← Chapters

( ဒါဆိုင်တစ်ခု မဟုတ်တော့ဘူး။ ဒါက ဂိုဏ်းတစ်ခုပဲ!)

Vol. 9 Ch. 123

( ဒါဆိုင်တစ်ခု မဟုတ်တော့ဘူး။ ဒါက ဂိုဏ်းတစ်ခုပဲ!)

Vol. 9 Ch. 123

သူမရဲ့ အလုပ်ကလဲ အရေးပါတဲ့နေရာပဲ။

ထို့ကြောင့် ရှေးစာလိပ်မျိုးစုံကို တတ်ကျွမ်းပြီး ကျိန်စာ အခြေခံတဲ့ သိုင်းကျင့်စဥ်တွေကို နားလည်သွားမည်ဆိုရင်လဲ မကောင်းတဲ့ အရာမှ မဟုတ်တာပဲ။ ဆိုလိုတာက သူမအနေနဲ့ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ ကိစ္စကို မဆို ဖြေရှင်းနိုင်သွားမည်။

သူမ စိတ်နစ်ဝင်စွာဖြင့် အိပ်ယာပေါ်ရှိ စာလိပ်တိုင်းကို ဖတ်လိုက်သည်။ ဘယ်လိုပဲ ရှုတ်ထွေးဖွယ်ကောင်းပြီး အကြမ်းဖျဥ်းဆန်ကာ နားမလည်နိုင်နေပါစေ သူမ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

ဒီလိုနဲ့ မနက်ခင်းကို ရောက်လာခဲ့ပြီ။ ဟောင် သည် ထုံစံအတိုင်း အစောကြီး နိုးနေကာ ဒီနေ့ ဘယ်လို စိတ်လှုပ်ရှားစရာတွေ ကြုံရမလဲတွေးနေမိသည်။

အိပ်ယာထပြီးတာနဲ့ ဆိုင်ဆင်းကာ လိုအပ်သည့် ပစ္စည်းတွေကို ပြန်ဖြည့်လိုက်သည်။

အာလူးကြော်ထုပ်တွေ စီနေချိန်မှာ သူ့ရဲ့ ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာ၏။ သူခဏ ရပ်သွားကာ အနောက်လှည့်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။

‘ စနစ်’

အာလူးကြော်ထုပ်ကို ကိုင်ထားရင်း ဟောင်.ခေါ်လိုက်လေ၏။

“ ဒါက သူများနဲ့ မျှပြီးစားလို့ရတာလား?”

( ရတယ်ပိုင်ရှင်။ အာလူးကြော်ကို မျှဝေပြီးစားနိုင်တယ်။ ဒါပေမဲ့ အခြေအနေ တစ်ခုအောက်မှာပဲရမယ်)

( စားသုံးသူနဲ့ ဆက်နွယ်မှုရှိတဲ့ သတ္တဝါ ဒါမှမဟုတ် သက်ရှိ တစ်ခုခုနဲ့ပဲ မျှဝေလို့ ရနိုင်မယ်။ ဘယ်လို ဆက်နွယ်မှုမျိုး မဆို ရတာမဟုတ်ဘူးနော်။ တရားဝင်စာချုပ် ချုပ်တာဖြစ်ဖြစ်၊ ယုံကြည်မှုနဲ့ အခြေခံတာဖြစ်ဖြစ်၊ သစ္စာခံတာဖြစ်ဖြစ်၊ အပြန်အလှန်ခွင့်ပြုရင်ဖြစ်​ဖြစ် အဲ့လိုဆက်နွယ်မှုမျိုး ရှိမှရမယ်)

( ကျွန်စာချုပ်တွေ အတင်းအကျပ် ချုပ်ဆိုထားတဲ့ စာချုပ်မျိုးဆို မရဘူး။ ဆိုင်ကရောင်းကုန်တွေရဲ့ အစွမ်းကို ကူးပြောင်းဖို့အတွက် နှစ်ဦးနှစ်ဖက် သင့်တင့်တဲ့ ဆက်ဆံရေးမျိုးကိုပဲ ခွင့်ပြုတယ်)

‘ ဒါဆို မနေ့က ကောင်မလေး ယို့ရှုယွဲ့အာလဲ အတူတူပဲမလား? သူမရဲ့သားရဲနဲ့ အတူတူ မျှစားခဲ့တာလေ’.

( အမှန်ပဲပိုင်ရှင်။ သူမရဲ့အဖော်က ကိုယ်ပိုင်ရွေးချယ်မှုနဲ့ သစ္စာရှိလို့ အနားမှာရှိနေပေးတဲ့ သားရဲနှောတစ်ကောင်ပဲ။ ဒါကြောင့် သူတို့တွေ မျှပြီးစားလို့ရတယ်။ သေချာပေါက် ပိုစားတဲ့သူက ပိုပြီးများတဲ့ အစွမ်းကိုရနိုင်မှာပေါ့။ ဒါလောက်ပဲ)

‘ အင်း ဒါပေမဲ့ တစ်ယောက်ယောက်က ဉာဏ်နီဉာဏ်နက် သုံးဖို့ ကြိုးစားလာရင်ကော? စည်းကမ်းကို ကျော်ခွဖို့ ကြိုးစားပြီး ရသင့်တာထက် ပိုရအောင်လုပ်ရင်ကော?’

‘ သိတယ်မလား… စာချုပ်အတုတွေ အများကြီးလုပ်ပြီး ပိုစားရဖို့အတွက်နဲ့ လမ်းဘေးမှာ လှည့်ပတ်သွား​နေသမျှ အကောင်တွေကို စာချုပ်ချုပ်မယ်။ ပြီးမှ သူတို့ကို နည်းနည်းခွဲပေးမယ်ဆိုရင်ကော?’

(.မသမာမှုကို ခြေရာခံမိတာနဲ့ ပြောရရင် စာချုပ်အမှားချုပ်ဆိုတာတို့ ရောင်းကုန်တွေ မျှဝေပေးမယ်ဆိုပြီး အနိုင်ကျင့်ဖို့ ကြိုးစားတာမျိုးပေါ့… အဲ့လိုမျိုး ခြေရာခံမိတာနဲ့ ချက်ချင်း.အပြစ်ပေးမှာ)

( ချက်ချင်း အဲ့ဒီပစ္စည်းကို သိမ်းပစ်ပြီး ဝယ်ယူသူအနေနဲ့ စားထားတောင် ဘာအစွမ်းမှ ရမှာမဟုတ်တော့ဘူး။ ပြီးတော့ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ကနေ အလိုအလျောက် တားမြစ်စာရင်းထဲ ထည့်ခံလိုက်ရမှာ)

( လောဘကြီးတဲ့ကောင်တွေကို ငါတို့ လက်မခံဘူး ပိုင်ရှင်)

‘ ဟမ်း… ဒါဆိုမျှပါတယ်’

စနစ်က အနောက်ကနေ အရာအားလုံးကို စီမံပေးနေမှာဆိုတော့ သူအများကြီး လုပ်ဖို့ မလိုအပ်တော့ဘူး။

စနစ်က စည်းကမ်းကြီးတယ်၊ တိကျတယ်၊ ပြီးတော့ လူတွေမလိမ်လည်အောင် လု​ပ်တဲ့နေရာမှာ အကွက်စေ့လွန်းတယ်၊….. ထူးထူးဆန်းဆန်းကို ယုံကြည်စိတ်ချရတာပဲ။

.

‘ ဒါဆို ရောင်းကုန်တွေကော? ဆိုင်မှာ အဲ့လိုမျိုး မျှဝေလို့ရတဲ့ တစ်ခြားရောင်းကုန်တွေ ရှိသေးလား?’

( လက်ရှိမှာ အာလူးကြော်ကသာ စာချုပ်တွေကြားမှာ မျှဝေခွင့်ပေးထားတဲ့ တစ်ခုတည်းသော အစားအသောက်ပဲ ပိုင်ရှင်)

( ဒါပေမဲ့ ပိုင်ရှင်နဲ့ အလုပ်သမားတွေကတော့ ချွင်းချက်ပဲ။ ဘယ်ရောင်းကုန်ကို မဆို စိတ်ကြိုက်မျှဝေပေးလို့ရတယ်)

( ဥပမာပြောရရင် ခူရိုမီက အသင့်စား ခေါက်ဆွဲကို သူမကလေးတွေကို မျှကျွေးမယ်ဆိုရင် အစွမ်းက အတူတူပဲ။ ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်ကနေ အလုပ်သမားတွေကို ချီးမြှင့်ပေးထားတဲ့ အထူးအခွင့်အရေးပဲ)

ဟောင်ရဲ့ အတွေးအားလုံး ရှင်းသွားခဲ့ပြီ။ ဒါကြောင့် သူ ဆိုင်ကို ဆက်ရှင်းနေလိုက်တော့၏။

အာလုံးက ရောင်းချဖို့ အသင့်ဖြစ်သွားပြီ။

ဟောင် သစ်သားပြားကို ‘ဖွင့်သည်’ ဆိုတဲ့ ဘက်ခြမ်းကို လှန်လိုက်တာနဲ့…

တစ်စုံတစ်ယောက်က သူ့ရဲ့ပုခုံးကို ကျော်ပြီး ဝင်လာလေ၏။

‘ ဝင်တောင်နေပြီလား?’ ဟောင် မျက်တောင်ခတ်နေရင်း အံ့သြစွာ အနောက် လှည့်ကြည့်လိုက်သည်။

ထိုသူကတော့ မနေ့ကတွေ့ခဲ့တဲ့ ကျားအိုကြီးကျောင်းဆိုတဲ့ အဖိုးကြီးဖြစ်ပြီး မျက်နှာက ရွှေတွင်းထဲ ကျထားသလို လင်းလက်နေလေ၏။

မျက်နှာက ပြုံးဖြဲနေပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေဟန်ရှိသည်။

တစ်ကယ်လဲ ဂုဏ်ယူနေတာပင်။

ဟောင် မသိတာတစ်ခုက ကျားအိုကြီးကျောင်းသည် မနက် အလင်းမထွက်ခင်တည်းက ဆိုင်ရှေ့မှာ ရပ်စောင့်နေတာပင်။

သူ တံခါးရှေ့မှာ နာရီပေါင်းများစွာ ရပ်စောင့်နေရင်း ညည်းတွားကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ တံခါးဖွင့်ဖို့ရန် နတ်ဆိုးဆန်တဲ့ နည်းလမ်းအစုံကို သုံးခဲ့သေး၏။

တွန်းတယ်။

ဆွဲတယ်။

ချီ စွမ်းအင်သုံးပြီး ဖွင့်ကြည့်တယ်။

အလွန်စိတ်တိုစွာဖြင့် ပုခုံးနဲ့ရိုက်ချသေးတယ်။

အသက်အရွယ်ရပြီဖြစ်တဲ့ ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျားအိုကြီးကျောင်းက သူ့ရဲ့စွမ်းရည်ကို သိပါသည်။

သူ့ရဲ့နောက်ကျောကို ပြန်ဖြန့်လိုက်ချိန်မှာ ကျောရိုးထဲထည့်လိုက်တဲ့ အင်အားအတိအကျ၊ သူ့ရဲ့လက်ဆစ်တွေလှုပ်ရှားမှုနောက်မှာ ရှိနေတဲ့ စွမ်းအင်တွေနဲ့ အရိုးအဆစ်တွေကြားက တင်းအားတွေကို သူ ကောင်းကောင်း သိသည်။

သူ ပိုပြီးသိတာတစ်ခုက သစ်သားတံခါးက သူလက်ဝါးနဲ့ တစ်ချက်ထိတာနဲ့ ဘီစကစ် ကြွေသလို ကြွေသွားသင့်တာကိုပဲ။

ဒါပေမဲ့ ဒီတံခါးကလား?

အက်ကွဲရာတစ်ခုတောင် မရှိချေ။

သူ စိတ်ပျက်စွာနဲ့ သာမာန်အချိန်မှာ ကျောက်တုံးကြီးတွေကို ခွဲခြေပစ်ဖို့ လုံလောက်တဲ့ အင်အားကိုသုံးပြီး တံခါးကို ပေါ့ပါးစွာရိုက်ကြည့်သေးသည်။

လှုပ်တောင်မလှုပ်ပေ။ အသံ တစ်ချက်တောင် မထွက်ဘူး။

လူကို တိုက်ရိုက်စော်ကားနေတာပဲ။

ပိုဆိုးသည်က ဝိညာဥ်မီးတောက်မြို့တော်ရှိ ဖြတ်သွားဖြတ်လာတစ်ချို့က သူ့ကို စိုက်ကြည့်နေလေ၏။

သနားစရာ မိတ်ဆွေတစ်ယောက်ဆိုလျှင် လာနေရာမှ ကျားအိုကြီးကျောင်း ထုတ်လွှတ်လိုက်တဲ့ ဖိအားကြောင့် ကြောက်လန့်ကာ ဝမ်းဗိုက်ကို ဖိကိုင်ရင်း ချက်ချင်းပဲ တစ်ချိုးထဲ လှည့်ပြေးလေတော့သည်။

ထိုမိတ်ဆွေလေးခမျာ သဘာဝရဲ့ ဖိတ်ခေါ်မှုကို စွန့်ပစ်အိမ်ထဲလာပြီး တိတ်တဆိတ်စွန့်ပစ် ချင်ဟန်ပဲ။ ဒါပေမဲ့ စွန့်ပစ်အိမ်ရဲ့ သစ်သားတံခါးကို အဖေမှားသလို သံယောဇဥ်အပြည့်နဲ့ စိုက်ကြည့်နေတဲ့ ငကြောင်အဖိုးကြီးကြောင့် ပြေးရတော့သည်။

ဒါပေမဲ့ အခုတော့ အဲ့ဒါတွေ အရေးမကြီးတော့ဘူး။

သူ အထဲရောက်လာပြီလေ။

ပြီးတော့ သူဒီကို စကားစမြည်ပြောဖို့ ရောက်လာတာ မဟုတ်ဘူး။

ကျားအိုကြီးကျောင်းကတော့ ကောင်တာ ထိုင်သည့် ဟောင် ကို လုံးဝကို အဖက်မလုပ်စွာဘဲ ရေခဲမုန့်စက်ရှိရာကို သွားလေရဲ့။

ထို့နောက်မှာ ဒူးထောက်ချလိုက်သည်။

တည်ကြည်တဲ့ မျက်လုံး… ဖြောင့်တန်းတဲ့ ကျောပြင်နဲ့… လက်နှစ်ဖက်ကို ပူးကပ်ထားခဲ့သည်။

သူ့အရှေ့မှာ နတ်သူတော်စင်တစ်ပါး မတ်တပ်ရပ်နေသည့်နှယ်။

ရေခဲသေတ္တာနားကနေ ဟောင် ရှေ့ဆက် မလှမ်းနိုင်တော့ဘဲ ကြောင်အစွာ ကြည့်နေမိသည်။

ကျားအိုကြီးကျောင်းက ရိုသေစွာ အသက်ရှုသွင်းလိုက်ကာ

“ အာ.. ငါ့ရဲ့ မြင့်မြတ်တဲ့ နူးညံ့မှုလေး.. ထပ်တွေ့ကြပြီနော်”

ဟောင် သူ့ရဲ့ ရင်ဘတ်ကို ဆုတ်ကိုင်လိုက်ကာ

“ မနေ့က ရေခဲမုန့်ကို ပြောနေတာလား? အဲ့ဒါ သာမာန်မုန့်တစ်ခုပဲ မဟုတ်ဘူးလား?”

“ မဟုတ်ဘူး။ အဲ့ဒါ ကောင်းကင်ဘုံရဲ့ တွေ့ဆုံပေးမှုပဲ”

ပြောနေရင်းနဲ့ တစ်ခါထဲ လက်မထောင်ပြ လိုက်ပြီး

“ ဒီလူအိုကြီးရဲ့ ကြမ်းတမ်းတဲ့ ခန္ဓာကိုယ်က တိုက်ပွဲတစ်ထောင်ကို ကြုံတွေ့ခဲ့ဖူးတယ်.. ဒါပေမဲ့ တစ်ခါမှ အခုလိုမျိုးချောမွေ့တဲ့ ခံစားချက်ကို မခံစားခဲ့ဖူးဘူး”

“ ငါပြောတာကြားလား ကောင်လေး? ဘာဆေးလုံး၊ ဘာဆေးပင်မျိုးကမှ အခုလို ခံစားချက် မပေးနိုင်သလို မသေမျိုးသကြားလုံးဘာညာ ပြောပြီးလိမ်ရောင်းတဲ့ အဲ့ဒီစားစရာတွေလဲ ငါ့အတွက် ဘာမှမထူးခဲ့ဘူး။ ဒီတစ်ခုပဲ.. ဒီရေခဲမုန့် တစ်ခုကပဲ”

ထို့နောက်မှာ ထိုသူက ဂုဏ်ယူစွာ တစ်ချက် ရယ်မောလိုက်ရင်း

“ ငါပြောမယ် ကောင်လေး။ ဒီစားစရာက ငါ့နှလုံးသားထဲမှာ အခန်းသစ်တစ်ခု ဖန်တီးပေးလိုက်တာပဲ”

“.....”

ဟောင်ရဲ့ မျက်နှာက တွန့်သွားတော့သည်။

နေအုံး။ သူအခု ဘာတွေပြောနေတာလဲ? သူအခု ရေခဲမုန့်စက်ကို နှလုံးသားထဲကနေ ဆုတောင်းစာဆိုနေတာလား?

မင်းရဲ့ ဆန်းကြယ်တဲ့ ကိုးကွယ်မှုကြီးထဲ ငါ့ကို ဆွဲမထည့်ပါနဲ့ကွာ။ ငါဒီမှာ ရိုးရိုးသားသား ဈေးပဲရောင်းချင်တယ်။ မင်းရဲ့ သန့်စင်တဲ့ နေ့စဥ်ဆုတောင်းခန်းထဲမှာတော့ မပါခိုင်းပါနဲ့။

ကျားအိုကြီးကျောင်း ရုတ်တရက် ခန္ဓာကိုယ်ကို မတ်လိုက်သည်။ စက်ရဲ့အနားကို ကပ်သွားကာ လေးစားတဲ့မျက်လုံးများနဲ့ အသာအယာ ပွတ်သပ်ပေးလိုက်သည်။ မရေမတွက်နိုင်တဲ့ သေရေးရှင်ရေး စစ်ပွဲပေါင်းစုံကို အတူ ကျော်ဖြတ်ခဲ့တဲ့ သူငယ်ချင်းဟောင်းကို နှုတ်ဆက်နေသည့်နှယ်။

“ ငါပြန်လာခဲ့ပြီ မိတ်ဆွေလေး”.

ဟောင် ​ကျားအိုကြီးကျောင်းကို မယုံနိုင်တဲ့ မျက်လုံးများနဲ့ စောင်းကြည့်လိုက်သည်။

မင်းဘာကိုဆိုလိုတာလဲ အဖိုးကြီး?

ဘရားသား မင်းအခုမှ ဆိုင်ကို ဒုတိယအကြိမ် ရောက်ဖူးတာလေ။ မနေ့ကမှ မင်း ပထမဆုံးအနေနဲ့ ရောက်ဖူးတာမဟုတ်ဘူးလား?

အဲ့ဒါကို မင်းကအခု ဒီရေခဲမုန့်စက်နဲ့ အသူရာချောက်နက်ထဲမှာ နှစ်တစ်သောင်းလောက် အတူနေထိုင်ခဲ့သလိုမျိုး ပြုမူနေတာလား?

နောက်ထပ်ဘာလဲ? မင်းက လပ်ထပ်ခွင့်ပါ တောင်းတော့မှာလား?

ကျားအိုကြီးကျောင်းကတော့ ဆက်လက်ပြုံးနေဆဲပဲ။

ဟောင် ကိုယ့်နှာခေါင်းကိုယ် အသာထိကာ ခပ်ဖြည်းဖြည်း အသက်ရှုသွင်းလိုက်ရင်း

‘ ဒါတစ်ကယ်ပဲလား?’

ဝိညာဥ်မီးတောက်မြို့တော်ရဲ့ အပူချိန်က အရမ်းပြင်းလွန်းလို့ အခုလိုမျိုး လူတွေရဲ့ဦးနှောက်ကိုပါ အရည်ပျော်သွား စေတာလား?

အပြိုင်ကမ္ဘာကုန်စုံဆိုင်ရဲ့ ပစ္စည်းတွေက ကောင်းတာတော့ ငါသိပါတယ်။

အရမ်းကောင်းတာလဲသိတယ်!

ဒါပေမဲ့ မင်းရဲ့ပြုမူပုံက နည်းနည်းလေး.များနေတယ် မထင်ဘူးလား?

All Chapters