← Chapters

အပိုင်း (၄၀)

Vol. 3 Ch. 40

အပိုင်း (၄၀)

Vol. 3 Ch. 40

ထျန်းဟန်သည် ရှစ်ကွမ်းယွမ်၏ အိမ်ဆီသို့ ပင့်ဖိတ်ခြင်းကို ခံရပြန်၏။ ဤတစ်ကြိမ် သူမြင်ရသည်မှာ ကျန်းကျင်း မဟုတ်ချေ။ ရှစ်မိသားစု၏ ခေါင်းဆောင်သာလျှင်ဖြစ်၏။

“ခေါင်းဆောင်ထျန်း.. ခင်ဗျား လောင်းကစားရုံ အနည်းငယ်ကို ပိတ်ထားတယ်လို့ ကျုပ်ကြားခဲ့တယ်” ရှစ်မိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်” ထျန်းဟန်က ပြန်လည်ကာ ဖြေဆိုလိုက်၏။ မကြာသေးခင်က ခင်ဗျား ကျုပ်ကို အစ်ကိုထျန်းလို့ ခေါ်ခဲ့တယ်လေ။ အခု ဘယ်လိုဖြစ်ပြီး ခေါင်းဆောင်ထျန်း ဖြစ်သွားတာလဲ။ ခင်ဗျား အရမ်း ဘက်လိုက်လွန်းတယ်။

ဟုတ်ပေ၏။ ဤကဲ့သို့သော မေးခွန်းမျိုးကို မေးမြန်းခြင်းဆိုသည်မှာ ခေါင်းဆောင်ရှစ်သည် သူ့အတွက် မေးမြန်းခြင်း မဟုတ်ပေ။ လောင်းကစားရုံများမှ ပိုက်ဆံများကို တောင်းခံရန်အတွက် သူ့၌ အခွင့်အရေး မရှိပေ။ သူသည် ကျန်းကျင်းအတွက် တောင်းဆိုခဲ့ခြင်းသာဖြစ်၏။

မြို့စားအိမ်တော်တွင် ပြဿနာတက်ခဲ့ပြီးသည့်နောက် ထျန်းဟန်သည် ကျန်းကျင်းနှင့် ထိုက်ချူးစီရင်စု အုပ်ချုပ်ရေးမှုးဆီမှ ထောက်ခံမှုကို ရရှိရန် လောင်းကစားရုံ၏ အကျိုးအမြတ် သုံးဆယ့်ငါး ရာခိုင်နှုန်းကို ပေးအပ် ခဲ့ရ၏။ ထို့ကြောင့်သာလျှင် သူသည် မြို့စားအိမ်တော်နှင့် ယှဉ်ပြိုင်တုဖက်ရန်အတွက် သတ္တိရှိခဲ့ခြင်းဖြစ်သည်။

အဆုံးသတ်မှာတော့ လောင်းကစားရုံများကို သူပိတ်ခဲ့ရ၏။ ထိုသို့ဆိုလျှင် ပိုက်ဆံကို မည်သို့ ရှာတော့မည်နည်း။ ဆိုလိုသည်မှာ ကျန်းမိသားစုကို ပိုက်ဆံပေးနိုင်ခြင်း မရှိတော့ချေ။ ကျန်းမိသားစုကို ပိုက်ဆံ မပေးနိုင်ပါက ပြဿနာတက်မည် မဟုတ်ပါလား။ ယခု ကျန်းကျင်းသည် သူ့ကို ပြဿနာရှာရန် စီစဉ် ထား၏။

ကျန်းကျင်းနှင့် ပြဿနာတက်ခြင်း ဆိုသည်မှာ အုပ်ချုပ်ရေးအစိုးရနှင့် ပြဿနာတက်ခြင်းဖြစ်၏။ ကျန်းကျင်း တစ်ယောက် ပေါ်ပေါက်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ရှမ်မိသားစု ခေါင်းဆောင်သည် ကျန်းကျင်း အစား ကောင်းကောင်း ဖိအားပေးနိုင်သည့်လူပင် ဖြစ်လို့နေသည်။

“အင်း.. လောင်းကစားရုံတွေကို ခင်ဗျား ဘာကြောင့် ပိတ်လိုက်ရတာလဲ” ရှစ်မိသားစုခေါင်းဆောင်က မေးမြန်း လိုက်၏။

ထျန်းဟန်က ပြောလိုက်သည်။ “မပိတ်ဘူးဆိုရင် ရှိသမျှအရာအားလုံး ကုန်သွားလိမ့်မယ်”

ရှစ်မိသားစုခေါင်းဆောင်၏ အမူအရာက ပျက်ယွင်းသွား၏။ “ရှမ့်လန်ရဲ့ လောင်းကစားစွမ်းရည်က အဲလောက်တောင် ကောင်းတာလား”

“အင်း.. အရမ်းကောင်းတယ်။ ဒါပေမဲ့ ဘာကြောင့်လဲတော့ ကျုပ်မသိဘူး” ထျန်းဟန်က ပြန်လည်ကာ ဖြေဆိုလိုက်သည်။

ရှစ်မိသားစုခေါင်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ရှမ့်လန်သည် မြို့စားအိမ်တော်၏ သမက်တော် တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သတ်ဖြတ်၍ မရနိုင်ချေ။ မဟုတ်ပါက သူတို့ သတ်ဖြတ်ပြီးသည်မှာ ကြာမြင့်ပြီး ဖြစ်ပေလိမ့်မည်။

“ဒါတွေအားလုံးက ခင်ဗျားလုပ်ခဲ့တဲ့ အကြောင်းအရာတွေကြောင့်ပဲ” ရှစ်မိသားစုခေါင်းဆောင်က ပြောဆိုလိုက်၏။ ထိုအချိန်တုန်းက ရှမ့်လန်ကို လက်လွှတ်ပေးလိုက်သူသည် ထျန်းဟန်ပင်ဖြစ်၏။ စောစောစီးစီးတည်းက အသက်ရှင်လျက် မြေမြှုပ်သင်္ဂြိုလ်လိုက်မည်ဆိုလျှင် အရာအားလုံးသော ပြဿနာများကို ဖြေရှင်းပြီးသား ဖြစ်ခဲ့မည် မဟုတ်ပါလား။

ထျန်းဟန်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ “ဒါမှမဟုတ်ရင် ကျုပ်တို့ သူ့ကို တိတ်တဆိတ်နဲ့ သတ်ပစ်လိုက်ရင်ကော”

ရှစ်မိသားစုခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဟုတ်လား။ ခင်ဗျားလုပ်ရဲလို့လား”

ဤအရာသည် တကယ့်ကို ထိုက်တန်သည့်အရာ ဖြစ်နေသည်လား မသိချေ။ မြို့စားအိမ်တော်၏ စစ်သည်တော် များသည် ရှမ့်လန်၏အနားတွင် အမြဲတမ်းရှိနေ၏။ ထို့ကြောင့် ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်ကာဖြင့် သတ်ဖြတ်ဖို့ ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ ထို့အပြင် ရှမ့်လန်သာ သတ်ဖြတ်ခြင်း ခံရပါက ကျိန်းသေပေါက် မြို့စားအိမ်တော်သည် ပြဿနာ ရှာပေလိမ့်မည်။

ရှမ့်လန်တစ်ယောက် မည်သို့ပင်သေသေ၊ မည်သူပင်သတ်သတ် မြို့စားအိမ်တော်၏ ဒေါသတရားသည် ရှစ်မိသားစုနှင့် ထျန်းဟန်ဆီသို့ ပုံကျလာလိမ့့်မည် မဟုတ်ပါလား။ မြို့စားကြီးသည် သမက်တော် သုတ်သင်ခံရခြင်း နှင့်ပတ်သက်၍ ကျိန်းသေပေါက် စိတ်ဆိုးနိုင်သည်။ မြို့စားကြီး ဒေါသထွက်ပါက သူတို့အားလုံးအား သတ်ဖြတ်ပစ် နိုင်သည်။

ထျန်းဟန်က ပြောလိုက်၏။ “ဒါဆိုရင် နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ကျုပ် ရိုက်ချိုးရတော့မှာပေါ့”

ရှစ်မိသားစုခေါင်းဆောင်က ပြောလိုက်သည်။ “အင်း.. ခင်ဗျားဆီမှာ ဂိုဏ်းသားတွေ အများကြီးရှိတာပဲ” ထိုစကားစု သူ၏ ပါးစပ်ထဲမှ ထိုစကားထွက်လာခြင်းနှင့်ပတ်သက်၍ ရှစ်မိသားစုခေါင်းဆောင်သည် မိမိကိုယ်ကိုယ် မယုံကြည်နိုင်သလိုပင် ဖြစ်မိနေသည်။

ထျန်းဟန်သည် ခြောက်ကပ်ကပ်အသံဖြင့် ပြောဆိုလိုက်၏။ “နံပါတ်ဆယ့်သုံးက ကျုပ်ရဲ့ဂိုဏ်းသားတွေထဲမှာ အတော်ဆုံး လူတစ်ယောက်လေ။ ကျုပ် သူ့ရဲ့ခြေထောက်ကို ရိုက်ချိုးလိုက်မယ်ဆိုရင် ကျုပ်ရဲ့အောက်မှာရှိတဲ့ လူပေါင်းများစွာက စိတ်ပျက်သွားလိမ့်မယ်။ ကျုပ်ရဲ့ ဂုဏ်သိက္ခာကလည်း ကျဆင်းသွားလိမ့်မယ်”

ထျန်းဟန်သည် မိုက်သွေးကြီးသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်၏။ သူသည် ဂုဏ်သိက္ခာတရား ဆုံးရှုံးရခြင်းထက် ပိုက်ဆံဆုံးရှုံးရခြင်းကို ပိုမိုကာ ရွေးချယ်ပေမည်။

သို့ပေမည့် ဘေးတစ်ဖက်ခန်းဆီမှ အသံတစ်ခုက ထွက်ပေါ်လာ၏။ “သဘောတူတယ်။ ချိုးလိုက်”

ထိုအသံသည် ကျန်းကျင်းဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ၎င်းသည် ထိုက်ချူးစီရင်စုနှင့် ကျန်းမိသားစုကို ကိုယ်စားပြုသည့် လူတစ်ယောက်ဖြစ်၏။ ထျန်းဟန်၏ တိုက်ရိုက်အကျဆုံး နောက်ခံလည်း ဖြစ်သည်။

“နှောင့်နှေးမနေနဲ့”

ကျန်းကျင်းက ပြောလိုက်၏။ “ခင်ဗျား တစ်ရက်လောက် နှောင့်နှေးသွားရင် ပိုက်ဆံတွေအများကြီး ဆုံးရှုံးလိမ့်မယ်။ ဒီတော့ စောစောစီးစီး သဘောတူလိုက်တာ ပိုကောင်းမယ်”

ထျန်းဟန်သည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူသည် အံကိုတင်းတင်းပါအောင် ကြိတ်ထားမိ၏။ သူ၏ နှုတ်ခမ်းဆီမှ သွေးများပင် စီးကျလာခဲ့သည်။

ကျန်းကျင်းက ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို ကတိပေးတယ်။ တစ်နေ့ ကျုပ် ရှမ့်လန်ကို သတ်ပစ်မယ်။ ကျုပ် ခင်ဗျားအစား သူ့ကို သတ်ပေးမယ်”

ထျန်းဟန်သည် မည်သည့်စကားမှ မဆိုချေ။

ကျန်းကျင်းက ဆက်လက်ကာ ပြောလိုက်သည်။ “ရှမ့်လန်က အလကားကောင်ပဲ။ ကျုပ်တို့ရဲ့ ပစ်မှတ်က မြို့စားကြီး အိမ်တော်လေ။ ကျုပ်တို့အနေနဲ့ မြို့စားကြီးအိမ်တော်ကိုသာ ဖျက်ဆီးနိုင်မယ်ဆိုရင် မြို့စားကြီး အိမ်တော်ရဲ့ ဌာနေ မြေတည်နေရာတွေ အကုန်လုံးကို ပြန်ရမယ်။ သူတို့ရဲ့ စစ်တပ်အင်အားကိုလည်း ရလိမ့်မယ်။ ဒါဆိုရင် ကောင်းမွန်တဲ့အရာတစ်ခု ခင်ဗျား လုပ်ခဲ့တာလို့ သက်ရောက်တယ်။ ဒုတိယမြို့တော်ဝန်နေရာက ခင်ဗျားအတွက် ဖြစ်လာလိမ့်မယ်”

ထျန်းဟန်က ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ “ကောင်းပါပြီဆရာ”

........

ထျန်းဟန်သည် ရှမ့်လန်ဆီသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။

“ငါ မင်းကို ကတိပေးတယ်။ အားလုံးရှေ့မှာ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်။ မင်းအခု ထွက်သွားတော့” ထျန်းဟန်က ပြောဆိုလိုက်၏။

ရှမ့်လန်သည် ခေါင်းကို ခါယမ်းလိုက်သည်။ “မဟုတ်ဘူး။ အဲတာ ခုဏတုန်းက ပြောခဲ့တဲ့ ဈေးနှုန်း။ အခု ပြောင်းသွားပြီ။ ခင်ဗျားရဲ့ တခြားတပည့်တစ်ယောက်ဖြစ်တဲ့ နံပါတ်ဆယ့်လေးကလည်း ကျုပ်ကို အော်ငေါက်ခဲ့တယ်။ ကျုပ်ခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ ခြေတွေ၊ လက်တွေကို ရိုက်ချိုးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ သူ့ကြောင့် နှလုံးခုန်နှုန်းတွေ မငြိမ်တော့လို့ မိန်းမထည့်ပေးလိုက်တဲ့ နှလုံးငြိမ်ဆေး ငါးလုံး ထုတ်သောက်လိုက်ရတယ်”

“ရှမ့်လန်.. ချီးတဲ့မှ။ မင်း ဘာလုပ်ချင်တာလဲ”

ရှမ့်လန်၏ စကားကို ကြားရချိန်မှာတော့ ထျန်းဟန်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးများသည် ပြောင်းပြန်စီးနေသလိုပင်။

ငါ မင်းကို သတ်ချင်တယ်။ ငါ မင်းကို သတ်ချင်တယ်။

ထျန်းဟန်သည် ထိုစကားစုကို စိတ်ထဲတွင် အထပ်ထပ် ရွတ်ဆိုလျက် ရှိနေ၏။ သို့သော်လည်း ထိုအရာကို စိတ်ထဲမှာသာ ပြောဆိုနိုင်၏။

“ခင်ဗျား သဘောမတူဘူးလား”

ရှမ့်လန်သည် နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆိုရင်ကျုပ်ရဲ့ဈေးနှုန်းက ထပ်ပြီး ပြောင်းလဲရတော့မယ်။ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုး၊ နံပါတ်ဆယ့်လေးရဲ့ လက်တွေ၊ ခြေထောက်တွေကို ရိုက်ချိုးရုံတင် မဟုတ်တော့ဘူး။ ကျုပ်မိဘအိမ်ကို စေလွှတ်လိုက်တဲ့ ခင်ဗျားတို့အဝတ်နက်ဂိုဏ်းက အဖွဲ့ဝင်တွေအားလုံးရဲ့ ခြေထောက်ကိုလည်း ရိုက်ချိုးရတော့မယ်”

ထျန်းဟန်သည် မျက်လုံးကို စုံမှိတ်ထား၏။ သူ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာသောကြောင့်ပင်။ ဦးခေါင်း တစ်ခုလုံးပင် မူးနောက်နောက် ဖြစ်နေပြီး ချက်ချင်းဆိုသလိုပဲ ထကာ သတ်ဖြတ်ချင်စိတ်များဖြစ်နေ၏။ သူသည် ရှမ့်လန်ကို အပိုင်းပိုင်းအစစ ခုတ်ပိုင်း သတ်ဖြတ်ချင်၏။ သို့ပေမဲ့ သူ ထိုအရာကို ပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် အဆုံးသတ်သွားပေလိမ့်မည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် အခြေခံအားလုံးသည် ပျောက်ကွယ်သွားပေလိမ့်မည်။

လက်ရှိအချိန်တွင် သူသည် ရှမ့်လန်လို ခွေးသူတောင်းစား၏ ဆန္ဒကို လိုက်လျောရမည့် အခြေအနေမျိုး ဖြစ်နေ၏။ သို့သော်ငြား တခြားနည်းလမ်း မရှိချေ။ သူ လိုက်လျောရပေတော့မည်။

ရှမ့်လန်သည် နေ့စဉ်နေ့တိုင်း ဆိုသလို လောင်းကစားသမား တစ်ရာကျော်တို့ကို ခေါ်ဆောင်လာခဲ့ပြီး သူ့ကို ဒုက္ခပေးနိုင်၏။ သူ၏ လောင်းကစားရုံ ထာဝရပိတ်ပင်ထားမှသာလျှင် ဤပြဿနာက ပြီးဆုံးမှာဖြစ်၏။ သို့ပေမည့် နေ့တိုင်း ပိတ်ထားပါကလည်း မြို့တော်ဝန်အိမ်ရာနှင့် အုပ်ချုပ်ရေးအဖွဲ့ဆီမှလူများသည် သူ့ကို နုတ်နုတ်စင်း ပေလိမ့်မည်။ သောက်ကျိုးနည်းအခြေအနေပါတကား။

ရှမ့်လန်.... စောင့်နေလိုက်။ စောင့်နေလိုက်စမ်း။

ထျန်းဟန်သည် စိတ်ထဲတွင် အထပ်ထပ် ကြိမ်းဝါးလျက်ရှိ၏။ မျက်လုံးများကို ပြန်ဖွင့်ပြီး ထျန်းဟန်သည် စကား တစ်ခုချင်းစီကို သေသေချာချာ ပြောဆိုလိုက်၏။ “ကောင်းပြီ။ ငါ နံပါတ်ဆယ့်သုံးရဲ့ ခြေထောက်ကို ရိုက်ချိုးမယ်။ နံပါတ်ဆယ့်လေးရဲ့ လက်နဲ့ခြေထောက်ကို အားလုံးရှေ့မှာ ရိုက်ချိုးမယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါတင် မဟုတ်သေးဘူးလေ။ ခင်ဗျား သူတို့ကို အဝတ်နက်ဂိုဏ်းကနေ နှင်ထုတ် လိုက်တော့။ ခင်ဗျား သူတို့ဆီကို သွားလို့ မရဘူး။ ပြီးတော့ လူတွေကို စေလွှတ်ပြီးတော့လည်း သူတို့ကို ထောက်ပံ့လို့ မရဘူး။ ပြီးတော့ သူတို့ကို ကုသပေးဖို့အတွက် သမားတော်တွေကိုလည်း စေလွှတ်လို့ မရဘူး။ ပိုက်ဆံလည်း ပေးလို့မရဘူး။ အတိုချုပ် ပြောရမယ်ဆိုရင် သူတို့ဘာသူတို့ ဆက်ပြီး ရပ်တည်နေထိုင်ဖို့ပဲ။ ဒီလူနှစ်ယောက်က ပိုပြီးကောင်းမွန်တဲ့ဘဝမှာ နေထိုင်နေတယ်လို့ ကျုပ်သိတယ်ဆိုရင် ကျုပ် ထပ်ပြီး ပြန်လာခဲ့မယ်။ ပြီးတော့ လောင်းကစားရုံထဲမှာရှိတဲ့ လူတွေအားလုံး ဒုက္ခရောက်အောင် ကျုပ်လုပ်ပစ်မယ်”

“ကောင်းပြီ။ ငါမင်းကို ကတိပေးတယ်။ ငါ အရာအားလုံး ကတိပေးတယ်”

…………..

လူချမ်းသာ လောင်းကစားရုံ၏ အဝင်ဝတွင်တော့ နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေးတို့သည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်နေ၏။ ၎င်းတို့၏ မျက်နှာထက်တွင်တော့ နာကြည်းမှုများ ပြည့်နှက်လျက် ရှိနေ၏။ ပတ်ဝန်းကျင် တည်နေရာတွင် လူပေါင်းထောင်ကျော် ရှိနေပြီး အရေအတွက်သည် အဆမတန် တိုးပွားလျက် ရှိနေ၏။ တစ်စုံတစ်ခု ကြီးမားသော အကြောင်းအရာသည် ဖြစ်လာခဲ့၏။

နံပါတ်ဆယ့်သုံးနှင့် နံပါတ်ဆယ့်လေးတို့သည် ထျန်းဟန်၏ အတော်ဆုံးသော ဂိုဏ်းသားများဖြစ်၏။ ၎င်းတို့သည် ရွှမ်ဝူမြို့၏ ကာကွယ်ရေးတပ်သားများလည်း ဖြစ်သည်။ ၎င်းတို့ အပြင်ဘက်သို့ လှည့်လည်ကာ သွားသည်ဆိုပါက မည်သူမှသည် မျက်နှာချင်းဆိုင်ကာ မကြည့်ရှုရဲခဲ့ကြချေ။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ဤနှစ်ယောက်တို့သည် ဒူးထောက်ကာ ထိုင်လျက်ရှိနေ၏။ မည်သူ့ကို ပြဿနာရှာခဲ့သနည်း။

လူအုပ်ကြီးကို လှမ်းကာကြည့်ရှုပြီးနောက် ထျန်းဟန်သည် တကယ်ပဲ ခြေလက်များကို ရိုက်ချိုးရန် စီစဉ် နေလေသည်လား။ သူ မလုပ်ချင်ပေ။ သို့သော်ငြား လုပ်ကို လုပ်ရပေလိမ့်မည်။ မဟုတ်ပါက ထိုခွေးသူတောင်းသား ရှမ့်လန်ဆိုသူသည် သူ့ကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။

“နံပါတ်ဆယ့်သုံး၊ နံပါတ်ဆယ့်လေး… မင်းတို့က ငါ့ရဲ့ ဂိုဏ်းသားတွေပဲ။ ငါ မင်းတို့ကို ဘယ်လောက် တန်ဖိုး ထားတယ်ဆိုတာ မင်းတို့သိတယ်”

ထျန်းဟန်သည် ကြီးမြတ်သည့် ဂုဏ်သိက္ခာနှင့်အတူ တစ်လုံးချင်း ပြောဆိုလိုက်၏။ “ဒါပေမဲ့ မင်းတို့ရဲ့ သခင်လေး ရှမ့်လန်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးရန်ငြိုးတွေကြောင့် ပြဿနာကြီးတက်ခဲ့တယ်”

ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ လာရောက်ကြည့်ရှုကြသည့် လူပေါင်းများစွာတို့သည် ထျန်းဟန်ကို ထူးဆန်းသလို လှမ်းကာ ကြည့်ရှုလိုက်၏။ တကယ် ရှမ့်လန်ကြောင့် ဖြစ်ခဲ့လေသည်လား။

ထျန်းဟန်၏ မျက်နှာထက်တွင် ကြီးမားသည့် ခံစားချက်မျိုး ဖြစ်တည်လျက် ရှိနေ၏။ သို့သော်လည်း သူသည် ပြုလုပ်ရမည့် အကြောင်းအရာကို ကျိန်းသေပေါက် ပြုလုပ်ရပေမည်။ ရှုံးနိမ့်သူတစ်ယောက်အတွက် အကြောင်းပြချက် ၊ ဆင်ခြေများမလိုချေ။

“သခင်လေး ရှမ့်လန်… ရွှမ်ဝူအိမ်တော်ရဲ့ သမက်တစ်ယောက် ဖြစ်ရုံတင် မကဘူး။ ငါ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ပဲ။ ထျန်းဟန်.. ငါက ကျင့်ဝတ်မညီခဲ့တဲ့ ဒီဂိုဏ်းသားနှစ်ယောက်ကို အပြစ်ပေးရမယ်”

ထျန်းဟန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ငါသာ ပြင်းပြင်းထန်ထန် အပြစ်မပေးဘူးဆိုရင် မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လို စောင့်ရှောက်ရတော့မှာလဲ။ လာစမ်း။ ငါ့ကို တုတ်ပေးစမ်း”

ရုတ်တရက် တခြားသောဂိုဏ်းသားတစ်ယောက်က ရောက်ရှိလာပြီး လုံးပတ်ကြီးကြီးနှင့် ရှည်လျားသော တုတ်ကြီးကို ယူဆောင်လာခဲ့သည်။

ထျန်းဟန်သည် ထိုအရာကို ယူလိုက်၏။ သက်မကိုချပြီးသည့်နောက် နံပါတ်ဆယ့်သုံး၏ အရှေ့ဆီသို့ လျှောက်သွားလိုက်၏။

“ဆယ့်သုံး.. မင်း ငါ့ကို အပြစ်မတင်နဲ့” ထျန်းဟန်က တီးတိုးပြောလိုက်သည်။

နံပါတ်ဆယ့်သုံးသည် မည်သို့မှ မတုံ့ပြန်ချေ။ သူ၏ အမူအရာက တည်ငြိမ်လျက် ရှိနေ၏။ ဤအရာသည် ထျန်းဟန်ကို ဒေါသထွက်စေခဲ့၏။

“မင်း မကျေနပ်ဘူးလား။ ငါ့ကို မကျေနပ်ဘူးလား”

ထျန်းဟန်သည် တုတ်ကို မြှောက်ကာဖြင့် ဆယ့်သုံး၏ခြေထောက်အား ရိုက်ချလိုက်သည်။

ဂျွတ် ...။

နံပါတ်ဆယ့်သုံး၏ ခြေထောက်နှစ်ချောင်းလုံးက ကျိုးသွားခဲ့၏။

“ဟင်း”

အစမှ အဆုံးအထိ ၎င်းသည် တီးတိုးအသံ တစ်ခုကိုသာ ရေရွတ်လိုက်၏။ ကျယ်လောင်စွာ အော်ဟစ်ခြင်း မပြုခဲ့ချေ။ ဒဏ်ရာရရှိသည့် သားရဲတစ်ကောင်ကဲ့သို့ပင် တီးတိုးလူးလိမ့်လျက် ရှိ၏။ တစ်ချက်ကလေးမှ အော်ငြီးခြင်း မရှိချေ။

နံပါတ်ဆယ့်လေးမှာတော့ ဤကဲ့သို့သော သတ္တိမျိုး မရှိချေ။ ထို့ကြောင့် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေ၏။ သူသည် ဂိုဏ်းချုပ်မျက်နှာနှင့် ရှမ့်လန်ကို အပြစ်ပြုခဲ့ခြင်းဖြစ်၏။ သူလုပ်ခဲ့သမျှ အရာအားလုံးသည် အဝတ်နက်ဂိုဏ်း ကောင်းစားဖို့သာလျှင်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ၏ ခြေထောက်နှင့် လက်များကို ရိုက်ချိုးတော့မည်လား။ ဤလောကကြီးတွင် တရားမျှတမှုဆိုသည်မှာ ရှိသေးရဲ့လား။

ရှမ့်လန်နှင့် ပြဿနာတက်ခဲ့သူသည် ဂိုဏ်းချုပ်သာလျှင်ဖြစ်၏။ ရှမ့်လန်ကို ရှုံးခဲ့သည့်လူကလည်း ဂိုဏ်းချုပ်ပင် ဖြစ်သည်။ အဘယ့်ကြောင့် စတေးခံရသည့်လူသည် သူနှင့်အစ်ကို ဆယ့်သုံးတို့ ဖြစ်နေရသနည်း။

“ဂိုဏ်းချုပ်… ကျုပ်တို့က ခင်ဗျားရဲ့ အချစ်ဆုံး တပည့်တွေဆို”

ရုတ်တရက် နံပါတ်ဆယ့်လေးက အော်ဟစ် လိုက်၏။ “ကျုပ် လက်မခံနိုင်ဘူး”

ထျန်းဟန်သည် ရုတ်တရက် ဒေါသထွက်သွားခဲ့၏။ နံပါတ်ဆယ့်လေးသည် သိက္ခာကျစွာဖြင့် အော်ဟစ်လျက် ရှိနေ၏။ လူမိုက်များသည် မည်သို့သောအခြေအနေမျိုးတွင်မဆို မိုက်ဂုဏ်ကို ပြသသင့်သည်။ ထို့ကြောင့် ချက်ချင်းပဲ တုတ်ကို မြှောက်ကာဖြင့် နံပါတ်ဆယ့်လေး၏ ခြေထောက်များကို ရိုက်ချိုးလိုက်တော့သည်။

အား….

ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နံပါတ်ဆယ့်လေး၏ ခြေထောက်သည် သွင်သွင်ကျိုးသွားခဲ့သည်။ သို့သော်လည်း ထျန်းဟန်က မရပ်တန့်ခဲ့ချေ။ အံကိုကြိတ်ကာဖြင့် တုတ်နှင့် လက်များအား အငြိုးတကြီး ထပ်မံ ရိုက်ချိုးလျက်ရှိ၏။

“ဖြောင်း .. ဖြောင်း …”

All Chapters