#ခေးအောစ့်အစီအရင်#
Vol. 88 Ch. 1233
ငရဲနတ်ဆိုးဒေသ၏ ကျူးကျော်မှုက ယဲ့ချိုးပိုင်နှင့် တခြားသူများအတွက် အတွေ့အကြုံရယူရန် အဆင့်တစ်ခုဖြစ်နေခဲ့သည်။
ယခုလိုဖိအားမြင့်သည့်၀န်းကျင်၌ လေ့ကျင့်မှု၏ ထိရောက်မှုက အကောင်းဆုံးဆိုတာ သေချာသည်။
ဒါ့အပြင် ယဲ့ချိုးပိုင်နှင့် ကျန်သူများ၏ လက်ရှိအဆင့်ကို ထောက်ဆပါက သူတို့က ယနေ့သေမျိုးနယ်မြေ၏ ထိပ်တန်းအဆင့်တွင် ရှိသည်ဟုဆို၍ရသည်။
ဒီအခိုက်အတန့်၌ အင်မော်တယ်ဧကရာဇ် လေးနက်စွာပြောသည်။
"ငါတို့သူတို့ကို လွင်ပြင်ကို ချောမွေ့စွာ ဖြတ်သန်းခွင့်ပေးလို့မရဘူး"
"အရင်အစီအစဉ်အတိုင်း အဝေးပစ်တိုက်ခိုက်မှုတွေမှာ ကျွမ်းကျင်တဲ့ တပ်ဖွဲ့တွေက အဝေးပစ်အကူအညီအတွက် မြို့ရိုးနောက်မှာ နေကြပြီး အဆောင်သခင်တွေက အခြေအနေကိုလိုက်ပြီး စောင့်ကြည့်တိုက်ခိုက်ကြပါ၊ ကျန်တဲ့တပ်ဖွဲ့ရှေ့က ရှေ့ကို ချီတက်ကြမယ်"
ချက်ချင်းဆိုသလို အင်မော်တယ်နယ်မြေတွင် ကောင်းကင်လောင်ကျွမ်းချိုင့်ဝှမ်းကဲ့သို့ ဂိုဏ်းများနှင့် သေမျိုးနယ်မြေကနေ ဟောင်တျန်းနတ်ဂိုဏ်း၊ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းတွင့် ကောင်းကင်မြေအောက်ဂိုဏ်းတို့ ဦးဆောင်သည့် ထိပ်တန်းဂိုဏ်းများဖြစ်ပြီး ရွှေတောင်ပံဂဠုန်ဂိုဏ်းနှင့် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်တို့က ပထမတန်းစားဂိုဏ်းများနှင့်အတူ မြို့ရိုးများအလွန်၌ အားဖြည့်ထားကြသည်။
ကျယ်ပြောလှသည့်ကျင့်ကြံသူအစုအဝေးကြီးက ငရဲနတ်ဆိုးဒေသ၏ မဟာစစ်တပ်ကြီးဆီသို့ ရဲရင့်စွာပင် ပြေး၀င်သွားကြ၏။
ခွန်အားအရာတွင်တင်မဟုတ်ဘဲ အရေအတွက်ကွာဟချက်ကလည်း အတော်လေးကြီးမားသည်။
ငရဲနတ်ဆိုးဒေသ၏စစ်တပ်က လွင်ပြင်ကို ဖြတ်ပြီး နှစ်ဘက်စလုံးတွင် အစွန်းဟူ၍ မမြင်နိုင်သည့် လိုင်းတစ်ကြောင်း ဖွဲ့စည်းထားပုံရသည်။
သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေဘက်တွင် ပေါင်းစပ်လိုက်လျှင်ပင် ပြိုင်ဘက်ကဲ့သို့ မများပေ။
သို့စေကာမူ အစီအရင်များ၏ ထောက်ပံ့မှုဖြင့် ချို့ယွင်းချက်တစ်ချို့ကို ပိတ်ဆို့နိုင်ခဲ့သည်။
ဥပမာအားဖြင့် လုချန်ရှန်းစီစဉ်ထားသည့် ပြန်လည်အားဖြည့်အစီအရင်ဖြစ်သည်။
ဒီအချိန်တွင် တကယ့်တိုက်ပွဲက စတင်ပေတော့မည်။
နှစ်ဘက်စလုံးက အနီးကပ်တိုက်ခိုက်နေကြပြီဖြစ်သည်။
ငရဲနတ်ဆိုးဒေသ၏ စစ်တပ်က အမှန်တကယ်ပင် ကောင်းစွာလေ့ကျင့်ပေးထားသည်။ သူတို့အကြီးအကဲများကနေ အမိန့်များမလိုဘဲ ဒိုင်းစစ်တပ်က ရှေ့တန်းတွင် တိုက်ရိုက်နေရာယူသည်။
ဒိုင်းစစ်တပ်နောပ်တွင် လှံကိုင်စစ်သည်သုံးဦးတိုက်ခိုက်နေသည်။
ရှေးခေတ်ကတည်းက ဒါက သေမျိုးနယ်မြေ၏ စစ်တပ်ကို စိတ်အနှောင့်အယှက်အပေးဆုံးအစီအရင်တစ်ခုပေတည်း။ ရက်စက်ကြမ်းကြုတ်သည့်အားနှင့် ကျော်လွှားရန်ကလွဲပြီး ထိရောက်သည့် တန်ပြန်ဆောင်ရွက်မှုဟူ၍မရှိပါ။
နှစ်ဘက်လုံးထိပ်တိုက်တွေ့ဆုံသောအခါ သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက အင်အားစုများ ကြီးမားသည့်ဖိအားကို ခံစားရသည်။
သူတို့၏တိုက်ခိုက်မှုများက ဒိုင်းတပ်၏ ဧရာမဒိုင်းများပေါ် ကျသွားစဉ် ဒိုင်းများက တုန်ခါရုံမျှသာ တုန်ခါသွားပြီး နောက်ထပ်တိုက်ခိုက်မှု မကျရောက်လာနိုင်သေးခင်မှာပင် လှံသုံးချောင်းက တစ်ပြိုင်နက်တည်း ထိုးဖောက်လာသည်။
ထိပ်တိုက်တွေ့ဆုံပြီး တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်လောက်သည့် အော်ဟစ်သံများ အတူတကွထွက်လာပြီး သွေးများက လွင်ပြင်တစ်ခုလုံးကို စိုစွတ်သွားစေသည်။
ဒါတင်မဟုတ်ဘဲ နောက်တန်းက မိစ္ဆာလှံတပ်နှင့် လေတပ်များက ပျံသန်း၍မရသည့်တိုင် အဝေးပစ်တိုက်ခိုက်မှုများကို စီမံနိုင်နေသေးပြီး သေမျိုးနယ်မြေ၏ တပ်များကို နောက်ကနေ မြှားများနှင့် ပစ်ခတ်နေသည်။
နှစ်ဘက်စလုံး၏ ဩဇာလွှမ်းမိုးမှုအောက်တွင် သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့၏ အင်အားစုများက အဆက်မပြတ် နောက်ဆုတ်ရပြီး ကြီးမားသည့် ဆုံးရှုံးမှုများကို ခံစားနေရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အင်မော်တယ်ဧကရာဇ်၏မျက်နှာက သုန်မှုန်သွားသည်။
သူ့ဘေးက မစ္စတာ တိုက်ရိုက်ပင်အမိန့်ပေးသည်။
"အစီအရင်ဆရာတွေနဲ့ အဆောင်သခင်တို့၊ ရှေ့တန်းတပ်တွေကို ကူညီဖို့အတွက် ရန်သူရဲ့ပစ်ခတ်မှုတွေကို ပစ်မှတ်ထားကြ"
မြို့ရိုးမြင့်ပေါ်ရှိ အစီအရင်ဆရာများနှင့် အဆောင်သခင်များ၏ မျက်နှာအမူအရာများက လေးနက်နေကြပြီး အမိန့်ကို ကြားသောအခါ ချက်ချင်းဆိုသလို ပြင်ဆင်ထားသည့် အစီအရင်များနှင့် အဆောင်များကို ထုတ်လွှတ်လိုက်ကြ၏။
အင်မော်တယ်နှင့်ဝိဉာဉ်စွမ်းအင်လှိုင်းများက အရူးအမူးထိုးတက်လာသည်။ ရောင်စုံတိုက်ခိုက်မှုများက ၀င်လာနေသည့် အဝေးပစ်ခတ်မှုများကို ဖိနှိပ်ထားသည်။
တိုက်ပွဲအလယ်တွင် အနီးကပ်တိုက်ခိုက်မှုများနှင့် အဝေးပစ်ထောက်ပံ့မှုများရှိသည်။
ငရဲနတ်ဆိုးဒေသတွင် ဘယ်လိုလုပ် တန်ပြန်ဆောင်ရွက်မှုများမရှိဘဲနေမည်နည်း။
ငရဲနတ်ဆိုးဒေသ၏ မဟာအကြီးအကဲ ချက်ချင်းအော်ဟစ်သည်။
"ဆန်းကြယ်အင်ပါယာအစောင့်တို့၊ ခေးအောစ့်အခင်းအကျင်းကို ဖွဲ့စည်းကြ"
ဒီစကားလုံးများကျဆင်းလာသည်နှင့် အနက်ရောင်၀တ်ရုံများထဲတွင် လုံး၀ကိုယ်ကို ဖုံးကွယ်ထားသည့် ဆန်းကြယ်အင်ပါယာအစောင့်များ တုတ်များကိုထုတ်လိုက်ကြပြီး တခြားလက်တစ်ဖက်နှင့် တံဆိပ်များကို ဖန်တီးစဉ် မိစ္ဆာနတ်ဆိုးစွမ်းအင်စီးကြောင်းများက လှံထိပ်က စက်လုံးများထဲသို့ လိမ့်၀င်လာသည်။
အနက်ရောင်စက်လုံးများခိုင်ခံ့လာသောအခါ ဆန်းကြယ်အင်ပါယာအစောင့်များ လှံကိုမြှောက်လိုက်ကြလေရာ ချက်ချင်းဆိုသလို လိမ့်တက်နေသည့်လှိုင်းများဖြင့် ပြည့်နှက်နေသည့် အတားအဆီးတစ်ခုက ငရဲနတ်ဆိုးဒေသစစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ဒီအခိုက်အတန့်မှာပင် အစီအရင်နှင့် အဆောင်တိုက်ခိုက်မှုအားလုံးထိမှန်သည်။
၎င်းတို့အဆက်မပြတ်လှိုင်းထနေသည့် အတားအဆီးကို ထိမှန်သောအခါ ထိတ်လန့်စရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အစီအရင်များနှင့် အဆောင်များက ၎င်းတို့၏စွမ်းအားကို အစွမ်းကုန်မထုတ်လွှတ်နိုင်သေးခင်မှာပင် ၎င်းတို့၏စွမ်းအင်က စတင်လျင်မြန်စွာ ပြိုကွဲလာသည်။
ဒီတဒင်္ဂမှာပင် အစီအရင်များနှင့် အဆောင်များက တိတ်တဆိတ်ပြိုကွဲသွားရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ မြို့ရိုးထိပ်ကလူများ၏ အမူအရာများက ပြာနှမ်းသွားကြ၏။
အစီအရင်နဲ့ အဆောင်တွေကို သူတို့အပေါ် မထိရောက်ဘူးလား!
ဒါဆိုငါတို့ဘယ်လိုတိုက်ခိုက်ကြမလဲ!
"ဆန်းကြယ်အင်ပါယာအစောင့်တွေက ပုံရိပ်ယောက်နည်းစနစ်တွေနဲ့ စိတ်ညို့ယူဖမ်းစားရာမှာ ကျွမ်းကျင်ရုံတင်မကဘဲ...." မစ္စတာလေးနက်စွာပြောသည်။
"သူတို့ အထောက်အပံ့ပေးတဲ့အစီအရင်တွေမှုလည်း မြင့်မားတဲ့ကျွမ်းကျင်မှုအဆင့်တစ်ခုကို ပိုင်ဆိုင်ထားကြတယ်၊ ဥပမာပြောရရင် ဒီခေးအောစ့်အစီအရင်နဲ့ အစီအရင်ရဲ့စွမ်းအားက မရောက်နိုင်ဘူး ဒါမှမဟုတ် နတ်သခင်နယ်ပယ်ကို မရောက်နိုင်ဘူးဆိုရင် ချက်ချင်းတန်ပြန်လာပြီး အစီအရင်၊ အဆောင်တွေထဲက စွမ်းအားက ဖျက်ဆီးခံရနိုင်တယ်"
သို့သော် သူတို့နတ်သခင်အဆင့် အစီအရင်ဆရာများနှင့် အဆောင်သခင်များက မည်သည့်နေရာက ရှာတွေ့နိုင်မည်နည်း။
သေမျိုးနယ်မြေတွင်ဖြစ်စေ၊ အင်မော်တယ်နယ်မြေတွင်ဖြစ်စေ အစီအရင်ဆရာများနှင့် အဆောင်သခင်များက အဂ္ဂိရတ်ဆရာများထက်ပင် ရှားပါးသည်။
ထိုပိုမြင့်မားသည့်အဆင့်များကို ပြောနေစရာပင်မလို။
ဒီလိုဆိုရင် နတ်သခင်အဆင့်အောက်က အစီအရင်တွေက အလုပ်မဖြစ်ဘူးလား!
ဒါကိုကြားသောအခါ မြို့ရိုးထိပ်တွင် ဖန်ချန်းနှင့် မုဖူရှန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အနည်းငယ်ခေါင်းညိတ်ပြကြ၏။
ပြိုင်ဘက်၏အခြေအနေကို အချိန်အတော်ကြာစောင့်ကြည့်နေပြီးနောက် ယခုလှုပ်ရှားရမည့်အချိန်ကျရောက်လာလေပြီ။
ရုတ်တရက်ဆိုသလို အမြစ်သုတ်စွမ်းအင်က တဟုန်ထိုးတိုးလာခဲ့သည်။
အင်မော်တယ်ဧကရာဇ်၊ မစ္စတာနှင့် နတ်ဧကရာဇ်နယ်ပယ်စွမ်းအားရှင်အုပ်စုတို့အားလုံး စွမ်းအင်အရင်းအမြစ်လာရာသို့ တညီတည်းလှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက် ဖန်ချန်းဆန့်ထားသည့်လက်အစုံကနေ အမြစ်သုတ်စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခုသိပ်သည်းလာသည်။
တစ်ချိန်တည်းမှာပင် သူ့ရှေ့တွင် ဓားသုံးလက်ဖွဲ့စည်းနေသည်။
ဒါက အမြစ်သုတ်သတ်ဖြတ်ခြင်းချီဓားသွားများနှင့် နတ်ဘုရားဓားအစီအရင်အသေးစားတို့ပေတည်း။
တခြားတစ်ဘက်တွင် မုဖူရှန်း မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ကိုင်ထားပြီး သူ့ရှေ့တွင် အဆောင်ရာချီပေါ်လာသလို သူ့အဆောင်စုတ်တံကလည်း လှည့်လည်နေသည့်နဂါးတစ်ကောင်ပမာ ရွေ့လျားနေပြီး အဆောင်အသစ်များကို အဆက်မပြတ်ရေးထွင်းနေသည်။
အဆောင်တစ်ခုစီက နတ်မိုးကြိုး၏ ကြောက်စရာစွမ်းအားကို သယ်ဆောင်ထားသည်။
အစီအရင်နှစ်ခုဖြစ်စေ၊ သို့မဟုတ် ထိုအဆောင်များဖြစ်စေ အားလုံးက နတ်သခင်အဆင့်ကို ရောက်နေကြ၏။
အစီအရင်ဆရာများနှင့် အဆောင်သခင်များ သူတို့နှစ်ယောက်ကို မှင်သက်အံ့ဩစွာ စိုက်ကြည့်နေကြသည်။
တစ်ယောက်က အစီအရင်တစ်ခုကို ချက်ချင်းဖန်တီးနိုင်ပြီး သေစေနိုင်လောက်သည့် အစီအရင်နှစ်ခုကိုပင် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်သည်။
ကျန်တစ်ယောက်က ရာချီသောအဆောင်များကို တစ်ပြိုင်နက်တည်း ပစ်လွှတ်ကာ အဆောင်များကို ဆက်လက်ရေးထွင်းရင်း ၎င်းတို့ကို ထိန်းချုပ်ထားနိုင်သည်။
ဒီနှစ်ယောက်က ဘယ်လိုမွန်းစတားမျိုးတွေလဲ!
သို့သော် ဒါကအဆုံးသတ်မဟုတ်။
ခေးအောစ့်အစီအရင်ကို ကြည့်ရင်း ဖန်ချန်း နူးညံ့စွာပြောသည်။
"မင်းကနိယာမစွမ်းအားကို ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစီအရင်တစ်ခုဖြစ်နေသေးတာဆိုတော့ အစီအရင်ဆိုတာက နိယာမစွမ်းအားကို မလွှဲမသွေအားကိုးရမှာပဲ...၊ ငါ့ရဲ့ရှေးဦးမူလအစီအရင်ကို ကြိုးစားကြည့်ရအောင်"
နတ်ဘုရားသတ်ဓားအစီအရင်အသေးလေးက အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ခေါ် ချီဓားသွားများနှင့် ပေါင်းစည်းသွားစဉ် သူ့နောက်လက်တစ်ဖက်က ထူးဆန်းသည့် အက္ခရာများက်ု ဖန်တီးနေစဉ် ဆန်းကြယ်သောပစီအရင်တစ်ခုက လှိုင်းထနေသည့် အတားအဆီးအထက်တွင် ချက်ချင်းပေါ်လာစေသည်။
မဟာအကြီးအကဲနှင့် ဆန်းကြယ်အင်ပါယာအစောင့်များဒါကိုမြင်သောအခါ သူတို့၏ မျက်ခုံးများက အနည်းငယ်ကွေးညွတ်သွားကြ၏။
ဒီအခိုက်အတန့်မှာပင် ရှေးဦးမူလအစီအရင်ကနေ မြူများစီးထွက်လာသည်။
မြူများက အတားအဆီးကို လွှမ်းခြုံသွားစဉ် တိုးလာလှိုင်းခနေသည့်လှိုင်းများက တဖြည်းဖြည်းရပ်သွား၏။
အကြီးအကဲများနှင့် ဆန်းကြယ်အင်ပါယာအစောင့်များ ထိတ်လန့်သွားကြသည်။
သူတို့အစီအရင်ကို ထိန်းသိမ်းထားရန်အတွက် နိယာမစွမ်းအားကို ဆက်မသုံးနိုင်တော့။
ဒီအချိန်မှာပင် ဖန်ချန်းနှင့် မုဖူရှန်းတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
နတ်ဘုရားသတ်အမြစ်သုတ်အစီအရင်နှင့် လွှမ်းမိုးနေသည့်အဆောင်များက မိစ္ဆာလှံစစ်တပ်နှင့် လေတပ်များရှိရာနေရာများသို့ တိုက်ခိုက်သည်။
တစ်ခဏအကြာတွင် မိုးကြိုးလိမ့်တက်လာပြီး မိုးနှင့်မြေကဖျက်ဆီးခံနေရသည့်အသွင်။
နတ်မိုးကြိုး၊ ဖျက်ဆီးခြင်းနှင့် နတ်ဘုရားသတ်စွမ်းအားက သူတို့နောက်တွင် ပေါက်ကွဲသွား၏။
နတ်ဆိုးဒိုင်းတပ်နှင့် နီးကပ်စွာချီတက်နေကြသည့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမှာမူ ပြုံးလိုက်မိကြသည်။
"ငါတို့ဂျူနီယာညီလေးမုနဲ့ ဂျူနီယာညီလေးဖန်တို့ကို အာလုံးရဲ့အာရုံစိုက်မှုကို ခိုးယူသွားခွင့်ပေးလို့မရဘူး"
အပိုင်း(1234) coming။