အပိုင်း (၃၂)
Vol. 3 Ch. 32
ဖြောင်း
ကြာပွတ်သည် ကျင်းရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားခဲ့သည့် လည်သာဝတ်စုံသည် စုတ်ပြတ်၍သွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာကြီးတစ်ခုက ပေါ်ပေါက်လာ၏။ ကျင်းရှန်း၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ သူမည်သို့မျှ မယုံကြည်နိုင်ချေ။
သခင်မလေးမူလန်သည် သူမ၏ စစ်သားများအား ကိုယ်ပိုင်ကလေးငယ်များကဲ့သို့ပင် ချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်၏။ အရာအားလုံးသော သူတို့ထက် ပိုမိုကာ တန်ဖိုးထား၏။ ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်အတွက် သူ့အား ကြာပွတ်နှင့် ရိုက်လိမ့်မည်ဟု မည်ကဲ့သို့ထင်မှတ်မည်နည်း။
ရှမ့်လန်သည် အလကားကောင်ဖြစ်၏။ ကျင်းရှန်း၏အမြင်အရ မြို့စားအိမ်တော်ထဲတွင် အရွယ်ရောက် ကြီးပြင်းလာခဲ့သည် လူရွယ်သူရဲကောင်း တစ်ယောက်ဖြစ်သောသူ့ထက် အဆပေါင်းများစွာ ဂုဏ်သိက္ခာ နိမ့်ကျ၏။
မူလန်က အေးစက်စက် ပြောလိုက်၏။ “မင်းကို အကြောင်းပြချက် နှစ်ခုနဲ့ရိုက်တာပဲ။ ပထမဦးဆုံး ရွှမ်ဝူအိမ်တော်ရဲ့ ပြည်သူပြည်သားတွေအပေါ် မေတ္တာတရားနဲ့ ဆက်ဆံတယ်ဆိုတဲ့ စိတ်နေစိတ်ထားကို ချိုးဖြတ်ပြီးတော့ သူ့ကို မကယ်တင်ခဲ့လို့ပဲ။ ဒုတိယ အနေနဲ့ ရှမ့်လန်က ငါ့ရဲ့ယောက်ျား။ ပြီးတော့ မင်းတို့ရဲ့ သခင်ဖြစ်တယ်။ လုံလောက်တဲ့ လေးစားမှုကို မပေးလို့ မဖြစ်ဘူး။ ဒီတော့ အနာဂတ်မှာ မင်းရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့အတွက် ငါ တည့်မတ်ပေးရတော့မယ်” မူလန်က ပြောဆိုလိုက်သည်။
ကျင်းရှန်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့၏။ သူသည်ခေါင်းကိုငုံ့ကာဖြင့် ပြောဆိုလိုက်၏။ “ကျုပ် နားလည်ပါပြီ”
ပြီးနောက် မူလန်နှင့် ရှမ့်လန်တို့သည် အရူးကြီးကို သယ်ဆောင်ကာဖြင့် မြို့စားအိမ်တော်၏ ခြံဝန်းထဲသို့ ဝင်ရောက်လိုက်၏။ ထိုအချိန်မှာတော့ မြို့စားအိမ်တော်၏ သမားတော်ကြီး အန်းကျန့်ရှီသည် အပြင်ဘက်သို့ ထွက်လာကာဖြင့် နှုတ်ဆက်၏။ ထို့နောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အရူးကြီး၏ခန္ဓာကိုယ်ကို စစ်ဆေးကာ ပြောလိုက်သည်။
“အရေးကြီးဆုံးက သူ့ရဲ့နံရိုးတွေ ကျိုးသွားခဲ့တာပဲ။ သူ့ရဲ့အတွင်းအင်္ဂါ အစိတ်အပိုင်းတွေကလည်း ဒဏ်ရာရရှိ ထားတယ်။ အဆုတ်၊ ဝမ်းဗိုက်မှာလည်း သွေးတွေယိုနေတယ်။ သူ့ရဲ့အသည်းမှာလည်း အနည်းငယ် သွေးယိုနေတဲ့ပုံစံရှိတယ်”
ရှမ့်လန်က အံ့အားသင့်သွား၏။ သမားတော်အန်း၏ ဆေးစွမ်းရည်သည် တကယ့်ကို အံ့အားသင့်စရာဖြစ်၏။ ၎င်း၌ X-Ray အမြင်မရှိချေ။ သို့ပေမဲ့ အရူးကြီး၏ လက်ရှိဖြစ်တည်နေသည့် အခြေအနေတစ်ခုလုံးကို ၇၀% မှ ၈၀% ထိ မှန်ကန်အောင် သုံးသပ်နိုင်နေ၏။ တစ်ဖက်လူ၏ သမားအတွေ့အကြုံသည် တကယ့်ကို အဆင့်အတန်း မြင့်မားလွန်းလှ၏။
ရှမ့်လန်၏ ဆေးစွမ်းရည်သည်လည်း တကယ့်ကို အံ့အားသင့်စရာကောင်းသည့်အရာဖြစ်၏။ သူသည် သမားတော်အန်း နှင့်အတူ အရူးကြီးကို ကုသချင်စိတ်ရှိ၏။ သို့ပေမဲ့ သမားတော်အန်းသည် လုံလောက်သည့် သုံးသပ်ချက်များကို ပြုလုပ်နိုင်ကြောင်း မြင်ရချိန်မှာတော့ သူသည် စိုးရိမ်စိတ်များ လျော့ပါးသွားခဲ့သည်။
သမားတော်အန်းသည် ဒဏ်ရာများကို သေသေချာချာ စစ်ဆေးပြီးသည့်နောက် အရူးကြီး၏ ခန္ဓာကိုယ်အား တိုက်ချွတ်ဆေးကြော၏။ “အင်း ကျားကုတ်ထားတဲ့ဒဏ်ရာတွေ။ ဒါက သိုင်းပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးဆိုပေမဲ့ ကျားတစ်ကောင်ရဲ့အားအင်က ပြင်းထန်လွန်းတာကြောင့် အတွင်းဒဏ်ရာတွေ ဖြစ်ကုန်တာပဲ။ ဒီတော့ နောက်ထပ်လုပ်ရမှာက သူ့ရဲ့သွေးကိုတိတ်အောင်လုပ်ဖို့နဲ့ နံရိုးကျိုးတာတွေကို ပြင်ဆင်ဖို့ပဲ”
ရှမ့်လန်သည် အရေးကြီးဆုံးနေရာများကို လှမ်းကာကြည့်ရှုနေ၏။ တစ်ဖက်လူ သုံးသပ်နေသည့်အရာ အားလုံးက မှန်ကန်လျက် ရှိနေသည်ကို မြင်ရ၏။ တကယ့်ကိုကျွမ်းကျင်သူပင်။
ဟုတ်ပေ၏။ ရှမ့်လန်၏ ဆေးစွမ်းရည်သည် တစ်ဖက်လူထက် ပိုမိုကာသာ၏။ အထူးသဖြင့် ခက်ခဲသည့်ရောဂါများကို ကုသသည့် နေရာတွင် ပိုကာကျွမ်းကျင်လေ၏။ ထပ်တိုးပြောဆိုရမည်ဆိုလျှင် သူ့၌ X-Ray အမြင်ကလည်း တည်ရှိနေသေး၏။ ထို့ကြောင့် ဤလောကကြီးထဲ၌ ရောဂါရှာဖွေသည့်နေရာ၌ ရှမ့်လန်ထက် သာလွန်သည့်လူဟူ၍ တစ်ယောက်မှ ရှိလိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ အရူးကြီးကို ကုသသည့် အချိန်မှာတော့ သမားတော်အန်းသည် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ၎င်းကဲ့သို့ ကုသရန်ဆိုသည်မှာ ရှမ့်လန်အတွက် ခက်ခဲပေလိမ့်မည်။
“စီနီယာအန်း... သူ့ကိုကုသလို့ ရနိုင်ရဲ့လား” မူလန်က မေးမြန်းလိုက်သည်။
အကြီးအကဲအန်းက ပြောလိုက်၏။ “စိတ်ပူစရာ မလိုပါဘူး။ သူ့ကိုကုသလို့ရတယ်။ အချိန်အနည်းငယ်လောက် အသုံးပြုပြီးတော့ တန်ဖိုးကြီးဆေးပင်တွေနဲ့ ကုသရတော့မှာပေါ့။ ဒီခေါင်းတုံးရဲ့ခန္ဓာကိုယ်က အရမ်းကို အားကောင်းတယ်။ တခြားတစ်စုံတစ်ယောက်သာဆိုရင် သေသွားခဲ့တာ ကြာပြီပေါ့”
သို့နောက် သူသည် အရူးကြီးအား သေသေချာချာနှင့် ကုသလျက် ရှိနေ၏။ ၎င်း၏အကူသည် ဘေးတစ်ဖက်ဆီမှနေ၍ အရူးကြီးအား ဂျင်ဆင်းဆေးရည်များ တိုက်ကျွေး၏။ အရူးကြီး၏ ခန္ဓာကိုယ်သည် အလွန်ပင် အားကောင်းလွန်းလှချေ၏။ ဂျင်ဆင်းစွပ်ပြုတ် အနည်းငယ်လောက်ကို သောက်သုံးပြီးနောက် မျက်နှာသွင်ပြင်တစ်ခုလုံးက နီရဲလာခဲ့၏။ အသက်ရှူနှုန်းများကလည်း ပိုမိုကာ တည်ငြိမ်လာသည်။
သမားတော်အန်းသည် အံ့အားသင့်သွား၏။ “ဒီရူးကြောင်ကြောင်ကောင်ရဲ့ ခန္ဓာကိုယ်က တစ်ထောင်မှာ တစ်ယောက် ရှာတွေ့ဖို့ ခက်ခဲတဲ့အရာမျိုးပဲ”
သူသည် သေသေချာချာနှင့် အရူးကြီး၏ ခန္ဓာကိုယ်တွင် ရှိနေသည့် သွေးလွှတ်ကြောများနှင့် ခန္ဓာကိုယ် ကြွက်သားများအား စမ်းသပ်ကာ ကြည့်ရှုလိုက်၏။ အရူးကြီး၏ အသက်အန္တရာယ်သည် မစိုးရိမ်ရတော့ပေ။
“ယောက်ျား... ရှင့်ရဲ့ညီအစ်ကိုက အန္တရာယ် မရှိတော့ဘူးတဲ့” မူလန်က ပြောလိုက်သည်။
ရှမ့်လန့်က ပြောလိုက်သည်။ “သူကအရူးကြီးပဲ။ ညီအစ်ကို မဟုတ်ဘူး”
ထိုအချိန်မှာတော့ မြို့စားကြီးသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ရှမ့်လန်... စာကြည့်ခန်းထဲကို ငါနဲ့လိုက်ခဲ့အုံး”
ရှမ့်လန်သည် အရူးကြီးကို တွန့်ဆုတ်တွန့်ဆုတ်နှင့် လှမ်းကာကြည့်ရှုလိုက်၏။
“ယောက်ျား.. စိတ်ပူမနေနဲ့။ ဒီမှာပြဿနာ မရှိတော့ဘူး။ အဖေက ရှင်နဲ့ ပြောစရာ အရေးကြီးကိစ္စရပ် ရှိလို့နေလိမ့်မယ်” မူလန်က နှစ်သိမ့်လိုက်သည်။
......
စာကြည့်ခန်းအတွင်းမှာတော့ မြို့စားကြီး၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရေခဲကဲ့သို့ပင် အေးစက်နေသည်။ “ရှမ့်လန်... မင်းဘာတွေ မှားတာလုပ်ခဲ့တယ်ဆိုတာ သိရဲ့လား”
ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “အဖေ ဒီသားမက်တော် မသိပါဘူး”
ထိုစကားကို ကြားရချိန်မှာတော့ မြို့စားကြီးသည် ကြောင်အသွားခဲ့၏။ သူသည် တွေဝေငေးငိုင်စွာဖြင့် ရှမ့်လန်ကို ပြန်လည်ကာ ကြည့်ရှုနေမိ၏။ အထူးသဖြင့် အမှားအယွင်းပြုလုပ်ခဲ့သည့် လူများသည် မြို့စားအိမ်တော်ဆီသို့ ပြန်လာချိန်တွင် အသက်ပင် ရဲရဲမရှူရဲကြချေ။ မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည် ဆိုသည်နှင့် တစ်ဖက်လူသည် ချက်ချင်းဒူးထောက်ကာ တောင်းပန်ရတော့မှာဖြစ်၏။
သို့ပေမည့် ရှမ့်လန်သည် မှားယွင်းသည့်အရာမျိုးကို ဘာလုပ်ခဲ့မှန်း မသိတော့သည့်ပုံစံဖြင့် ပြန်လည်ကာ မေးခွန်းထုတ်နေလေသည်။
မြို့စားကြီးသည် လေးလေးနက်နက်လေသံဖြင့် ပြောဆိုလိုက်၏။ “ဒါဆိုရင်လည်း”
“အရူးကြီးကို ခေါ်လာတာလား”
ရှမ့်လန်က ပြောဆိုလိုက်၏။ “အရူးကြီးက ကျုပ်ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပါ ယောက္ခထီး။ ကျုပ်ငယ်ငယ်လေးတည်းက သူက ကျုပ်ကို ကာကွယ်ပေးခဲ့တယ်။ သူပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး သေမလိုဖြစ်နေတဲ့အချိန်မှာ ဒီတိုင်းထိုင်ပြီး ကြည့်နေလို့ မဖြစ်ဘူးလေ။ ဒါ့ကြောင့် မြို့စား အိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး သူ့ကိုခေါ်ခဲ့တာပဲ။
မြို့စားအိမ်တော်ရဲ့ သမားတော်တွေက အရမ်းတော်တယ်။ ဆေးတွေပေါင်းစုံလည်း ရှိတယ်။ မြို့စားအိမ်တော်ကို ခေါ်ဆောင်လာခြင်းက သူ့ကိုကုသဖို့အတွက် အသင့်တော်ဆုံးအရာပဲ။ ဒါ့ကြောင့် မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့မိတာပါ။ ဒီအတွက်လည်း တောင်းပန်ပါတယ်”
“မဟုတ်ဘူး အဲဒီလုပ်ခဲ့တဲ့လုပ်ရပ်က မင်းအတွက်မှန်ကန်တဲ့ လုပ်ရပ်ပဲ”
မြို့စားကြီးက ပြောလိုက်သည်။ “မင်းဒီနေ့လုပ်ခဲ့တဲ့ တခြားဆိုးရွားတဲ့အရာ ရှိသေးတယ်”
“ထျန်းဟန်နဲ့ အဝတ်နက်ဂိုဏ်းလား” ရှမ့်လန်က ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။
“မင်းသိသေးတယ်ပေါ့” မြို့စားကြီးသည် အငေါ်တူးလိုက်မိသည်။
“မင်း အဝတ်နက်ဂိုဏ်းက ထွက်တဲ့အချိန်မှာ သူတို့က ချက်ချင်းပဲ မြို့စားအိမ်တော်ကိုလာပြီး တိုင်သွားတယ်။ မင်းက ထျန်းဟန်ဆီကနေ ရွှေဒင်္ဂါးတစ်ထောင်ကို ခြိမ်းခြောက်တောင်းဆိုသွားခဲ့တယ်လို့လည်း ပြောတယ်။ ပြီးတော့ သူ့တပည့်ရဲ့ ခြေထောက်ကိုလည်း ချိုးချင်သေးတယ်တဲ့။ မင်းအရမ်းမောက်မာနေပါလား၊ နံပါတ် ဆယ့်သုံးဆိုတာ မြို့တော်ဝန်အိမ်တော်ရဲ့ ရာအိမ်မှူးတစ်ယောက်လေ”
ထျန်းဟန်သည် မြို့စားအိမ်တော်ဆီသို့ လာရောက်ကာဖြင့် တိုင်တန်းသွားခဲ့လေသည်လား။
မြို့စားကြီးက ပြောဆိုလိုက်၏။ “မြို့တော်ဝန် လျှိုဝူယမ်ကိုယ်တိုင် လာခဲ့တာပဲ။ သူက မင်းကို ထိန်းသိမ်းပေးပါလို့ တောင်းဆိုသွားတယ်”
ရှမ့်လန်က ကြောင်သွားသည်။ မြို့တော်ဝန်သည် ကိုယ်တိုင်ရောက်ရှိလာခဲ့၏။ သူတို့နှစ်ဖက်ကြား ဖြစ်သွားခဲ့သည့် ပဋိပက္ခသည် မည်မျှကြမ်းတမ်းခဲ့လေသနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “အဖေ.. ရှစ်မိသားစုက ကျုပ်ကိုကန်ထုတ်ပြီးတဲ့နောက်မှာ သူတို့က ထျန်းဟန်ကို ရွှေဒင်္ဂါး တစ်ရာပေးပြီးတော့ ကျုပ်ကိုသတ်ဖြတ်ခိုင်းခဲ့တယ်။ ကျုပ်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ထျန်းဟန်နဲ့ သဘောတူညီမှုစာချုပ်ကို ရေးထိုးပေးခဲ့ရတယ်။ ဒီအရာက ရွှေဒင်္ဂါး တစ်ထောင် တန်ကြေးရှိတဲ့ စာချုပ်ပဲ။ သုံးရက်အတွင်း ကျုပ် ရွှေဒင်္ဂါး တစ်ထောင်ကိုသာ မပေးဘူးဆိုရင် သူက ကျုပ်ရဲ့မိသားစုနဲ့ ကျုပ်ကို သတ်ဖြတ်ပစ်မယ်”
မြို့စားကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ဆက်ပြော”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါနဲ့ ရွှေရောင်ဆိုးဆေး နည်းပညာအသစ်ကို ကျုပ်ဖန်တီးခဲ့တယ်။ ပြီးတော့ လူကုန်တန်ပွဲရုံဆီကိုသွားပြီး လင်းဝူကို ရွှေဒင်္ဂါးနှစ်ထောင်နဲ့ရောင်းဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အရောင်းအဝယ် ဖြစ်လုနီးပါးအချိန်မှာ ရှစ်မိသားစုက ဒီဆေးနည်းတွေက သူတို့ဆီက ခိုးခဲ့တာပါဆိုပြီး ကျုပ်ကို စွပ်စွဲခဲ့တယ်”
ရှမ့်လန်သည် မြို့စားကြီးအား ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်ကာ ပြောပြခဲ့၏။
“ရှစ်မိသားစု၊ ထျန်းဟန်၊ လင်းမိသားစု အားလုံးက ကျုပ်ကို သတ်ဖြတ်ချင်နေတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “အထူးသဖြင့် ထျန်းဟန်ပေါ့။ ဆေးနည်းတွေကို ထုတ်ပေးဖို့ ကျုပ်ကို အတင်း ဖိအားပေးခဲ့တဲ့အပြင် သူ့ရဲ့တပည့်တွေဖြစ်တဲ့ နံပါတ်ဆယ့်သုံးကိုလည်း ကျုပ်မိသားစုကို သွားဖမ်းခိုင်းခဲ့တယ်။ ဒါကြောင့် ကျုပ် ထျန်းဟန်ကို လက်စားချေ ချင်တယ်။ အဲဒါ မှားသလား အဖေ”
မြို့စားကြီးသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “မှန်တယ်”
မြို့စားကြီးက ပြောလိုက်သည်။ “ထျန်းဟန်က လူတွေကိုစေလွှတ်ပြီး မင်းမိဘတွေကို ဖမ်းဆီးခဲ့တယ်။ ဒါပေမဲ့ ဒါက တရားဥပဒေအရပြုလုပ်တဲ့ အရာမျိုး။ သူတို့ဆီမှာ အကြောင်းပြချက် ရှိတယ်။ မင်းမိဘတွေက ခွင့်မပြုချက်မရှိဘဲနဲ့ တောင်ပေါ်တည်နေရာမှာ နေထိုင်ပြီးတော့ အခွန်လည်း မပေးကြဘူး။ ဒီတော့ ဖမ်းဝရမ်း ကို မြို့တော်ဝန်အိမ်ရာကလည်း ထုတ်ဖော်တယ်ဆိုတာ သဘာဝကျတဲ့အရာပဲ။ သူတို့ဆီမှာ ဘာပြစ်ချက်မှ မရှိဘူး”
ဟုတ်ပေ၏။ ရှမ့်လန်လည်း ထိုအရာကို သိသည်။ မြို့စားကြီးက ထပ်မံကာ ပြောဆိုလိုက်၏။ “ရှမ့်လန်... ငါမင်းကို တကယ်မနှစ်သက်ဘူး။ ဒါပေမဲ့ မူလန်က မင်းကိုရွေးချယ်ခဲ့ပြီဆိုမှတော့ မင်းက မြို့စားအိမ်တော်ရဲ့ သားမက်တော် ဖြစ်လာခဲ့ပြီ။ အခြားစကားအရ ပြောရမယ်ဆိုရင် မင်းက ငါ့ရဲ့သားတစ်ပိုင်းပဲ။ ဒီတော့ မင်းခံစားခဲ့ရတဲ့ နာကျင်မှုတွေ အားလုံးအတွက် တရားမျှတမှုကို ငါဆောင်ကြဉ်းပေးမယ်။ ငါ့ရဲ့ သားမက်တော်ကို ဘယ်သူ့မှ အနိုင်ကျင့်လို့မရဘူး။ မင်းလွတ်လွတ်လပ်လပ်နဲ့ နေချင်သလို နေလို့ရတယ်”
ထိုစကားလုံးကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် နှလုံးသား၏ အနက်ရှိုင်းဆုံး တည်နေရာဆီမှ စိတ်လှုပ်ရှားသွားမိသည်။
“ဒါပေမဲ့ ငါတို့မြို့စားအိမ်တော်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်။ အခု အရှင်မင်းကြီး ထုတ်ဖော်ခဲ့တဲ့ စည်းမျဉ်းအသစ်တွေကလည်း အလှည့်အပြောင်း အရမ်းများတယ်။ ထျန်းဟန်က မြို့တော်ဝန်အိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဒါပေမဲ့ ငါက တော်ဝင်မျိုးနွယ်အိုကြီးပဲ။ တားမြစ်ထားတဲ့ အရာတစ်ခုက တော်ဝင်မျိုးနွယ်တွေအနေနဲ့ ဒေသခံအစိုးရအဖွဲ့တွေရဲ့ ပြုမူဆောင်ရွက်မှုတွေကို ဝင်ပြီး မရှုပ်ထွေးစေရဘူး”
မြို့စားကြီးက ထပ်မံကာ ပြောဆိုလိုက်၏။ “မျက်လုံးပေါင်းမြောက်များစွာက ငါ့ကို ကြည့်နေကြတယ်။ နုကျင်းစီရင်စုရဲ့အုပ်စိုးသူ ကျန်းချုံး၊ ပြီးတော့ ကျူးကျွင်း၊ အားလုံးက ငါအမှားလုပ်မှာကို စောင့်နေကြတယ်။ ငါ့ဆီမှာ ပြစ်ချက်တစ်ခုပေါ်လာပြီဆိုတာနဲ့ အားလုံးက ဝိုင်းကိုက်တော့မှာ”
အပိုစာသားများ ပြောဆိုနေခြင်းမဟုတ်ချေ၊ အချက်အလက်အားဖြင့် အခြေအနေသည် ယခု သူပြောဆိုသည်ထက်ပင် ပိုမိုကာ လေးနက်လျက်ရှိသည်။ “ရှမ့်လန်.. ငါမင်းအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးလိမ့်မယ်လို့ ပြောထားတယ်ဆိုတော့ ငါ ကျိန်းသေပေါက် လုပ်မယ်”
မြို့စားကြီးက ပြောလိုက်၏။ “ဒါပေမဲ့ မင်းအနေနဲ့ အချိန်ကောင်းကို စောင့်ဖို့လိုတယ်။ ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ ချိုးဖြတ်လို့ မဖြစ်ဘူးလေ။ သက်သေသာဓကတွေ မရှိဘဲနဲ့ ဘာတစ်ခုမှ လုပ်လို့မရဘူး ဆိုတာ မင်းနားလည်တယ်မလား”
“အင်း သားမက် နားလည်ပါပြီ” ရှမ့်လန်က ပြောဆိုလိုက်သည်။
မြို့စားကြီးက ပြောလိုက်၏။ “ဒါဆိုရင် ဒီနေ့ဒီကိုလာပြီးတော့ ပြဿနာရှာခဲ့တာ ဘယ်သူလဲ မင်းသိလား”
ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “မသိပါဘူး”
မြို့စားကြီးက ပြောဆိုလိုက်သည်။ “မြို့တော်ဝန်ကိုယ်တိုင် လာခဲ့တယ်။ ပြီးတော့ ရွှမ်ဝူမြို့ ကာကွယ်ရေးတပ်ရဲ့ ကျွန်းကျင်းကိုယ်တိုင်လည်း ပါသေးတယ်။ ဒီလိုအရေးအကြောင်းကိစ္စမျိုးမှာ ရွှမ်ဝူမြို့မှာရှိတဲ့ အထင်ကရ ပုဂ္ဂိုလ်နှစ်ယောက်က ငါ့ရဲ့အိမ်တော်ကို လာပြီးတော့ မင်းအကြောင်း ပြစ်တင်ပြောဆိုသွားခဲ့ကြတယ်။ အချက်အလက်အားဖြင့် ဒါ ငါ့ရဲ့မျက်နှာကို ပိတ်ရိုက်တာနဲ့ တူတူပဲ”
ရွှမ်ဝူမြို့ရဲ့အရှုပ်အထွေးသည် ရှမ့်လန် ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ ရှုပ်ထွေးလျက်ရှိ၏။
မြို့စားကြီးက ပြောလိုက်သည်။ “မင်းက မနက်ဖြန်မှာ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ထျန်းဟန်ရှေ့မှာ ချိုးမယ်လို့ ပြောခဲ့တယ်ဆို ဟုတ်လား”
“ဟုတ်ပါတယ်” ရှမ့်လန်က ပြောလိုက်၏။
“အင်း မင်းက ကလေးဆန်လွန်းတယ်။ ငါမင်းကို အပြစ်မတင်ပါဘူး”
မြို့စားကြီးက ပြောလိုက်သည်။ “ဒါပေမဲ့ ဒီကိစ္စကို မေ့လိုက်တော့။ နောက်ထပ်ရက်အနည်းငယ်အတွင်း အပြင်ကိုထွက်ဖို့ မစဉ်းစားနဲ့”
ရှမ့်လန်က ပြောဆိုလိုက်၏။ “ပြောပြီးသားစကားဆိုတာ ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ရေလိုပဲ။ ပြန်ပြီးတော့ သွင်းလို့မဖြစ်ဘူး။ မနက်ဖြန်မှာ လုပ်စရာရှိတာကို ကျိန်းသေပေါက် လုပ်မှဖြစ်မယ်။ မြို့စား အိမ်တော်ထဲမှာ ပုန်းနေမယ်ဆိုရင် ကျုပ်ရဲ့ဂုဏ်သိက္ခာတွေ အကုန်လုံး ပျက်စီးသွားမယ် အဖေ”
မြို့စားကြီးက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ပေါက်ပန်းလေးဆယ်တွေ မပြောခဲ့တဲ့ လူငယ်ဆိုတာ ဘယ်သူရှိလဲ။ ကတိချိုးဖြတ်လိုက်တယ်ဆိုတာ ရှက်ရွံ့စရာကိစ္စရပ်မျိုး မဟုတ်ဘူး။ ငါ မင်းကို တရားမျှတမှု ဆောင်ကြဉ်းပေးမယ်လို့ ကတိပေးထားပြီဆိုမှတော့ ကျိန်းသေပေါက်လုပ်မယ်။ မင်း ငါ့ကို မယုံဘူးလား”
“ယုံပါတယ်”
ရှမ့်လန်သည် ဦးညွတ်ကာ ပြောလိုက်သည်။ “အဖေ... ဒါပေမဲ့ ကျုပ် မနက်ဖြန် သွားကို သွားရမယ်။ ပြောထားတဲ့အတိုင်း လုပ်ကိုလုပ်မှ ဖြစ်လိမ့်မယ်၊ ထျန်းဟန်ရဲ့ခြေထောက်ကို ကျုပ်ကိုယ်တိုင် ချိုးမှဖြစ်မယ်။ ပြီးတော့ ကျိန်းသေပေါက် လက်စားချေရမယ်”
“ပေါက်ကရတွေ” မြို့စားကြီးသည် တကယ်ပင် ဒေါသထွက်သွား၏။
ရှမ့်လန်၏အသံသည် လေးလေးနက်နက် ဖြစ်လာခဲ့သည်။ “ယောက္ခထီး.. ကျေးဇူးပြုပြီး ကျုပ်ကို ယုံကြည်ပေးပါအုံး။ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း လုပ်ပါမယ်။ ဘယ်ပြစ်ချက်မှ မရှိစေရပါဘူး။ ဘာသက်သေမှလည်း မကျန်ခဲ့စေရဘူး။ မနက်ဖြန် ကျုပ်မသွားဘူးဆိုရင် ကျုပ်အတွက်တင် မဟုတ်ဘူး။ မြို့စားအိမ်တော် တစ်ခုလုံးအတွက် သိက္ခာကျစရာတွေ ဖြစ်လာလိမ့်မယ်”
ပြီးနောက် ရှမ့်လန်၏အသံသည် ပိုမို၍ လေးနက်လာခဲ့၏။ “အဖေ.. သူတို့ ကျုပ်ကို အနိုင်ကျင့်လို့ရတယ်။ ဒါပေမဲ့ မြို့စားအိမ်တော်ကို အထင်အမြင်သေးလို့ မရဘူး။ မနက်ဖြန်မှာ ကျုပ်ရှေ့မှာ ထျန်းဟန် နံပါတ်ဆယ့်သုံးရဲ့ခြေထောက်ကို ကျိန်းသေပေါက် ချိုးအောင်လုပ်ပြမယ်”
မြို့စားကြီးသည် ထိုစကားကိုကြားသည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစား နေမိ၏။ ရှမ့်လန်သည် ပြဿနာတစ်ကောင်ဖြစ်သည်ကို ထင်မှတ်ခဲ့သည်ဆိုသည်လည်း တွေးတွေးဆဆနှင့် စဉ်းစားတတ်သည့်လူတစ်ယောက်လည်း ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ သူက လေးလေးနက်နက် ပြောလိုက်၏။ “မရဘူးဆို မရဘူးဘဲ။ ဒီနေ့ကစပြီး မင်းကိုအကျယ်ချုပ် ချုပ်ထားမယ်။ မြို့စားအိမ်တော်မှာပဲ နေရမယ်။ ဘယ်ကိုမှ မသွားရဘူး”
လူငယ်များသည် မိမိလုပ်ချင်ရာကို ပြုလုပ်တတ်သည့်လူများဖြစ်၏။ အကြီးအကဲတစ်ယောက်အနေဖြင့် သူသည်သာ စည်းမျဉ်းစည်းကမ်းတကျ မအုပ်ချုပ်ဘူးဆိုပါက ရှမ့်လန်သည် လက်လွတ်စပယ် လူတန်းစားမျိုး ဖြစ်သွားပေလိမ့်မည်။ ရှမ့်လန်၏မိဘများသည် သူ့ကိုအပ်ထားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ရှမ့်လန်ကို ဂရုစိုက်ရမည် ဆိုသည်မှာ သူ၏ တာဝန်ဝတ္တရားပင်။
“ကျင်းချုံး.. သူ့ကို လူလေးယောက် အမြဲတမ်းစောင့်ကြည့်ထား။ သားမက်တော်က စာကြည့်ခန်းထဲမှာ နေလိမ့်မယ်။ ဘယ်ကိုမှ မသွားရဘူး” မြို့စားကြီးက အမိန့်ထုတ်လိုက်၏။
သူ မည်သို့လုပ်မည်နည်း။ ရှမ့်လန်သည် နံပါတ်ဆယ့်သုံး၏ ခြေထောက်ကို ထျန်းဟန်ကိုယ်တိုင် ရိုက်ချိုးအောင်ပြုလုပ်မည်ဟု ကြုံးဝါး ကျိန်ဆိုခဲ့၏။ အကယ်၍ မလုပ်နိုင်ပါက အားလုံးသောသူတို့၏ ရယ်ပွဲဖွဲ့စရာ ဖြစ်လာမည် မဟုတ်ပါလား။ ထျန်းဟန်သည် ပိုမိုကာမောက်မာလာပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ယောက္ခထီးသည် သူကောင်းဖို့အတွက် ပြုလုပ်ခြင်းဖြစ်၏။ ကောင်းခြင်းနှင့် ဆိုးခြင်းကြားတွင် ကွာခြားချက်များ ရှိနေသော်လည်း အတင်း ငြင်းခုန်ပြောဆိုနေ၍ မသင့်မှန်း ရှမ့်လန်က ကောင်းကောင်း သိ၏။
ထို့အပြင် သမရိုးကျ ရှေးရိုးစွဲမြို့စားကြီး ကဲ့သို့သော အကြီးအကဲတစ်ယောက်သည် မိမိ သဘောထားအတိုင်း အခြားသောသူများကို ပြုမူဆက်ဆံမှာ သေချာသည်။
ရုတ်တရက် ရှမ့်လန်သည် လေးလေးစားစားနှင့် ပြောလိုက်၏။ “ကောင်းပါပြီ အဖေ။ နားထောင်ပါမယ်”
“အင်း မင်းက လိမ်မာတယ်” မြို့စားမင်းကြီးသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ယောက္ခထီး... အကျယ်ချုပ်က ဘယ်အချိန်မှာ ဖယ်ပေးမှာလဲ။ ဘယ်အချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ အပြင်ကို သွားလို့ရလဲ”
မြို့စားကြီးသည် ခဏလောက် စဉ်းစားလိုက်၏။ သူ့အနေနှင့် ရှမ့်လန်အား စာကြည့်ခန်းထဲတွင် အချိန်တိုင်း ချုပ်နှောင်ထား၍ မဖြစ်နိုင်ချေ။ လုံလောက်သည့် အကြောင်းပြချက် တည်ရှိပါက ပြန်လည်ကာ လွှတ်ပေးရပေလိမ့်မည်။
မကြာခင်မှာပဲ မြို့စားကြီးသည် အစီအစဉ်တစ်ခုကို စဉ်းစားလိုက်မိ၏။ သူသည် စာအုပ်စင်ဆီမှ စာအုပ်တစ်အုပ်ကို ဆွဲယူကာပြောလိုက်၏။ “ဒါက ကျင်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် ဆုံးမစာအုပ်ပဲ။ ဘိုးဘွားတွေ အစဉ်အဆက်က လက်ဆင့်ကမ်းလာခဲ့တဲ့ အရာ။ ငါတို့ကျင်းမိသားစုက နှစ်ပေါင်းရာချီ တည်ရှိနေထိုင်နိုင်ခဲ့တယ်ဆိုတာ ဒီစာအုပ်ကြောင့်ပဲဖြစ်တယ်”