( ရှီရှီလေးကသူ့ကို အိမ်သာကို တိုက်ရိုက်ငြင်းနိုင်အောင် လုပ်ပေးလိုက်တယ်)
Vol. 9 Ch. 119
ချီစွမ်းအင်ကို အသက်သွင်းလိုက်တာနဲ့ မိုရှီရှီရဲ့ ကိုယ်တွင်းမှ မီးခိုးရောင် စွမ်းအင်လှိုင်းက မြွေတစ်ကောင်လို ထွက်လာကာ သူမရဲ့ လက်မောင်းမှတစ်ဆင့် ဒိုရှင်းရှီရဲ့ ဝမ်းဗိုက်အတွင်းသို့ ကူးပြောင်းသွားသည်။
“ အတွင်းအူ ပိတ်ဆို့လက်ဝါး”
မိုရှီရှီရဲ့ အေးစက်တဲ့ အသံက ရှေးဟောင်း စာပေတစ်ခုကို ဖတ်ပြနေသလိုမျိုး တည်ငြိမ်သည်.
အေးစက်တဲ့ အသံနဲ့စကားလုံးက…!
ကြောက်ဖို့ကောင်းသည်!
အမှန်တော့ ဒါတွေအားလုံးက အရှေ့က လူ ချီးမပါချဖို့ တားနေတာပဲ!
ဒါက သူမတို့ ကျိန်စာဖြူဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်စဥ်တစ်ခုဖြစ်သည်။
အသုံးပြုလိုက်တာနဲ့ ကျိန်စာသင့်ချီတွေ ဝင်သွားပြီး ချိန်းကြိုးတစ်ခုနဲ့ ပိတ်လိုက်သလိုမျိုး အူတစ်လျှောက် အတွင်းသွေးကြောတွေကို ပိတ်ဆို့ပေးသည်။
တစ်နာရီလောက်ထိ ပစ်မှတ်သည် လုံခြုံမှု ရသွားမည်။
ဒါပေမဲ့ တစ်နာရီကြာလျှင်.. ချိတ်ပိတ်မှု ပျယ်သွားမှာပဲ။
ရလဒ်အနေနဲ့ စွန့်ပစ်ပစ္စည်းတွေက ပေါက်ကွဲပြီး အရှိန်နဲ့ ထွက်လာနိုင်သည်။
အဲ့ဒီအချိန်ကျော်သွားရင်တော့ တောင့်ခံဖို့ဆိုတာ မေ့လိုက်တော့။ စိတ်ဝိညာဥ်ဘယ်လောက်ပဲ သန်မာပါစေ ကြွက်သားတွေက လုံးဝ ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။
လူကြီးတွေ ပြောတာ ကြာဖူးသလောက်ဆိုရင် တစ်ခါက အကြီးအကဲတစ်ယောက်က အခုလို အချိန်လွန်ပြီးမှ ထိန်းဖို့ကြိုးစားချိန်မှာ လူက ကောင်းကင်ပေါ်ကို ဆယ်ပေလောက်မြင့်တက်သွားပြီး ပထမဆုံး ဘောင်းဘီကပေပွကာ အိမ်ခေါင်မိုးတွေပါ ပေသည်အထိ ကောင်းကင်တစ်ခွင် ပျဲပျဲစင်အောင် ကောင်းချီးတွေ ဖြန့်ကျပ် ဖူးသည်တဲ့။
ဒိုရှင်းရှီ သူ့ရဲ့ဝမ်းဗိုက်ကို အောင့်လိုက်ကာ ကျောပြင်ကိုပြန်ဖြောင့်လိုက်သည်။
“...”
နာကျင်မှုက.. ပျောက်သွားပြီလား?
ဖိအားက.. မရှိတော့ဘူးလား?
နောက်ကျောက ချွေးတွေတောင် ခြောက်လာပြီ။
“ ဘာလဲ?!”
သူ့ရဲ့ဝမ်းဗိုက်ပေါ် လက်တင်ထားတဲ့ ကလေးမကို ကြည့်လိုက်ကာ
“ မင်း”
ဒိုရှင်းရှီ မျက်လုံးပြူးဖြင့် ပြောလိုက်သည်။
မိုရှီရှီကတော့ ကိစ္စပြီးသည်နှင့် လက်ပိုက်ပြီး မဲ့ပြကာ ထွက်သွားလေရဲ့။
“ တစ်နာရီလောက်တော့ ခံနိုင်မယ်”
ဟောင် ကြည့်နေရင်းဖြင့် ပြုံးကာ ခေါင်းရမ်းလိုက်သည်။
‘ ရှီရှီလေးကို ခေါ်မိတာ တစ်ကယ်မှန်တယ်’
မိုရှီရှီသာ ဒီမှာမရှိရင် သူ့ရဲ့ကျဆုံးတော့မဲ့ ကြမ်းပြင်အတွက် စဥ်းတောင်မစဥ်းစားဝံ့ဘူး။
သွေးပေသွားရင်တောင်မှ သန့်ရှင်းလို့ရသည်။
ပေါက်ကွဲထွက်မဲ့ အီးအီးတဲ့လား?
အဲ့ဒါက မတူညီတဲ့ တိုက်ပွဲလက်နက်ပဲ!
ဆိုင်အတွင်းက ပိုကျယ်သွားတဲ့နေရာကို မိုရှီရှီ အရမ်းမအံ့သြမိပါချေ။
သူမအခုထက် ပိုပြီးထူးဆန်းတာတွေ မြင်ဖူးခဲ့ပြီးပြီပဲ။
ပြောရလျှင် သူမကို အလုပ်ခန့်ပြီးပြီတုန်းက တစ်ညပဲအိပ်ရသေးတယ်… အိပ်ထားတဲ့ ဒုတိယထပ်က မှော်ဆန်ဆန်နဲ့ တတိယထပ် ဖြစ်သွားပြီး ကျယ်ဝန်းလှတဲ့ ဒုတိယထပ်ကြီးက အလိုအလျောက် ပေါ်လာတာပဲမလား?
တွေးကြည့်မယ်ဆိုရင် အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တဲ့အရာဟုတ်မှာလဲ?
ဒီကမ္ဘာပေါ်က အတော်ဆုံးကျွမ်းကျင်လက်မားတွေ ပေါင်းလုပ်ရင်တောင်မှ ဒီလောက်မြန်မြန်နဲ့ တစ်ထပ်လုံး ဆောက်မရတာ သေချာပေါက် ပြောလို့ရသည်။
“ သူဋ္ဌေး ဆိုင်ကို ချဲ့လိုက်တာလား?”
မိုရှီရှီ မေးလိုက်သည်.
ဟောင် လှည့်ကြည့်လာကာ
“ အင်း ကြိုက်လား ရှီရှီလေး?”
တစ်ကယ်တော့ လေးလံတဲ့အရာတွေ အကုန်လုံးကို စနစ်က လုပ်ပေးသွားတာပဲ။
ဒါပေမဲ့ ငါက မစ်ရှင်လုပ်လို့ ပြီးတာဆိုတော့ ငါလုပ်တာပဲမလား?
မိုရှီရှီ က ခပ်ဖြည်းဖြည်းပဲ လှည့်ပတ်ကြည့်လိုက်သည်။
စင်အပိုတွေ… စားပွဲဝိုင်းအသစ်တွေနဲ့ ပိုမြင့်သွားတဲ့ မျက်နှာကြက်။
အထဲက လေထုတောင် ပိုပြီးလန်းဆန်းသွားသလိုပဲ။
သူမရဲ့ မျက်လုံးမှာ အရောင်တစ်ချို့ ဖြတ်ပြေးသွားသည်။
ဖြစ်နိုင်တာ ဂုဏ်ယူမှုတစ်ချို့ပေါ့။
ဒီဆိုင် ကြီးထွားလာတာကို သူမ ကြည့်ခဲ့ရပြီ။
ဖြစ်နိုင်တာ တစ်ရက်ကျရင်ပေါ့။
ဆိုင်က အခုလိုပုံစံသာ ဆက်ကြီးနေရင် တစ်ရက်ကျ ဒီနေရာက သန့်စင်တဲ့ နယ်မြေကြီးတစ်ခုတောင် ဖြစ်လာနိုင်သည်။
ဒါပေမဲ့ သူမ ကိုယ့်ကိုယ်ကို သတိထားမိပြီး ချက်ချင်းပဲ အနောက်လှည့်လိုက်ကာ
“ ဟမ့် ငါ့အိပ်ယာကိုတော့ ဘာကမှ မမှီဘူး”
တစ်ဖက်ခြမ်းက ဒိုရှင်းရှီကတော့ ဝမ်းဗိုက်ကို ပွတ်သပ်နေရင်း လေထဲကို ဗလာဖြစ်နေတဲ့ အကြည့်နဲ့ ကြည့်နေဆဲပဲ။ မသိရင် မျက်စိတစ်မှိတ်အတွင်း ပျက်ဆီးတော့မဲ့ သူ့ရဲ့ အဖိုးတန် ဘိုးဘွားအမွေအနှစ်လေး ကယ်တင်ခံလိုက်ရသည့်အတိုင်းပင်။
မိုရှီရှီရဲ့ စကားတွေက သူ့ခေါင်းထဲမှာ စွဲကျန်နေဆဲပဲ။
တောင့်ခံနိုင်တယ်တဲ့? အဲ့ဒါဘာကိုဆိုလိုတာလဲ? တစ်နာရီကြာရင် ဘာဖြစ်သွားမှာလဲ?
သူ မသိတော့ပေ။
ဒါပေမဲ့အခုတော့.. ခံစားလို့ကောင်းနေသည်!
သူ့ရဲ့အူတွင်းက ကြောက်မက်ဖွယ် လှိုင်းလုံးများသည် အအော်ခံလိုက်ရလို့ ငြိမ်သွားတဲ့ ကလေးငယ်လိုပဲ တိတ်ဆိတ်သွားပြီ။
အဲ့ဒီကလေးမက…
ငါ့ဘဝရဲ့ ကယ်တင်ရှင်ပဲ!
သူ ကောင်တာနားကို လျှောက်လာလိုက်သည်။
“ မိန်းကလေး”
ဒိုရှင်းရှီက ရှီရှီလေးက အရိုအသေပေးကာ ပြောလိုက်သည်။
“ မင်းက ကောင်းကင်ဘုံရဲ့ ကောင်းချီပဲ! အစောင့်အရှောက်နတ်သမီးလေး! လူသားအသွင်ယူထားတဲ့ သူတော်စင်မလေး!”
.
မိုရှီရှီ မျက်တောင်ခတ်လိုက်သည်။
ထို့နောက်မှာ အင်းဟုသာ တစ်ချက်တုံ့ပြန်ပြီး အကြည့်လွှဲသွားလေရဲ့။
ဒါပေမဲ့ သူမရဲ့နားရွက်နှစ်ဖက်ကတော့ အနည်းငယ်ပန်းရောင် သန်းနေခဲ့သည်။
သူမနောက်က ဟောင်ကတော့ ကောင်တာကို မှီနေရင်း.ရယ်ချင်စိတ်ကို ထိန်းထားလေ၏။
ဘရိုရေ.. မင်းအခုခေါ်နေတဲ့ သူတော်စင်မလေးက သူမခေတ်သူမအခါက သောက်ရမ်းကြောက်ဖို့ကောင်းတဲ့ မိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူနော်။ သူတော်စင်ဆိုတာ ဘာကို ပြောတာလဲ?
ဒါပေမဲ့ ရှီရှီလေးက ကောင်းကင်ဘုံရဲ့ ကောင်းချီဆိုတာတော့ ဟောင် လက်ခံရမည်။
……
ဒိုရှင်းရှီကတော့ အခုမှသာ ပထမဆုံးအကြိမ် ဆိုင်ထဲကို လှည့်ပတ်ကြည့်နိုင်တော့သည်။
တောက်ပတဲ့အလင်းအောက်က ထူးဆန်းတဲ့ စင်တွေရယ်… ပြီးတော့ လိုတာထက် ပိုကြီးမားတဲ့ နံရံကြီးတွေ။
သူဝင်ခဲ့တာ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ စွန့်ပစ်အိမ်ဆိုတာ သေချာပါသည်။ ထိုအိုဟောင်းနေတဲ့ သစ်သားတံခါးကို သူ ကောင်းကောင်းသိသည်။ ဒါပေမဲ့ ဒီနေရာက ဘာလဲ?.
နောက်ထပ် ကမ္ဘာတစ်ခုလား?
လျှို့ဝှက်နယ်မြေများလား?
ဒါမှမဟုတ်.. ဖြစ်နိုင်တာ အထက်ဘုံက အရောင်းဆိုင်တစ်ခုလား?
သူအနည်းငယ် မျက်မှောင်ကြုတ်သွားသည်။.ဘာပဲဖြစ်ဖြစ် သူ ကျေးဇူးတရားတော့ ပြရမည်။
ထိုကလေးမရဲ့ အဝတ်တွေကို ကြည့်ရသလောက် ဒီနေရာနဲ့သက်ဆိုင်ကြောင်း ပြောပြနေဟန်ရှိသည်။ ပြီးတော့ သူမအနောက်ရှိ လူသည် ဆိုင်ရှင် ဖြစ်ပုံရသည်။
ငါ.. တစ်ခုခု ဝယ်လိုက်ရမလား?
ဟုတ်တယ်! ဝယ်ရမယ်!
သူတို့ရဲ့ ကြင်နာမှုကို ဒင်္ဂါးပြားနဲ့ ပြန်ဆပ်ရမှာပေါ့။
ဒီလိုနဲ့ သူ စင်တွေနားကို လျှောက်သွားလိုက်သည်။
ထို့နောက်မှာ ဈေးနှုန်းကဒ်ကို မြင်လိုက်ရလေပြီ။
“ ဝိညာဥ်ကျောက်တုံးသုံးတုံး? ဖျော်ရည်တစ်ဗူးအတွက်လေ?”.
သူ ခြေတောင် မခိုင်ချင်တော့ဘူး။
သူ့ရဲ့နှလုံးသားက တင်းကျပ်လာခဲ့သည်။ အခုတစ်ခေါက်.နာကျင်နေတာ သူ့ရဲ့ ဝမ်းဗိုက်မဟုတ်တော့ဘူး.. သိုလှောင်လက်စွပ်ပဲ!
သူ့မှာ ဝိညာဥ်ကျောက်တုံးနှစ်တုံးသာ ကျန်တော့သည်။ ပြီးတော့ အဲ့ဒါကလဲ ဒီလ အသုံးစရိတ်ချန်ထားတာပင်!
ဒီထဲမှာ ပစ္စည်းတစ်ခုပဲ သူတတ်နိုင်သည်။
အသင့်စားခေါက်ဆွဲ- ဝိညာဥ်ကျောက်တုံး တစ်တုံး။
တုန်ယင်နေတဲ့ လက်ချောင်းများနဲ့ သူ ကြက်သားအရသာ ခေါက်ဆွဲဗူးကို ယူလိုက်တော့သည်။
ဒီတစ်ခေါက် အစပ်ကိုသာ ယူမိရင် ကောင်းကင်ဘုံက သူ့ပါးသာ လာရိုက်လိုက်တော့။
အဲ့ဒီ ဝမ်းဗိုက်ကို ဒုက္ခပေးတဲ့ မိစ္ဆာအစားအသောက်စုတ်တွေကနေ အဝေးဆုံး နေထိုင်ရမည်!
ပြီးတော့ ငါဆိုတဲ့ လူစားက ကျေးဇူးမသိတတ်တဲ့ သူ မဟုတ်ဘူး။
‘ တန်ပါတယ်’ ဒိုရှင်းရှီ တွေးလိုက်ပြီးနောက်မှာ ခေါက်ဆွဲဗူးကို တင်းနေအောင် လက်နှစ်ဖက်နဲ့ ကိုင်လိုက်လေ၏။
‘ ငါ.. ဒိုရှင်းရှီက ကျေးဇူးမမေ့ဘူး’
အဲ့ဒီထူးဆန်းတဲ့ ကျေးဇူးတရားက သိုင်းကျင့်စဥ်တစ်ခုဖြစ်ပြီး တစ်နာရီပဲ ခံရင်တောင်မှပေါ့။
ဆိုင်ရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဒိုရှင်းရှီ လိုက်လုပ်လိုက်သည်။
ကောင်တာမှာလဲ ငွေချေပြီးသွားပြီး အစောက ကလေးမဆီက သဘောတူစွာ ခေါင်းညိတ်မှုကို လက်ခံရပြီးသည်နှင့် လက်ထဲမှာ ခေါက်ဆွဲပူကို ကိုင်ကာ ထောင့်တစ်ထောင့်ကို သွားတော့၏။
ကြက်သားအရသာခေါက်ဆွဲမှ ရေနွေးငွေ့တွေ သိမ်မွေ့စွာ ထွက်နေသည်။
သူ တစ်လုပ်စားလိုက်သည်။
ခေါက်ဆွဲရည်က နွေးထွေးပြီး အရမ်းကောင်းတာပဲ!
ခေါက်ဆွဲကလား? အပြီးပြည့်စုံဆုံးပဲပေါ့!
တစ်ကိုက်ကိုက်လိုက်တိုင်း ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ဘိုးဘေးဆီက တစ်ခါဖတ်ခံလိုက်ရသလို ရင်ထဲ နင့်ဝင်သွားသည်။
ငါ ဝိညာဥ်ကျောက်တုံးတစ်တုံးကို ကောင်းကောင်း သုံးခဲ့တာပဲ!
မိနစ်အနည်းငယ်အတွင်းမှာ တစ်ခွက်လုံးပြောင်သွားပြီ။
ထို့နောက်မှာ စတင်တော့၏။
ကမ္ဘာကြီးက စောင်းသွားသလိုပဲ။
သူ့ရဲ့ခန္ဓာကိုယ်က တောင့်တင်းလာပြီး မျက်လုံးတွေလဲ မှိတ်ကျသွားသည်။
သူ့ရဲ့ စိတ်ဝိညာဥ်သွေးကြောများထဲသို့ နွေးထွေးမှုတွေ တစ်ရှိန်ထိုး တိုးဝင်လာသည်။.
ခွက်ကိုလက်ထဲမှာ ကိုင်ထားရင်း နေရာမှာ အေးခဲနေချိန်မှာ သူ့ရဲ့မျက်လုံးအတွင်းသို့ ရွှေရောင်အလင်းတစ်ခု လက်သွားသည်။
ဒိုရှင်းရှီ အလင်းပွင့်သွားခဲ့ပြီ။
နာရီဝက်လောက် သူ မလှုပ်ရှားတော့ပေ။
ထို့နောက်မှာ…
“ ဟူး!”
ဒိုရှင်းရှီ ဆတ်ခနဲ လန့်နိုးလာတာမို့ လက်ထဲက ခွက်ပင် လိမ့်ကျသွားသည်။
လက်တစ်ဖက်နဲ့ ရင်ဘတ်ကို ဖိလိုက်ရင်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်လေ၏။
သူ့ရဲ့ဒျန်ထျန်းအတွင်းက ဖိအားက မှားစရာ အကြောင်းမရှိဘူး။
ချီစွမ်းအင်တွေက သူ့ရဲ့ကိုယ်အနက်ပိုင်းမှာ ဆက်လက်လည်ပတ်နေဆဲပဲ။
သူ.အာရုံစိုက်ပြီး ခံစားကြည့်လိုက်သည်။
သူ…အဆင့်တက်သွားတာလား?
သူကလေ?
စိတ်ဝိညာဥ်နိုးထနယ်ပယ် အဆင့်လေး!
“ ငါ.. ငါလုပ်နိုင်ခဲ့ပြီ?!”
ဒိုရှင်းရှီ အက်ရှစွာ ရေရွတ်လိုက်သည်။
“ ဒီလောက်နှစ်တွေ အများကြီးကြာပြီးမှ?”
သူက ပါရမီရှိသူ မဟုတ်ပေ။ သူ ကောင်းကောင်း သိပါသည်။
သူက တစ်ဝက်လောက်ရောက်ဖို့ကို သူများတွေထက် သုံးဆလောက် ကျင့်ကြံရသည်။
သူ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာချင်တယ်ဟု ကြွေးကြော်စဥ်က ကလန် တစ်ခုလုံး သူ့ကို လှောင်ရယ်ကြ၏။
ထို့နောက်မှာ အဲ့ဒီဗိုလ်ကျစိုးမိုးတဲ့ ဂိုဏ်းတစ်ခု ပေါ်လာခဲ့သည်.. ဝတ်ရုံကြီးတကားကားနဲ့.. အစွမ်းကို အလွဲသုံးစားလုပ်ရင်း တောင်းပန်သံတွေကို ကန်းချင်ယောင် ဆောင်ခဲ့သည်။