( အသင့်စားခေါက်ဆွဲရဲ့ တပည့်ဖြစ်သူဆီမှ နိမ့်ချတဲ့ လမ်းစဥ်အကြောင်း တစ်စေ့တစ်စောင်း)
Vol. 9 Ch. 12
ထိုဂိုဏ်းက သူ့ရဲ့အိမ်ကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့ဆီ မြေရောင်းဖို့ရန် ငြင်းဆိုသည့် အတွက်ပင်။
ဒိုရှင်းရှီ တစ်ယောက်ပဲအသက်ရှင် ကျန်ခဲ့တာပဲ။
သူတို့အတွက် သူ ရှင်သန်ပေးမှ ဖြစ်မည်လို့ ကျိန်ဆိုခဲ့သည်။
ဗွက်အိုင်ထဲ တွားသွားပြီး ခါးသီးတဲ့ အစားအသောက်တွေ မှီဝဲရင်း ကြွက်တစ်ကောင်လို ရှင်သန်ရမယ်ဆိုရင်တောင်မှ သူ ရှင်သန်မည်။
ဒါပေမဲ့ ဒီနေ့တော့…
အသင့်စားခေါက်ဆွဲတစ်ပွဲကြောင့်နဲ့ သူ အဆင့်တက်သွားတယ်?
မသေမျိုးဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်ကို ရှာတွေ့သွားသလိုမျိုး သူ စိုက်ကြည့်နေမိသည်။
သူ့ရဲ့ ပတ်ပတ်လည်က ဆိုင်က အခု မတူညီတော့သလိုပဲ။
သူ ဝင်လာစဥ်က ဆိုင်ထောင့်မှာ ကျင့်ကြံနေသူ.လေးယောက်ထဲက နှစ်ယောက်က မျက်လုံးမှိတ်ရက်နဲ့ မတ်တပ်ရပ်နေကြပြီး တစ်ယောက်က မျက်နှာကြက်ပေါ်ကို လက်မြှောက်နေသည်။ နောက်ဆုံးတစ်ယောက်က ကြာပွင့်ပုံ တရားထိုင်နေလေ၏။
ထိုလေးယောက်လုံး မလှုပ်ရှားသေးချေ။
မျက်လုံးတွေလဲ မှိတ်ထားဆဲပဲ။
ဒါ့အပြင် ဆိုင်ထောင့်မှာ သတ္ထုဗူးတစ်ခုကို နမ်းနေတဲ့ အဖိုးကြီးတစ်ယောက်လဲ ရှိသေးသည်။
ဒိုရှင်းရှီ မျက်လုံးတွေ မှေးကျဥ်းသွားသည်။
မက်မွန်လက်ဖက်ရည်?
နေအုံး..
နေပါအုံး။
သူ့ရဲ့ ခွက်ကို ပိုတင်းကျပ်စွာ စုတ်ကိုင်လိုက်မိကာ…
ဒါက ဂိုဏ်းတစ်ခုများလား?
ဆိုင်ထဲမှာ လျှို့ဝှက်ဂိုဏ်းတစ်ခု ရှိနေတာလား?
အစာနဲ့ ကျင့်ကြံရတဲ့ သန့်စင်နယ်ပယ်ထဲကို သူ ရောက်လာမိတာလား?
ဒါဆို.. သူလဲ တစ်စိတ်တစ်ပိုင်း ပါဝင်သွားပြီပေါ့!
သူ့ရဲ့ကျောပြင်က ဖြောင့်တန်းသွားကာ..
မျက်လုံးမှာ ရည်မှန်းချက်တို့ ပြည့်လျှံလာ၏။
မဟုတ်ဘူ.. ဒါက ရေစက်ပဲ!
ဆန်းကြယ်တဲ့တံခါးပေါက်နဲ့.. ငါ့ရဲ့ကျိန်စာသင့်နေတဲ့ဝမ်းဗိုက်.. ပြီးတော့ ဒီနတ်ခေါက်ဆွဲ!
ဒါ တိုက်ဆိုင်တာ မဟုတ်ဘူး! ဒါကံတရားပဲ!
‘ သူတို့က ငါ့ရဲ့ဂိုဏ်းတူအကိုတွေ ဖြစ်မယ်’
သူ တွေးလိုက်ကာ လက်ဖက်ရည်ဗူးနဲ့ နမ်းနေတဲ့ အကြီးအကဲကို ခေါင်းညိတ်ပြလိုက်သည်။
သူ့ရဲ့ ရင်ဘတ်မှာ ခံစားချက် လှိုင်းထန်လာရပြီ။
‘ ဒီမြင့်မြတ်နယ်မြေကို အရှက်မရစေရပါဘူး..!’
ထို့နောက်မှာ ဘယ်သူမှ သူ့ရဲ့မျက်ရည်တွေ မမြင်ခင် နှာခေါင်းကို အင်္ကျီလက်နဲ့ကာရင်း လှည့်လိုက်တော့သည်။
သူ့ရဲ့ အာနည်းချက်ကို ပြလိုက်လို့မဖြစ်ဘူး။
ကောင်တာအနောက်က သူက သာမာန်လို့ ထင်ရပေမဲ့ သူ့ရဲ့တည်ငြိမ်တဲ့ဟန်ပန်က အငြိမ်းစားယူထားတဲ့ စစ်သူကြီးတစ်ယောက်လိုပဲ။
ကောင်တာမှာ မှီပြီး လက်တစ်ဖက်ထောက်ရင်း ခပ်ပြုံးပြုံးနဲ့ ကမ္ဘာကြီးကို စောင့်ကြည့်နေတဲ့ သွင်ပြင်က အရာအားလုံးကို ပြောပြနေသည်။
ပြီးတော့ အဲ့ဒီကလေးမ…
သူမက ကလေး မဟုတ်တော့ဘူး။ သူမရဲ့ လှုပ်ရှားမှုတိုင်းက တိကျသည်။ အစောက သူမရဲ့ သိုင်းကျင့်စဥ်က ကုသဖို့အတွက် အသုံးပြုပေးထားတယ်ဆိုသော်ငြား ဒိုရှင်းရှီ သိပါသည်.. ထိုလက်သေးသေးလေးတွေက အလွယ်လေးသတ်ပစ်နိုင်စွမ်း ရှိတာကို။
သူမက ကမ္ဘာကြီးကို မထိုက်တန်ဘူးလို့ ဝေဖန်နေတဲ့ ဘုရင်မတစ်ယောက်ရဲ့ ဟန်ပန်ရှိသည်။
ဒါက သာမာန်ဆိုင်တစ်ခု မဖြစ်နိုင်ဘူး။
ဒါက မြင့်မြတ်နေရာပဲ။ ကျွမ်းကျင်တွေ စုဝေးနေတဲ့ သန့်စင်မွန်မြတ်တဲ့နေရာတစ်ခု!
ဒိုရှင်းရှီ ဒူးထောက်ကျသွားသည်။
ဒုတ်!
ခေါင်းပေါ်ကို မြှောက်ထားတဲ့လက်နှစ်ဖက်သည်လဲ တုန်ယင်နေ၏။
အရှိန်ပြင်းပြင်းနဲ့ နောင်တတစ်သောင်းလောက် ရနေဟန်ဖြင့် ကြမ်းခင်းပေါ် နဖူးနဲ့ ဆောင့်လေတော့သည်။
“ မြင့်မြတ်တဲ့ အရှင်သခင်! သူတော်စင်မ!”
ဒိုရှင်းရှီရဲ့ ငိုယိုသံမှာ ခံစားချက်များ ပြည့်နှက်လို့ပင်။
သူ နှဖူးနဲ့ ထပ်ဆောင့်ပြန်သည်။
ထို့နောက်မှာ ထပ်ဆောင့်ပြန်သည်။
လက်နှစ်ဖက်ကို မြင့်မြင့်မြှောက်လိုက်ရင်း မျက်ရည်တွေက မြစ်တစ်ဆင်းလို စီးဆင်းလာ၏။
‘ ငါကန်းခဲ့တာ။ ငါ ဒီသန့်စင်တဲ့နေရာကို အဆိုးဝါးဆုံးနည်းလမ်းနဲ့ အပြစ်ပြုမိတော့မလို့!’
‘ ဂရုမစိုက်မိတဲ့အတွက် ငါ့ကိုယ်ငါ အပြစ်ပေးရင်း သန့်စင်ရမယ်!’
‘ ဒီမြင့်မြတ်တဲ့နေရာကို ငါ့ရဲ့ ခန္ဓာကိုယ်၊ နှလုံးသားနဲ့ ပိုင်ဆိုင်မှုတွေ အပ်နှင်းရမယ်’
သူ့လိုမျိုး မျှော်လင့်ချက်ပျောက်နေတဲ့ ကောင်းကောင်းမကျင့်ကြံနိုင်တဲ့ လမ်းဘေးခရီးသွားတစ်ယောက်ကိုတောင် ဒီနေရာက လက်ခံပေးခဲ့တယ်။
သူ့မှာ မျှော်လင့်ချက်တွေ ရှိလာရပြီ။
မဟုတ်ဘူး.. ငါ့အတွက် ကယ်တင်ရှင် ရှာတွေ့ခဲ့ပြီ!.
“ ငါ ဒိုရှင်းရှီက ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း မြင့်မြတ်လှတဲ့ ဆိုင်ရှင်ပုဂ္ဂိုလ်နဲ့ သူတောင်စင်မကို အခုလိုမျိုး အံ့ဖွယ်အခွင့်အရေးအတွက် ကြီးမားစွာ ကျေးဇူးတင်မိပါတယ်”
ဟောင် နဲ့ မိုရှီရှီ
“......”
ဘရားသားရေ…….။
ကောင်းကင်ဘုံရဲ့ ဆန္ဒဆိုတာ မင်းဘာကို ပြောချင်တာလဲ?
လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ မင်းက ငါ့ဆိုင်ကို အဆင့်မြင့်ရိုင်ဖယ်နဲ့ ဖျက်ဆီးဖို့ ကြံခဲ့တာလေ?
ဟောင် မျက်တောင်တစ်ဖြတ်ဖြတ် ခတ်လိုက်ရင်း သူ့ရဲ့ နှုတ်ခမ်းထောင့်က တွန့်လိမ်လာရသည်။
“ ရှီရှီလေး”.
ဟောင် ခပ်ဖြည်းဖြည်း မေးလိုက်သည်။
“ မင်းရဲ့သိုင်းက အတွေးအခေါ်ပိုင်းကို အန္တရာယ် ပြုနိုင်တာလား?”
မိုရှီရှီ မျက်မှောင်ကြုတ်သွားကာ
“ မရှိသင့်ဘူး သူဋ္ဌေး”
သူမ ခပ်တိုးတိုး ပြန်ပြောသည်။
ဒါပေမဲ့ သူမရဲ့အသံမှာ တုံ့ဆိုင်းမှုတွေ ရှိနေသည်။
အကယ်လို့…?
သူမသုံးခဲ့တဲ့ ကျိန်စာမှာ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုး ရှိနေရင်ကော?
ချီစွမ်းအင်တွေ ပြောင်းပြန်စီးဆင်းပြီး ထင်ယောင်ထင်မှားတွေ စဖြစ်ကုန်ရင်ရော?
အကယ်လို့… သူမရဲ့ကျင့်စဥ်က အတွင်းပိုင်းကို ဝါးမြိုမှုအဖြစ် ပြောင်းပြန် အသက်ဝင်သွားရင်ကော?
သူမရဲ့ မျက်ခုံးက ပိုပြီးကျုံ့လာသည်။
‘ ဖြစ်နိုင်တာ.. ငါ စစ်ဆေးလိုက်သင့်လား?’
ဟောင် သက်ပြင်းချလိုက်သည်။
ဟုတ်ပြီ။ အရှေ့က ကောင် သွေးအန်ပြီး ဘုန်းကြီးတရားဟောသလို ဆုတောင်းစကားတွေ ရွတ်မလာခင် သူကိုယ်တိုင် စစ်ဆေးမှ ဖြစ်တော့မည်။
“ ဟေး ဒိုရှင်းရှီ မလား?”
ဟောင် လက်တစ်ဖက်မြှောက်ကာ ခေါ်လိုက်၏။
“ မင်းဒါတွေလုပ်ဖို့မလိုဘူး။ သာမာန်ဆိုင်တစ်ခုလိုပဲ ဆက်ဆံပါ”
ရိုးရှင်းတဲ့ စကားလုံးများကို
ရှင်းလင်းစွာ ပြောပေးခဲ့သည်။
ကျိုးကြောင့်သင်တဲ့အကြံပေးချက်ပဲ။
ဒါပေမဲ့ ဒိုရှင်းရှီရဲ့ နားထဲမှာတော့…
အရမ်းသိမ်မွေ့သည်!
အရမ်းနက်ရှိုင်းသည်!
ရိုရှင်းမှုထဲမှာ ညှာတာမှုတွေ ပါနေတာပဲ!
‘ မြင့်မြတ်ပုဂ္ဂိုလ်က ငါ့ကို နိမ့်နိမ့်ချချ ဆက်ဆံဖို့ ပြောနေတာပဲ!’
‘ ကျင့်ကြံမှုအစစ်ကို ဖုံးကွယ်ရင်း သေမျိုးလမ်းစဥ်ကို ကောင်းကောင်း လျှောက်လှမ်းဖို့ အကြံပေးနေတာ’
‘ ကြီးမြတ်လှတဲ့ ဆရာသခင်ကြီးရဲ့ လမ်းကြောင်းပဲ ဖြစ်မယ်! တစ်ကယ်ကို လူအားလုံး နတ်အားလုံးထက် မြင့်မြတ်တယ်!’
ဒိုရှင်းရှီရဲ့ မျက်နှာက လေးစားမှုတွေ ပြည့်လျှံသွားသည်။
သူ့ရဲ့ နှဖူးကို ဆိုင်ကြမ်းပြင်နဲ့ နောက်တစ်ကြိမ် ထပ်ဆောင့်လိုက်လေရာ ဆိုင်တစ်ခုလုံးပင် လှိုဏ်သံပဲ့တင်သွားလေ၏။
“ နားလည်ပါပြီ မြင့်မြတ်ပုဂ္ဂိုလ်!”
“ ဒီအရူးက ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ့မယ်! တိတ်ဆိတ်ညီမျှတဲ့ လမ်းကို ငါလျှောက်လှမ်း ပါ့မယ်!”
“ ပတ္တမြားတွေကြားမှာ ငါက ကျောက်တုံးတစ်တုံးလို နေထိုင်ပါ့မယ်”
‘ ငါပဲထင်နေတာလား? ဒီကောင်ကပဲ တစ်စက္ကန့်ကြာတိုင်း ပိုရူးလာတာလား?’
ဟောင် တွေးမိလာပြီ။
‘ ဒီလူရဲ့ စကားတွေက အရင်ထက်တောင် ပိုရူးနှမ်းလာသလိုပဲ!’
မိုရှီရှီ အမြန်ပဲ ဒိုရှင်းရှီ နဲ့ဝေးရာကို ခြေတစ်လှမ်း ဆုတ်လိုက်ရင်း
“ သူဌေး ငါ့အထင် ဒီလူရဲ့ခေါင်းက တစ်ခုခု ချို့ယွင်းနေပုံပဲ”
ဒိုရှင်းရှီက တောက်ပနေတဲ့ မျက်လုံးများနဲ့ ခေါင်းပြန်မတ်လာသည်။
သူ အရာအားလုံးကို နားလည်မှု လွဲခဲ့ပေမဲ့..
သူ့ရဲ့နှလုံးသားထဲမှာ သေချာတာ တစ်ခုတော့ရှိသည်။
သူ ဒီနေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး။
ဒီအသင့်စားခေါက်ဆွဲနဲ့ အစောပိုင်းက အစာအိမ်ရဲ့ နှိပ်စက်မှုတွေက.. သူ့ကို ပြန်လည် မွေးဖွားလာတဲ့ခံစာချက် ပေးစွမ်းနိုင်သည်။
ပြန်လည်မွေးဖွားလာတဲ့ ခံစားချက်တို့နဲ့ လေးလံစွာဖြင့် ဒိုရှင်းရှီ ကြမ်းပြင်မှ ခပ်ဖြည်းဖြည်းချင်း ထလိုက်သည်။
သူ ဒီတိုင်းပဲ နေနေလို့ မရတော့ဘူး။ ဒီဆိုင်ရဲ့ စစ်မှန်တဲ့ အစွမ်းကို ထိတွေပြီးနောက်မှာ.. အခုလို အသင့်စားခေါက်ဆွဲတစ်ပွဲရဲ့ ကယ်ဆယ်ခြင်း ခံရပြီးနောက်မှာ သူ ဒီတိုင်း နေနေလို့ ဘယ်ဖြစ်မလဲ?
စကားထပ်မပြောဘဲ သူ ထပ်မံ အရိုအသေ ပေးလိုက်သည်။ ဒီတစ်ခေါက် အရိုအသေပေးမှုက အနည်းငယ် ချဲ့ကားမိသွားသည်မို့ ခန္ဓာကိုယ်ပင် ခွေခေါက်ကျတော့မတတ်ပဲ။
“ မြင့်မြတ်ပုဂ္ဂိုလ်နဲ့ သူတော်စင်မ ခင်ဗျာ! မင်းတို့ရဲ့ ကြင်နာမှုကို ငါ ဒိုရှီရှီ ဒီတစ်သက် မမေ့ပါဘူး”
သူ ဖြောင့်မတ်စွာ ရပ်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့ ရုပ်မျိုးဖြင့် ထွက်ပေါက်ဆီကို သွားလိုက်လေ၏။ သူ့ရဲ့ အတွင်းစိတ်သည် အနာဂတ် အစီအစဥ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ငါဒီတိုင်း နေလို့ မရတော့ဘူး။ ငါ အသင့်စားခေါက်ဆွဲတွေ ထပ်စားရမယ်…။ ငါ အများကြီးစားရမယ်!
အဲ့ဒီ မြင့်မြတ်တဲ့ ခေါက်ဆွဲတွေက…
ငါ့အနာဂတ်အတွက် သော့ချက်ပဲ!
ဖြစ်နိုင်တာ ငါအလုပ်တစ်ခု ထပ်လုပ်သင့်ပြီလား? မဟုတ်ဘူး။ အဲ့လောက်နဲ့ မလောက်ဘူး။
သူ့ရဲ့ မျက်လုံးတွေက အတွေးကြောင့် ကျဥ်းမြှောင်းသွားကာ.. အလုပ်တွေ အသေအလဲလုပ်ရင်း ချွေတာသုံးစွဲကာ စုဆောင်းခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ နေ့ရက်ပေါင်း များစွာကို အမှတ်ရသွားခဲ့သည်။
သူအခုအချိန်မှာ အလုပ်အများကြီး လုပ်နေသည်။ အလုပ်ကြမ်း၊ လှည်းဆွဲသမား၊ ခရီးသွားတွေအတွက် ပစ္စည်းစောင့်၊ ဒါ့အပြင် တစ်ခါတစ်လေ ချမ်းသာတဲ့ အိမ်တော်တွေ အတွက် စားပွဲထိုးပင် လုပ်သေးသည်။
ဒါပေမဲ့ အလုပ်အားလုံးပေါင်းရင်တောင် သူ့အတွက် တစ်လအသုံးကို ရဖို့ အနိုင်နိုင်ပင်။
သားရဲတွေကို အမဲလိုက်မယ်! ဟုတ်တယ် အဲ့ဒါပဲ! အဲ့ဒါအဖြေပဲ!
ငါသာ သားရဲတွေကို အမဲလိုက်နိုင်ရင်…အထူးသဖြင့် အင်အားကြီးတဲ့ ကောင်တွေကိုသာ ဖမ်းနိုင်လို့ကတော့ ငွေတွေ အများကြီးရှာလို့ ရပြီ။
သူတို့ရဲ့ပင်မအူတိုင်နဲ့ အစိတ်အပိုင်းတွေကို ရောင်းစားရင် အဲ့ဒီပိုက်ဆံနဲ့ ငါဒီမြင့်မြတ်နေရာကို ပြန်လာလို့ ရပြီ။ ငါ ပိုများတဲ့ အသင့်စားခေါက်ဆွဲတွေ ဝယ်စားမယ်။ ငါ ထိပ်ဆုံးကို တက်မယ်ကွ!
ငါသာ အဲ့ဒီခေါက်ဆွဲတွေ အများကြီး ဝယ်နိုင်လောက်အောင် ဝိညာဥ်ကျောက်တုံး အများကြီးရှိတာနဲ့….
ဒိုရှင်းရှီရဲ့ နှလုံးက အခုန်မြန်နေတော့သည်။