( ဆိုင်တစ်ဆိုင်ကို အပြင်ပုံကြည့်ပြီး မဆုံးဖြတ်ပါနဲ့)
Vol. 9 Ch. 113
ထျန်းလု အနောက် တံခါးကို လက်ညိုးလှည့်ထိုးပြလိုက်သည်။
ထျန်းလုရဲ့ လက်ညိုးနောက်ကို လိုက်ကြည့်နေရင်း…
ထိုကောင်မလေးရဲ့ မျက်နှာက တွန့်လိမ်သွားသည်။
“...”
'အဲ့ဒါ စွန့်ပစ်အိမ်ကြီးလေ’
စွန့်ပစ်အိမ်ကိုမှ အရမ်းအိုဟောင်းနေတဲ့ စွန့်ပစ်အိမ်။
ယိုင်နဲ့နေတဲ့ ခေါင်မိုးအပြင် ဘေးကနံရံကလဲ တိုက်ပွဲဒဏ်ထိထားသလို မီးလောင်ရာက ရှိနေသေးသည်။
ဒါပေမဲ့ ထူးဆန်းဖို့ကောင်းစွာ သန့်ရှင်းနေတာပဲ။
ဘယ်လို အနံ့စူးစူးမှ မထွက်နေသလို…
အောက်ခြေမှာ ဘယ်လို ဗွက်ထနေတာမျိုးမှ မရှိဘူး။
တစ်ခြားဘေးမှာ ရှိတဲ့ ကောင်းကင်ဘုံကို အမျက်ထွက်အောင်လုပ်မိလို့ ဒဏ်သင့်နေပုံရှိတဲ့ စွန့်ပစ်အိမ်တွေနဲ့ ယှဥ်ကြည့်လိုက်ရင်… ဒီတစ်ခုက ကောင်းကောင်း ထိန်းသိမ်းခံထားရုံ ပေါက်လေ၏။
ဒါပေမဲ့ စုတ်ပြတ်တာတော့ စုတ်ပြတ်ဆဲပဲ။
‘ ငါအရင်က ဒီကိုဖြတ်သွားဖူးပါတယ်။ သာမာန်အိမ်စုတ်တစ်ခုထက် မပိုတာ သေချာပါတယ်ဟ’
‘ကျိန်စာသင့်နေတဲ့ အိမ်တောင် ဖြစ်ရင်ဖြစ်နေအုံးမှာ’
ဒါပေမဲ့ အရောင်းဆိုင်တဲ့လား?
သူမ ထျန်းလုကို မျက်လုံးများ ကျဥ်းမြှောင်းစွာ ကြည့်လိုက်ပြီး
“ဒါက အရောင်းဆိုင်လို့ ဘယ်သူ့သွားပြောပြော ယုံမှာမဟုတ်ဘူး”
“ အရောင်းဆိုင်ပဲ” ထျန်းလုပြောရင်းနဲ့ အနောက်ကတံခါးကို လက်ဆစ်နဲ့ ခေါက်လိုက်သည်။
ဒတ်!
အနောက်က တံခါးကလဲ ငြင်းဆိုဟန်ဖြင့် အသံပြန်ပြုလာ၏။
သူမပိုပြီး မျက်မှောင်ကြုတ်မိသွားသည်။
သူမ ထျန်းလုရဲ့လက်ထဲက အာလူးကြော်ကို ပြန်ကြည့်ရင်း
“ ဒီအရာက တစ်ခြားနယ်မြေက အဆင့်မြင့် ရှားပါးအစားအသောက်လား?”
ထျန်းလု ပြန်မဖြေပေ။
ဒါကြောင့် သူမ ထပ်ပြောလိုက်သည်။
“ နင့်မှာရှိသေးလား? ငါဝယ်မယ်”
ခဏလောက်တုံ့ဆိုင်းသွားပြီးနောက်မှာ သူမက ထပ်ပြောပြန်သည်။
“ ငါက ချမ်းသာနေတာဘာညာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မွဲနေတာလဲ မဟုတ်ဘူး”
“ပုတ်သင်ညိုလေးက အကောင်တစ်ချို့ ဖမ်းပေးတယ်။ ငါတို့က အစိတ်အပိုင်းတွေကို ရောင်းစားပြီး ငွေပြန်ရှာတာပဲ”
ပုတ်သင်ညိုလေးက ဂုဏ်ယူစွာဖြင့် နှာမှုတ်သံတစ်ချက်ပေးကာ အမြှီးယမ်းပြလေ၏။
ကောင်မလေးက ထျန်းလုဘက်ကို ပြန်ကြည့်လိုက်ကာ
“ နင်မရောင်းချင်လဲ မရောင်းနဲ့။ လိမ်ဖို့မလိုဘူး။ မရောင်းချင်ဘူးဆိုလဲ မရောင်းချင်ဘူးပြောလိုက်”
ထျန်းလု မျက်တောင်သာ ခတ်နိုင်တော့သည်။
ထို့နောက်မှာ အနောက်ကအိမ်ကို လှည့်ကြည့်လိုက်သည်။
သူ မျက်တောင် ပြန်ခတ်မိပြန်ပြီ။
ထို့နောက်မှာ သူကိုယ်တိုင်ပဲ အိမ်ရှေ့သွားကာ ယိုင်နဲ့နဲ့ တံခါးကို ဖွင့်ပေးလိုက်တော့၏။
အထဲမှာ အမှောင်ထုသာ မြင်ရသည်။
ဘာအလင်း ဘာတောက်ပမှုမှ မရှိသည်က မနက်ခင်းရဲ့နေရောင်တောင် မကျရောက်နေဘူး။
မှောင်မဲနေတဲ့ အမှောင်ထုကသာ ကြီးစိုးနေ၏။
သူမဘာကိုမှ မမြင်ရဘူး။
အခု ရောက်နေတာ မနက်ခင်းပဲ။ ဒီတော့ အနည်းဆုံး အလင်းတစ်ချို့တော့ ဝင်ရောက်နေသင့်တာလေ။
ဒါပေမဲ့ဘာအလင်းမှ မရှိနေဘူး။ နေရောင်ရဲ့ အလင်းတန်းအောက်မှာ ပုံမှန်မြင်တွေ့နေကျ အလင်းမှုန်တွေလဲ မတွေ့ရဘူး။
အဆုံးမရှိတဲ့ လှိုက်ဂူကြီးထဲကို စိုက်ကြည့်နေရသလိုပဲ။
သူမရဲ့ စိတ်ဝိညာဥ်အာရုံခံမှုကို သုံးကြည့်လိုက်သည်။
ဘာမှမထူးခြားဘူး။
တူညီတဲ့ တွင်းနက်ကြီး ဖြစ်နေဆဲပဲ။
‘ဘာကြီးလဲ?’ သူမ ရှုတ်ထွေးစွာ တွေးလိုက်သည်။
ဒါကတစ်ကယ်ပဲ အိမ်တစ်ခု ဟုတ်ရဲ့လား?
ဖုံးကွယ်ထားတဲ့ လျှို့ဝှက်နယ်မြေများလား?
ဖြစ်နိုင်တာက အထဲကို မဝင်မချင်း အမှန်တရားကို မသိရတဲ့ ပုံရိပ်ယောင် အစီအရင်တစ်ခုခုကို သုံးထားတာများလား?
ပုတ်သင်ညိုလေးလဲ နေရာမှာ အေးခဲသွားပြီး ယမ်းနေတဲ့ အမြှီးပင်တောင့်သွား၏။
ပုတ်သင်ညိုက နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့ အနားတိုးလာကာ အရိပ်တွေကြားက အမှန်တရားကို အနံ့ခံကြည့်ဖို့ ကြိုးစားလေပြီ။
‘ ငါတို့တစ်ကယ်ပဲ ဝင်သွားသင့်လား?’
ဒါက အန္တရာယ်များနိုင်သည်။
ထောင်ချောက်ပင် ဖြစ်နိုင်သည်။
ဒါပေမဲ့ သူမ ဆုံးဖြတ်ချက် မချရသေးခင်မှာပဲ…
ပုတ်သင်ညိုက အရှေ့တိုးကာ ဝင်သွားလေ၏။
စစ်တိုက်ထွက်မဲ့ စစ်သူကြီးတစ်ကောင်လို ခေါင်းမော့ရင်ကော့နှင့်…။
“ဟေး!”
သူမ အော်ရပြီ။ ဒါပေမဲ့ သူမ အရမ်းနောက်ကျသွားပြီ။
သူမရဲ့သားရဲက အမှောင်ထဲမှာ ပျောက်ကွယ်သွားလေပြီ။
ကိုယ့်နှာဖူးကိုယ်သာ ရိုက်နိုင်တော့သည်။ ထျန်းလုကို သံသယဝင်စွာ စိုက်ကြည့်လိုက်ရင်း
“ အထဲမှာ တစ်ခုခုဖြစ်ခဲ့လို့ကတော့ နင့်အမှားပဲ။ ငါနင့်ကို ပုတ်သင်ညိုစာ ကျွေးပစ်မယ်”
“ ငါ့နာမည်က ယို့ရူယွဲ့အာ မှတ်ထားလိုက်”
သူမခဏရပ်သွားပြီး လည်ပင်းကို ဆတ်ခနဲမော့လိုက်ကာ
“ ပြီးငါ့ကို ကလေးတစ်ယောက်လို လာမဆက်ဆံနဲ့ကြားလား?”
“ ငါ့ရုပ်က ကလေးရုပ်ပေါက်နေရင်တောင်မှ ငါရှင်သန်ခဲ့တာက မင်းအဖွားဖြစ်ဖို့ လုံလောက်နေပြီ”
ဒီလိုနဲ့ပဲ သူမလဲ အမှောင်ထဲ ပျောက်ကွယ်သွားသည်။
သူမဝင်သွားသည်နှင့် သစ်သားတံခါးကလဲ အလိုအလျောက် ပိတ်သွားခဲ့သည်။ ဘယ်သူမှလဲ မထိသလို လေလဲမတိုက်ဘူး။
အလိုအလျောက် ပိတ်သွားတာပင်!
“ ဒီလိုဆိုတော့လဲ အဆင်ပြေသားပဲ”
ထျန်းလု ပြောပြီးနောက်မှာ အာလူးကြော်ကို ဆက်စားနေလိုက်တော့သည်။
ယို့ရှုယွဲ့အာ အထဲရောက်သည်နှင့် အလင်းတွေက တန်းဝင်ရောက်လာ၏။
မျက်စိရှေ့တည့်တည့်မှာ ရပ်နေတဲ့ စိတ်ဝိညာဥ်သားရဲကို မြင်လိုက်သည်နှင့်…
သူမ လက်မြှောက်ကာ ခေါင်းကို ခတ်နာနာရိုက်ပြီး သင်ခန်းစာပေးဖို့ ပြင်လိုက်သည်။
“ မင်း ငတုံး!”
ထိုအချိန်မှာပဲ သူမ ရပ်သွားပြီး…
“....”
နေအုံး!
ဒီမှာဘာလို့ အရမ်းတောက်ပနေတာလဲ?
ပြီးတော့ဘာလို့ အနံ့ကလဲ အရမ်းမွှေးနေတာလဲ?
မျက်တောင်တစ်ဖြတ်ဖြတ်ခတ်ရင်း ပတ်ပတ်လည်ကို ရှုတ်ထွေးစွာ ကြည့်မိသွားသည်။
ပျော်ရည်ပြာနယ်မြေကြီးမှာရှိတဲ့ ဘယ် စွန့်ပစ်အိမ်ကမှ အခုလို ပုံစံမရှိဘူး။
အရေပြားကို အေးစက်တဲ့ လေပြေအေးလေး တိုက်ခတ်နေပြီး တစ်ဆိုင်လုံးလဲအရမ်း သန့်ရှင်းနေသည်။
အရမ်းကိုပင်။
နံရံရှေ့မှာ မျက်နှာမူပြီးထိုင်နေတဲ့ ကျင့်ကြံသူလေးယောက်ကိုလဲ သူမတွေ့သည်။ မျက်ဝန်းများ ပိတ်ထားသည်ကြောင့် ကျင့်ကြံနေကြဟန်ရှိသည်။
ဒါပေမဲ့ ထိုလေးယောက်ထဲက တစ်ယောက်ရဲ့ လက်ထဲတွင် ထူးဆန်းတဲ့ပုံစံရှိတဲ့ ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားလေ၏။
ဘေးက ကောင်မလေးတွင်လဲ အတူတူပင်။
ယို့ရှုယွဲ့အာရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။
ဒါက အရောင်းဆိုင်လား?
သူမ အနောက်ကို ခပ်ဖြည်းဖြည်းလှည့်ရင်း စင်တွေကို အကဲခတ်လိုက်သည်။
ဆိုင်ရဲ့ရောင်းကုန်သည် အများကြီးမရှိချေ။ ဒါပေမဲ့ သပ်ရပ်စွာ စီတန်းထားသည်မို့ ကြည့်ရတာ သပ်ရပ်၏။
တောက်ပတဲ့အရောင်အဝန်းရှိသော ပစ္စည်းတွေကို စင်အပြည့်ဖြည့်ထားသည်။
နာမည်တွေကလဲ ဆန်းကြယ်သည်။
သူမ ကြည့်နေရင်း အနီးအနားရှိထိုင်ခုံက တစ်စုံတစ်ယောက်ကြောင့် နှုတ်ခမ်းတွေ ပွင့်ဟသွားခဲ့သည်။
ဒါဟိုအရူး.ကျားအိုကြီးကျောင်းမလား?
ဒီလူ ဒီမှာဘာလုပ်နေတာလဲ?
ဘယ်လိုကြောင့် သူ့ရဲ့လက်ထဲမှာ ဟိုအစောကလူလို အာလူးကြော်ထုပ် ရှိနေတာလဲ?
သူမ သွားတော့မဲ့အချိန်မှာပဲ…
“ကြိုဆိုပါတယ်”
ကောင်တာနောက်မှ တည်ငြိမ်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူမ လှည့်ကြည့်လိုက်တဲ့အခါမှာ…
ပျင်းရိစွာ ကောင်တာမှာမှီနေတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်လေ၏။
‘ ဆိုင်ရှင်လား?’ ယို့ရှုယွဲ့အာ မှန်းလိုက်သည်။
သူမ ဆိုင်ရှင်ကို ခေါင်းတစ်ချက် ညိတ်ပြပြီးတာနဲ့ ပုတ်သင်ညိုဘက်လှည့်ပြီး နှာခေါင်းကို လက်ဆစ်နဲ့တောက်လိုက်ကာ
“ ကောင်းကောင်းပြုမူ” သူမ ခပ်တိုးတိုး ပြောလေ၏။
ပုတ်သင်ညိုက ခပ်တိုးတိုး ပြန်ညည်းပြီး မခုခံခဲ့ပေ။
ထို့နောက်မှာတော့ ထိုလူထူးဆန်းကို ကြည့်လိုက်၏။
ဒီနေရာမှာ သူမရဲ့ စိတ်ဝိညာဥ်အာရုံခံမှုကို ကောင်းကောင်း အသုံးပြုနိုင်သွားပြီ။
ဒါပေမဲ့ ဒီမှာရှိတဲ့ကျင့်ကြံသူတွေက အကုန်သူမထက် အဆင့်မြင့်သည်။ ဒါကြောင့် သူတို့ရဲ့ နယ်ပယ်အတိအကျကို သူမ အာရုံမခံနိုင်ပါချေ။
ဆိုင်ရှင်မှ လွဲ၍ပေါ့။
ဆိုင်ရှင်ရဲ့ ကျင့်ကြံဆင့်က သူမထက် အနည်းငယ်သာ နိမ့်သည်။ ဒါပေမဲ့ ထိုသူရဲ့ ပတ်ပတ်လည်က ချီစွမ်းအင်က.. အရမ်းသန့်စင်သည်။
မဖြစ်နိုင်လောက်အောင်.တည်ငြိမ်မှုရှိသည်။
ဒီလိုနဲ့ သူမရဲ့ အာရုံက အရှေ့က စင်တွေဘက်ကို ပြန်ရောက်သွားခဲ့သည်။
ဒီမှာပဲ။ ဆန်းကြယ်တဲ့အရာ..
မူရင်းအရသာ အာလူးကြော်!
ထိုအချိန်မှာ ကောင်တာအနောက်ရှိ ဟောင်ရဲ့ မျက်လုံးများ မှေးကျဥ်းနေလေ၏။
သူ အာရုံစိုက်နေတာ ကောင်မလေးကို မဟုတ်ဘူး။
သူ့ရဲ့ မျက်လုံးတွေ ကပ်ညှိနေတာက…ကောင်မလေးရဲ့ နောက်မှာ ချစ်စရာကောင်းတဲ့ ပုံစံနဲ့ ထိုင်နေတဲ့ မိကျောင်းလို သတ္တဝါဆီမှာပဲ။
ကျယ်ပြန့်တဲ့ ပါးစပ်ကြီးရယ် ကြီးမားတဲ့ လက်ချောင်းတွေရယ်…ပြီးတော့ ဘေ့စ်ဘောတုတ်လို ရိုက်လို့ကောင်းတဲ့ အမြှီးတုတ်တုတ်ကြီးလဲရှိသည်။
ထိုကောင့်မှာ ထူးဆန်းစွာ မျက်ခုံးမွှေးပါ ရှိနေသေးသလိုပဲ။
ထိုသတ္တဝါက ဆိုင်ရဲ့ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေပြီး ဝေဖန်တဲ့ဟန်ဖြင့် နှာသံပါ ပြုနေသေးသည်။
‘စနစ်… အဲ့ကောင်ကို အထဲဝင်ခွင့်ပြုတယ်လား?’
(ပြဿနာ မရှာသရွေ့ ဝင်လို့ရတယ် ပိုင်ရှင်။ ဘယ်လိုသက်ရှိမဆို ဝင်လို့ရတယ်။ မီးနဲ့အသက်ရှုရင်ဖြစ်ဖြစ်၊ သတ္ထုကိုစားရင် ဖြစ်ဖြစ်၊ ရှေးဟောင်းသားရဲ ဘာသာစကားနဲ့ ပြောနေရင်ဖြစ်ဖြစ်၊ ခေါင်းခုနှစ်ဆယ်လောက် ပါနေရင်ဖြစ်ဖြစ် ရတယ်။ အပြိုင်ကမ္ဘာကုန်စုံဆိုင်က ခွဲခြားခွဲခြား မဆက်ဆံဘူး)
ဟောင် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်ပြီး ယို့ရှုယွဲ့အာကို ပြန်ကြည့်လိုက်သည်။
သူမရဲ့ပုံစံက ရှီရှီလေးထက် သိပ်ကြီးမဲ့ပုံ မရှိဘူး။
ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုထက်တော့ သေချာပေါက် ငယ်သည်။
ပြီးတော့.. သူမရဲ့ပုံစံကလဲ ‘ငါကဝိညာဥ်မီးတောက် မြို့တော်'ကလို့ အော်ဟစ်ပြောနေတဲ့အတိုင်းပဲလေ။
သူမက သားရဲထိန်းကျောင်းသူလား?
ဟောင်ရဲ့ မျက်လုံးတွေ လက်သွားပြီ။ ဒီကျင့်ကြံရေးလောကမှာ သားရဲထိန်းကျောင်းသူတွေရှိတယ်ပေါ့!
ဒါဆိုမိုက်ပြီ။
ဧရာမပုတ်သင်ညိုကြီးကို အိမ်မွေးတရိစ္ဆာန်လို မွေးထားတာလား? သေချာပေါက် ခပ်ဆိုးဆိုး ကလေးမပဲ။