( သဘာဝရဲ့ဖိတ်ခေါ်မှုကို ငါက နျူးကလီးယား.လက်နက်နဲ့ ဖြေရှင်းပေးလိုက်တယ်)
Vol. 9 Ch. 122
ဒိုရှင်းရှီရဲ့ အသားအရေက ကျန်းမာတဲ့ နီညိုရောင် အသားအရေ ရှိပေမဲ့ အခုချိန်မှာ သူ့ကိုကြည့်လိုက်တဲ့ ဘယ်သူမဆို သေချာပေါက် ပြောနိုင်သည်။
သူ့ရဲ့ အသားအရေက ဖြူစုတ်နေ၏။
ဖြူတာမှ သရဲတစ်ကောင် အတိုင်းပဲ..!
ပြီးတော့ အဲ့ဒါက တိုက်ပွဲကြောင့် မဟုတ်ဘူး။
သူ အခုတင် မိုးကြိုးလှံနဲ့ ဘဝပြောင်းပေးခဲ့တဲ့ သားရဲတွေကြောင့် မဟုတ်သလို.. သူ့ရဲ့ လက်မောင်းနဲ့ ဘေးတွေမှာရှိတဲ့ ဒဏ်ရာက သွေးတွေကြောင့် မဟုတ်ဘူး။
အခုက ပိုပြီးဆိုးဝါးတဲ့ အခြေအနေကြောင့်ပဲ..။
အတွင်းပိုင်းက တစ်ခုခု..။
တစ်ခုခုက.. ရှောင်လွှဲလို့ မရနေဘူး။
လတ်ဆတ်တဲ့ သားရဲ အလောင်းပုံပေါ်မှာ ရပ်နေရင်း သူ့ရဲ့တစ်ကိုယ်လုံးသည် ချွေးစို့နေသည်။ ဒါပေမဲ့ သူ့ရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေကမြေကြီးပေါ်က ရန်သူကို ကြည့်မနေခဲ့ပေ။
သူ့ရဲ့ မျက်လုံးတွေက မှတ်ဉာဏ်တွေထဲမှာ ပျောက်ရှနေ၏။
ဒီနေ့ အစောပိုင်းတွင်…
သူသည် စိတ်တက်ကြွမှုအပြည့်နဲ့ တောထဲသို့ ဂုဏ်ယူစွာဝင်သွားခဲ့သည်။
ပုခုံးပေါ်မှာ လှံတစ်ချောင်းကို ယုံကြည်ချက်ရှိစွာ ထမ်းထားလေ၏။ ခါးပတ်ကြားတွင် လတ်လတ်ဆတ်ဆတ် ယူထားတဲ့ အဆောင်စာရွက်တစ်ခု ရှိသည်။
သူ့ရဲ့ ပန်းတိုင်ကလား? အားနည်းတဲ့ သားရဲကောင်တစ်ချို့ကို တိုက်ခိုက်ပြီး သူတို့ကို ပြန်ရောင်းစားမည်။
သူ့ရဲ့ အစီအစဥ်တွေက ချောချောမွေ့မွေ့ပဲ။
ပထမဆယ်မိနစ်စာ အတွင်းမှာပေါ့။
ထို့နောက်မှာ သူ ရုတ်တရက် ရပ်သွားလေ၏။
ဝမ်းဗိုက်အောက်ပိုင်းက နာကျင်မှုက သူ့ရဲ့ ခြေလှမ်းတွေကို ပျက်ယွင်းလာစေသည်။
သူ မျက်မှောင်ကြုတ်သွားသည်။
သူ နောက်တစ်လှမ်း ထပ်လှမ်းကြည့်သေး၏။
ဗိုက်ထဲက စူးရှရှနဲ့ မွှေနှောက်နေမှုက ရိုက်ခတ်သွားသည်။
သူ့ရဲ့မျက်လုံးတွေပါ ကျဥ်းမြှောင်းလာခဲ့သည်။
“ ခြုံခိုတိုက်ခိုက်ခံရတာလား?”
ဒိုရှင်းရှီ ပြောလိုက်ရင်း အနီးအနားက သစ်ပင်တွေကို စစ်ဆေးလိုက်သည်။
“ ချောင်းတိုက်တာပေါ့? ဘယ်လို ပုန်းကွယ်ထားတဲ့ စွမ်းရည်တွေ သုံးမှာလဲ?”
ဒါပေမဲ့ ဘာမှ မထူးခြားလာသေးဘူး။
ပိုတိုးလာတဲ့နာကျင်မှုမှ လွဲလျှင်…။
ပူပြင်းကာ လှိုင်းထနေတဲ့ နာကျင်မှုက အူတွေထဲအထိကို မိုးကြိုးပစ်ချလိုက်သည့်နှယ်။
သူ့ရဲ့ နှလုံးက မခုန်ချင်တော့ဘူး။
ထိုအချိန်မှာ သူ သတိရသွားခဲ့သည်။
“ တစ်နာရီတော့ထိန်းပေးလိမ့်မယ်”
သူတော်စင်မလေး သူ့ကို ပြောခဲ့တာပဲ။
သူတော်စင်မ…
ငရဲကတက်လာတဲ့ လက်သေးသေးလေးတွေနဲ့ အဲ့ဒီချစ်စရာ မိစ္ဆာမ!
“ မဟုတ်ဘူး” ဒိုရှင်းရှီ ပြောလိုက်သည်။
“ မဟုတ်ဘူး.မဟုတ်ဘူး.မဟုတ်ဘူး မဟုတ်ဘူး!”
သူချက်ချင်းပဲ ထိန်းချုပ်ခံလိုက်ရတဲ့ လူတစ်ယောက်လိုမျိုး သစ်ရွက်တွေကို ကျော်ဖြတ်ပြီး သစ်ပင်နောက်ကို အပြေးသွားလိုက်လေသည်။
ခြေလှမ်းတိုင်းက သူ့ရဲ့ကိုယ်တွင်းက ချိန်ကိုက်ဗုံးကို ခလုတ်တိုက်နေသည်။
ပိတ်ဆို့ထားတဲ့ အကြောတွေပွင့်သွားပြီး နောက်မှာ…
ပိတ်ဆို့မှု လုံးဝ ပျက်ပျယ်သွားခဲ့သည်။
ထို့နောက်မှာ သူ့ရဲ့စိတ်ဝိညာဥ် အနက်ရှိုင်းဆုံး တစ်နေရာကနေ မိုးချိန်းသံလို သူကြားလိုက်ရသည်။
နက်ရှိုင်းပြီး တစ်ကိုယ်လုံးကို တုန်လှုပ်နိုင်စွမ်းရှိတဲ့ မိုးချိန်းသံပဲ။
သူ. ခြုံပုတ်နောက်ကို တိုးဝင်လိုက်ပြီး လူရှင်းမရှင်း ရှာဖွေရင်း ဂုဏ်ရှိပုံပေါက်မဲ့ ထိုင်ပုံထိုင်နည်းကို ကြိုးစားသေးသည်…
ဒါပေမဲ့ အရမ်းနောက်ကျသွားလေပြီ။
…….
ငါ့ဖင်ထဲကနေ ငရဲတွေ စတင်ထွက်လာပြီ။
အဲ့တာက စီးဆင်းနေတာ မဟုတ်ဘူး။
ဖောက်ခွဲနေတာ!
“အားးးးးး!”
မိုးကြိုးသဖွယ် ပေါက်ကွဲသံကြီးက သစ်တောရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်ခဲ့သည်။ စိတ်ပျက်မှုနဲ့ ချော်ရည် ခေါက်ဆွဲအပေါ်ကို ကျန်နေသေးတဲ့ ဒေါသတွေ ပုံချလိုက်ချိန်မှာ အမြှောက်ဆံက တောက်လောင်စွာ လောင်ကျွမ်းသွားလေ၏။
ဒိုရှင်းရှီ အညိုရောင် အရာတွေကို အနောက်မှာ ထားခဲ့ပြီး ကိုက်ခဲနေတဲ့ အရိုးအဆစ် တွေနဲ့ အရှေ့တိုးသွားလိုက်သည်။
သစ်ကိုင်းမှ သစ်ရွက်လေးတွေလဲ မြေစာပင် ဖြစ်ရရှာပြီ။
တစ်ချို့ဆို အမြစ်လိုက် ကျွတ်ထွက်လာခဲ့သည်။
စက်ဝိုင်းပုံနေရာရှိ မြက်ပင်များကတော့ ချက်ချင်းပဲ ခြောက်သွေ့သွားလေရဲ့။
စိတ်ပျက်ဖွယ်ငိုညည်းသံနဲ့ ငှက်တွေလဲ ထပျံသွားပြီ။
ကျန်သေးတဲ့ သားရဲတစ်ကောင်လဲ ထုတ်ညည်းကာ ပြန်ကို ထမလာတော့ဘူး။
လေထုပင် ရွံရှာစွာနဲ့ လမ်းတစ်ဝက်ကနေ လမ်းကြောင်းပြောင်းသွားဟန်ရှိသည်။
သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ပုံခနဲ လဲချင်နေပြီ။
ခြေလဲမခိုင်တော့ဘူး။
ဘောင်းဘီလဲ ရစရာမရှိတော့ဘူး။
ဝိညာဥ်လဲ..ထွက်သွားပြီ။
သူ့ရဲ့နောက်ဆုံးသော အတွေးလေးက..
“ လူကြားထဲ အရှက်မကွဲရအောင် လုပ်ပေးလို့ ကျေးဇူးပါ သူတော်စင်မလေး..”
သူ နိုးလာတဲ့အချိန်မှာ သစ်တောအတွင်း၌ ညနေ ဆည်းဆာရောက်လို့ အလင်းတစ်ချို့သာ ကျန်တော့သည်။
အနံ့အသက်ဆိုးကြီးက ခြောက်လန့်စွာ လေထုမှာ ကပ်ညှိနေဆဲပဲ။
သူ့ရဲ့ ပါးစပ်ဖျားမှာ နောင်တရဲ့ အရိပ်အယောင်တွေ စွန်းထင်းလာပြီ။
ဒါပေမဲ့.. တစ်နည်းနည်းနဲ့.. ဆန်းကြယ်စွာပဲ အနီးအနားကနေ သူ ရေကျသံတစ်ချို့ကို ကြားလိုက်ရသည်။
အညစ်အကြေးတွေကို ကျော်ဖြတ်ရင်း စစ်ထွက်လာတဲ့ စစ်သားတစ်ယောက်လိုမျိုး တွားသွားလိုက်သည်။
သူ ချက်ချင်းပဲ လှုပ်ရှားလိုက်သည်။
ရေကန်ကိုမြင်တာနဲ့ ခေါင်းနှစ်ချလိုက်တော့သည်။
အေးမြတဲ့ရေက မျက်နှာကို လာရိုက်ပေမဲ့ သူ တော်တော်လေး စိတ်သက်သာရာ ရသွားတော့သည်။
သူ ပွတ်တိုက်ဆေးကြောရင်း.တစ်ကိုယ်လုံးကို ရေထဲမှာ အကြိမ်ကြိမ် ဆေးကြောနေလိုက်သည်။.ဆိုးဝါးတဲ့ အနံ့အသက်တွေ သူ့ရဲ့ ဝိညာဥ်ထဲထိ စွဲမသွားစေဖို့ ဆုတောင်းရင်းဖြင့်ပေါ့။
ဆေးကြောပြီးလို့ မောပန်းသွားချိန်မှာ.သူ ရေပေါ်မျောပြီး ခဏ အပန်းဖြေနေလိုက်သည်။
အနည်းငယ် မှောင်နေဆဲဖြစ်တဲ့ ကောင်းကင်ကြီးကို သူ စိုက်ကြည့်နေလိုက်သည်။
ထို့နောက်မှာ သူ ပြုံးလိုက်တော့သည်။
“ သူမငါ့ကို.ကယ်ခဲ့တာပဲ”
ဒိုရှင်းရှီက ဘုရားဖူး တစ်ယောက်လို မျက်စိများမှိတ်ကာ ရေရွတ်လိုက်သည်။
“ ငါ့ရဲ့နာမည်မပျက်ရအောင်… မဟုတ်ဘူး။သူမကငါ့ရဲ့ ကျင့်ကြံမှုကိုပါ ကယ်တင်ပေးခဲ့တာ။ ငါ့ရဲ့အနာဂတ်ကိုရောပဲ!”
သူတော်စင်မလေးက..
တစ်ခြားသူတွေအတွက် ကြောက်စရာ ဖြစ်နေရင်တောင်မှ…
ငါ့အတွက်တော့ သူမက ကယ်တင်ရှင်ပဲ။
သူမ ငါ့ကို ကျိန်စာမတိုက်ခဲ့ဘူး။
သူမငါ့ကို ကာကွယ်ပေးခဲ့တာပဲ!
သူမက ငါ့ကို အဲဲ့ဒီမြင့်မြတ်နယ်မြေကို ညစ်ပတ်အောင်မလုပ်မိဘဲ မြင့်မြတ်ပုဂ္ဂိုလ်ရဲ့ အမျက်ကနေ ရှောင်ကြဥ်နိုင်အောင်လို့ အခုလို တောထဲထွက်ပြေးဖို့ အချိန်တစ်နာရီ ပေးခဲ့တယ်။
ဒိုရှင်းရှီ အတွက် သူမရဲ့ သိုင်းက ကျိန်စာတစ်ခု မဟုတ်ခဲ့ဘူး။
အဲ့ဒါက သက်ညှာမှုပေးခဲ့တာပဲ။
“ ဒါ စမ်းသပ်တာပဲ နေမှာ” သူ ရေရွတ်လိုက်သည်။
“ ငါ့အတွက် သန့်စင်ပေးမှုတစ်ခု…”
သူ ခပ်ဖြည်းဖြည်း.ထိုင်လိုက်ချိန်မှာ သူ့အနောက်ကို လိုက်နေတဲ့ ချီးနံ့ကြီးလဲ ပျောက်ကွယ်သွားခဲ့ပြီ။
ဒါပဲလေ။
ထိုအချိန်မှာပဲ ဒိုရှင်းရှီ သတ်မှတ်လိုက်တော့သည်။ သူတော်စင်မလေးက စွမ်းအားကြီးရုံတင် မကဘူး။ သူမက ဉာဏ်ပညာရှိပြီး ကျေးဇူးပြုတတ်ပြီး သနားညှာတာတတ်တယ်!
သူတော်စင်မလေးရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် သူ စိတ်ကူးတောင်.မယဥ်ရဲလောက်အောင် ဆိုးဝါးတဲ့ အပြစ်တစ်ခု ကျူးလွန်မိသွားမှာ!
နတ်ခေါက်ဆွဲရှေ့မှာ!
မြင့်မြတ်ပုဂ္ဂိုလ်ရဲ့ရှေ့မှာလေ!
အပေါ်ဘက်ကို မျက်နှာမူနေရင်း သူ လက်နှစ်ဖက် ယှက်လိုက်ကာ အရိုအသေပေးလိုက်သည်။
“ ငါမင်းကို အကြွေးတင်သွားပါပြီ သူတော်စင်မလေး”
ဒိုရှင်းရှီ တည်ကြည်စွာ ပြောလိုက်သည်။
ရေထဲမှာစိမ်နေရင်း တစ်ဝက်ဝတ်ဆင်ထားတဲ့ အနေအထားဖြင့် ကျေးဇူးတင်ကြောင်း ပြသနေသည်။
ကောင်းကင်ထက်မှာ ကြယ်တွေစတင်အလင်း ထုတ်လာကြပြီး ကန်ရေပြင်မှာ အရိပ်ထင်လာခဲ့သည်။
အခုချိန်မှာ တောနက်ကြီးအတွင်း၌ ဒိုရှင်းရှီ ဆက်မနေရဲတော့ပေ။ သူ အမြန်ပဲ မိုးကြိုးသားရဲတွေဆီမှ အမွှေးတွေ၊ ပင်မအူတိုင်တွေ၊ အရိုးတွေ၊ တန်ဖိုးရှိပုံပေါက်တဲ့ အရာအားလုံးကို သိမ်းဆည်းလိုက်တော့သည်။
သူ ဘယ်လိုမှ မနေရဲပါဘူး။
ပိုကြီးတဲ့ သားရဲတွေ ပေါ်လာမလား ဘယ်သူ သိမှာမလို့လဲ?
သူက ကံကောင်းသွားတာလေ။
သူ အတွေးများမနေသင့်ဘူး။
“ ခေါက်ဆွဲတွေက ငါ့ကို အံ့ဖွယ်အခြေအနေ တစ်ခု ပေးပြီးသွားခဲ့ပြီ”
“ ငါ့ကို နှစ်ခါမပေးမှ ကောင်းကင်ဘုံအနေနဲ့လဲ မျှတမှာပေါ့”
ဒါပေမဲ့ သူ့ရဲ့တစ်စိတ်တစ်ပိုင်းက ကံထပ်ကောင်းနိုင်သည်ဟု ပြောနေလေ၏။
ဒါပေမဲ့ သူ မစမ်းသပ်လိုပါချေ။
ဒီနေ့အတွက် လုံလောက်ပြီ။
သူ နောက်ထပ် ခေါက်ဆွဲတောင် မစားကြည့်ရသေးဘူး.
နောက်တစ်မျိုးက ဘာပါလိမ့်?
အမဲသားအရသာခေါက်ဆွဲမလား?
ထိုမြင့်မြတ်နယ်မြေက အစားအသောက်အားလုံးကို မစားကြည့်ရ မချင်း ဒိုရှင်းရှီ သူ့ကိုယ်သူ အထိခိုက်ခံမှာ မဟုတ်ဘူး။ ဒါမှ ကျေးဇူးပြရာ ကျမှာပေါ့။
ထိုအချိန် ဒိုရှင်းရှီ ပြောပြောနေတဲ့ သူတော်စင်မလေး မိုရှီရှီကတော့ တိုက်ပွဲကွင်းပြင်နားမှာ မရှိပါချေ။
အခုအချိန်မှာ မိုရှီရှီသည် အိပ်ယာအလယ်မှာ ထိုင်နေခဲ့သည်။ သူမဘေးတွင် တစ်ဝက်တစ်ပျက် ပွင့်နေတဲ့ စာလိပ်တွေ၊ ပျက်ဆီးနေတဲ့ စာအုပ်ထူကြီးတွေက ဝန်းရံထားသည်။
စာရွက် အပိုင်းတွေလဲ များလွန်းလို့ ကောင်းကောင်းပင် မမြင်ရတော့ပေ။ သူမအနီးက ကျိန်စာလမ်းညွှန်စာရွက်တစ်ခုသာ ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းလေး လက်နေခဲ့သည်။
ထိုစာရွက်က သူမဖတ်နေတာပင်။ သူမ လေ့လာနေတာ နာရီပိုင်းတစ်ချို့ ကြာခဲ့ပြီ။
သူမ ပျင်းနေလို့လဲ မဟုတ်ဘူး။
တစ်ယောက်ယောက်က တာဝန်ပေးထားလို့လဲ မဟုတ်ဘူး။
ဒါပေမဲ့ သူမ ဒီနေ့ အရေးကြီးကိစ္စတစ်ခုကို သဘောပေါက်မိသွားလို့ပင်။
သူမ ကျိန်စာတွေ ပိုတတ်လေလေ ဈေးဝယ်တွေနဲ့ ပတ်သတ်ပြီး ပိုဖြေရှင်းပေး နိုင်လေလေပဲ။ အခုလိုမျိုး ပြောင်းလဲနေတဲ့ ဆန်းကြယ်တဲ့ စတိုးဆိုင်အတွက် အရာအားလုံး လိုအပ်သည်။
တစ်ချို့ကို ကုသပေးဖို့လိုအပ်လောက်သည်။ တစ်ချို့ကို ရန်စွာပေးဖို့ လိုအပ်လောက်သည်။
တစ်ချို့ကို ကျိန်စာတိုက်ပေးဖို့ လိုအပ်လောက်သည်။
တစ်ချို့ စိတ်ဒုက္ခလာပေးတဲ့ ဈေးဝယ်မျိုးနဲ့လဲ ကြုံရနိုင်သည်။
ဒါပေမဲ့ တစ်ယောက်ချင်းစီအတွက် မတူညီတဲ့ ချဥ်းကပ်ပုံနဲ့ မတူညီတဲ့ နည်းစနစ် လိုအပ်သည်။
သူမမှာ လုံလောက်တဲ့ အတတ်ပညာသာ ရှိနေရင်.. သူမမှာ တိုက်ခိုက်ဖို့ လက်နက် စုံနေမည်ဆိုရင် သူမ သတိလက်လွတ် ခံလိုက်ရမှာ မဟုတ်တော့ဘူး။
သူမသာ အစောပိုင်းက နည်းနည်းလောက်လေး နောက်ကျမိသွားတာနဲ့ အဲ့ဒီ ထူးဆန်းတဲ့သူက သူ့ရဲ့ ချီးဗုံးကို ဆိုင်ထဲမှာပဲ ဖောက်ခွဲပစ်လိုက်လိမ့်မည်။
အဲ့လိုဆိုလို့ကတော့ စိတ်ပိုင်းဆိုင်ရာ ရှင်သန်နိုင်ဖို့ တော်တော်လေး ခဲယဥ်းသွားမှာ။
ပြီးတော့ အခုသူမ ရှာဖွေမွှေနှောက်ကြည့်ချိန်မှာ တွေ့လိုက်ရတဲ့ ကျိန်စာဖြူဂိုဏ်းရဲ့ လူသိပ်မသိတဲ့ ကျိန်စာ အများစုက ထင်ထားတာထက်တောင် ပိုပြီး အမျိုးအစားစုံလင်သေးသည်။
ဒါက လေ့ကျင့်နေတာ မဟုတ်တော့ဘူး။
ဒါက ပြင်ဆင်နေတာပဲ။