( Sss အဆင့်ရှိ ထိပ်သီးအာလူးကြော်ကြောင့် အထူးကျေးဇူးတင်နေသော သားရဲကြီး) ရေခဲမုန့်ရဲ့ပုံစံက ငါ့ကိုအရမ်းဆွဲဆောင်နေလို့…
Vol. 9 Ch. 115
ငါအရမ်းစားချင်နေလို့ မဟုတ်ဘူးဆိုတာ ယုံလိုက်။
အခုက မျှတမှုကြောင့်ပဲ။ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ အခွင့်အရေးရဖို့နဲ့ သက်ဆိုင်နေလို့ပဲ။
တည်တင်းတဲ့မျက်နှာနဲ့ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် သူမ ဝိညာဥ်ကျောက်တုံး ပေးလိုက်ကာ ဆိုင်ရှင်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။
သူမရဲ့လက်ထဲမှာ ကိုင်ထားတဲ့အရာက.. ရေခဲမုန့် မဟုတ်ဘူး။
ဒါက အနုပညာပဲ။ ဖြူဖွေးတဲ့အရောင်အဆင်း ရှိတဲ့ သန့်စင်တဲ့ကောင်းကင်ဘုံရဲ့ အစားအသောက်ပဲ။
ပုံရိပ်ယောင်ထဲက ပုံစံထက်တောင် ပိုမိုက်သေးသည်။
နည်းနည်းလေးမှ လူကို စိတ်မပျက်စေဘူး။
ပထမတစ်ကြိမ် နဲ့တင် သူမရဲ့ မျက်ခွံတွေကို တစ်ဖြတ်ဖြတ် ဖြစ်သွားစေခဲ့သည်။
ဒုတိယတစ်ကြိမ်မှာ သူမ အသက်ပင် ကောင်းကောင်း မရှုနိုင်တော့ဘူး။
ဒါပေမဲ့ တတိယအကြိမ်လား? တတိယကြိမ်မှာ သူမက မျက်လုံးပါမှိတ်ပြီး အရသာခံနေပြီလေ။
မသိရင် ကောင်းကင်ဘုံကို တက်လှမ်းသွားသည့်အတိုင်းပဲ။
ခေါင်းထဲမှာ ဘာအတွေးမှမရှိတော့ဘူး။
ထိုအချိန်မှာ ဟောင် ကတော့ ပုတ်သင်ညိုကောင်ကို ကြည့်နေလေရဲ့။
ဒီကောင်က ထို ငယ်ရွယ်ပုံပေါက်တဲ့ အမျိုးသမီးကြီးရဲ့ အဖော်ပေါ့။
အခုချိန်မှာ အာလူးကြော်တစ်အိပ်လုံး အခွံဖြစ်သွားရပြီ။
အာလူးကြော်အကြေတွေက ကြမ်းပြင်မှာ ပေပွနေပြီး ထိုသားရဲအတွက် စိတ်ကျေနပ်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။
ပုတ်သင်ညိုကောင်က ရုတ်တရက်ကြီး မလှုပ်ရှားတော့ပေ။
ထိုအကောင်ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ နေရာမှာတင် ကြွက်သားတွေက မလှုပ်မယှက်နဲ့ပဲ။
ထို့နောက်မှာ သူမရဲ့ အမြှီးကတစ်ဆင့် ကျောရိုးတစ်လျှောက်ကို တစ်ချက်တုန်ခါသွားသည်။
သူမရဲ့ ကျောကုန်းပေါ်ရှိ ကြေးနီရောင် အကြေးခွံများက ခပ်ဖြည်းဖြည်းတစ်ချက် လှုပ်ရှားသွားပြီး သတ္ထုရောင်ဖျော့ဖျော့ လင်းလာသည်။
လက်သည်းချွန်တွေ အောက်ငိုက်ကျသွားသည်နှင့် လက်မောင်းကလဲ ငြိမ်သွားသည်။ သူမရဲ့ နှာခေါင်းပေါက်က မပြတ်ထုတ်လွှတ်နေသော အငွေ့လှိုင်းကြီးလဲ တိတ်တဆိတ် အရှိန်လျော့လာသည်။
ထို့နောက်မှာ ဖြစ်စဥ်စတင်တော့၏။
သူမ ပိုကြီးထွားလာခဲ့သည်။
အများကြီးမဟုတ်သော်ငြား သိသာတဲ့ ပထမာဏတစ်ခုအထိ ကြီးထွားလာသည်။
ပိုထူလာတဲ့ လက်မောင်းနဲ့ ပုခုံးပြင်ကလဲ ပိုကျယ်သွားသည်။ မေးရိုးပင် အနည်းငယ် ပိုရှည်သွားသလိုပဲ။
သူမရဲ့ ကျောကုန်းပေါ်က ထူထဲတဲ့ ကြေးခွံများပင် ပိုချွန်ထက်လာဟန်ရှိသည်။ သူမ အရိုင်းဆန်စွာ အသွင်မပြောင်းခဲ့ပေ။ ဒါပေမဲ့ သူမရဲ့ကိုယ်တွင်းတွင် တစ်စုံတစ်ခု ပြောင်းလဲလာ၏။
နောက်ကျောပေါ်ရှိ အတောင်ပံပုံစံ ကြေးခွံရာများပင် အနည်းငယ် လင်းလာသည်။
အတောင်ပံအဖြစ် မပြောင်းသေးဘူး။ ဒါပေမဲ့ ပူပြင်းတဲ့မီးအလင်းရောင်ကို ထုတ်ပေးနေပြီး မကြာခင် ထွက်ပေါ်လာမဲ့အရာကို အရိပ်ပြပေးနေဟန်ရှိသည်။
သူမရဲ့ အမြှီးကလဲခပ်ဆတ်ဆတ် တုန်သွားပြီး ကြမ်းပြင်ကို ရိုက်ချမိဖို့ အနည်းငယ် အလိုမှာ ရပ်သွားလေ၏။
သူမ ပြန်ထိန်းလိုက်တာပင်။ သူမရဲ့ တစ်ကိုယ်လုံးက တုန်ယင်နေသော်ငြား ရအောင် ထိန်းချုပ်ထားဟန်ရှိသည်။
သူမရဲ့ လိမ္မော်ရောင် မျက်လုံးများတွင် အရင်လို အဆော့သန်တဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး။
အာရုံစူးစိုက်မှုကြောင့် စူးရှလာပြီပင်။သူမရဲ့ကိုယ်တွင်းရှိ တစ်စုံတစ်ခုက နေရာကျသွားသလို ခံစားနေရသည်။
ဟောင် တောင့်တင်းစွာ စိုက်ကြည့်နေမိပြီး
‘ စနစ်.. အာလူးကြော်က သားရဲကို အဆိပ်ခတ်မိတာတော့ မဟုတ်ဘူးမလား?’
( သေချာပေါက် ဘယ်ဟုတ်မလဲ? သိုင်းသူတော်စင်စဦးနယ်ပယ်ကို အဆင့်တက်ပြီးရင် ကိုယ်တွင်းက ကလာဘ်ဆဲလ်တွေ ပြေလျော့ရှုတ်ထွေးတာကို ကြုံရတယ်မလား? ဒီသားရဲနှောက အခု တည်ငြိမ်တဲ့အသွင်ပြောင်းမှုကို ကြုံနေတာပဲ)
‘ ဒီအာလူးကြော်ကြောင့်လား?’
( ဟုတ်တယ်ပိုင်ရှင်။ ဒီအာလူးကြော်က အသွင်ပြောင်းမှုကို မဖြစ်ပေါ်စေပေမဲ့တွန်းအား ပေးနိုင်တယ်။ တောင်စောင်းမှာ ရပ်နေချိန်မှာ အောက်ကျအောင် ကူညီပေးလိုက်တဲ့ လေပြင်းလိုမျိုးပေါ့။ ဒီသားရဲက ကြီးထွားခါနီးအခြေအနေမျိုးမှာ ရှိနေလို့ပဲ)
‘ တစ်ကယ်ကြီး အာလူးကြော်ကြောင့် ပေါ့?’
( အမှန်ပဲ။ ဒါသာမရှိရင် ဒီကောင် ထိန်းချုပ်ရခက်ပြီး စိတ်ရူးဖောက်မှုကြောင့် သူများတင်မကပဲ ကိုယ့်ကိုယ်ပါ ထိခိုက်စေပြီး အသွင်ပြောင်းခြင်း ပျက်ဆီးနိုင်တယ်။ အစောက အခြေအနေကို ကြည့်ထားရသလောက် ဒီသားရဲမှာ ကျရှုံးနိုင်ချေ မြင်ခဲ့တယ်။အာလူးကြော် ရတာ ကံကောင်းသွားတာ ပိုင်ရှင်)
ဟောင် သားရဲကို ထပ်ကြည့်လိုက်မိပြန်သည်။
အခု ကြည့်ရသလောက် ထိုအကောင်က ပိုကြီးလာပြီ။
သတိထားမိလောက်အောင်ပင်။
‘ စနစ် မင်းခုနက သားရဲနှောလို့ ပြောသွားတယ်..? ငါဒါကို စိတ်ဝိညာဥ်သားရဲလို့ ထင်နေခဲ့တာ’
‘ သားရဲနှောကဘာလဲ?’
( သားရဲနှောဆိုတာ စိတ်ဝိညာဥ်သားရဲနဲ့ နတ်ဆိုးသားရဲတို့ကနေ မွေးဖွားလာတဲ့ သားရဲစပ်ပေါ့။ ရှားပါးတယ်။ အဲ့လိုကောင်တွေထဲမှာ တည်ငြိမ်တဲ့ ပင်မအူတိုင်ရပြီး ရှင်သန်နိုင်တာ 5% လောက်ပဲရှိတယ်)
‘ ဒီတော့ မင်းပြောချင်တာက ဒီသားရဲသာ အာလူးကြော်ကို မရခဲ့ရင် ပေါက်ကွဲပြီး သေဆုံးတော့မယ်လို့လား?’
( အမှန်ပဲပိုင်ရှင်)
ဟောင် မေးစေ့ကို ပွတ်သပ်လိုက်ရင်း
‘သူ့ရဲ့ မျိုးရိုးကြောင့် ဒီလိုမျိုး စိတ်ဓာတ်ပိုင်း မတည်ငြိမ်တာတွေ ဖြစ်နေတာပေါ့လေ?’
( ပိုင်ရှင် နည်းနည်းလေး ကောင်းကောင်းမွန်မွန် ဖော်ပြသင့်ပေမဲ့ ပြောသွားတာတော့ အမှန်ပဲ)
ဟောင် ထပ်ကြည့်လိုက်သည်။
ယို့ရှုယွဲ့အာကတော့ မျက်လုံးတွေ ပွင့်တစ်ဝက် ပိတ်တစ်ဝက်ဖြင့် ပျော်ရွှင်စွာ ရေခဲမုန့် ဆက်စားနေဆဲပဲ။
လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကမှ သူမရဲ့ သားရဲက သေကိန်းနဲ့နီးနေပြီး ဆိုင်ရဲ့ စင်သုံးခုလောက်ကို မီးပြာချလုနီးနီး ဖြစ်ခဲ့တာကို သူမ မသိဘူး။
‘ ဒီကောင်မလေးက တော်တော် ကံကောင်းတာပဲ။ ဆိုင်ထဲဝင်လာပြီး သူမရဲ့ သားရဲမပေါက်ကွဲသွားဖို့ လိုအပ်တဲ့ အစားအသောက် အတိအကျကို ဝယ်သွားနိုင်ခဲ့တယ်)
ဒီနေ့က သူမရဲ့ကံကောင်းတဲ့နေ့ ဖြစ်နိုင်သည်။ ဒါမှမဟုတ် ဒီဆိုင်ရဲ့ အချိန်ကိုက်ဖြစ်စေမှုကိုက ကောင်းလွန်းနေတာလဲ ဖြစ်နိုင်သည်။
နောက်ဆုံးတော့ သားရဲကောင်ရဲ့ တုန်ယင်နေမှုက ရပ်တန့်သွားပြီ။
ပုတ်သင်ညိုလေးက အခု ကြမ်းပြင်မှာ ခိုင်မာတဲ့ ခြေထောက်တွေနဲ့ မားမားမတ်မတ် ရပ်နေနိုင်သွားပြီ။
ပိုပြီးကြီးမားလာတဲ့ ခန္ဓာကိုယ်အပြင် ပိုတောက်ပလာတဲ့ အကြေးခွံကိုပါ ရထားသည်။ ဒါ့အပြင် ကျောပြင်က ထွက်နေတဲ့ အပူငွေ့တွေက မီးဖိုတစ်ခုရဲ့ အပူလုံးတွေ အတိုင်းပဲ။
သူမရဲ့ ပုခုံးနောက်တွင် အတောင်ပံအရာလဲ ပေါ်လာခဲ့ပြီ။ အတောင်ပံ အစစ် မဖြစ်လာသေးသော်ငြား ပထမဆုံးအကြိမ် စမ်းသပ်သည့်အနေနဲ့ ထိုအချပ်ပြားနှစ်ခုက ဟလာသည်။
သူမထပ်ပြီး မကြီးထွားတော့ဘူး။ နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်သွားပုံရှိသည်။
သူမရဲ့ လိမ္မော်ရောင်မျက်လုံးတွေက ဟောင့်ကို ကြည့်နေလေ၏။
သူမရဲ့နှာခေါင်းပေါက်ကနေ အပူငွေ့တွေ ပြန်ထွက်လာခဲ့ပြီ။
သူမရဲ့ ချပ်ဝတ်ကာတပ်ထားတဲ့ ဦးခေါင်းက အနည်းငယ်ငုံ့သွားကာ ဟောင့်ကို လေးစားမှု ပြလာလေ၏။
ဟောင်ရဲ့ ဦးနှောက်ထဲသို့ အသံတစ်ခု ဝင်ရောက်လာသည်။ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ အသံကြောင့် နန်းတော်ရှိ အဆင့်မြင့်အမျိုးသမီးကြီးများကိုပင် အမှတ်ရသွားစေသည်။
စိတ်ထဲကို စကားပြောတာလား?!
‘ မင်္ဂလာပါ ဆရာကြီး ငါအထူးကျေးဇူးတင်ပါတယ်။ ငါ့ရဲ့ ကံကြမ္မာပါတဲ့ သေဆုံးမှုကို မင်းရဲ့ နတ်အစားအသောက်က ကယ်တင်ပေးခဲ့တယ်။ အလွန့်အလွန် ကျေးဇူးတင်မိပါတယ်’
‘ ငါ့ကိုမဟုတ်ဘဲ မင်းရဲ့သခင်ကိုပဲ ကျေးဇူးတင်သင့်တယ်။ သူမက အာလူးကြော်အတွက် ငွေရှင်းပေးခဲ့တာပဲ’
ဟောင်ရဲ့ ပြန်ကြားသံက အကြိမ်တစ်ရာမက တွေ့ကြုံဖူးသည့် ကိစ္စကို ပြန်ပြောနေရသလို တည်ငြိမ်လေ၏။
ဒါပေမဲ့ အမှန်ကတော့လား?
ဆိုင်မှာရှိတဲ့ မိသားစုဝင်တွေနဲ့ကလွဲရင် သူ့အနေနဲ့ ပထမဆုံး စိတ်ထဲက ဆက်သွယ်ဖူးတာပဲ။
စိတ်ထဲက ပြောဆိုရတာက မလွယ်ကူခဲ့ဘူး။
အစပိုင်းက ခူရိုမီ သင်ပေးခဲ့တုန်းကဆို သူ့ရဲ့အတွေးတွေအားလုံးကို တစ်ဆိုင်လုံးက လူတိုင်းကို ကြေညာဖူးခဲ့သည်။
ဒါပေမဲ့ အချိန်ကျလာတော့ ရင်းနီးလာသည်။
သူ စာလုံး တစ်လုံးချင်း ပြောရင်းနဲ့ အရင် လေ့ကျင့်သည်။ ထို့နောက်မှာ ‘စမ်းသပ်မယ်’ ဆိုတဲ့ အတွေးတစ်ကြောင်းလုံးကို ထုတ်မပြောမိဘဲ ဝေါ်ကီတော်ကီလိုမျိုး သူများရဲ့ အတွေးစိတ်ထဲကို ပို့နိုင်သွားခဲ့သည်။
အခုတော့လား?
အခုတော့ ကျွမ်းကျင်တစ်ယောက်လို စာကြောင်းလိုက်ကြီး ပြောနိုင်နေပြီပင်။
‘ အမှန်တော့ ဒီတိုင်းတိုက်ဆိုင်တာပဲ.. ဒါမှမဟုတ် ငါတို့က ကံပါလို့ဖြစ်မှာပေါ့’
‘ ကံပါလို့..? ဒါပေမဲ့ မင်းကိုငါ့ရဲ့ ကျေးဇူးရှင်အနေနဲ့ သတ်မှတ်မှာပါ ဆရာကြီး’.
သူမရဲ့လေသံက ဂုဏ်အပြည့်နဲ့ပေမဲ့ ရိုးသားသည်။
‘ ငါ့ရဲ့ သစ္စာရှိမှုကိုတော့ ပေးလို့မရဘူး.. အကုန်လုံးက ငါ့သခင်ယွဲ့အာနဲ့ပဲ ဆိုင်တယ် ဆိုပေမဲ့.. ငါမင်းအတွက် တစ်ခုတော့ လုပ်ပေးနိုင်ပါတယ်။ ငါလုပ်နိုင်တာ ဘာပဲဖြစ်ဖြစ် ပြောလိုက်ပါ’
ဟောင် နှစ်ကြိမ်ခန့် မျက်တောင်ခတ်မိသွားပြီး လက်သာ ယမ်းပြလိုက်သည်။
‘ ဟေးဟေး.မင်း အဲ့လောက်ထိ လုပ်ဖို့ မလိုပါဘူး’
‘ ဒါက အရောင်းဆိုင်ပဲ။ မင်းတို့က ငွေပေးပြီးစားတယ်။ ညီတူညီမျှပဲ’
စက္ကန့်တစ်ချို့အထိ တိတ်ဆိတ်မှုက ကြီးစိုးသွား၏။
ပုတ်သင်ညိုရဲ့ လိမ္မော်ရောင်မျက်လုံးများက ဝန်ပေါ့သွားသလို ပေါ့ပါးသွားသည်။
‘ နားလည်ပါပြီ ဆရာကြီး’
သူမထပ်ပြီး အတင်းမတောင်းဆိုတော့ပေ။
ဒါပေမဲ့ သူမက စိတ်ထဲကနေတော့ ကတိတစ်ခု ပြုထားလေ၏။
အကယ်၍ ဒီလူသား သာ တစ်ခုခု တောင်းဆိုခဲ့သည် ရှိသော်… သူမ တတ်နိုင်ခဲ့လျှင် ချက်ချင်းပဲ ပြန်ပေးဆပ်မည်။
သူမ ခေါင်းငုံ့ကာ ယွဲ့အာရှိရာကို သွားလိုက်တော့သည်။
ခြေလှမ်းတိုင်းမှာ သူမရဲ့ခန္ဓာကိုယ်က ပြန်ကျုံ့သွားပြီး ကြေးနီရောင်ကြေးခွံတွေရဲ့ အလင်းလဲ ပြန်ဖျော့သွားသည်။
ကျောနောက်ရှိ အတောင်ပံပုံ အချပ်သည်လဲ ပြန်ခွေကာ ကြေးခွံကြားမှာ ဝင်ရောက် ပျောက်ကွယ်သွားသည်။
သူမရဲ့ နှာခေါင်းပေါက်မှ ကျက်သရေရှိတဲ့ အပူငွေ့လှိုင်းလုံးကြီးလဲ ဆက်မထွက်တော့ဘူး။
ပျော့ပျောင်းသွားတဲ့ မေးရိုးများနဲ့ သူမရဲ့ အရွယ်အစားက ပြန်သေးသွားခဲ့သည်။
သခင်အနားကို ပြန်ရောက်သည်နှင့် သူမရဲ့ ပုံစံက ဆိုင်ထဲကို စစချင်း ဝင်လာတုန်းက အတိုင်းပြန်ဖြစ်သွားလေ၏။