← Chapters

(ရေခဲမုန့်တစ်ပွဲရရင် ငါ နေလုံးနဲ့ by one ချရင်တောင် ရသွားပြီ!)

Vol. 9 Ch. 116

(ရေခဲမုန့်တစ်ပွဲရရင် ငါ နေလုံးနဲ့ by one ချရင်တောင် ရသွားပြီ!)

Vol. 9 Ch. 116

ပုတ်သင်ညိုလေးသည် ဘာမှမဖြစ်ခဲ့သလိုမျိုး ယို့ရှုယွဲ့အာ ဘေးသို့ သွားထိုင်လိုက်သည်။ သူမတို့ မသွားခင် ခေါင်းအနည်းငယ် လှည့်လာကာ

‘ အကိုကြီး ဒီတောင်းဆိုမှုသေးသေးလေးကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါ့ရဲ့ အသွင်ပြောင်းမှုကို ဘယ်သူ့ကိုမှ မ​ပြောပြပါနဲ့.. ငါ့ရဲ့သခင်ကိုတောင်မှ’

ဟောင် ပုံမှန်လိုအပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။

ပုတ်သင်ညိုလေးအနေနဲ့ ဘာကြောင့် အခုလို ဖုံးကွယ်ချင်လဲ ဟောင် မသိပါချေ။ ဒါပေမဲ့ သူမမှာလဲ ကိုယ်ပိုင်အကြောင်းအရင်းရှိမှာပဲ။

ဟောင် ထိုအချက်ကို လေးစားပါသည်။

ဒါပေမဲ့…

ဟောင်ရဲ့ မျက်လုံးတွေက ပုတ်သင်ညိုလေးရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။

ဒီသားရဲက ဘာကောင်များလဲ? ပုံစံကလဲ ပုကွကွနဲ့။ ဖြစ်နိုင်တာ မိကျောင်းများလား?

ဒါပေမဲ့ အစောပိုင်းက အတောင်ပံလိုလို ဘာလိုလို အရာတွေနဲ့ဆိုတော့…

ဟောင် ခံစားချက်ရနေသည်။ ထိုသားရဲရဲ့ နောက်ထပ်အသွင်ပြောင်းမှုက ပိုပြီးကြီးထွားလာလောက်သည်။

မြေအောက်မှာ တွားသွားနေရတဲ့ ကောင်မျိုးမဟုတ်တော့ဘဲ ကောင်းကင်တစ်ခွင် လှည့်ပတ်တော့မဲ့ သတ္တဝါအဖြစ်ပေါ့။

ထိုအချိန်မှာ ယို့ရှုယွဲ့အာကတော့ သူမရဲ့ နောက်ဆုံးလက်ကျန် ရေခဲမုန့်ကို စားလိုက်တော့သည်။

သူမ နှုတ်ခမ်းတွေက တိတ်တဆိတ်ပဲ စေးကပ်လာသည်။

အေးအေးလေးနဲ့… အရမ်းဆွဲဆောင်နိုင်တာပဲ။

သူမ နောက်တစ်ခု စားချင်သည်။

မဟုတ်ဘူး.. သူမ နောက်တစ်ခု စားမှဖြစ်တော့မည်။

ဒါပေမဲ့ သူမရဲ့ သိုလှောင်လက်စွပ်က အမှန်တရားကို စကားပြောလာပြီ။

ဒီတစ်ပတ် သူမတို့ ငွေကြေးခက်ခဲနေပြီ။

အစားအသောက်လေး နှစ်ခုအတွက်နဲ့ သူမတို့ရဲ့ ဝိညာဥ်ကျောက်တုံးအများစုက ကုန်သွားခဲ့ပြီ။

ဒါပေမဲ့.. အကယ်လို့ နောက်ထပ် အမဲလိုက်တာသာ အဆင်ပြေခဲ့မယ်ဆိုရင် သူမ ဒီဆိုင်ကို သေချာပေါက် ပြန်လာမည်။

မဟုတ်ဘူး။

ဒီဆိုင်ကို မဖြစ်မနေ ပြန်လာကိုလာရမည်!

ပုတ်သင်ညိုလေးက အာလူးကြော် နောက်တစ်ထုပ်စားဖို့ တောင်းဆိုလာလောက်သည်။

ဒါပေမဲ့.. နောက်တစ်ခေါက်တော့ သူမ ပုတ်သင်ညိုလေးကို ရေခဲမုန့် စားခိုင်းကြည့်ရမည်။

ရေခဲမုန့်က ပိုဈေးသက်သာပြီး အရမ်းအရမ်း စားကောင်းသည်လေ။

ယို့ရှုယွဲ့အာ ပတ်ပတ်လည်ကို ကြည့်ကာ မျက်တောင်ခတ်လိုက်သည်။

အဲ့ဒီ… ငတုံးမလေး ဘယ်မှာပါလိမ့်?

သူမရဲ့ ပုတ်သင်ညိုလေးက အစောကမှ ဆိုင်ရဲ့ ထောင်နားမှာ နားနေခဲ့တာပင်။

အခု မရှိတော့ဘူးလား?

ယို့ရှုယွဲ့အာ အောက်ငုံ့ပြီးကြည့်လိုက်မိချိန်မှ…

တွေ့လိုက်ရပြီ။

သူမရဲ့ဘေးမှာ ထိုင်နေတာပဲ။

ခွေးကြီးတစ်ကောင် အိပ်နေသလို ကြမ်းပြင်ပေါ်မှာ အားရပါးရ အိပ်နေတာပဲ။

“... နင်တော့”

ပုတ်သင်ညိုလေးကတော့ ဖြူစင်လှတဲ့ မျက်နှာလေးနဲ့ မော့ကြည့်လာလေရဲ့။

ထပ်ဆော့ကစားခြင်း မရှိတော့ပေ။

“ ကောင်းပြီ သွားကြမယ် ပုတ်သင်ညိုလေး”

ပုတ်သင်ညိုလေးက အကြောတွေ ဆန့်ရင်း ညည်းညူလိုက်သည်။

“ နင် အာလူးကြော် ထပ်စားချင်ရင် ငါတို့ပိုပြီး အမဲလိုက်ရမယ်!”

ပုတ်သင်ညိုလေးရဲ့ အမြှီးက စိတ်အားထက်သန်စွာ တစ်ချက်ယမ်းခါသွားပြီး နောက်မှာ.ညည်းသံပေးလေ၏။

‘ ပြီးတော့ ငါလဲရေခဲမုန့် စားချင်တယ်’

ယို့ရှုယွဲ့အာ အတွေးထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်သည်။

အခုချိန် သူမမှာ ဝိညာဥ်ကျောက်တုံးအပို ရှိနေလို့ကတော့ ကောင်တာရှိရာကို ထပ်ပြေးပြီးပြီပဲ။

ဒါပေမဲ့ သူမ ထိုအရာကိုတော့ မသိခဲ့လိုက်​ပေ။

အရောင်းဆိုင်ကြီး ပေါက်ကွဲသွားပြီး ကောင်းကင်နန်းတော်က အုတ်ခဲတစ်ခဲချင်း ပြန်ဆောက်ပေးမယ်ဆိုရင်တောင်မှ… ဒါမှမဟုတ် စကြာဝဋ္ဌာ ဆိုင်ရာ သတင်းအချက်အလက် ဋ္ဌာနက ကြားဝင် ပြောဆိုပေးရင်တောင်မှ…

စနစ်က အေးတိအေးစက်နဲ့ပဲ စည်းကမ်းနံပါတ်တစ်ကို လိုက်နာခိုင်းအုံးမှာ သေချာသည်။.

အထက်ဘုံတစ်ခုလုံးက နတ်တွေ နတ်အလင်းနဲ့ ဆင်းသက်လာရင်တောင်မှ…

ကောင်းကင်ဧကရာဇ်ကိုယ်တိုင် အောက်ဆင်းလာပြီး နတ်အဆင့် ပစ္စည်းတွေ ကောင်တာပေါ် ပစ်တင်ပေးရင်တောင်မှ…

ယုတ်စွအဆုံးပြောရရင် မရောင်းပေးလို့ လူအုပ်လိုက်ကြီး အော်ဟစ်ငိုယိုရင်း မြစ်တွေ ခမ်းသွားပြီး ကောင်းကင်ကြီး နှစ်ပိုင်းပိုင်း သွားရင်တောင်…

ရလဒ်ကတော့ ပြောင်းလဲမှာမဟုတ်ဘူး။

ဟောင်.ငြင်းရမှာပဲ။

စနစ်ကို သွားရှုတ်လို့မရဘူး။ စနစ်က.ဘယ်လို မဲဆွယ်မှုနဲ့မှ တုန်လှုပ်မှာ မဟုတ်ဘူး။

အငြိုးကြီးတဲ့ အခွန်သိမ်းတွေထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။

စနစ်ရဲ့ လက်သုံးစကားကဘာလဲ?.. စည်းကမ်းက စည်းကမ်းပဲ။

သေချာပေါက် ယို့ရှုယွဲ့အာကတော့ ဒါတွေ မသိဘူးပေါ့။

သူမ အခုထိ မသိရသေးတာပဲ။

အခုတော့ သူမက ဆိုင်ထဲရှိ ပုတ်သင်ညိုလေး ဖွထားတဲ့ အာလူးကြော်အကြေတွေနဲ့ အုတ်ခွံကို သိမ်းကာ အပြိုင်ကမ္ဘာကုန်စုံဆိုင်မှ ထွက်သွားခဲ့ပြီပင်။

ရေခဲမုန့်အကြောင်း စဥ်းစားနေရင်း သူမ ပျော်ရွှင်နေဟန်ရှိသည်။

လမ်းကြားထဲက ဖြတ်လာရင်း သူမ အနည်းငယ် အံ့သြစွာ မျက်တောင်ခတ်မိသွားသည်။

‘... ပြန်ရောက်ပြီလား?’

လွန်ခဲ့တဲ့တစ်စက္ကန့်ကမှ သူမသည် အေးမြတဲ့ လေတွေ ဝန်းရံထားသော အိပ်မက်ဆန်သည့် ဆိုင်တစ်ခုထဲ ရောက်နေခဲ့သည်။ အခု နောက်တစ်စက္ကန့်မှာ ဝိညာဥ်မီးတောက် မြို့တော်ကို ပြန်ရောက်လာခဲ့ပြီ။

နေရာနှစ်ခုရဲ့ ကွာခြားချက်က ယုံကြည်နိုင်ဖို့ ခဲယဥ်းလှသည်။

သူမအရှေ့တွင် မြင်ဖူးနေကျ လမ်းမကြီးရှိသည်။ ဖုန်တက်နေတဲ့ ကျောက်တုံးတွေရယ်.. ယိုင်ချင်နေတဲ့ နံရံအိုတွေရယ်.. မီးခိုးနံ့နဲ့ ချွေးနံ့ရောနေတဲ့ လေပြေတွေရယ်။

ဒါပေမဲ့ တစ်ခုခုက မှန်မနေဘူး။

‘ငါ… တစ်ခုခု ခံစားသင့်တယ်မလား?’.

နေရာကူးပြောင်းတာလေ? အာရုံထဲမှာ နည်းနည်းလောက်ဖြစ်ဖြစ် မူးဝေသင့်တာ မလား?

သူမ အရင်က စာအုပ်ထဲမှာ ဖတ်ဖူးသည်။ နယ်မြေကြီးတွေကို ကူးပြောင်းတဲ့အခါမှာ လူတွေ ဘယ်လို မူးဝေကြတယ်.. အနည်းဆုံး စက္ကန့်တစ်ချို့ကြာသည်အထိ မအီမလည် ခံစားတတ်ရသည်ဆိုတာကို။

သူမလဲ အရင်က နေရာကူးပြောင်း အစီအရင်တစ်ခု သုံးခဲ့ဖူးသည်။

သုံးပြီးတာနဲ့ ဖိအားတစ်ခုက သူမရဲ့ အူတွေထဲထိ လှိုင်းဖြစ်အောင် ရိုက်ခတ်လိုက်သလိုပဲ။ ဒူးထောက်ကျသွားပြီး မထိန်းချုပ်နိုင်ခင်မှာပဲ သူမ ဘေးကို လဲကျသွားခဲ့သည်။ မြင်ကွင်းက လည်ပတ်နေပြီး ကြည့်ရတာ အရမ်းကို မတည်ငြိမ်ခဲ့ဘူး။

နေရာတွေကြား ခုန်ကူးခြင်းဆိုတာ လူတစ်ယောက်အတွက် ခန္ဓာကိုယ်ကို ဆုတ်ဖြဲခံရသလို မခံစားရဘဲ ပုံမှန်အတိုင်း လမ်းလျှောက်ထွက်သွားနိုင်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူး။

ဒါပေမဲ့ အခုသူမကတော့ အေးဆေးပဲ။

ခေါင်းလဲ မမူးသလို ကိုက်ခဲခြင်းလဲ မရှိဘူး။

ချီစွမ်းအင် မတည်ငြိမ်မှု တစ်စက်တောင် မရှိဘူး။

ဘာကိုမှ မခံစားနေရတာပဲ!

အရမ်းကို ချောမွေ့နေလွန်းလို့ မသိရင် သူမ ပုံမှန်ဆိုင်တစ်ခုထဲကနေ လမ်းကြားထဲကို ပြန်ထွက်လာရတဲ့အတိုင်းပဲ။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

မတူညီတဲ့နေရာတွေကို ကူးပြောင်းပေးတဲ့ ဒီအိမ်စုတ်ရဲ့ တံခါးပေါက်က ပြန်ထွက်လာတာတောင်မှ အဆင်မပြေမှု တစ်ခုမှ မခံစားရဘူးတဲ့လား?

သူမရဲ့ အတွေးထဲမှာ ထူးဆန်းတဲ့ ခံစားချက်ကြီး ဝင်ရောက်လာခဲ့သည်။

သူမ အနည်းငယ် လမ်းထပ်လျှောက်ပြီးနောက်မှာ ကိုယ့်လက်မောင်းကိုယ် ညှစ်ကြည့်လိုက်သည်။

နေအပူဒဏ်မရှိသလို ခြောက်ကပ်ကပ်လဲ မခံစားရဘူး။ ချွေးတစ်စက်တောင် မရှိချေ။

သူမ အပေါ်မော့ကြည့်လိုက်သည်။

အပေါ်ရှိ နေလုံးကြီးသည် ခါတိုင်းလို ကြောက်ဖို့ကောင်းအောင် ပူပြင်းတောက်လောင် နေဆဲပဲ။ ကောင်းကင်ထက် ရွှေရည်ပျော်နေတဲ့ အလုံးကြီးလို အောက်က သေမျိုးတွေကို နှိပ်စက်နေဆဲပဲ။

ဒီနေရာမှာ လမ်းအနည်းငယ်လျှောက်မိတာနဲ့ ကျင့်ကြံသူဖြစ်နေရင်တောင်မှ မနေနိုင်စွာ အင်္ကျီလက်စနဲ့ ယပ်ခတ်ရလိမ့်မည်။

ဈေးသည်ရဲ့ လှည်းနားကို ပြေးပုန်းနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်လျှင်လဲ နီရဲနေတဲ့ မျက်နှာတွေက အပူဒဏ်ကြောင့်ဆိုတာ သိသာသည်။

ယို့ရှုယွဲ့အာရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်းသွား၏။

‘ မြို့က အရင်အတိုင်းပါပဲ’

ဒါဆိုဘာလို့ သူမအရင်လို တစ်ကိုယ်လုံး အရည်ပျော်တော့မတတ် မခံစားနေရတာလဲ?

သူမ ဒီက ရာသီဥတုကို အသားကျနေပြီဆိုပေမဲ့ ကြိုက်နေတာတော့ မဟုတ်ဘူး။

အရင်ကဆို တစ်ကိုယ်လုံး မီးမြိုက်ခံရထားတဲ့ ပေါက်စီလိုမျိုး ခံစားနေရတာ။ အရင်လို အရေပြားတွေက အပူဒဏ်ကြောင့် ခြောက်ကပ်မနေတော့ဘူး။ အသက်ရှုနှုန်းကလဲ ငြိမ်သက်ပြီး ရင်ဘတ်လှုပ်ရှားပုံကလဲ တည်ငြိမ်သွားပြီ။

ခံစားလို့…. ကောင်းလိုက်တာ။

တစ်စုံတစ်ခုက ကွဲပြားနေတယ်။ အဲ့ဒါမြို့တော်က မဟုတ်ဘူး။

သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး

“ ဒါ ရေခဲမုန့်ကြောင့်လား?”

ကတော့ထဲက အဲ့ဒီဖြူဖွေးတဲ့ အခွေလေးတွေလေ..။

အဲ့ဒါက သူမရဲ့ လျှာကိုတင် အေးမြစေတာ မဟုတ်ဘဲ တစ်ကိုယ်လုံး အေးသွားစေခဲ့တာပဲ!

သူမ ပိုပြီးအသက်ရှုချောင်လာတာမို့ အတွေးတွေပင် ကြည်လင်လာခဲ့သည်။

သူမ ကိုယ့်ရင်ဘတ်ကို ထိပြီး နူးညံ့စွာ ရယ်လိုက်တော့သည်။

ဒါကြောင့် တံခါးပေါက်ကလူကလဲ ဘာမှ မဖြစ်သလိုမျိုး တံခါးပေါက်မှာ ရပ်နေနိုင်တာလား?

သူမရဲ့ မျက်လုံးတွေ အနည်းငယ် တွန့်သွားသည်။ သူ့ရဲ့ အရေပြားမှာ ချွေးတစ်စက်တောင် မရှိနေဘူး။

သူလဲအခုချိန်မှာ ငှက်တွေ တေးသီနေတဲ့ အပင်အောက်မှာ ရပ်နေရပြီး လေပြေလေးတွေ ခန္ဓာကိုယ်ကို ပွတ်သပ်နေသလိုခံစားရမှာပေါ့။

‘သူလဲ ရေခဲမုန့်ကို စားခဲ့လောက်တယ်မလား.? ဒီတော့ လျှို့ဝှက်ချက်က ရေခဲမုန့်ပေါ့လေ?’

အဖြေရှာနိုင်သွားတဲ့အတွက် သူမ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွားသည်။

ပုတ်သင်ညိုလေးကိုတောင် ပြောပြဖို့ ကြိုးစားလိုက်သေး၏။

“ ငါတို့ နွေရာသီကို ကျော်ဖြတ်ဖို့ လျှို့ဝှက်နည်းလမ်းသိပြီ”

ဒါပေမဲ့ ကံဆိုးစွာနဲ့…

သူမ ထင်သလို မဟုတ်ခဲ့ပါချေ။

ထျန်းလုကိုက.. သူများနဲ့မတူညီတာ ဖြစ်သည်။

All Chapters