← Chapters

( ခေါက်ဆွဲက လက်စားချေဖို့ သတ္တိတွေ ယူဆောင်လာပေးတာလား?)

Vol. 9 Ch. 121

( ခေါက်ဆွဲက လက်စားချေဖို့ သတ္တိတွေ ယူဆောင်လာပေးတာလား?)

Vol. 9 Ch. 121

ဒီလိုဆို ငါ့ရဲ့ကလန်ကို ဖျက်ဆီးခဲ့တဲ့ ဂိုဏ်းကို ပြန်ကလဲ့စား ချေနိုင်တော့မယ်။

ငါ သူတို့အားလုံးရဲ့ အထက်မှာ ရပ်တည်မယ်။ သူတို့ကို.ဘာက တိုက်ခိုက်လိုက်မှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး။

ဒိုရှင်းရှီရဲ့ အသက်ရှုမှုက လေးလံလာပြီး သူပြင်းထန်စွာ အံကြိတ်လိုက်သည်။

သူ့ရဲ့ ကိုယ်တွင်းမှ တောက်လောင်နေတဲ့ လက်တုံ့ပြန်လိုတဲ့ အမုန်းမီးတောက်ကို သူ ခံစားနိုင်သည်။ သူ့ရဲ့ နှလုံးအောက်ခြေမှာ ရည်မှန်းချက်အသစ်တစ်ခု အမြစ်တွယ်လာခဲ့ပြီ။

သူတို့ကလန် ကျရှုံးခဲ့ရတဲ့ မှတ်ဉာဏ်တွေ.. သူ့ရဲ့မိသားစု… သူ့ရဲ့လူတွေ.. အကုန်လုံးရဲ့ မှတ်ဉာဏ်တွေ အားလုံးက သူ့ခေါင်းထဲမှာ လတ်ဆတ်ဆဲပဲ။

အခုတော့ သူ့အတွက် လက်စားချေဖို့ အခွင့်အရေး ရလာခဲ့ပြီ။

သူ ပို​ပြီးတွေးမိလေလေ သူ့အတွက် လမ်းကြောင်းရှာတွေ့သလို ပိုခံစားရလေလေပဲ။ လက်စားချေမဲ့ လမ်းကြောင်း.. အစွမ်းဆီကို သွားရမဲ့ လမ်းကြောင်း… အသင့်စားခေါက်ဆွဲတွေ ပြည့်နေတဲ့ လမ်းကြောင်း!

ငါ လုပ်ရမယ်။ ငါ ကျရှုံးလို့ မရဘူး။ ငါ ပြန်ရမယ်…

“ ငါ ခေါက်ဆွဲတွေ ထပ်ဝယ်ရမယ်!”

ဒိုရှင်းရှီ ရေရွတ်လိုက်ရင်း မျက်လုံးကြီးပြူးကာ လက်သီးဆုတ်လို့ လမ်းမဘက်ကို သွားလိုက်လေ၏။

သူ့ရဲ့ မျက်နှာမှာ မသိလိုက်ဘဲ အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ထို့နောက်မှာ ထိုအပြုံးက ပိုကြီးထွားလာသည်။ ပိုပိုပြီး ကြီးလာ၏။

နောက်ဆုံးတော့ သူ ကျယ်လောင်စွာ ရယ်လိုက်သည်။

ကျယ်လောင်စွာဖြင့်…။

လမ်းမအလယ်ကြီးမှာ အော်ရယ်နေလေရဲ့။

“ ဟဟဟ! ငါပြန်ရမယ်! ငါ့ရဲ့တာအိုလမ်းစဥ်အတွက် ခေါက်ဆွဲ ဝယ်စားရမယ်!”

ဖြတ်သွားဖြတ်လာတွေက ချက်ချင်းပဲ သူ့ကို ရှောင်ကွင်းသွားလေ၏။

မိန်းမတစ်ယောက်ဆိုရင် သူမရဲ့ ကလေးကို အလျင်စလို လှည့်ကာ ကာလိုက်ပြီး ပျက်ဆီးရာ ပျက်ဆီးကြောင်းကို မမြင်ဖို့ရန် ကြိုးစားလိုက်သည်။

“ မကြည့်နဲ့ ကလေး! မင်းရဲ နှလုံးသားကို ကောင်းကောင်း မကျင့်ကြံရင် အဲ့လိုဖြစ်သွားတတ်တယ်”

ရှေ့ကလာနေတဲ့ ကျင့်ကြံသူ အိုများသည်လဲ ရူးနှမ်းမှုက ကူးစက်တတ်သည့်အလား အနောက်ပြန်ဆုတ်သွား၏။

အနီအနားက ပျံကျဈေးသည်တစ်ယောက်ပင် သူမရဲ့ ရောင်းလက်စ မှိုကင်ဗန်းကို ပြန်သိမ်းပြီး ထောင့်ဘက်ကို ရွှေ့သွားလေရဲ့။

မက်မွန်လက်ဖက်ရည်ဗူးကို သောက်နေရင်းဖြင့် ထျန်းလုသည် ထိုသူကို ကြည့်နေလိုက်သည်။

‘ အဲ့ဒီလူက အစောက ဆိုင်ထဲ အလောတကြီး ဝင်သွားတဲ့သူမလား?’

ဒိုရှင်းရှီက လက်နှစ်ဖက် ဆန့်တန်းရင်း နေလုံးကြီးရှိရာ အရှေ့တည့်တည့်ကို ပြေးသွားလိုက်တော့သည်။

‘ ကောင်မလေးမို သူ့ကို ကျိန်စာတိုက်လိုက်လို့လား? ရယ်မောစေတဲ့ ကျိန်စာများလား? ဒါမှမဟုတ် ရူးနှမ်းစေတဲ့

သိုင်းပညာလား?’

ဒါဖြစ်နိုင်တယ်။

သူမသုံးခဲ့တဲ့ သိုင်းက ကြောက်ဖို့ကောင်းလောက်သည်။

ဒါပေမဲ့ တံခါးအတွင်းထဲမှာ ဖြစ်ခဲ့တဲ့အရာကို ဘယ်သူ သိမှာလဲ?

နောက်ထပ် ခဏအကြာမှာ ကျားအိုကြီးကျောင်းက စိတ်ကျေနပ်စွာ နှုတ်ခမ်းတစ်သပ်သပ်ဖြင့် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။

“ ကောင်းကင်ဘုံ.. ဒါကောင်းကင်ဘုံပဲ.. ငါပြော..”

အဖိုးအို၏.မျက်လုံးတွေက သန့်စင်တဲ့ ပျော်ရွှင်မှုများဖြင့် ပြည့်နေလေရဲ့။

ကောင်းကင်ဘုံကို တက်ဖို့အခွင့်အရေးသာ ရခဲ့ရင် သူ တစ်ဝက်လောက် တတ်နိုင်နေပြီ။

“ နည်းနည်းလေး အေးအေးလေးနဲ့”

သူ့ရဲ့ မီးနဲ့အကျွမ်းဝင်နေတဲ့ ခန္ဓာကိုယ်က ဝိညာဥ်မီးတောက်မြို့တော်ရဲ့ ထိပ်ဆုံးရောက်နေတဲ့ အပူချိန်ကို စက္ကန့်တိုင်း ခံထားရသည်။ အခု နို့ရေခဲမုန့်ရဲ့ အအေးဓာတ်ကို အနည်းငယ်ပဲ ခံရတာတောင်မှ သူ မနေနိုင်အောင် ပြုံးနေမိပြီ။ ခပ်ပြုံးပြုံးနဲ့ဗိုက်ကို ပွတ်သပ်လိုက်ကာ

“ ဒီနေ့က နေ့ကောင်းတစ်နေ့ပဲဆိုတာ ဒီအဘိုးကြီးပြောလိုက်မယ်။ အရမ်းကောင်းတဲ့ နေ့ပဲကွာ”

…..

ထိုအချိန် လမ်းမကြီးနဲ့ဝေးတဲ့တစ်နေရာမှာ ဒိုရှင်းရှီ ကောင်းကင်ပေါ်ကို လက်သီးလက်မောင်း တန်းလိုက်သည်။

သူများတွေရဲ့ အတွေးကို သူ ဂရုမစိုက်ပါချေ။ သူတို့ရဲ့ အကြည့်တွေက သူ့ကိုဘာမှ မခံစားရစေဘူး။

သူ အမှန်တရားကို မြင်ပြီးသွားပြီ။

သူ့ရဲ့ ကံတရားအသစ်ကို သူ ပုံသွင်းတော့မည်။

သူ အဲဲ့ဒီတံခါးကို နောက်တစ်ကြိမ် ဖြတ်သွားရမည်။

ပြီးရင် ခေါက်ဆွဲ ဆယ်ပွဲမက ဝယ်စားမည်!

…..

ထိုအချိန် ဆိုင်ထဲကိုတော့ မဟာမြို့တော်က ပုံမှန်ဖောက်သည်များ ဝင်လာပြီး သူတို့ရဲ့ အကြိုက်ဆုံး မုန့်နဲဖျော်ရည် အသီးသီးကို ယူလိုက်ကြကာ ပြန်ထွက်သွားကြသည်။

ဝိညာဥ်မီးတောက်မြို့တော်မှ နောက်ထပ် မျက်နှာသစ်တွေ ဝင်လာခဲ့သော်ငြား ကြာကြာမနေကြပါချေ။ သူတို့တွေ စွန့်ပစ်အိမ်ထဲ ဝင်ရာမှ ဒီကိုဘယ်လိုရောက်လာလဲ အံ့သြနေရင်း ထင်ယောင်ထင်မှားဖြစ်နေရမည်ဟု အော်ဟစ်ကာ ​ကြောက်လန့်တကြား ပြန်ထွက်ပြေးကြတာကြည့်ပင်။

ချီးပါချင်နေတဲ့ ကောင်တောင်မှ သူတို့ထက် ပိုကြာသေးသည်။ ဟိုလျှောက်ဒီလျှောက်၊ ဟိုကြည့်ဒီကြည့်နဲ့ ဈေးအကြောင်း ပွစိပွစိ ပြောခဲ့တာတောင်မှ ပစ္စည်း ဝယ်သွားသေးသည်။ အခုလူတွေကတော့…။

ထင်တဲ့အတိုင်း မိုရှီရှီကတော့ ရေခဲမုန့်ကို သဘောကျနေလေ၏။ သူမတင် မဟုတ်ဘူး။ သူခိုးလေးနဲ့ ခူရိုမီ.. ပြီးတော့ သူမရဲ့ ကလေးနှစ်ယောက် ရိုယူနဲ့ ဆူကီပင် ချက်ချင်း သဘောတွေ ကျကုန်ကြသည်။

သူတို့ရဲ့လျှာနဲ့ နူးညံ့တဲ့ ရေခဲမုန့်နဲ့ ထိတွေ့ချိန်မှာပဲ မျက်လုံးနှစ်လုံးက တန်းပြီး တောက်ပကုန်ကြတာပဲ။ စက္ကန့်ပိုင်းအတွင်း ကတော့တွေပါမကျန် အကုန် ကုန်အောင် စားခဲ့ကြသည်။

သေချာပေါက် မခံစားရတာတော့ ဘယ်ဟုတ်မလဲ?

ပထမဆုံးတစ်ခေါက်မှာ သူတို့တွေ အလောတကြီး ကိုက်မိသွားတော့ ဦးနှောက်ထိပါ ကျင်တက်သွားကြသည်။ ချက်ချင်းပဲ တိုက်ပွဲဝင်တော့မလိုမျိုး အမွှေးတွေ ထောင်ထကုန်တာပင်။ ချက်ချင်းပဲ ကတော့က သူတို့ကို ဟိန်းသံပေးလိုက်သလို အနောက်ကို ခုန်ကာ ဆုတ်သွားကြသေးသည်။

ဒါပေမဲ့ သူတို့တွေ ဒီလောက်နဲ့မရပ်ပေ။

ရိုယူ လျပ်လိုက်သည်။ ဆူကီလဲ ရှေ့တိုးလာသည်။

ဒီလိုနဲ့ ခဏနေကျ နောက်ဆုံးတစ်ကိုက်အတွက် ရန်ဖြစ်ကြပါလေရော။ လက်သည်းတွေ ယမ်းရင်း သေးငယ်တဲ့ မာန်ဖီသံများဖြင့် ဒရာမာဆန်ဆန်ပါ အော်ညည်းကြသေးသည်။

ကံကောင်းစွာဖြင့် ဘယ်သူမှ ဒဏ်ရာမရခဲ့ပေ။ ခူရိုမီကတော့ သားရိုင်းလေး နှစ်ယောက်ကို စိတ်ကုန်နေတဲ့ အမေတစ်ယောက်လိုပဲ ကြည့်နေလေရဲ့။ ဒါကြောင့် ဟောင်လဲ မျက်မှောင်တစ်ဖက်ကျုံ့ရင်း စိုက်ပဲကြည့်နိုင် တော့သည်။

နို့ရေခဲမုန့်က လူသားကော သားရဲအတွက်ပါ ကောင်းတယ်လို့ စနစ်မှ အာမခံပေးထားသည်လေ။

ထိုအချိန်မှာ သူခိုးလေးက ဆန္ဒပြချင်စိတ်တို့ ကြီးစိုးနေသည်။

‘ဘာလို့ ရေခဲမုန့်က တစ်ခုထဲပဲလဲ?! ငါပေးနိုင်တယ်! ငါ့မှာ ပိုက်ဆံရှိတယ်လို့!’

ဒါပေမဲ့ လက်ပိုက်ထားတဲ့ ဟောင်ကတော့ နည်းနည်းမှ မလှုပ်ရှားပါချေ။

“စည်းကမ်းကစည်းကမ်းပဲ”

သူခိုးလေး ကျယ်လောင်စွာပင် ထုတ်ပြောတော့သည်။

“ ငါ ဆိုင်ရှင်နဲ့ စကားပြောချင်တယ်!”

“ ငါပဲလေ ချီဘီဆု”

“ … ကျွတ်!”

ချီဘီဆု ကျွတ်သပ်ကာ မိုရှီရှီရဲ့ ကတော့ ကို လှမ်းကြည့်လိုက်၏။ သူ့ရဲ့ အမြှီးက ကြမ်းတမ်းစွာ ခါ​နေသည်။

သူအရမ်း စွဲလန်းနေမိပြီ!

ဒါပေမဲ့ အချိန်ခဏအကြာမှာ ဆိုင်ရဲ့ မီးတွေလဲ မှိတ်သွားပြီး အကုန်လုံးအခန်းပြန်ကာ အနားယူလိုက်ကြလေ၏။

မြို့နံရံတွေရဲ့ဝေးရာရှိ တစ်နေရာတွင် ညနက်ပိုင်းမှာ…

သွေးတွေ ရွှဲနေတဲ့ လူတစ်ယောက် ရပ်နေခဲ့သည်။

ထိုသူရဲ့ လက်မောင်းနဲ့ ခန္ဓာကိုယ်ဘေးဘက်မှ ဓားရာတွေ ပြည့်နေတာကြောင့် အင်္ကျီစတွေလဲ ဖွာလန်ကျဲနေရပြီ။ ခြေထောက်သည်လဲ ပေပွနေ၏။ အသက်ရှုသံလဲ မတည်ငြိမ်ချေ။

သူ့ရဲ့ လက်ချောင်းတွေက လက်ကျန်မိုးကြိုးကြားမှာ အနည်းငယ် ငွေရောင်ထနေသော လှံချောင်းကို ကျစ်နေအောင် ဆုတ်ကိုင်ထားသည်။

အမှောင်ထု ရှိနေတာတောင်မှ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ အမြဲလိုလို တောက်လောင်နေသော ကောင်းကင်သည် အလင်းတစ်ချို့ ထုတ်ပေးနေဆဲပဲ။ အက်ရှနေတဲ့ မြေကြီးပေါ်သို့ လိမ္မော်ရောင် အလင်းတစ်ချို့ ဖြာကျနေသေးသည်။

သူ့ရဲ့လက်နက်ကနေ မီးပွားစတစ်ချို့ ထွက်နေပုံက အောက်ရှိ သွေးလွှမ်းနေတဲ့ အမှိုက်စတွေမှာပါ အလင်းတစ်ချို့ ထွက်နေစေသည်။

သူ့အနားမှာ အခုထိ တွန့်လိမ်နေသေးတဲ့ သားရဲအလောင်းလေးခု ရှိသည်။

တစ်ကောင်က အသက်ရှုနေဆဲပဲ။

နောက်ဆုံးလက်ကျန်အင်အားနဲ့ ထိုသူက သားရဲရဲ့ ဦးခေါင်းကို လှံနဲ့ ထိိုးချလိုက်သည်။

ထို့နောက်မှာ သူ့ရဲ့ မျက်လုံးထဲက အလင်းတွေ ပျောက်ကွယ်လာသည်။

အဆုံးမှာတော့ သူ ဒူးတစ်ဖက် ထောက်ကျသွားကာ လှံကို အားပြုထားရတော့သည်။

ထိုသူက ဒိုရှင်းရှီပင်။

ခြေထောက်တွေလဲ တုန်ယင်နေပြီး.. သူ သေခါနီးလို ခံစားနေရသည်။

မဟုတ်ဘူး.. သူ သေသွားလောက်ပြီ။ ရုတ်တရက် မထင်ထားတဲ့ အဆင့်တက်မှု ကြောင့်သာ မဟုတ်ရင် သူ သေနေတာ.ကြာခဲ့ပြီ။

‘ ငါကောင်းကင်ကိုပါ ဖောက်ထွင်းပစ်မယ်ကွ..’

မိုးကြိုးအမွှေးသားရဲ တွေက သူ သတိလွတ်နေချိန်မှာ မိသွားခဲ့သည်။ သူ့အနေနဲ့ ထိုအကောင်တွေကို ပုံမှန်အတိုင်း ရင်ဆိုင်နိုင်ဖို့ဆို အလွန်အားနည်းသည်။

ဒါပေမဲ့ သူ အစောက စားခဲ့တဲ့ ကြက်သားအရသာ ခေါက်ဆွဲကို ပြန်တွေးပြီးချိန်မှာ သူ့ရဲ့တစ်ကိုယ်လုံးကို သန်မာမှုတွေ ထိုးတက်လာရသည်။

ထိုဟင်းရည်… ထိုမွှေးရနံ့လေး… ပြီးတော့ ခေါက်ဆွဲဖတ် အိအိလေး..

‘ နောက်တစ်ပွဲစားဖို့အတွက် ငါ အသက်ရှင်မှ ရမယ်’

All Chapters