← Chapters

( ငရုတ်သီးခေါက်ဆွဲရဲ ကောင်းကျိုးဆယ့်နှစ်ဖြာ!)

Vol. 9 Ch. 118

( ငရုတ်သီးခေါက်ဆွဲရဲ ကောင်းကျိုးဆယ့်နှစ်ဖြာ!)

Vol. 9 Ch. 118

သူ့ရဲ့ တာဝန်က ဆိုင်ထဲ ဝင်လာဖို့လဲ မဟုတ်သလို ထွက်သွားဖို့လဲ မဟုတ်ဘူး။

ထျန်းလု အစောက လူကို ကရုဏာသက်စွာ သက်ပြင်းချရင်း ခြေတစ်လှမ်းအနောက် ဆုတ်လိုက်သည်။

“ မင်းကို နတ်ဘုရားတွေ ကောင်းချီးပေးပါစေ ညီကို”

ဆိုင်ထဲတွင်တော့ အသံကြားသဖြင့် ဟောင် ပျင်းရိစွာပဲ ခေါင်းလှည့်ကြည့်လိုက်သည်။

ပုံမှန်လိုပဲ နှုတ်ဆက်လိုက်လေ၏။

“ မင်္ဂလာပါ”

ဒါပေမဲ့ ထိုသူက သူ့ကိုကြည့်မနေဘူး။

ပြူးကျယ်နေတဲ့ မျက်လုံးများနဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ဖြူဖျော့နေတဲ့ မျက်နှာက ချွေးအပြည့်ပဲ။တစ်စုံတစ်ယောက်က သူ့အပေါ်ကို စိတ်ဝိညာဥ်ဓာတ်ပါတဲ့ အေးခဲနေတဲ့ရေတွေ လောင်းချထားသည့် အတိုင်းပဲ။

ထိုသူက ဆိုင်ပေါက်မှာ ရပ်နေပြီး မြို့စွန်ကနေ ဒီနေရာထိ ပြေးလာရသလိုမျိုး မောပန်းစွာ အသက်ရှုနေလေ၏။

ပြန်ဝင်စားဖို့လုပ်ပြီးမှ ဝင်ရမည့်ခန္ဓာကိုယ်ကို သဲကြီးမဲကြီးရှာဖွေနေရတဲ့ ဝိညာဥ်တစ်ကောင်လို သူ့အကြည့်တွေက ဘယ်ညာ အထက်အောက် စသဖြင့် အရိုင်းဆန်စွာ ရွေ့လျားနေသည်။

လက်နှစ်ဖက်လုံးကလဲ ဝမ်းဗိုက်ကို ဖိထားသေး၏။

ခြေထောက်တစ်ဖက်က ကြမ်းပြင်ကို အဆက်မပြတ်ထုနေပုံက စိတ်လှုပ်ရှားနေပုံပဲ။ တစ်ကိုယ်လုံးလဲ တုန်နေလေ၏။

ထိုသူက အရှေ့တစ်လှမ်းတိုးလာသည်။

ဟန်ချက်မညီတာမို့ ချော်ကျမလိုတောင် ဖြစ်သွားသေးသည်။

ဟောင် မျက်တောင်သာ ခတ်နိုင်တော့သည်။ သူ့အရှေ့ကသူက စိတ်ရူးဖောက်ခါနီးဆဲဆဲလား ဒါမှမဟုတ် အလင်းပွင့်နေရင်းတန်းလန်း ထပြေးလာလို့ ဝိညာဥ်ပျောက်နေတာလား မသေချာတော့ပေ။

“....?”

ထိုသူ၏ အမည်မှာ ဒိုရှင်းရှီ ဖြစ်၏။

ထျန်းလု မှန်းဆသည့်အတိုင်းပဲ ထိုသူက ဖင်မီးရှို့ခံထားရသည်။

လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်က ထိုသူသည် ဝိညာဥ်မြို့တော်ရှိ သံသယဖြစ်ဖွယ် ပျံကျဈေးသည် တစ်ယောက်ဆီကနေ ချော်ရည်ခေါက်ဆွဲအစပ် လေးပွဲတိတိကို ဂုဏ်ရှိရှိနဲ့ တစ်ထိုင်ထဲ စားခဲ့သည်။

သူ ထိုအချိန်က ကျယ်လောင်စွာပင် ကြုံးဝါးလိုက်သေး၏။

“ ဒို ကလန်ရဲ့ လူက အစပ်မကြောက်ဘူးကွ!”

ထိုဈေးသည်တောင် သူ့ကို ထူးထူးဆန်းဆန်း ကြည့်လာသေး၏။

အခုတော့ ထိုအကြည့်ကို သူကောင်းကောင်း နားလည်သွားပြီ။

ထိုအစပ်အရသာက အစားအသောက် မဟုတ်ဘူး… အဲ့ဒါကျိန်စာပဲ!

ကောင်းကင်က ချပေးခဲ့တဲ့ ပျော်ဝင်နေတဲ့ အပြစ်ဒဏ်တစ်ခုပဲ!

အခုချိန်မှာ သူ့ရဲ့အူတွေက အချိန်နဲ့အမျှ တိုက်ပွဲဝင်နေရသည်မို့ အစာအိမ်တစ်ခုလုံး မွှေနှောက်နေသည့်အတိုင်းပဲ။

သူ့ရဲ့ကျောရိုးအထိ ချွေးတွေစိမ့်လာချိန်တည်းက သူ သိလိုက်ပြီ။

ဒါကြောင့် အနီးနားရှိ သူသွားနေကျ လမ်းဘေး အိမ်စုတ်တစ်ခုဆီ အပြေးသွားလိုက်သည်။

ဒါလေးကသူ့ရဲ့ နားခိုရာပဲ။

သူ့ရဲ့ အားထားရာပဲ။

ထို့အတူ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်!

ဒါပေမဲ့ သူ တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ..

သူ့ကို နှုတ်ဆက်လိုက်တဲ့မြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။

သူအခုရောက်နေတဲ့နေရာက တောက်ပစွာ လင်းလက်နေတဲ့ အရောင်းဆိုင်တစ်ခုပဲ။

အထဲမှ လေထုကလဲ အရမ်းအရမ်းအေးမြသည်။

မျက်နှာကြက်တွင် အဖြူရောင် မီးအလင်းတို့ ရှိသည်။ ဆိုင်ထဲတွင်လဲ စင်များစွာရှိပြီး သူ တစ်ခါမှ မမြင်ဖူးသော အရောင်စုံတဲ့ ပစ္စည်းတွေ အပြည့်ဖြည့်ထားသည်။

ဘာအနံ့အသက်ဆိုးမှ မရှိသလို ယင်ကောင်တစ်ကောင်တောင် မရှိဘူး။ ထို့အတူ အိမ်သာလဲ မရှိဘူး!

ကောင်တာနောက်တွင် သူ့ကို ရှုတ်ထွေးမှုတစ်ချို့နဲ့ ကြည့်နေတဲ့ လူတစ်ယောက်သာ ရှိလေ၏။

သူ ချက်ချင်းပဲ တုန်လှုပ်သွားသည်။

အိမ်သာ ဘယ်မှာလဲ?!

စက္ကန့်တစ်ချို့ကြာတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က သစ္စာဖောက်တော့မည်!

အရေပြားကို ထိတွေ့နေတဲ့ လေပြေအေးက သူ့ရဲ့နောက်ကျောကို ပွတ်သပ်နေတဲ့ မိစ္ဆာလက်ချောင်းလို ခံစားရသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ကို လဲကျအောင် လုပ်တော့မည့်အတိုင်းပဲ။

ဒါက ​ယောက်ျားတိုင်း အကြောက်ရွံ့ရဆုံး အချိန်လို့ပြောရမည်။

ခန္ဓာကိုယ်က အမှန်တရားကို စကားပြောလာပြီ။

“အချိန်ကျပြီ”

ဒါပေမဲ့ မင်းမှာ သွားစရာနေရာ မရှိတော့ဘူး။

ဒိုရှင်းရှီ အရာအားလုံးကို တင်းနေအောင် ထိန်းချုပ်လိုက်သည်။

သူ့ရဲ့ ဝိညာဥ်.. အသိစိတ်..ဒါ့အပြင် ခန္ဓာကိုယ်ကိုပါ!

ဘာလို့ အခုချိန်မှလဲ?

ဘာလို့ ဒီနေရာမှာမှလဲ?

စိတ်လျော့ထား…မကြောက်နဲ့။ မင်းက ဒို ကလန်ရဲ့ ဂုဏ်ယူရတဲ့ အမျိုးသားတစ်ယောက်! ငါတို့.. ငါတို့တွေက လူကြားထဲ အရှက်ကွဲမခံ…မခံဘူး။

သူ့ရဲ့ကျောရိုးကို အတင်းဖြောင့်တန်းလိုက်ရသည်။ ဟောင်ကိုပြန်ပြီး ခေါင်းအတင်း ညိတ်ပြပေမဲ့ သူ့ရဲ့မျက်နှာကတော့ ရှုံ့မဲ့နေလေရဲ့။ ထို့နောက်မှာ အခုပဲ ထွက်ကျတော့မဲ့ မျက်နှာထားနဲ့ အနီးဆုံးမှာရှိတဲ့ စင်နားကို ခပ်ဖြည်းဖြည်း.အားပြုဖို့လုပ်လိုက်သည်။

လက်နှစ်ဖက်က ဟန်မဆောင်နိုင်လောက်အောင် ဗိုက်ကို ဖိထားရသော်ငြား ထိုသူကတော့ အတင်းပဲ ပုံမှန်ပုံစံဖြစ်အောင် ကြိုးစားနေလေရဲ့။

ဂုဏ်သိက္ခာနဲ့ ကပ်ဘေးတို့ရဲ့ တိုက်ပွဲကြားမှာ လျှောက်လှမ်းနေရတဲ့ သူတစ်ယောက်ရဲ့ ပုံမှန်အဖြစ်ဆုံး ခြေလှမ်းများဖြင့်ပေါ့။

သောက်ကျိုးနည်း! အိမ်သာက ဘယ်မတုန်းဟ! ဘယ်မှာလဲ?! ခြင်းတောင်းတစ်ခုဆိုရင်တောင် ရတယ်!

သတ္တာတစ်ခုခု.. ခရားအိုးတစ်ခုခု!

ဘာဖြစ်ဖြစ်!!

ထိုသူရဲ့ လှုပ်ရှားမှုထဲတွင် ပုံမှန်ကျနေတဲ့ လှုပ်ရှားမှုတစ်ချို့ရှိသည်။

ခြေဖျားထောက်ရင်း ​ကိုယ်တစ်ပိုင်းသေနေတဲ့ ဂဏန်းတစ်ကောင်လို သူ့ရဲ့ ခြေလှမ်းတွေက တုန်ယင်နေသည်။ စက္ကန့်အနည်းငယ် ကြာတိုင်းမှာ သူ့ရဲ့ဒူးက ညွတ်ကျသွားပြီး မျက်လုံးထဲက အရိုင်းဆန်မှုတွေနဲ့ နေရာမှာ ခဏရပ်လိုက်လိမ့်မည်။ ထိုအချိန်မှာ ပုံမှန်အတိုင်းဖြစ်အောင်လို့ ကိုလာဗူးတွေ ထားတဲ့နေရာကို ဘဝအဓိပ္ပါယ်ကြီး မြင်လိုက်ရသကဲ့သို့ တစ်လေးတစား ကြည့်ပေလိမ့်မည်။

တွေးဆဟန်ဖြင့် လက်နှစ်ဖက်ပါ ပိုက်လိုက်အုံးမည်။

ထို့နောက်မှာ ကတုန်ကယင် ပြန်လျှောက်လိမ့်မည်!

ဟောင်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျယ်သွားပြီး

‘ သူ ပေါက်ကွဲတော့မှာလား?’

ကမ္ဘာပေါ်မှာတုန်းက သူ ကုန်စုံဆိုင်မှာ အလုပ်လုပ်ချိန်တွင်လဲ ထူးဆန်းတဲ့ ဈေးဝယ် တစ်ချို့နဲ့ကြုံဖူးခဲ့သည်။

အိပ်ရင်းလမ်းလျှောက်တဲ့သူ.. သူခိုး.. အော်ဟစ်နေတဲ့ အမူးသမား.. တွေ့ဖူးသလို တစ်ခါကဈေးဝယ်တစ်ယောက်ဆို အိမ်မှာ ပြုတ်လက်စ ခေါက်ဆွဲကို စတိုးဆိုင်ထဲထိ ယူလာပြီး မိုက်ခရိုဝေ့ သုံးပြီး ပြုတ်ခိုင်းပြီးမှ ကျန်တာဘာမှမဝယ်ဘဲ ထွက်သွားသေးသည်။

ဒါပေမဲ့ အခု အခြေအနေမျိုးကိုလား?

ဒီလိုပုံမျိုး သူတစ်ခါမှ မတွေ့ဖူးခဲ့ဘူး။

ထိုအချိန်မှာပဲ အနောက်တံခါးက ပွင့်လာခဲ့သည်။

မိုရှီရှီ ထွက်လာရင်း သူမရဲ့ ရှုတ်ပွနေတဲ့ ဆံပင်များကို သပ်နေလေ၏။

“ မင်္ဂလာပါ သူဋ္ဌေး ကောင်းသောမနက်…”

သူမ ပြောနေရင်း ရပ်သွားကာ မျက်လုံးတွေလဲ ကျဥ်းမြှောင်းလာ၏။

ဒိုရှင်းရှီ က ကိုယ်ကို အနည်းငယ် ညွတ်ရင်း အာလူးကြော်စင်နားမှာ အာလူးကြော်ထုတ်တွေကို ဈာန်ရခါနီး ဘုန်းတော်ကြီးတစ်ယောက်လို တည်ငြိမ်မှုအပြည့်နဲ့ ကြည့်နေလေရဲ့။

“အဲ့ဒီလူ ဘာဖြစ်နေတာလဲ?”

မိုရှီရှီ ခပ်တိုးတိုးမေးလိုက်သည်

ဟောင် ချက်ချင်း အဖြေမပေးနိုင်ခဲ့ပေ။

သူ ဒိုရှင်းရှီကို တစ်ချက်ကြည့်ပြီးနောက်မှာ ရှီရှီလေးကို ပြန်ကြည့်လိုက်သည်။

ထို့နောက်မှာ အသံနိမ့်ပြီး တည်တံ့စွာပြောလိုက် တော့သည်။

“ ကိုယ့်ရဲ့အတွင်းအူနဲ့ စစ်ပွဲရှုံးထားတဲ့သူကို မင်းမြင်ဖူးလား ရှီရှီလေး”

မိုရှီရှီ မျက်တောင်ခတ်လိုက်ကာ

“...”

ထို့နောက်မှာ သူမထပ်မံ မျက်တောင်ခတ်လိုက်သည်။

ဒိုရှင်းရှီကိုပါ လှည့်ကြည့်လိုက်သေးသည်။

အခုတော့ ထိုသူရဲ့ အနည်းငယ်.ကုန်းနေတဲ့ နောက်ကျောကို သူမ သတိထားမိပြီ။ လက်သီးတွေ တင်းပြီး ချွေးအေးတွေလဲ စီးကျလို့ဖြင့်…။

သဘောပေါက်သွားပြီးနောက်မှာ သူမရဲ့ပါးစပ်က ခပ်ဖြည်းဖြည်း ပွင့်လာကာ

“ နေအုံး.. သူအတင်း တောင့်ခံနေတာလား?”

“ ဒါပေမဲ့ အဲ့ဒီလိုဖြစ်နေတာကို ဘာလို့ဆိုင်ထဲ ဝင်လာတာလဲ? … သူ စွန့်ပစ်အိမ်တစ်ခုခုကို သွားသင့်တာမဟုတ်ဘူးလား? မဟုတ်ဘူးလေ အဲ့လိုမှမဟုတ်လဲ ချုံတိုးတာဖြစ်ဖြစ်.. လူမမြင်တဲ့လမ်းကြားကိုဖြစ်ဖြစ်”

“ သူ လုပ်ခဲ့လောက်မှာ” ဟောင် ပြောလိုက်သည်။

“ ပြီးတော့ဒီကို မတော်တဆ ရောက်လာတာပဲ”

သေချာပေါက် ဟောင် ဘယ်မေ့ပါ့မလဲ?

ဆိုင်ရဲ့ တံခါးသစ်က ဝိညာဥ်မီးတောက်မြို့တော်ရဲ့ စွန့်ပစ်အိမ်တစ်ခုနဲ့ ဆက်သွယ်ထားတာလေ။ ဆိုင်ရဲ့ချဲ့ထွင်မှုအပြီးမှာ ကောင်းမွန်လှတဲ့ နတ်ဘုရားသဖွယ် ကံက ဖန်တီးပေးလိုက်တဲ့ တံခါးပေါ့။

သူ အဆင်ပြေအောင် လုပ်ရတော့မည်။ လမ်းပိတ်တာက လမ်းပိတ်တာပဲ။

ဈေးဝယ်က ဈေးဝယ်ပဲလေ။

ဒါပေမဲ့ အခုအခြေအနေက သူမျှော်လင့်ထားတဲ့ လမ်းပိတ်မှု မဟုတ်ပေမဲ့ပေါ့။

ဟောင် ခေါင်းအနည်းငယ် စောင်းလိုက်ကာ

“ မင်းသူ့ကို ဖြေရှင်းနိုင်လား ရှီရှီလေး? ငါပြောချင်တာက သူ့ရဲ့အစာအိမ်ကို”

မိုရှီရှီရဲ့ ရင်ဘတ်က ကြီးလာပြီးနောက်မှာ..

“ ငါလုပ်နိုင်လောက်တယ် သူဋ္ဌေး”

သူမရဲ့မျက်လုံးတွေကို ပိတ်လိုက်သည်။

သူမ ရှာဖွေတော့သည်… စိတ်ဝိညာဥ်ဆိုင်ရာ သိုင်းကျင့်စဥ်တွေ.. ကုသရေးနည်းနာတွေ.. ဂိုဏ်းကပေးအပ်ခဲ့တဲ့ ရှေးဟောင်းစာပေတွေ..။

ဒီလိုနဲ့ သူမရဲ့မျက်နှာထားက အနည်းငယ် ထိတ်လန့်ဖွယ်ကောင်းသွားသည်။

‘ နေအုံး.. အဲ့တာဘာလို့ ခေါ်တာပါလိမ့်? ကျိန်စာသင့်အကြောဖြေသိုင်း မလား? မရဘူး မရဘူး အဲ့ဒါက လူတွေကို မျက်လုံးကနေ သွေးတွေထွက်လာစေတယ်’

သူမရဲ့မေးစေ့ကို ပွတ်သပ်လိုက်ရင်း

‘ ဖြစ်နိုင်တာ အန်ကယ်ကျုံး တစ်ခါက ဝိညာဥ်ဒဏ်ဖြစ်ပြီး ဝမ်းချုပ်သွားတုန်းက ငါကူညီခဲ့တဲ့ဟာဆိုရင်ကော?’

သူမ ဟောင်ကို မော့ကြည့်လိုက်ပြီး ရုပ်တည်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

‘ ငါ အဖြေရှာကြည့်မယ်’

စစ်ထွက်တော့မဲ့ ဆရာဝန်တစ်ယောက်လို သူမက အရှေ့တိုးလိုက်လေ၏။

မိုရှီရှီရဲ့နောက်မှ ဟောင် လက်နှစ်ဖက်ကို ယှက်လိုက်ကာ

‘ ကောင်းကင်ဘုံက မင်းကို.ကူညီလောက်မှာပါ ဘရားသား’

‘ ပြီးငါ့ဆိုင်ရဲ့ ကြမ်းပြင်လေးကိုလဲ ကူညီပေးကြပါ’

ဒိုရှင်းရှီရဲ့ အရှေ့မှာ မိုရှီရှီ ရပ်လိုက်သည်။

ဒိုရှင်းရှီက တွန့်ချိုးနေတဲ့ မျက်ခုံးမျာဖြင့် မော့ကြည့်လာလေ၏။

ဒီကလေးမ ဘာလုပ်နေတာလဲ?

သူ မျက်တောင်နှစ်ကြိမ်လောက် ခတ်မိသွားသည်။

ထို့နောက်မှာ သူ့ရှေ့က ကောင်မလေး မရှိတော့ဘူး။

“အာ?”

ဒီကလေးမ ပျောက်သွားတာလား? ငါအခု ​ထင်ယောင်ထင်မှား ဖြစ်နေတာလား?

ဒါက ချော်ရည်ခေါက်ဆွဲအစပ်ရဲ့ ဘေးထွက်ဆိုးကျိုးများလား?

သူ့ရဲ့အတွေးတွေ ချာချာလည်လာရပြီ။

ထို့နော​က်မှာ..

ဖူးရှ်!

သန်မာတဲ့ခပ်အိအိ လက်ဖဝါးတစ်ဖက်က သူ့ရဲ့ဝမ်းဗိုက်ပေါ်ကို ကန့်လန့်ဖြတ်တင်ထာခဲ့သည်။

“...ဘာ..ဘာ?”

ဇဇ်ဇ်ဇ်ဇ်ဇ်!!!!

All Chapters