← Chapters

တောင်တန်း အင်ပါယာ၏ အကျဉ်းထောင်

Vol. 10 Ch. 996

တောင်တန်း အင်ပါယာ၏ အကျဉ်းထောင်

Vol. 10 Ch. 996

လေသည် တိုက်ခိုက်နေကာ ဝိညာဥ်ချီများက နေရာတိုင်း၌ ပြန့်ကျဲနေသည်။ လောကသည် အဆုံးမဲ့ ကျယ်ပြန့်လှ၏။ ကောင်းကင်မှ ကြည့်ပါက မရေမတွက်နိုင်သော စိုက်ခင်းများ၊ မြို့ကြီးများ၊ ကျင့်ကြံသူများကို တွေ့မြင်နိုင်ပေသည်။

ထျန်းဟောင်ဂြိုဟ်သည် မည်မျှ အထိ ကြီးမားသနည်း။

ချန်းဖန်သည် ထိုဂြိုဟ်ကို ပထမဆုံး အကြိမ် မြင်စဥ်က ကမ္ဘာထက် အဆသောင်းချီ ပိုမို ကြီးမားလိမ့်မည်ဟုပင် ထင်ခဲ့မိသည်။ ကောင်းကင်ကျေးကျွန် အစီအရင်သည် ကောင်းကင်  ဥပဒေသ တစ်စိတ်တစ်ပိုင်းကို ခိုးယူကာ ကျင့်ကြံခြင်းအား မပြည့်စုံစေခဲ့တိုင် ကောင်းကင်နှင့် မြေပြင်မှာ ဝိညာဥ်ချီများ၊ ဝိညာဥ်ကြောများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

မြောက်ပိုင်း ‌ဒေသသည် မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်မှ မိုင်ပေါင်း သောင်းချီ ကွာဝေးည်။ ချန်းဖန်သည် ရွှေရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ သူ၏ ဓမ္မ စွမ်းအားကို အကန့်အသတ် အထိ ရောက်အောင် မြှင့်တင်ထား၏။ သူသည် ကောင်းကင်ကို ထက်ပိုင်းပိုင်းကာ တိမ်များကို ဖောက်ထွက်၍ ပျံသန်းနေသည်။ စက္ကန့်ပိုင်းလောက် အချိန် အတွင်းမှာပင် သူသည် မိုင်ရာချီကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။

ချန်းဖန်သည် တစ်ယောက်တည်း ခရီးနေခြင်း မဟုတ်ချေ။ သူသည် ရှောင်မန်၊ ကျိုးကျူရှင်း၊ နဂါးအရှင် နှင့် လင်းဝူဟွာတို့ သုံးယောက်ကိုပါ သူနှင့်အတူ ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

လမ်းတစ်လျှောက်ရှိ များစွာသော ကျင့်ကြံသူများသည် ကိုအလင်းတန်းကို တွေ့မြင်ကြရသည်။ သူတို့သည် မည်သည့် ကောင်းကင်အရှင် ဖြစ်ကြောင်းကို ငြင်းခုံဆွေးနွေး၍ ကျန်ရစ်ခဲ့ကြ၏။

ချန်းဖန်သည် ထိုအရာများကို စိတ်ဝင်စားခြင်း မရှိချေ။ သူသည် အမြင့်ဆုံးသော အမြန်နှုန်းကို သုံးကာ မြောက်အရပ်ရှိ အကျဥ်းထောင် ရှိရာသို့သာ ပျံသန်းနေသည်။ တောင်တန်း အင်ပါယာ၏အကျဥ်းထောင်သည် အမှန်ပင် လွယ်ကူသော အရာတစ်ခု မဟုတ်ချေ။ ကျူးဝမ်မျိုးနွယ် အများစုမှာ သာမန်လူများ ဖြစ်ကြရာ အကျဥ်းထောင်ထဲ၌ နေရခြင်းက သူတို့အား စက္ကန့်နှင့် အမျှ ပိုမို ထိခိုက်စေနိုင်သည်။

“ပိုပြီး မြန်စမ်း...”

ချန်းဖန်က အော်ဟစ်လိုက်ရာ နတ်ဘုရား အသွင် ကိုးခုမှာ သူ၏ နောက်၌ ပေါ်လာခဲ့၏။ ၎င်းတို့က အတူတကွ စုပေါင်းကာ ကြီးမားသော ရွှေရောင် ခွန်ပန်ကြီး သဖွယ် ဖွဲ့စည်းကြသည်။ အရွယ်ရောက်ပြီးသော ခွန်ပန် တစ်ကောင်သည် စကြဝဠာကို ဖြတ်၍ ခရီးနှင်နိုင်စွမ်း ရှိကာ နေကိုပင် ဝါးမျို နိုင်ကြသည်။ ၎င်း၏ အမြန်နှုန်းက စကြဝဠာ တစ်ခုလုံးတွင်ပင် ထိပ်တန်း အဆင့် ရှိ၏။

အဆုံး၌ ချန်းဖန်၏ အမြန်နှုန်းမှာ တစ်ခါခုန်လျှင် မိုင်တစ်ထောင်နှုန်း အထိ မြင့်တက်လာခဲ့သည်။ သူသည် အလွန် လျှင်မြန်စွာ ဖြတ်သန်းသွားရကား သူ၏ အရိပ်ကိုပင် မည်သူမျှ မမြင်နိုင်တော့ချေ။

ဆယ့်ငါးမိနစ် အတွင်းမှာပင် ချန်းဖန်သည် ကောင်းကင်နယ် ရှစ်ခုကို ဖြတ်သန်းကာ မြောက်အရပ်ရှိ မြောက်နတ္ထိနယ်စပ် အထိ ရောက်ရှိလာခဲ့၏။ မြောက်နတ္ထိနယ်သို့ ဝင်ရောက်ပြီးနောက် ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို သုံးကာ မြေအောက် သရဲဂိုဏ်း ဘိုးဘေးကို ဆက်သွယ်လိုက်၏။

...

မြောက်နတ္ထိနယ်၊ တောင်တန်း အင်ပါယာ အကျဥ်းထောင်...

အဝေးမှကြည့်ပါက ၎င်းမှာ သာမန် အကျဥ်းထောင် တစ်ခုဟုသာ ထင်ရသည်။ အမှန်တကယ်တွင်မူ ထိုအရာမှာ မိစ္ဆာ ကျင့်ကြံသူများနှင့် တောင်တန်း အင်ပါယာ၏ ဥပဒေများ ဖောက်ဖျက်သူများအား ထိန်းသိမ်းရန်  တောင်တန်း အင်ပါယာ ကိုယ်တိုင် ဖန်တီးထားသည့် ကမ္ဘာငယ် တစ်ခု ဖြစ်သည်။

တောင်တန်း အင်ပါယာသည် ထျန်းဟောင်ဂြိုဟ်အား နှစ်ပေါင်း တစ်သိန်းကျော် စိုးမိုးခဲ့ရာ ထိုအတောအတွင်း၌ ဂိုဏ်းပေါင်း မည်မျှများများကို သူတို့ သုတ်သင် ဖမ်းဆီးခဲ့ပြီးကြောင်း မသိနိုင်ချေ။ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင် အကျဥ်းထောင်ပေါင်း ရှစ်ခုရှိပြီး အကျဥ်းသား အရေအတွက်မှာ သန်းတစ်ရာကျော် ရှိသည်။

“ဘုန်း... ဘုန်း...”

လေသည် ကြောက်မက်ဖွယ် ကောင်းအောင် တိုက်ခိုက်နေ၏။ ပိန်လှီနေသော ကျူးဝမ်မျိုးနွယ်များသည် ကြီးမားသော ကျောက်တုံးကြီးများကို အလယ်ရှိ ရဲတိုက်ရှိရာသို့ သယ်ဆောင် နေကြရသည်။ အကျဥ်းထောင် အတွင်း၌ စစ်သားများ၊ ဗိုလ်ချုပ်များ၊ ကောင်းကင် ဗိုလ်ချုပ်များ စောင့်ရှောက်နေသည့် ရဲတိုက် ဆယ်ခုခန့် တည်ရှိ၏။

“ခရက်...”

မိန်းမကြီး တစ်ယောက်သည် ပင်ပန်းလွန်းသောကြောင့် ဒူးခွေကာ ပြုတ်ကျသွားသည်။

“ရွှမ်း...”

ချက်ချင်းဆိုသလိုပင် အနီးအနားရှိ အဇူရာ သံချပ် ဝတ်ဆင်ထားသော ထောင်စောင့်ဆီမှ အလင်း ကြာပွဝ်သည် သူမ၏ ကျောပေါသို့ ပြုတ်ကျသွား၏။ မိန်းမကြီးကား မြေပြင်ပေါ် မှောက်ယက် လဲပြိုကျသွားသည်။

“မိန်းမ...”

အသားညိုညို ပိန်လှီနေသော လူကြီးက သူ့လက်ထဲရှိ ကျောက်တုံးအား ပစ်ချကာ မိန်းမကြီးထံ ပြေးလာ၏။

“ဟမ့်...”

ထောင်စောင့်က နှာခေါင်းရှုံ့ ဓားအား ဆွဲထုတ်ကာ ဆီးကြို ခုတ်ထစ်လိုက်၏။ ဓားက တိကျစွာပင် ဖြတ်ပိုင်းသွားရာ ကျူးဝမ်မျိုးနွယ် လူကြီးမှာ ထက်ပိုင်းပြတ်ကာ ချက်ချင်းပင် သေဆုံးသွား၏။

“မင်းတို့ မြင်တယ်မလား... တောင်တန်း အင်ပါယာကို ဆန့်ကျင်တဲ့ လူတိုင်းက အဲဒီလိုပဲ အဆုံးသတ်ရမယ်... ခွေးမသား ချန်းပေ့ရွှမ်းက တောင်တန်း အင်ပါယာရဲ့ အမိန့်ကို ချိုးဖျက်ပြီး နတ်ဘုရား ကုန်းမြေထဲမှာ ဝင်ပုန်း နေခဲ့တယ်... ငါတို့ သူ့ကို မဖမ်းနိုင်သေးသမျှ ကာလလုံး မင်းတို့ ကျူးဝမ်တွေ အဲဒီ အတွက် ပေးဆပ်ရမယ်... ရေသာခိုချင်တဲ့ ကောင်တွေ အကုန်လုံး အသတ်ခံရမယ်”

ထောင်စောင့်က အော်ဟစ်လိုက်၏။ ထို့နောက် သူက ကြာပွတ်အား ဝှေ့ယမ်းကာ ဘေးနားရှိ ‌ကျောက်တုံး တစ်ခုကို  ရိုက်ခွဲပစ်လိုက်သည်။

များစွာသော ကျူးဝမ်မျိုးနွယ် လူငယ်များမှာ ခေါင်းငုံ့ကာ လက်သီးများကို ဆုပ်လိုက်မိကြသည်။ သူတို့၏ စိတ်များမှာမူ ဒေါသများဖြင့် ပြည့်နှက်နေ၏။

သူတို့သည် လွန်ခဲ့သည့် သုံးလ အတွင်း၌ ထွက်ပြေး လွတ်မြောက်ရာလမ်းကို အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အကျဥ်းထောင်အား စောင့်ကြပ်သူများမှာ မူလ အဆင့်များ၊ ရွှေအမြုတေ အဆင့်များ ဖြစ်ကြ၏။ အကျဥ်းထောင်၌ အခြေတည် ဝိညာဥ် အဆင့် ဗိုလ်ချုပ် တစ်ယောက်ပင်လျှင် ရှိနေသေးသည်။

ကျူးဝမ်မျိုးနွယ်မှာမူ မူလ အဆင့် ကျင့်ကြံသူများ အားလုံးလိုလို ရှေးဟောင်း ကျူးဝမ်မြို့၌ အသတ်ခံခဲ့ရသည်။ မဟာ အကြီးအကဲ ပင်လျှင် ဖမ်းဆီးခံခဲ့ရကာ အခြား အကျဥ်းထောင် တစ်ခုသို့ အပို့ခံခဲ့ရသည်။

သူတို့ မည်ကဲ့သို့ လွတ်မြောက်အောင် ကြိုးစားစေကာမူ အသုံးမဝင်ခဲ့ချေ။ လွန်ခဲ့သည့် လုံးလ အတွင်း၌ ထောင်ချီသော ကျုးဝမ်မျိုးနွယ်များသည် ထွက်ပြေးရန် ကြိုးစားရင်း အသတ်ခံခဲ့ရပေသည်။ သို့တိုင်အောင် မည်သည့် ကျူးဝမ်မျိုးနွယ်ကမှ ထိုကဲ့သို့သော ကံကြမ္မာ၌ ဆက်လက်နေထိုင်ရန် ဆန္ဒ မရှိကြချေ။ သူတို့သည် အညံ့ခံရန်ထက် သေခြင်းတရားကိုသာ ပိုမို လိုလားကြသည်။

“ဟမ့်... မင်းတို့လို ခွေးမျိုးတွေက ဒေါသထွက်ချင်သေးတယ်ပေါ့...”

ထောင်စောင့် ခေါင်းဆောင်က နှာခေါင်းရှုံ့ကာ မိန်းမကြီးအား တက်နင်းလိုက်၏။ ထို့နောက် သူက အခြား နှစ်ယောက် သုံးယောက်ကိုပါ ထက်ပိုင်းပိုင်း ပစ်လိုက်သည်။

“ခွေးမသား...”

များစွာသော ကျူးဝမ်မျိုးနွယ်များကား ဒေါသကို ထိန်းချုပ်နိုင်ကြခြင်း မရှိ‌တော့ချေ။ အချို့ ယောက်ျားကြီးများက ကျောက်တုံးကြီးများကို လွှတ်ချကာ ထောင်စောင့်ခေါင်းဆောင်ထံသို့ ပြေးဝင်သွားကြတော့၏။

“ဟားဟား... မင်းတို့က တယ်လည်း စိတ်ကြီးလှပါလားကွ”

ထောင်စောင့် ခေါင်းဆောင်က ရယ်မောကာ ကျူးဝမ် မျိုးနွယ် ယောက်ျား ရှစ်ယောက်ကို ကြာပွတ်ဖြင့် ဆီးရိုက် သတ်ဖြတ်လိုက်သည်။ ချက်ချင်းပင် မြေပြင်မှာ သွေးများဖြင့် ချင်းချင်းနီ သွား၏။

“ဟား... ဟား...”

အခြားသော ‌ထောင်စောင့်များက ထိုအအချင်းအရာကို ဟာသတစ်ခုနှယ် ဝိုင်းဝန်း ရယ်မော လိုက်ကြသည်။

“ငါတို့ ကောင်းကင်အရှင်က မင်းတို့ တောင်တန်း အင်ပါယာ တစ်ခုလုံးကို သုတ်သင်ဖို့ ပြန်လာလိမ့်မယ်... ငါတို့ အတွက် လက်စားချေပေးလိမ့်မယ်...”

ကျူးဝမ် မျိုးနွယ် လူအိုကြီး တစ်ယောက်က မျက်ရည်များ ကျဆင်းလာကာ အော်ဟစ်လိုက်၏။

“ဟား... ဟား... ချန်းပေ့ရွှမ်းလား... သူက နတ်ဘုရား ကုန်းမြေထဲမှာ ဝင်ပုန်းနေပြီ... သူ ထွက်လာရဲရင် ငါကိုယ်တိုင် သူ့ကို သတ်ပစ်မယ်”

ထောင်စောင့်ခေါင်းဆောင်က အော်ဟစ်ရယ်မောလိုက်သည်။

ထိုအချိန်မှာပင် ရုတ်တရက်...

“ဘုန်း...”

အကျဥ်းထောင် တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ရီသွား၏။

***

All Chapters