယ်မိနစ်လောက် ကြာပြီးသည့်နောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
............
နောက်တစ်ရက် ရှမ့်လန်နှင့် ကျင်းမူလန်တို့သည် မနက်စာကို အတူတကွစားသုံးပြီး ရှောင်ပင်းသည် ဘေးတစ်ဖက်ဆီမှ အစားအစာများကို တည်ခင်းလျက်ရှိ၏။
မူလန်က ပြောလိုက်သည်။ “ယောက်ျား ဒီနေ့ ယောက္ခမအိမ်ကို သွားလည်မှာ မဟုတ်လား။ ဒါပေမဲ့ ကျွန်မ မလိုက်နိုင်ဘူး။ စစ်တပ်ရေးရာတာဝန်တွေ ရှိသေးတာကြောင့် အိမ်ကိုပြန်တဲ့အချိန်မှာ ကျွန်မအစား လက်ဆောင်တွေ ယူသွားပေးပါအုံး”
“ကောင်းပြီ” ရှမ့်လန်က ပြောလိုက်၏။
ခဏလောက် ကြာပြီးသည့်နောက် မူလန်က ပြောဆိုလိုက်သည်။ “ယောက်ျား... ရှင့်မှာ အနာဂတ်အတွက် အကြံအစည်နဲ့ ရည်ရွယ်ချက်တွေရှိတယ်ဆိုရင် ကျွန်မကိုပြော”
“အင်း ကျုပ်ဆီမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ရှမ့်လန်က ပြောလိုက်၏။
မူလန်က ထပ်မံကာ ပြောဆိုလိုက်သည်။ “ဘယ်လိုဖြစ်ပြီး ရည်မှန်းချက်မရှိဘဲ နေရတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင်တော့ အရမ်းကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်လို့ ပြောရမယ်”
“ဘာလဲ” မူလန်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်မိသားစုကို သတ်ဖြတ်ပစ်ဖို့။ ရှစ်ချင်းချင်းကို ကျုပ်ရှေ့မှာ ဒူးထောက်ပြီးတော့ ငိုယိုတောင်းပန်စေဖို့ပေါ့”
“ဟမ်” မူလန်သည် ကြောင်အသွားသည်။
ယောက်ျားများသည် ဤကဲ့သို့ အကြံအစည်များ ရှိနေသည်လား။ သေးငယ်သည့် အငြိုးအတေး ကိစ္စရပ်လေး တစ်ခုအတွက် မမေ့မလျော့ လက်စားချေရန် ကြံစည်နေသည်လား။
မူလန်က ပြောလိုက်၏။ “ယောက်ျားရဲ့အတွေးကို နားလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ပြုလုပ်ဖို့ လွယ်မှာ မဟုတ်ဘူးထင်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “မြို့စားမင်းရဲ့ ဩဇာ၊ အာဏာနဲ့ ဆိုရင်တောင်မှ ရှစ်မိသားစုကို သတ်ဖြတ်လို့ မရနိုင်ဘူးလား”
မူလန်က ပြောလိုက်၏။ “ရှစ်မိသားစုနဲ့ ကျန်းမိသားစုက မင်္ဂလာဆောင်ဖို့ ဆက်ဆံရေးရှိတယ်။ ကျန်းကျင်းရဲ့အဖေ ကျန်းချုံးက နုကျင်းစီရင်စုရဲ့ အုပ်ချုပ်ရေးမှုးပဲ။ သူ့ရဲ့နောက်ခံမှာ ကျိုးမိသားစုရှိတယ်။ မြို့စားမင်းအိမ်တော်ရဲ့ အခွင့်အာဏာနဲ့ သူတို့ကို ဘာမှလုပ်လို့မရနိုင်ဘူး”
ရှမ့်လန့်က ပြောဆိုလိုက်သည်။ “ဒါဆိုရင် ကျုပ် အရင်ဆုံး ထျန်းဟန်ကို သွားသတ်လိုက်ရင်ရော”
မူလန်က ပြောလိုက်၏။ “ဒီလိုလည်း မဖြစ်နိုင်ဘူး။ ထျန်းဟန်က ရွှမ်ဝူမြို့ရဲ့ ကာကွယ်ရေး အစောင့်တပ် ခေါင်းဆောင်ပဲ။ သူက ရွှမ်ဝူမြို့ တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေး ခေါင်းဆောင်လို့ သတ်မှတ်ရတယ်။ ပြီးတော့ ကျန်းမိသားစုကို အညံ့ခံထားတဲ့လူတစ်ယောက်။ ကျွန်မတို့ မြို့စားအိမ်တော်က သူ့ကိုသွားပြီးထိမယ်ဆိုရင် မြို့စားအိမ်တော်တစ်ခုလုံးတောင်မှ ပျက်ဆီးသွားနိုင်တယ်။ အရှင်မင်းကြီး ချမှတ်ထားတဲ့ ဥပဒေအသစ်က တော်ဝင်မျိုးနွယ်တွေအနေနဲ့ ဒေသခံအစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို ပါဝင်ပတ်သက်ခြင်း မရှိအောင် တားမြစ်ထားတာမျိုးပဲ”
ရှမ့်လန်က ပြောဆိုလိုက်သည်။ “ဒါဆိုရင် မြို့စားအိမ်တော်က အားကောင်းသေးရဲ့လား။ ဘာတစ်ခုမှကို လုပ်လို့မရပါလား”
မူလန်က ပြောဆိုလိုက်၏။ “အင်း ကျွန်မတောင်းပန်ပါတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ မြို့စားအိမ်တော်ရဲ့ သားမက်တော်ဆိုတဲ့ အာဏာကို ကိုင်ပြီး အဝတ်နက်ဂိုဏ်းဆီသွား၊ ထျန်းဟန်ရဲ့ မျက်နှာကို ပိတ်ရိုက်လို့ရလား။ ဒီလောက်တောင် လုပ်လို့မရဘူး လို့တော့ မပြောနဲ့နော်။ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်ကိုတောင်မှ အနိုင်မကျင့်နိုင်ရင် မြို့စားအိမ်တော် ဆိုတာက အသုံးမဝင်တဲ့အရာတစ်ခု ဖြစ်နေမှာပေါ့”
မူလန်သည် သူမ၏ယောက်ျားကို တွေဝေငေးမောစွာဖြင့် ကြည့်ရှုလိုက်၏။ ပထမဦးဆုံးအကြိမ်အဖြစ် သူမသည် ယောက်ျား ရွေးမှားခဲ့သည်ဟုပင် ခံစားနေမိ၏။ ရှမ့်လန်၏ မျှော်လင့်တကြီးအကြည့်များကို မြင်ရသည့်အချိန်မှာတော့ မူလန်သည် ခေါင်းညိတ်ကာပြောဆိုလိုက်၏။ “အင်း ဒီလောက်ကတော့ ဖြစ်နိုင်ပါတယ်”
ရှမ့်လန်သည် စားနေသည့်ပန်းကန်လုံးကို အသာချကာဖြင့် ပြောလိုက်သည်။ “ဗိုက်ပြည့်သွားပြီ။ မိန်းမ.. စားစရာရှိတာ ဆက်စားတော့။ ယောက်ျား အရင်သွားလိုက်အုံးမယ်”
မူလန်သည် ရှမ့်လန်၏နောက်ကျောကို လှမ်းကြည့်ရှုရင်း အလွန်အမင်း အံ့အားသင့်စွာဖြင့် ဆွံ့အနေမိ၏။ “ယောက်ျား... အရမ်းမမြန်လွန်းဘူးလား။ ဆယ်ငါးမိနစ်လောက်စောင့်ပြီး စားစားသောက်သောက် လုပ်သွားလို့လည်း ရပါသေးတယ်”