← Chapters

#‌ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာ#

Vol. 88 Ch. 1235

#‌ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာ#

Vol. 88 Ch. 1235

ကျောက်တုံးလေး၏ ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာက သေမျိုးကျေးရွာက မစ္စတာ၏ နှစ်သိန်းချီကြာစီစဉ်ထားခဲ့သည့် အစီအရင်များအောက်မှ ပေါ်ထွက်လာခဲ့သည့် တစ်ခုတည်းသောတာအိုခန္ဓာဖြစ်သည်။

တာအိုခန္ဓာတိုင်းက ၎င်းတို့နှင့် လိုက်ဖက်ကိုက်ညီသည့် နိယာမစွမ်းအားအပေါ် ပြိုင်ဘက်ကင်းသည့် မိုးကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သောပါရမီကို ပိုင်ဆိုင်သည်။

တာအိုခန္ဓာက ကောင်းကင်ဘုံနှင့် မြေကြီးနိယာမများ၏ နှစ်သက်မြတ်နိုးခံရသော ကလေးငယ်တစ်ဦးဟု ဆို၍ရသည်။

ယခုပြသသည့် အာကာသတာအို၌ ကျောက်တုံးလေး၏ပါရမီကို မည်သူမှ လိုက်ဖက်ကိုက်ညီအောင် မလုပ်နိုင်ပေ။

တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ အုပ်ထိန်းစောင့်ရှောက်မှုအောက်တွင် ကျောက်တုံးလေး ဒီအာကာသတာအိုခန္ဓာကို ကြောက်စရာကောင်း‌သည့် အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးအောင် လုပ်ခဲ့သည်။

သူ အာကာသထဲတွင် အချိန်မရွေး ပေါင်းစပ်နိုင်သလို အထဲကနေလည်း အလွယ်တကူတိုက်ခိုက်နိုင်သည်။

ငရဲနတ်ဆိုးဒေသ တပ်မှူးတစ်ယောက်၏ လက်ကို ထိခိုက်အောင်လုပ်ပြီးနောက် ကျောက်တုံးလေး၏ပုံရိပ်က အာကာသထဲသို့ နောက်တစ်ကြိမ်ပျောက်ကွယ်သွားပြန်သည်။

မြို့ရိုးပေါ်ကနေ ကြည့်နေသည့် မစ္စတာမှာ ဒီမြင်ကွင်းကိုမြင်ရသည့်အပေါ် နှုတ်ခမ်းအနည်းငယ်ကွေးညွတ်လိုက်မိသည်။ ကြည့်ရသည်မှာ သူ့အားထုတ်မှုများက အလဟာဿဖြစ်သွားပုံမပေါ်။

သို့စေကာမူ ဒီလိုတိုတောင်းသည့် အချိန်ကာလအတွင်း ကျောက်တုံးလေးကို ဒီအဆင့်အထိ ကြီးထွားလာအောင် လုချန်ရှန်းတစ်ယောက်တည်းသာ လုပ်နိုင်သည်။

စစ်မြေပြင်အလယ်တွင် လက်မဲ့နေသည့် ငရဲနတ်ဆိုးဒေသတပ်မှူး သူ့လက်မောင်းပြတ်သွားရာဘက်သို့ ဖမ်းကိုင်ထားရင်း သုန်မှုန်နေသည့်အမူအရာဖြင့် ပတ်၀န်းကျင်ကို စစ်ကြည့်သည်။

"သတိထား၊ ဒီကလေးက မလွယ်ဘူး"

"ငါတို့ဒီလိုဆက်သွားလို့မရတော့ဘူး" နောက်တစ်ယောက်ပြောသည်။

"သူ့ရဲ့အာကာသလှုပ်ရှားမှုတွေကို ငါတို့ကန့်သတ်ပစ်ရမယ်"

ကျန်သောသူများသဘောတူသည့်အသွင် ခေါင်းညိတ်သည်။

နတ်သခင်နယ်ပယ်တဖြစ်လဲ ငရဲနတ်ဆိုးဒေသစစ်တပ်၌ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေကြသူများက ကိုင်တွယ်ရန်အတွက် ဘယ်လိုလုပ်ဒီလောက်ထိ လွယ်ကူမည်နည်း။

ဒီအချိန်မှာပင် ငါးယောက်စလုံး၏ မိစ္ဆာနတ်ဆိုးစွမ်းအင်က ချက်ချင်းပေါက်ကွဲသွား၏။

ကြီးမားသည့်မိစ္ဆာနတ်ဆိုးစွမ်းအင်က သူတို့ငါးယောက်၀န်းကျင်၌ မျက်လုံးဖြင့် ထိုးဖောက်မမြင်နိုင်သည့် မြူတစ်ခုကို ဖန်တီးသည်။

သူတို့ဝိဉာဉ်အားများနှင့် မိစ္ဆာနတ်ဆိုးစွမ်းအင်ဖြင့် ပြည့်နှက်နေသည့် မြူခိုးနက်ထဲတွင် အာကာသအနည်းငယ်ပျက်ပြားခြင်းကပင် သူတို့ကိုချက်ချင်းတုံ့ပြန်စေပြီး ကျောက်တုံးလေးတည်နေရာကို ပိတ်ဆို့ပစ်နိုင်သည်။

သို့သော် ဒါကိုမြင်သောအခါ ကျောက်တုံးလေး စိုးရိမ်ပူပန်မှုမပြဘဲ ယင်းအစားရယ်မောသည်။

"သူတို့ကိုယ့်ကိုကိုယ် ထောင်ချောက်ဆင်နေကြတာပဲမလား"

ထို့နောက်ကျောက်တုံးလေး၏ပုံရိပ်က မြူခိုးနက်အပြင်ဘက်တွင် ပေါ်လာပြီး သူ့လက်အစုံက တပြိုင်နက်တည်း မြူခိုးနက်ဆီသို့ ထိုးနှက်ပစ်သည်။

ရုတ်ချည်းဆိုသလို မြူခိုးနက်တစ်ဝိုက်က ကျယ်ပြန့်သည့်လေဟာနယ်က စတင်ပုံပျက်ကာ ဖိသိပ်လာသည်။

လေဟာနယ်ဖိအားအောက်တွင် မြူခိုးက ၎င်းထဲ၌ ပိတ်မိနေရတော့သည်။

အထဲတွင် ငရဲနတ်ဆိုးဒေသ၏ တပ်မှူးငါးဦးလည်းပိတ်မိနေသည်။

ပိတ်မိနေသည့်တပ်မှူးများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။ ပြိုင်ဘက်က သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ ယင်းအစား လေဟာနယ်ကို တွန့်လိပ်စေပြီး သူတို့အားလုံးကို ဖုံးသွားစေရန်အတွက် အာကာသအကျဉ်းထောင်တစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

"နတ်သခင်နယ် အလယ်အလတ်အဆင့်တစ်ယောက်ရဲ့ အာကာသအကျဉ်းထောင်တစ်ခုက ဘယ်လောက်ထိ အားကောင်းနိုင်မှာလဲ"

သူတို့ငါးယောက်စလုံး နက်ရှိုင်းစွာနားလည်ထားကြပုံရပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးလှံများကိုကိုင်ရင်း ဝိုင်းရံထားသည့် မိစ္ဆာနတ်ဆိုးစွမ်းအင်များကို သူတို့ထံ ပြန်လည်လွှဲပြောင်းပို့ဆောင်ကြသည်။

ချက်ချင်းဆိုသလို ငါးယောက်စလုံး ရှေ့တစ်လှမ်းတိုးလိုက်ကြပြီး သူတို့၏ နတ်ဆိုးလှံများက တစ်နေရာတည်းကို ထိုးသွင်းလိုက်ကြ၏။

မျက်နှာပြင်ကို လွတ်လပ်သွားစေရန်အတွက် တစ်နေရာတည်းကို ချိုးဖျက်ခြင်း၊ ဒါကအကျဉ်းထောင်ကို ချိုးဖျက်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းပေတည်း။

သို့သော် ကျောက်တုံးလေးကလည်း ပြိုင်ဘက်၏အတွေးများကို ဖတ်မိပုံရသည်။

မိစ္ဆာလှံငါးချောင်း အာကာသအကျဉ်းထောင်ကို ထိုးဖောက်တော့မည့်အချိန်တွင် သူတို့ရှေ့က အာကာသရ ရုတ်တရက် ကန့်သတ်ချက်များကို ထုတ်လွှတ်ပြီး အပေါက်ကြီးတစ်ခုပေါ်လာကာ လှံများက အကျဉ်းထောင်ကို မထိမိဘဲ ယင်းအစား အပေါက်ကနေ ဖြတ်သွား၏။

တစ်ချိန်တည်းမှာပင် ကျောက်တုံးလေး၏ အသံကလည်း သူတို့ငါးယောက်နောက်မှ ရုတ်တရက်ပေါ်လာပြီး ခပ်ပေါ့ပေါ့ရယ်မောသည်။

"မင်းတို့တိုက်ခိုက်နေတဲ့အချိန် နည်းဗျူဟာတွေ နည်းနည်းလေးတောင် မစဉ်းစားနိုင်ဘူးလား"

စကားလုံးများကျလာသည်နှင့်တစ်ပြိုင်နက် ငါးယောက်စလုံး၏ အမူအရာများကို တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြ၏။

သူတို့နောက်တွင် လေဟာနယ်က လျင်မြန်စွာသိပ်သည်းကာ ဖိသိပ်လာသည်။

ထို့နောက် အာကာသဓားငါးလက်ကိုဖန်တီးပြီး သူတို့တစ်ဦးချင်းစီ၏ နောက်က လေဟာနယ်ကို တစ်ပြိုင်နက်တည်း ပိုင်းဖြတ်သည်။

ဝေါ့......!

သူတို့ငါးယောက်တွင် တုံ့ပြန်ရန်အတွက်ပင် အချိန်မရှိဘဲ အာကာသဓားများက သူ့တို့ကိုယ်ခန္ဓာများကို အဆားအဆီးမရှိ ဖြတ်တောက်ပစ်သည်။

အာကာသဓားများက ထက်ရှပုံမရပေ။

သို့စေကာမူ အာကာသတာအို၏ ထူးခြားမှုက သူတို့ကို တွန့်လိမ်စေပြီး အာကာသကို ဖြတ်တောက်နိုင်စွမ်းနှင့်အတူ ထိုအာကာသအတွင်း အရာအားလုံးကိုဖြတ်တောက်ရင်း သူတို့ထံ ၀င်လာခြင်းပင်။

ရုတ်ချည်ဆိုသလို မိစ္ဆာလှံတပ်မှူးသုံးဦး၏နှလုံးများက အာကာသဓားဖြင့် တိုက်ရိုက်ထိုးဖောက်ခံရသည်။

တစ်ချိန်တည်းမှာပင် ဒီထိုးဖောက်သွားသည့်ဖြစ်စဉ်အတွင်း ဓားထိပ်တစ်ဝိုက်က လေဟာနယ်ကလည်း အပြင်းအထန်ပုံပျက်နေသည်။

သူတို့နှလုံးထဲကအသားများနှင့်အတူ ၎င်းက ဒီပုံပျက်တွန့်လိပ်နေသည့်အာကာသထဲတွင် ပျောက်ကွယ်သွား၏။

သွေးတစ်စက်လေးပင်မကျသွားခဲ့။

လူသုံးယောက်၏ကျော၌ မကြီးမသေးသည့် အပေါက်တစ်ပေါက်ရှိသည်။

အပေါက်ထဲတွင် နေရာလွတ်တစ်ခုရှိနေပြီး နှလုံးများက ပျောက်ကွယ်သွားကြသည်။

ကျန်နှစ်ယောက်ကမူ သူတို့အမြန်နှုန်းကို တိုးစေရန်အတွက် သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း သူတို့၏ ကျောတွင်လည်း သွေးကွက်ရာများရှိသည်။

မနီးမဝေးတွင်ရပ်ရင်း သူတို့ ကျောက်တုံးလေးကို လှည့်ကြည့်လိုက်သောအခါ ကျောက်တုံးလေး သူတို့အမြင်ကနေ ထပ်မံပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။

သူ့လက်ဖဝါးထဲတွင် လုံး၀ဆော့ကစားခံခဲ့ရပြီး သူတို့တွင် ကျောက်တုံးလေးကို ကိုင်တွယ်ရန်အတွက် နည်းလမ်းလုံး၀မရှိပါ။

သူတို့နှလုံးသားထဲ၌ အားကိုးရာမဲ့နေသည့် နက်ရှိုင်းသော ခံစားချက်တစ်ခုတိုးလာသည်။

သူတို့က ယခုဒီလိုလူတစ်ယောက်၏ ပြိုင်ဘက်မဟုတ်တာကို သိလာရသည်။

ထို့နောက် သူတို့အကူအ‌ညီခေါ်တော့မည့်အချိန်တွင် ကျောက်တုံးလေး၏မျက်နှာက ရုတ်တရက်သူတို့နှစ်ယောက်ရှေ့တွင် ပေါ်လာသည်။

ကျောက်တုံးလေး ဘေးရန်ကင်းသည့်အပြုံးတစ်ပွင့်ကို ဖော်ပြသည်။

"ငါသာဒီလိုသတ်နေမယ်ဆိုရင် မင်းတို့နှလုံးသားထဲက မကျေမနပ်ဖြစ်လောက်ပြီး ငါကမင်းတို့ကို တိုက်ရိုက်ရင်မဆိုင်ရဲဘူးလို့ တွေးထင်နေကြလိမ့်မယ်"

"ဒါပေမယ့်......."

ဒီနေရာတွင် လူနှစ်ယောက်ဘေးက လေဟာနယ်က တောင်နှစ်လုံးအတူတကွ ပြိုကျလာသည့်အလား ဆင်းသက်လာကာ သူတို့ခန္ဓာများကို လုံး၀ပိတ်ဆို့ရင်း မလှုပ်မယှက်ကျန်နေစေသည်။

ကျောက်တုံးလေး၏ပုံရိပ်က ရုတ်တရက်ဆိုသလို မိစ္ဆာလှံတပ်မှူးနှစ်ဦး၏ မျက်လုံးရှေ့တွင် ကြီးလာခဲ့သည်။

"ငါမင်းတို့ကို တိုက်ရိုက်ရင်ဆိုင်နေစရာမလိုဘူး၊ ငါကအရူးမှမဟုတ်တာ"

ထိုစကားနှင့်အတူ သူလက်အစုံကိုမြှောက်ရင်း ထိုလူများ၏ခေါင်းကို ညင်သာစွာ ရိုက်ချလိုက်၏။

ဒါကအသံအနည်းငယ်မျှပင် မထွက်ဘဲ တိတ်ဆိတ်နေပြီး အာကာသကသာ ပုံပျက်သွားကာ မိစ္ဆာလှံတပ်မှူးနှစ်ဦး၏ ခေါင်းများက သူတို့ကိုယ်ကနေ ထိတ်လန့်ဖွယ်ရာ ပျောက်ကွယ်သွား၏။

ကျောက်တုံးလေးဘက်က တိုက်ပွဲဖြစ်စဉ်ကို ယဲ့ချုးပိုင်နှင့် ကျန်သောတပည့်များလည်း မြင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဒါက တကယ့်တိုက်ပွဲတွင် ကျောက်တုံးလေးကို သူတို့ပထမဆုံးအကြိမ် ကြည့်ရှုရခြင်းဖြစ်လေရာ အနည်းငယ်ပူပန်နေကြသည်။

သို့သော် ယခုကြည့်ရသည်မှာ ဒီလိုစိုးရိမ်ပူပန်မှုမျိုးက လုံး၀မလိုအပ်ပုံပင်။

အခြေအနေတစ်ရပ်လုံးကို ကြည့်နေသည့် အင်မော်တယ်ဧကရာဇ်မှာ ဒီမြင်ကွင်းကို မြင်ရသောအခါ အံ့ဩသင့်သွားရသည်။

အာကာသတာအိုကို ဒီအတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်တတ်မြောက်အောင် လုပ်နိုင်ခြင်းဟူသည် အနည်းငယ်ကြောက်စရာကောင်းလွန်းသည်။

သူပင်လျှင် ကျောက်တုံးလေးထက် အာကာသကို ပိုကောင်းအောင်မသုံးနိုင်ပေ။

အဆုံးကအခြေအနေကို ဖြေရှင်းပြီးနောက် ကျောက်တုံးလေး သူ့စီနီယာအစ်ကိုအစ်မများကို စိတ်လှုပ်ရှားစွာကြည့်ရင်း ပြောသည်။

"စီနီယာအစ်ကိုအစ်မတို့၊ အကူအညီလိုလား"

သို့သော်ပတ်၀န်းကျင်ကို စစ်ဆေးကြည့်သောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ရန်သူ့တပ်ရင်းထဲသို့ ၀င်ရောက်တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။

ဒါကိုမြင်သော် ကျောက်တုံးလေး ပခုံးတွန့်လိုက်၏။

"ကြည့်ရတာ၊ ငါ့ကိုမလိုအပ်ပုံပဲ"

ဒီစကားနှင့်အတူ သူလည်း ရန်သူ့စစ်ကြောင်းထဲ ၀င်ရောက်တိုက်ခိုက်သည်။

သို့သော် ယဲ့ချိုးပိုင်တို့ဘက်က အခြေအနေက အဆင်ပြေနေသော်လည်း သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက နတ်သခင်အဆင့်ကျွမ်းကျင်သူများကမူ အနည်းငယ်ဒုက္ခရောက်နေပုံရသည်။

နတ်သခင်ဟောင်တျန်း အောင်ပွဲခံခဲ့သော်လည်း အပြင်းအထန်ဒဏ်ရာရနေပြီး နွားသိုးတစ်ကောင်ပမာ လေးလံစွာ အသက်ရှူနေရသည်။

ခေးအောစ့်အနှစ်သာရဓားသခင်နှင့် နတ်သခင်ဖုတျန်းတို့ကမူ အနည်းငယ်အေးဆေးနေကြပုံရသည်။

ယင်ယန်နတ်သခင်၊ ကောင်းကင်မြေအောက်ဗိမာန်သခင်နှင့် သခင်ဟွမ်တို့ကမူ ရက်စက်စွာပင် အနိုင်ယူခြင်းခံရသည်။

သန့်စင်ယင်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှ ကောင်းကင်မီးနတ်သခင်ကမူ တစ်နေရာတည်းတွင် ပိတ်မိကာ အဝိုင်းခံလိုက်ရပြီး တိုက်ပွဲအတွင်း ကျသွားရသည်။

အပိုင်း(1236) coming။

All Chapters