← Chapters

(ကောင်းကင်ဘုံကိုးဆင့်ရဲ့ မြူခိုးကြာပွင့်)

Vol. 9 Ch. 124

(ကောင်းကင်ဘုံကိုးဆင့်ရဲ့ မြူခိုးကြာပွင့်)

Vol. 9 Ch. 124

လင်ယွီကျွင်းတို့အပြင် မဟာမြို့တော်က တစ်ခြားသူတွေ ဆီကနေလဲ အခုလိုတုံ့ပြန်မှုမျိုး မမြင်ဖူးပါဘူး။

သူတို့တွေ ဘယ်သူမှ အသင့်စားခေါက်ဆွဲ ရှေ့မှာ ဒူးထောက်ထိုင်ကျပြီး

“ ငါတို့ထပ်တွေ့ပြီနော် မြင့်မြတ်တဲ့ဟင်းရည်”

အဲ့လိုမျိုးလဲ မပြောကြပါဘူး။

စနစ်က ပေးတဲ့ပစ္စည်းတွေရဲ့ အစွမ်းကို ဒီလူ အထင်မှားနေတာလား?

ဒါမှမဟုတ် ဖြစ်နိုင်တာက… ဝိညာဥ်မီးတောက် မြို့တော်မှာ ဖန်တီးနိုင်စွမ်းရှိတဲ့ သွေး​ကြောတွေ အပိုပါလို့လား?

ဟောင် ခေါင်းရမ်းလိုက်ကာ ကောင်တာ နောက်ကိုပဲ ပြန်သွားလိုက်သည်။

ထိုအချိန်မှာ ကျားအိုကြီးကျောင်းက ရေခဲမုန့်စက်ကို ကန်တော့လို့ ပြီးပြီဖြစ်၍ ကတော့ထုတ်စက်နားကို ခပ်ဖြည်းဖြည်း တိုးနေပြီပင်။

ခံစားချက်ပါပါနဲ့ မျက်လုံးထောင့်ကို အဝတ်စနဲ့ တို့လိုက်သေးသည်။

ဟောင် တစ်မနက်ထဲနဲ့ လုံလောက်တဲ့ စကားတွေ ကြားဖူးသွားပြီ။

သူသာ နောက်ထပ်…

“ မင်းငါ့ရဲ့ ဝိညာဥ်ကို ရှာပေးခဲ့တယ်”

“ ငါ့ရဲ့လျှာက မင်းရဲ့အထိအတွေ့ကို အမှတ်ရနေပါတယ်”.....

အဲ့ဒီလိုစကားတွေသာ ကြားရလို့ကတော့ ရေခဲမုန့်စက်ကို ချက်ချင်းပဲ ပိတ်ချပြီး စိတ်ဝိညာဥ်သန့်စင်မှု လုပ်ပေးလိုက်မှာပင်။

အဆုံးမှာ ထိုအဖိုးကြီးက ကောင်တာနားကို လျှောက်လာလိုက်သည်။

သေချာပေါက် ချစ်လှစွာသော နို့ရေခဲမုန့်ကို ဝယ်ဖို့အတွက်ပဲ။

ငွေပေးချေမှုကို လက်ခံပြီးတာနဲ့ ဟောင် တိတ်တဆိတ်ပဲ တိုကင်ကို ပေး လိုက်သည်။

ကျားအိုကြီးကျောင်းက တိုကင်ကို လက်နှစ်ဖက်ဖြင့် ဧကရာဇ်မင်းဆီက နိုင်ငံတော်တံဆိပ်တုံးကို ယူလိုက်သည့်နှယ် ရိုသေစွာ လှမ်းယူလိုက်သည်။

ဒါကသူ့အတွက် တိုကင်မဟုတ်ဘူး! ဒါက ဖြတ်လမ်းပဲ။

မြင့်မြတ်နယ်မြေကိုပို့ပေးနိုင်တဲ့ မြင့်မြတ်တဲ့ အဆောင်ပစ္စည်း!

အန္တိမအချိုဓာတ်တွေ ကိန်းခိုနေတဲ့ အဖြူရောင်တိမ်စိုင်လေးတွေဆီ သွားနိုင်မဲ့ သော့ချက်!

ဒါသာမရှိရင် သူ့ရဲ့ စစ်မှန်တဲ့ အလင်းပွင့်မှုဆီ သွားနိုင်မဲ့ ခရီးစဥ်က ပိတ်ဆို့ခံလိုက်ရမှာ။

တည်ကြည်တဲ့မျက်လုံး… ခိုင်မာတဲ့ခြေလှမ်းများဖြင့်… အဖိုးကြီးက ချက်ချင်းပဲ ချာခနဲ လှည့်ထွက်ကာ ရေခဲမုန့်စက်ဆီ သွားလိုက်လေ၏။

ဟောင် ဖြောင့်မတ်စွာ မတ်တပ်ရပ်နေပြီး သူ့ရဲ့ အကြည့်တွေက တံခါးပေါက်တွင် ရှိနေသည်။ ဘယ်သူများ ထပ်လာအုံးမလဲ မျှော်လင့်ချင်ဖြင့်ပင်။

ထိုအဖိုးကြီးကို ထပ်ကြည့်ဖို့ သူ စိတ်မလာတော့ဘူး…

အချိန်တွေသာ ကုန်သွားခဲ့သည်။

တစ်စုံတစ်ယောက်အနေနဲ့ လက်ဖက်ရည်တစ်ခွက် ဇိမ်ခံသောက်ရင်း မေးခွန်းမရှိ မေးခွန်းရှာပြီး ဘဝရွေးချယ်မှုတွေအကြောင်း မေးခွန်း ထုတ်ဖို့ရန် လုံလောက်တဲ့ အချိန်တစ်ခုအပြီးမှာ…

တံခါးက ပွင့်သွားခဲ့ပြီ။

ဈေးဝယ်တွေ ဝင်လာလေ၏။

မဟာမြို့တော်က ပုံမှန်ဖောက်သည်တွေ ဖြစ်တဲ့ လင်ယွီကျွင်း၊ ရှောင်လျန်ဖန်း၊ ယွဲ့ရှုယန်နဲ့ ဟွာဖေးရှုတို့ အုပ်စုပင်။.ထုံးစံအတိုင်း လင်ယွီကျွင်းက ဦးဆောင် ဝင်ရောက်လာသည်။

“ ကြိုဆိုပါတယ်” ဟောင် ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။

ဒါပေမဲ့ လင်ယွီကျွင်းက ခေါင်းစောင်းလိုက်ကာ

‘ ဘာလို့ သူဋ္ဌေးရဲ့ပုံစံက ဒီနေ့ တောင့်တင်းနေပါ့?’

ထို့နောက်မှာတော့ သူလဲ တစ်ဆိုင်လုံးကို ဝှေ့ကြည့်လိုက်သည်… နောက်ဆုံးတော့ တွေ့လိုက်ရပြီ။

ကျားအိုကြီးကျောင်းကို ရေခဲမုန့်စက်ရှေ့မှာ ကတော့ချွန်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားရက်နဲ့ တွေ့လိုက်ရလေ၏။

သူ့ရဲ့ ကိုယ်ဟန်က မြင့်မြတ်နေကာ…

ရိုသေလေးစားမှုပြည့်နေတဲ့ မျက်နှာထားဖြင့်…

“ ငါမင်းကို ခေါ်မယ်… ကောင်းကင်ဘုံကိုးထပ်က မြူခိုးကြာပွင့်လို့”

လင်ယွီကျွင်း ကြည့်နေရင်းဖြင့် ချောင်းဆိုးတော့မတတ်ဖြစ်သွားသည်။

“ ကျေးဇူးပြုပြီး မခေါ်ပါနဲ့”

သူ မနေနိုင်စွာ ရေရွတ်မိပြန်၏။

ဒါပေမဲ့ အဘိုးအိုကြီးကတော့ ဘာမှ မကြားပေ။ ရေခဲမုန့်မှာပဲ မျောပါနေကာ ကိုင်ထားတဲ့လက်ကိုပင် အနည်းငယ် မြှောက်လိုက်သေး၏။

“ ငါ ဒီမြင့်မြတ်တဲ့ဆိုင်ရဲ့ အရှေ့မှာ အလင်းတစ်စက်လောက်ပဲရှိသေးတဲ့ အာရုဏ်ဦးတည်းက စောင့်နေခဲ့တာ။ ကြောက်ဖို့အကောင်းဆုံး သားရဲကြီး ရောက်လာရင်တောင်မှ ဒီနေရာကနေ ငါ့ကို မောင်းထုတ်လို့မရဘူး”

ယွဲ့ရှုယန် မျက်တောင်ခတ်လိုက်သည်။

ရှောင်လျန်ဖန်းလဲ လေထဲမှာတင် ရပ်သွားကာ ရှေ့ဆက်မလျှောက်နိုင်တော့ချေ။

ဟောင် တိတ်ဆိတ်စွာပဲ တံခါးပေါက်ကို အကြည့်ပြန်ပို့ရတော့၏။

ဝိညာဥ်မီးတောက်မြို့တော်က… ကျိန်စာသင့်နေတာများလား?

အဲ့ဒီမြို့က ဈေးဝယ်သုံးယောက်တွေ့ပါတယ်.. နှစ်ယောက်က ဘာကြောင့် ဒီမှာမုန့်လာဝယ်တာကို မုန့်ကိုမြင်ရတဲ့အစား မြင့်မြတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်နေရသလို သောက်ကျိုးနည်းစကားတွေကြည့် ပြောနေရတာလဲ?

ဒီအပတ်ထဲ ဘယ်လောက်တောင် ငကြောင် ကျင့်ကြံသူတွေ ပေါ်လာအုံးမယ် မသိဘူး?

ဟောင် သက်ပြင်းမောကြီးချကာ ကိုယ့်ကိုယ်ကို အားတင်းလိုက်တော့သည်။

ဟူး.. ဒီနေ့ကတော့ ရှည်လျားတဲ့နေ့တစ်နေ့ ဖြစ်တော့မှာပဲ။

ယွဲ့ရှုယန်ကတော့ စိတ်ကုန်သွားတဲ့ ပုံစံရှိသည်။

ဟောင် ကို ပြန်နှုတ်ဆက်တဲ့စကားမှ လွဲရင်တစ်ခြား ဘာမှမပြောတော့ချေ။ အေးစက်တဲ့မျက်နှာနဲ့… မတူညီတဲ့ မျက်ဝန်းအကြည့်တို့ဖြင့်။

ထိုအဖိုးအို၏ ရေခဲမုန့်အပေါ်မှာ ထားရှိတဲ့ ​ကြောက်လန့်ဖွယ် ကိုးကွယ်နေပုံကြောင့် သူမ စိတ်ပျက်သွားတာ မဟုတ်ပါချေ။

သူမအနေနဲ့ ဂရုမစိုက်တာပင် ဖြစ်၏။

ဒါပေမဲ့ သူမရဲ့အာရုံကို ဆွဲဆောင်နိုင်တာ တစ်ခုရှိသည်။

ထိုအဖိုးက သူစောင့်နေသည်ဟု ပြောခဲ့သည်။

ဆိုင်အပြင်မှာ မနက်တည်းက စောင့်နေတာဟု ပြောခဲ့တာပင်။

ဒါဆို သူမတို့နဲ့ ဘာလို့မဆုံရတာလဲ?

သူမနဲ့ ဟွာဖေးရှုလဲ ဆိုင်မဖွင့်ခင်တည်းက ဆိုင်ရှေ့မှာရပ်စောင့်နေတာပင်။ အပြင်မှာ သူမတို့ စောင့်နေခဲ့တာ နာရီဝက်လောက် နီးနီးရှိသည်။ နောက်ဆုံး ဟွာဖေးရှုက ​ပျင်းရိလာပြီး မြို့ထဲတစ်ပတ်လောက် ပတ်ဖို့ ဆွဲခေါ်သွားခဲ့သည်။

ဒါဆို.ဘာကြောင့် သူမတို့နဲ့ ဒီအဖိုးကြီးနဲ့ ဘာလို့ မဆုံမိရတာလဲ?

ဒီလမ်းကြားက ကျဥ်းကျဥ်းလေးပါ။ ဆိုင်မှာလဲ တံခါးပေါက်တစ်ခုပဲရှိသည်။ အနည်းဆုံးတော့.. သူမ ထင်သလောက် တံခါးပေါက်က တစ်ခုတည်းသာ။

ဒီဆိုင်က ပုံမှန်ဆိုင်တစ်ခု မဟုတ်ဘူး။

ယွဲ့ရှုယန်ရဲ့ မျက်လုံးတွေက အနည်းငယ် စူးရှသွားသည်။

သူမတို့တွေ အချိန်လွဲလို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုလိုမျိုး လမ်းကြားကျဥ်းထဲမှာ အချိန်လဲတူနေတာကို မတွေ့ဘူးဆိုတာ ပို​တောင် မဖြစ်နိုင်ဘူး။

ပြီးတော့ ထိုသူရဲ့ ဝတ်ဆင်ပုံက ထူးဆန်းသည်။ မရင်းနီးတဲ့ အငွေ့အသက်တွေ ရှိသည်။ မဟာမြို့တော်နဲ့ ဘယ်နေရာမှ ကိုက်ညီမှု မရှိဘူး။

ဆိုလိုတာက….

ဒီဆိုင်မှာ တစ်ခြားဝင်ပေါက်တစ်ခု ရှိနေတာပဲ။

ဒါမှမဟုတ် နေရာကူးပြောင်း အစီအရင် ဖြစ်နိုင်သည်။.

ဒါမှမဟုတ်ရင် မတူညီတဲ့နေရာတွေကနေ နေရာတစ်ခုတည်းရောက်လာအောင် စုပေါင်း ပို့ဆောင်ပေးနိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေတာပဲ။

ဒီလိုဆို အခုအဖိုးအိုနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်သွားပြီ။ လင်ယွီကျွင်း အပါအဝင် သူမတို့အားလုံး ထိုအဖိုးအိုနဲ့ပတ်သတ်ပြီး ဘာမှ မသိရဘူးလေ။

ယွဲ့ရှုယန် လမ်းလျှောက်နေတာ ခဏရပ်သွား၏။

အကယ်လို့ ဆိုင်ရဲ့ ချဲ့ထွင်မှုက တစ်ခြားနေရာတွေနဲ့ ဆက်နွယ်ပေးထားတာ ဆိုရင်…

ဒီအဖိုးအို ရောက်လာတဲ့ နေရာက ဆိုင်ရဲ့ ဒုတိယတံခါးပေါက် ဖြစ်နိုင်သည်။ ထိုသူက အရမ်းအရမ်းဝေးတဲ့ နေရာက လာတာ ဖြစ်ရမည်။

ဆိုင်ရဲ့ ပထမတံခါးပေါက်က သူမတို့နေထိုင်တဲ့ မဟာမြို့တော်မှာရှိသည်။

ဒါဆို ပိုပြီးမြင်သာသွားပြီ။

အရင်က ဆိုင်ကို မချဲ့ထွင်ရသေးတော့ တံခါးပေါက်လဲ မပွင့်သေးသည့်အတွက် သူမတို့တွေ ဒီထူးဆန်းတဲ့အဖိုးအိုနဲ့ တစ်ခါမှ မတွေ့ဖူးခဲ့တာပဲ။

သူမ ဘာစကားမှ မပြောခဲ့ပေ။

ဒါပေမဲ့ သူမရဲ့အတွေးကတော့ ဖြစ်နိုင်ချေတွေကို အသည်းအသန် တွက်ဆနေလေရဲ့။

နေရာဘယ်နှစ်ခုတောင် ရှိလဲ?

တံခါးပေါက်တွေ ဘယ်နှစ်ခုတောင် ရှိတာများလဲ?

ဒါဆို အဲ့ဒီတံခါးတွေက ပြဿနာကောင် အစစ်တွေ ဝင်လာဖို့ ဘယ်လောက်ကြာမလဲ?

သူမက လူတွေကို မယုံကြည်တတ်ဘူး။ ပြီးတော့ လူသစ်တွေဆို ပိုလို့တောင် မယုံပေ။

အဖိုးအိုရဲ့ စကားတစ်ချို့ကနေ ယွဲ့ရှုယန် ဖြစ်ကြောင်းကုန်စဥ်ကို မှန်းဆသွားနိုင်ကြောင်းသာ ဟောင် သိသွားရင် သူမကို ထူးချွန် စုံထောက်ဆုတွေဘာတွေ ပေးလာလောက်သည်။

အခုအခြေအနေက မင်း ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ကြိုးစားပါစေ… မင်းရဲ့ကောင်မလေးက သေးငယ်တဲ့ အချက်တွေကနေတင် အခြေအနေအားလုံးကို ရုတ်တရက် သဘောပေါက်သွားသလိုမျိုးပဲ။

မိန်းကလေးတွေရဲ့ နောက်ယောင်ခံတဲ့ စကေးမျိုးက ဘယ်သူမှ လိုက်မမှီနိုင်ဘူး။

မင်းမှာဖြေရှင်းဖို့ အခွင့်အရေးတောင် ရတော့မှာ မဟုတ်ဘူး!

သူတို့လေးယောက်လုံး အဖိုးအိုနဲ့ ပတ်သတ်ပြီး စကားတစ်ခွန်းမပြောကြသော်ငြား သူတို့ရဲ့ တိတ်ဆိတ်တဲ့ သဘောတူညီချက်က ရှင်းလင်း၏။

အခုချိန်မှာ ရေခဲမုန့်စက်နဲ့ ဝေးရာမှာ နေရမည်!

အတိအကျပြောရရင် ကျားအိုကြီးကျောင်းနဲ့ ဝေးရာမှာနေရမည်!

ထိုလေးယောက်လုံး လေတိုက်လို့ နေရာအစုံလွင့်သွားတဲ့ သစ်ရွက်များသဖွယ် စင်တွေဆီကို သွားလိုက်ကြကာ သူတို့အကြိုက် ပစ္စည်းတွေ သွားယူလေ၏။

တစ်ယောက်မှ ကောင်တာနားကို ရေခဲမုန့်တိုကင်ယူဖို့ မလာကြပေ။

ထိုအချိန်ကို ယူပြီး.ယွဲ့ရှုယန် သူမရဲ့ အတွေးကို မျှဝေဖို့ ကြိုးစားလိုက်သည်။

လျင်မြန်တဲ့ စိတ်ထဲက ဆက်သွယ်မှု တစ်ချို့ဆိုရင်ကို လုံလောက်သည်။

စိတ်ထဲက ဆက်သွယ်ပြောဆိုတာက မြန်ဆန်လွယ်ကူပြီး တစ်ခြားသူ မသိရတာမို့ ပြဿနာ မဖြစ်စေဘူး။

စက္ကန့်အနည်းငယ် အတွင်းမှာ လင်ယွီကျွင်းနဲ့ ရှောင်လျန်ဖန်းတို့ နေရာမှာရပ်သွားပြီး အတွေးများကုန်သည်။

ဟွာဖေးရှုကတော့ ချက်ချင်းပဲ မျက်လုံးများ ပြူးကျယ်လာလေရဲ့။ သူမရဲ့ မိုးကြိုးလို ကျယ်လောင်တဲ့ အသံကြီးထွက်လာကာ

“ဘာ?!”

ကျန်တဲ့ခေါင်းသုံးခေါင်းလုံး သူမထံကို ကြောက်မက်ဖွယ် မျက်လုံးသေများဖြင့် ကြည့်လာကြလေရဲ့။

“.....”

ယွဲ့ရှုယန်ရဲ့ အေးစက်လှတဲ့ အကြည့်မှ သူမကို ပြောနေသည်။

“ မင်းမှာလုပ်စရာတစ်ခုပဲ ရှိတာကိုနော် ဖေးရှု”

ဟွာဖေးရှု လန့်ဖြတ်ပြီး ချက်ချင်းပဲ ပါးစပ်ကို လက်နဲ့အုပ်လိုက်သည်။ မီးစဖြင့်တို့ခံလိုက်ရသည့်နှယ် ကြောက်ရွံမှုတွေ လက်ထနေတဲ့ မျက်လုံးများဖြင့် ယွဲ့ရှုယန်ကို အမြန်ပဲ အရိုအသေပေးလိုက်သည်။ သူမရဲ့ တောင်းပန်တဲ့ ပြဇာတ်စတင်လေ၏။

‘ တောင်း..တောင်းပန်ပါတယ် မမကြီး။ ငါ အော်ပစ်ဖို့မရည်ရွယ်မိဘူး! ငါဒီနေ့မမကြီးအကြိုက် ခေါက်ဆွဲ ဝယ်ကျွေးမယ်လေ နော်..နော်’

ယွဲ့ရှုယန် မျက်တောင်ခတ်လိုက်ပြီး အသင့်စားခေါက်ဆွဲ စင်ဘက်ကိုပဲ ပြန်လှည့်လိုက်တော့သည်။

All Chapters