#ကျောက်တုံးလေး၏ ကနဦးခံ့ညားထည်ဝါမှု#
Vol. 88 Ch. 1234
မုဖူရှန်းနှင့်ဖန်ချန်းတို့၏ ပြသတင်ဆက်မှုက လူတိုင်းကို အံ့ဩသင့်သွားစေသည်။
အဆောင်များနှင့်အစီအရင်များတွက် သူတို့၏ကျွမ်းကျင်မှုက မြင့်မားလှသည်။
သူတို့၏တိုက်ခိုက်မှုက ရန်သူ့စစ်ကြောင်းနောက်က မိစ္ဆာလှံတပ်နှင့် လေတပ်တို့ကို သိသာသည့်ဆုံးရှုံးမှုများဖြစ်စေပြီး တစ်ချိန်တည်းမှာပင် စစ်ဗဟိုမျက်နှာပြင်အလယ်ရှိ ကျင့်ကြံသူများကို စိတ်သက်သာရာရစေသည်။
ဒီအချိန်မှာပင် နတ်ဆိုးဒိုင်းတပ်အရှေ့မှတဆင့် ဓားဟိန်းသံတစ်သံက ကောင်းကင်ကို ထိုးဖောက်သွား၏။
တာအိုနိယာမက ကောင်းကင်ကိုဖြတ်သန်းသွားပြီး အထက်ကမိစ္ဆာနတ်ဆိုးစွမ်းအင်ကို နှစ်ခြမ်းခွဲပစ်ပုံရသည်။
ဒါကိုမြင်သော် ခေးအောစ့်အနှစ်သာရဓားသခင် လှည့်ကြည့်လိုက်မိသည်။
"ဟင်းလင်းပြင်နယ်မြေကျော်လွန်ခြင်းလား၊ သူကတစ်ကယ်တစ်လှမ်းရှေ့ရောက်နေတာပဲ"
ဓားနတ်ဘုရားနယ်ပယ်အထွတ်အထိပ်အဆင့်က ဓားတာအိုနိယာမကို နားလည်ရသည့် ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်ဖြစ်သည်။
နတ်သခင်ဟောင်တျန်း၏ အမူအရာကလည်း အံ့ဩသင့်နေသည်။
"ဘုရားရေ၊ ဒီနယ်ပယ်က အဲဒီကလိမ်ကကျစ်ခေးအောစ့်အနှစ်သာရဓားသခင်ကိုတောင် တိုက်ရိုက်ကျော်လွန်သွားပြီ"
ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်၏ သိပ်သည်းထားသည့်ဓားဆန္ဒကနေ ဖြစ်တည်လာသောဓားပိုင်နက်က ယဲ့ချိုးပိုင်ကို ဗဟိုထားပြီး ပတ်၀န်းကျင်ကို လွှမ်းခြုံပစ်သည်။
ယဲ့ချိုးပိုင် ရှေးဟောင်းရွှေနတ်ဓားကို ကိုင်ကာ ဓားဆန္ဒကိုစုစည်းစဉ် တောက်ပသည့်အနီရင့်ရောင်အလင်းတစ်ခုက ဓားသွားပေါ်သို့ စုဆုံလာသည်။
ထို့နောက်ရှေ့သို့တစ်ချက်ထိုးသွင်းလိုက်၏။
သက်တန့်ချိုးဖျက်ဓားပညာရပ်၊ သက်တန့်ထိုးဖောက်နေမင်း!
ရှေ့တန်းက နတ်ဆိုးဒိုင်းတပ်က ဒိုင်းများနှင့် ကာကွယ်ရန်ကြိုးစားသော်လည်း သက်တန့်စိမ့်ဓားထိမိသောအခါ ဒိုင်းများက တိုက်ရိုက်ပင် ထိုးဖောက်ခံရသည်။
ထို့နောက်နောက်က မိစ္ဆာလှံတပ်၀င်အများအပြား ချက်ချင်းအသတ်ခံရသည်။
ယဲ့ချိုးပိုင်မရပ်တန့်ဘဲ ပွင့်သွားသည့်၀င်ပေါက်ကနေ အလျင်အမြန်လှုပ်ရှားကာ အထဲတွင် စတင်လူသတ်လေတော့သည်။
နောက်ဘက်ပိုင်းက တခြားသူများကလည်း ဒီအတိုင်းမနေကြပေ။
ဟုန်ရင်အင်ပါယာဆန္ဒကို ထုတ်လွှတ်သောအခါ ဧကရီတစ်ပါးဆင်းသက်လာသည့်အသွင်။
သူမ၏ပြန်လည်မွေးဖွားခြင်းလှံက ဖြတ်သွားပြီး နတ်ဆိုးဒိုင်းတပ်ရဲ့ အတန်းတစ်ခုလုံးကို နှစ်ပိုင်းတိတိ ခွဲခြမ်းပစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ရင်ဘေးကနေ ရှောင်ဟိုင်နှင့်ရှီရှန်းတို့က စတင်ထိုးဖောက်ပြေး၀င်သွားကြပြီး သူတို့၏မယုံနိုင်စရာရုပ်ခွန်အားနှင့် ကြယ်စွမ်းအားက မိစ္ဆာလှံစစ်တပ်ထဲတွင် အကြီးအမားဖျက်ဆီးနေသည်။
တခြားတစ်ဘက်တွင် နင်းချန်ရှင်း စာလိပ်တစ်လိပ်ကိုကိုင်ပြီး စကားလုံးများနှင့်အတူ မန္တန်ဂါထာရေရွတ်ရင်း အက္ခရာကိုးလုံးမန္တန်ကိုပါ ရေရွတ်သည်။
နတ်လက်နက်တစ်ခုဆင်းသက်လာပြီး နတ်ဆိုးဒိုင်းစစ်တပ်အား အပေါက်တစ်ပေါက်ဖောက်ပစ်သည်။
မု၀မ်အာ ဆေးပုလင်းများစွာကို ထုတ်ယူရင်း ထိုအပေါက်ထဲသို့ ပစ်လိုက်၏။
ထိုအခါ ဆေးပုလင်းများကွဲအက်သွားပြီး ခရမ်းရောင်အမှုန့်များက နေရာအနှံ့ ပြန့်ကြဲသွားကြ၏။
အဆိပ်ပျံ့နှံ့မှုအောက်တွင် မိစ္ဆာလှံတပ်သားအရေအတွက်အများအပြားက မြေပေါ် လဲကျသွားကြသည်။
တစ်ချိန်တည်းမှာပင် သူ့စီနီယာအစ်ကိုအစ်မများ ယခုလိုစွမ်းအားပြသနေတာကို မြင်သောအခါ ကျောက်တုံးလေးကလည်း ထိုင်မနေပေ။
သူလက်နှစ်ဖက်စလုံးကို ဆန့်လိုက်သောအခါ ရှေ့ကလေဟာနယ်ကို လျင်မြန်စွာ စတင်ဖိသိပ်ခံရသည်။
နတ်ဆိုးဒိုင်းတပ်သားများ၏လက်ထဲရှိ ဒိုင်းများက ချက်ချင်းဆိုသလို သံလုံးများအဖြစ် ဖျစ်ညှစ်ခံရပြီးနောက် ကိုယ်ထည်များက ကြေမွပျက်စီးသွားရသည်။
ကျောက်တုံးလေးလက်နှစ်ဖက်ကို အတူတကွပူးကပ်လိုက်သောအခါ ရှေ့က လေဟာနယ်က တွန့်လိမ်ကာ စုတ်ပြဲသွားပြီး မိစ္ဆာလှံတပ်နှင့် နတ်ဆိုးဒိုင်းတပ်သားများကို အသားတုံးများအဖြစ် ပြောင်းသွားစေသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း သူတို့၏နတ်စွမ်းအားကို ပြသနေကြ၏။
သူတို့ငရဲနတ်ဆိုးဒေသအပေါ် ကြီးမားသည့် ပျက်စီးမှုမဖြစ်စေနိုင်သော်လည်း ဒါက သူတို့စိတ်ဓာတ်ကို အဆက်မပြတ် သိသိသာသာမြှင့်တင်ပေးသည်။
တစ်ခဏအကြာတွင် အဆက်မပြတ်တွန်းထုတ်ခံနေရသည့် သေမျိုးနယ်မြေနှင့် အင်မော်နယ်နယ်မြေက ကျင့်ကြံသူများ စတင်တန်ပြန်တိုက်ခိုက်ကြသည်။
ကျယ်ပြန့်သည့် အရေအတွက်ခြားနားမှုပမာဏကို ရင်ဆိုင်ရသည့်တိုင် သူတို့ရန်သူ့ကို ရှေ့ဆက်တိုးခွင့်မပြုဘဲ တည်ငြိမ်အောင်လုပ်နေကြသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အထက်တွင်ရပ်နေသည့် နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ ၏ အသံကအံ့ဩသင့်နေပုံပေါ်သော်လည်း သူတို့၏အမူအရာနှင့် မျက်လုံးများက တည်ငြိမ်နေဆဲပင်။
"ကြည့်ရတာ သေမျိုးနယ်မြေက ပါရမီရှင်တစ်ချို့ကို မွေးထုတ်ပေးခဲ့ပုံပဲ၊ ဒီလိုငယ်ရွယ်ပြီး နတ်သခင်အဆင့်ရောက်နေသလို နိယာမတာအိုစွမ်းအားကို နားလည်နိုင်တာက တကယ်ကိုမရိုးရှင်းဘူး"
သာမန်အချိန်များတွင်ဆိုပါက နတ်ဆိုးဘုရင်နှင့် မိစ္ဆာသခင်တို့ အံ့ဩသင့်သွားကြလောက်သည်။
သို့သော်ယခုက စစ်ပွဲစတင်နေလေပြီ။
သူတို့ကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ကြီးထွားခွင့်ပေး၍မရပေ။
ဒါ့အပြင် သူတို့ယခုမယုံနိုင်စရာတိုက်ပွဲစွမ်းအားကို ပြသနေသည့်တိုင် လူရာချီသတ်ဖြတ်ခြင်းက ငရဲနတ်ဆိုးဒေသက တပ်ဖွဲ့အများအပြားပေါ်၌ ဘယ်လိုအကျိုးဆက်များဖြစ်လာနိုင်မည်နည်း။ ဒါက တိုက်ပွဲအခြေအနေကိုပင် လုံး၀သက်ရောက်ခြင်းမရှိပါ။
ဒီစကားလုံးများကို ကြားသောအခါ အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း စိတ်ထဲကနေ သနားမိသွားကြ၏။
အကယ်၍ ဒီလူများတွင်သာ နောက်ထပ်အချိန်အနည်းငယ်လောက် ပိုရှိခဲ့ပါက သေမျိုးနယ်မြေ၏ အရေးပါသောပုဂ္ဂိုလ်များ ဖြစ်လာနိုင်လောက်သည်။
စိတ်မကောင်းစရာပင်....'အကယ်၍' ဆိုသောအရာက များများစားစားမရှိပါ။
ကြီးကျယ်သည့်အဖြစ်အပျက်များက မကြာခဏဆိုသလို မမျှော်လင့်ထားစွာပင် အံ့ဩစရာကောင်းလောက်အောင် ဖြစ်ပျက်တတ်သည်။
ဒါကကမ္ဘာကြီး၏လမ်းကြောင်းပေတည်း။
ဒီအချိန်တွင် မဟာအကြီးအကဲက ယဲ့ချိုးပိုင်တို့၏တည်ရှိမှုကို သတိထားမိသဖြင့် အံ့ဩသင့်ခြင်းမရှိဘဲ မျက်ခုံးပင့်လိုက်သည်။
"စစ်တပ်တိုင်းကတပ်မှူးတွေ၊ သူတို့ကိုသတ်ကြ"
ငရဲနတ်ဆိုးဒေသ၏ စစ်တပ်တိုင်းတွင် တပ်မှူးရာကျော်ရှိသည်။
တကယ်တမ်းတွင် ဒီလောက်များပြားသည့်လူများကို အုပ်ချုပ်ရန်အတွက် တပ်မှူးများမရှိရန်ဟူသည် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ချက်ချင်းဆိုသလို မိစ္ဆာလှံတပ်ကနေ လူတစ်ဒါဇင်ကျော်ထွက်လာကြ၏။
သူတို့ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအပြင် သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက နတ်သခင်အဆင့်စွမ်းအားရှင်များရှိရာဘက်သို့ တိုက်ခိုက်ကြသည်။
ဒီလူများထဲက တစ်ဦးချင်းစီက နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများရှေ့၌ တစ်ဦးစီရှေ့တွင် သူတို့နှစ်ယောက်သုံးယောက်စီ ရပ်ကြသည်။
ဒီမြင်ကွင်းကို မြင်သောအခါ ယဲ့ချိုးပိုင်တို့တုံ့ဆိုင်းမနေကြဘဲ သူတို့ပြိုင်ဘက်များကို တိုက်ခိုက်ကြ၏။
ယဲ့ချိုးပိုင်က နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်သာဖြစ်သည့်တိုင် ဓားတာအို၌ ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်ကို ရောက်ပြီးနောက် သူ့ခွန်အားက အရင်ကထက်ပိုမြင့်မားလာခဲ့သည်။
နတ်သခင်အလယ်အလတ်အဆင့်နှင့် နောက်ပိုင်းအဆင့်ပြိုင်ဘက်များကို ရင်ဆိုင်နေရသည့်တိုင်၊ နှစ်ယောက်သုံးယောက်ဖြစ်သည့်တိုင် တိုက်ခိုက်နိုင်ပါသေးသည်။
သို့စေကာမူ ငရဲနတ်ဆိုးဒေသစစ်တပ်မှ နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့် တပ်မှူးငါးယောက်က ကျောက်တုံးလေးရှေ့တွင် ရပ်နေသည်။
သူတို့အမြင်အရ အာကာသတာအိုနိယာမကို အသုံးပြုသည့် ကျောက်တုံးလေးက သူတို့အတွက် ပိုကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုပင်။
သူ့ဘေးတွင် ဟုန်ရင်အခြေအနေကို လေ့လာမိသဖြင့်မေးသည်။
"ဂျူနီယာမောင်ငယ်လေး၊ အကူအညီလိုလား"
သို့သော် ကျောက်တုံးလေးပြုံးရင်း ခေါင်းခါယမ်းသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒုတိယစီနီယာအစ်မ၊ ဘာပြဿာနာမှရှိမှာမဟုတ်ဘူး"
"ဆရာ့ရဲ့ထောင်ချောက်မှာပိတ်မိပြီး အချိန်အကြာကြီးလေ့ကျင့်ခဲ့ရတော့ ကျွန်တော်ကိုယ့်စွမ်းအားကို စမ်းကြည့်ချင်နေတာ"
ရိုးရိုးရှင်းရှင်းဆိုရပါက သူတိုက်ခိုက်ချင်နေခြင်းပင်။
ဒါကိုမြင်သောအခါ ဟုန်ရင်ပြုံးရင်း လှည့်ပြီး သူမရှေ့က နတ်သခင်နောက်ပိုင်းအဆင့်သုံးယောက်ထံ တိုက်ခိုက်သည်။
တိုက်ပွဲအလယ်တွင် မည်သူကမှ စနောက်ကျီစယ်နေကြခြင်းမရှိ။
နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့် တပ်မှူးငါးဦးက မည်သည့်ယဉ်ကျေးမှုကိုမှ မပြသဘဲ ကျောက်တုံးလေးအား ဘက်ပေါင်းစုံကနေ တိုက်ရိုက်တိုက်ခိုက်သည်။
ဒါကိုမြင်သောအခါ ကျောက်တုံးလေး နည်းနည်းလေးမှ ထိတ်လန့်သွားခြင်းမရှိပါ။
နှစ်များစွာကြာ သူအပြင်၌ ပြဿာနာများဖန်တီးခဲ့ပြီး လူများစွာ၏ လိုက်ဖမ်းခြင်းကို ခံရသည်။ သူကတိုက်ခိုက်မှု၌ လေ့ကျင့်ထားသလို မဟုတ်လောက်သော်လည်း သူ့လွတ်မြောက်ရေးနည်းဗျူဟာများက ရှင်းပါသည်။
တပ်မှူးတစ်ဦးချင်းစီက လှံကိုကိုင်ထားပြီး လှံက လေဟာနယ်ကိုဖြတ်သွားသောအခါ ကျောက်တုံးလေးထံသို့ အမြီးနက်မီးတောက်များကို သယ်ဆောင်လာသည်။
လှံများက ကျောက်တုံးလေးကို ထိမိတော့မည့်အချိန်တွင် ရုတ်တရက် ကျောက်တုံးလေး၀န်းကျင်က လေဟာနယ်က အရူးအမူးတွန့်လိမ့်လာပြီး ချက်ချင်းဆိုသလို သူထိုနေရာကနေ ပျောက်ကွယ်သွား၏။
လှံငါးချောင်းက အတူတကွထိမှန်သည်။
ဒါက တပ်မှူးငါးဦးကို အကြီးအကျယ်ထိတ်လန့်စေသည်။
ပျောက်ကွယ်သွားတာလား!
သူတို့ချက်ချင်းအသိအာရုံကို ထုတ်လွှတ်လိုက်ကြသော်လည်း အနီးအနား၌ ကျောက်တုံးလေး၏တည်ရှိမှုကို အာရုံမခံနိုင်ပေ။
သူက ကမ္ဘာမြေမျက်နှာပြင်ကနေ အငွေ့ပျံသွားသည့်အလားထင်ရသည်။
"သူအာကာသထဲ၀င်သွားတာလား" တပ်မှူးတစ်ယောက် သုန်မှုန်စွာပြောသည်။
"သူအာကာသတာအိုနိယာမကို နားလည်ထားတယ်ဆိုရင်တောင် ဒါကမဖြစ်နိုင်ဘူးမလား"
အာကာသတာအိုနိယာမက အာကာသကို ခြယ်လှယ်ရင်း တိုက်ခိုက်ခြင်းကို ခွင့်ပြုထားပြီး အာကာသကို ခိုင်ခံ့စေနိုင်သလို ဖိနှိပ်ကာ တွန့်လိမ်သွားစေနိုင်သည်။
သို့သော်အော်ရာဖြင့်ပိတ်ဆို့ခံထားရစဉ် အာကာသအတွင်း လုံး၀ပျောက်ကွယ်သွားရန်ဟူသည် အလွန်အမင်းခက်ခဲသည်။
ဒါကကျောက်တုံးလေး၏ ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာကြောင့်ပင်။
ဒီဖွဲ့စည်းပုံနှင့် ပြိုင်ဘက်၏ခွန်အားက အင်အားကြီးလွန်းသဖြင့် သူ့တည်နေရာကို တိုက်ရိုက်အာရုံခံနိုင်ပြီး သူ့ကို အတင်းဆွဲထုတ်ရန်အတွက် အာကာသကို မချိုးဖျက်နိုင်သေးသရွေ့ အာကာသက သမုဒ္ဒရာတစ်စင်းပမာဖြစ်ပြီး ကျောက်တုံးလေးက အတွင်းဘက်၌ လှည့်လည်နေသည့် နဂါးတစ်ကောင်ဖြစ်သည်။
သူအချိန်မရွေးလွတ်လပ်စွာ ကူးပြောင်းသွားလာနိုက်သည်။
"ဘာကိုကြည့်နေတာလဲ"
ရုတ်တရက် တပ်မှူးတစ်ယောက်နောက်မှ လက်တစ်ဖက်ရုတ်တရက် ဆန့်ထွက်လာပြီး ထိုတပ်မှူး၏ လှံကိုင်ထားသော လက်မောင်းကို တိုက်ရိုက်ဖမ်းကိုင်သည်။
ချက်ချင်းဆိုသလို လက်မောင်းကိုဖမ်းမိသည့်နေရာရှိ လေဟာနယ်က စတင်တွန့်လိမ်လာလေရာ ၎င်းနှင့်အတူ ထိုလက်မောင်းကလည်း တွန့်လိမ်လာသည်။
တပ်မှူးမှာ ညည်းညူသံတစ်ချက် ထုတ်လွှတ်လိုက်စဉ် ဒီတဒင်္ဂမှာပင် သူ့လက်မောင်းက အာကာသ၏ ဝဲဂယက်ထဲတွင် တွန့်လိမ်နေခဲ့သည်။
သို့စေကာမူ ကျန်သောတပ်မှူးများ ထိုနေရာဘက်သို့ ကြည့်လိုက်သောအခါ ကျောက်တုံးလေး၏ ပုံရိပ်က အာကာသထဲတွင် ထပ်မံပျောက်ကွယ်သွားပြန်သည်။
အပိုင်း(1235) coming။