← Chapters

#‌ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်#

Vol. 88 Ch. 1236

#‌ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်#

Vol. 88 Ch. 1236

မိုးနှင့်မြေကမြည်ဟီးနေပြီး ဟစ်ကြွေးသံများက မရပ်မနားပင်။

ကောင်းကင်ကမိစ္ဆာနတ်ဆိုးစွမ်းအင်၏ လွှမ်းခြုံထားခြင်းကို ခံရသဖြင့် မိုင်ထောင်ချီဝေးသော ကြည်လင်သည့်နေရာလား သို့မဟုတ် တိမ်မည်းများနှင့် ဖုံးထားသလားဆိုတာကိုပင် ပြောရန်မဖြစ်နိုင်တော့။

သွေး၊ လတ်ဆတ်သည့်သွေးများက သွေးစွန်းပြီးသားမြေကြီးကို အနီရဲရောင်ဆေးသုတ်ပြီး ပြန်လည်ဆေးကြောပေးနေသည့်အသွင်။

သွေးအနံ့များက ကောင်းကင်အထိ ထိုးတက်နေသည်။

ဒါက စစ်၏ရက်စက်မှုပေတည်း။

စစ်ပွဲတွင် အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ အချိန်မရွေးလဲကျသွားနိုင်သည့် အလားအလာရှိသည်။

ယခုအချိန်တွင် ငရဲနတ်ဆိုးဒေသနှင့် ယှဉ်ပါက ပိုအားနည်းသည့် သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေမှ မရေမတွက်နိုင်လောက်သည့် အားကောင်းသောစစ်သည်များ ကျရှုံးနေသည်။

ထို့ထဲတွင် သေမျိုးနယ်မြေကဖြစ်သည့် ကောင်းကင်မီးနတ်သခင်က နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်လေးဦး၏ စုပေါင်းတိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားရသည်။

ဘယ်ဘက်ရင်ဘတ်က အရိုးကိုပင် မြင်နေရလောက်သည်အထိ နက်ရှိုင်းလှသည့် ဒဏ်ရာကို ကိုင်ထားရင်း နတ်သခင်ဟောင်တျန်းဖြူရော်နေပြီး မရပ်မနားချီတက်လာနေသည့် ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ကို ကြည့်ရင်း အံကြိတ်ထားသည်။

"ဒီတော့ ဒါက ဒဏ္ဍာရီဆန်တဲ့ ငရဲနတ်ဆိုးဒေသပေါ့၊ တကယ်ကို အမြင်ပွင့်စရာပဲ"

အလွန်အမင်းကြောက်စရာကောင်းလှပြီး အရေအတွက်နှင့်နယ်ပယ်နှစ်ခုစလုံးတွင် ကြီးမားသော ထိပ်တန်းတိုက်ခိုက်ရေးသမားအထိပ်တန်းတိုက်ခိုက်ရေးသမားအရေအတွက်ရှိသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ရန်သူ၏ တပ်မှူးအဆင့်စစ်သည်များကို သတ်နိုင်လျှင်ပင် သူတို့တပ်များ၏ပမာဏနှင့် ယှဉ်ပါက ဒါကစာဖွဲ့ရန်ပင် မထိုက်တန်။

အထက်တွင် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင် အင်မော်တယ်ဘိုးဘေးသုံးဦးရှေ့တွင် ရပ်ကာ ဒီမြင်ကွင်းအား ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့သည်။

"အစစ်အမှန်နတ်ဘုရားတွေ ၀င်မပါဘူးဆိုရင်တောင် မင်းတို့က ငါတို့ငရဲနတ်ဆိုးဒေသအတွက် ပြိုင်ဘက်မဟုတ်သေးပါဘူး၊ ကြည့်ရတာ ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်သွားပုံပဲ၊ မင်းတို့အညံ့ခံလိုက်မယ်ဆိုရင်ရော၊ ပြီးတော့ မင်းတို့ရဲ့ဝိဉာဥ်ထဲမှာ အကန့်အသတ်တွေ ငါ့ကိုထည့်ခွင့်ပေးလိုက်၊ မင်းတို့မှာအသက်ရှင်ဖို့ အခွင့်အရေးတစ်ခုရနိုင်တာပေါ့

အင်မော်တယ်ဘိုးဘေးသုံးဦးက ဒီအခိုက်အတန့်ကို ကြိုတင်မျှော်မှန်းထားပြီးဖြစ်သည့်အလား တည်ငြိမ်သည့်အရာများဖြင့် ရှိနေကြ၏။

အင်မော်တယ်ဘိုးဘေးခေါင်းဆောင် ထူးမခြားနားစွာပြောသည်။

"မင်းအသက်ရှုသံတွေကို သိမ်းဆည်းထားပါဦး၊ စစ်ကမပြီးသေးသလို ဘာမှလည်း မလုပ်ရသေးပါဘူး"

မိစ္ဆာသခက် ကျယ်လောင်စွာပြုံးရင်း နှုတ်ခမ်းများကို သပ်သည်။

"ကောင်းပြီ၊ မင်းတို့ကို လက်အောက်ခံလုပ်ပစ်ရမယ့်အစား မင်းတို့ရဲ့သွေးနဲ့ အသားတွေကို ငါတို့ပန်းတိုင်တွေကို ပြည့်မြောက်ဖို့အတွက် ငရဲနတ်ဆိုးဒေသရဲ့ ခြေနင်းတုံးဖြစ်ခွင့်ပေးတာက ပိုကောင်းသည်။

တခြားတစ်နေရာတွင် အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများ မြိုရိုးထိပ်တွင်ရပ်ကာ ငရဲနတ်ဆိုးဒေသ၏ စစ်တပ် လွင်ပြင်အလယ်တည့်တည့်သို့ တဖြည်းဖြည်းချီတက်လာနေတာကို စောင့်ကြည့်ရင်း သူတို့၏အမူအရာများက တိုင်းတာ၍ မရလောက်အောင် မည်းမှောင်နေသည်။

ဆန်းကြယ်အင်ပါယာအစောင့်များ ထုတ်လွှတ်ခဲ့သည့် ခေးအောစ့်အစီအရင်ကို ဖန်ချန်းချိုးဖျပ်ခဲ့ပြီး သူတို့၏အစီအရင်ဆရာများနှင့် အဆောင်သခင်များ ငရဲနတ်ဆိုးဒေသ၏ စစ်တပ်အပေါ် ဗုံးကြဲခွင့်ရနေသည့်တိုင် အဆောင်အစီအရင်တိုက်ခိုက်မှု အများစုက မိစ္ဆာလှံစစ်တပ်နှင့် လေတပ်တို့၏ တာဝေးတိုက်ခိုက်မှုများကြောင့် ပိတ်ဆို့ခံရသည်။

ဒါက လက်ရှိအခြေအနေကို ဦးတည်သွားစေခြင်းပင်။

မိစ္ဆာလှံတပ်နှင့် နတ်ဆိုးဒိုင်းတပ်တို့က ရှေ့တန်းကနေ တဖြည်းဖြည်းချီတက်လာနေကြသလို တခြားမိစ္ဆာလှံတပ်နှင့် လေတပ်များကလည်း နောက်ဘက်ကနေ တာဝေးထောက်ပံ့မှုများဖြင့် ကူညီပေးနေကြသည်။

ဘာများလုပ်နိုင်မည်နည်း။ ဒီပိတ်ဆို့မှုကနေ လွတ်မြောက်ရန်အတွက် နည်းဗျူဟာတစ်ခုခုရှိသလား!

များသောအားဖြင့် နည်းဗျူဟာများကို တိုက်ပွဲမစခင် ပြင်ဆင်တတ်ကြပြီး ယခုတွင်မူ တိုက်ပွဲကစနေပြီဖြစ်လေရာ နည်းဗျူဟာများဟူ၍ မကျန်ရှိတော့ပါ။

အင်မော်တယ်ဧကရာဇ် အရှုံးဖက်သို့ ရောက်နေချိန် မုဖူရှန်းရုတ်တရက်ပြောသည်။

"အင်မော်တယ်ဧကရာဇ်အရှင်မင်းကြီး၊ အဆောင်သခင်တွေကို သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အရင်ဆုံးရပ်ဖို့ပြောလိုက်ပါ"

အင်မော်တယ်ဧကရာဇ် ထိတ်လန့်သွားပြီးနောက် မျက်မှောင်ကြုတ်သည်။

"အဆောင်သခင်တွေကို တိုက်ခိုက်နေတာကနေ ရပ်လိုက်တယ်ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို မင်းသိလား၊ မိစ္ဆာလှံစစ်တပ်နဲ့ ‌လေတပ်တွေကို ထိန်းချုပ်ထားနိုင်တာက အစီအရင်နဲ့အဆောင်တွေရဲ့ ပေါင်းစပ်မှုကြောင့်ပဲ၊ အဆောင်သခင်တွေသာ တိုက်ခိုက်တာကို ရပ်လိုက်တာနဲ့ ဘာအထိန်းချုပ်မှ မရှိတော့တာမို့ ရှေ့တန်းက ပိုပြီးမြန်မြန်လဲပြိုသွားရလိမ့်မယ်"

သို့သော် မုဖူရှန်းစကားမပြောဘဲ ယင်းအစား မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးအဆောင်စုတ်တံကို လေပေါ်မြှောက်လိုက်စဉ် အဆောင်များက အိပ်ရာခင်းတစ်ခုပမာ စတင်ကျုံ့လာကြပြီး အတားအဆီးကဲ့သို့ တည်ဆောက်မှုတစ်ခုကို ဖွဲ့စည်းသည်။

ဒီအခိုက်အတန့်၌ မုဖူရှန်း၏ အဆောင်စုတ်တံ ကျဆင်းလာသောအခါ အတားအဆီးထဲက မိုးကြိုးစင်းအလင်းတန်းများ ထွက်လာပြီး ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ကို ဗုံးကြဲသည်။

မုဖူ‌ရှန်းပြောသည်။

"ဒါက အနည်းဆုံးတော့ သူတို့ကို လက်ဖက်ရည်တစ်ခွက်အချိန်လောက် တားဆီးကိုင်တွယ်ထားနိုင်မှာပါ"

ပုံမှန်အားဖြင့် မုဖူရှန်းသာ အဆောင်သခင်များထဲတွင် မပါ၀င်ပါက ယခုလိုကြီးမားအားကောင်းသည့် လေတပ်နှင့် မိစ္ဆာလှံစစ်တပ်တို့၏ အင်အားကို နှောင့်နှေးရန်ဟူသည် မဖြစ်နိုင်။

သို့သော် မုဖူရှန်း၏ အဆောင်ရေးထွင်းသည့်နှုန်းကအရမ်းမြန်လွန်းပြီး သူ့တွင် ရှိသည့်ပစ္စည်းစာရင်းများကလည်း အတော်လေးကျယ်ပြန့်ပုံရသည်။

အင်မော်တယ်ဧကရာဇ် အနည်းငယ် ကြက်သေသေသွားသော်လည်း မုဖူရှန်း၏ လေးနက်သောအမူအရာကို မြင်ရသောအခါ လေးနက်စွာခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့...." သူအော်ဟစ်လိုက်၏။

"အဆောင်သခင်အားလုံး မုဖူရှန်းရဲ့အမိန့်ကို လိုက်နာကြ"

မုဖူရှန်းက လုချန်ရှန်း၏ တပည့်တစ်ယောက်ဖြစ်လေရာ အင်မော်တယ်ဧကရာဇ်တွင်လည်း သူ့ကိုယုံကြည်ရန် အကြောင်းရင်းများရှိသည်။

အဆောင်သခင်အင်အားစုများကို အမိန့်ပေးခွင့်ရသောအခါ မုဖူရှန်းချက်ချင်း အမိန့်တစ်ခုထုတ်ပြန်သည်။

"မိုးကြိုးသဘာ၀အဆောင်တွေကို ရေးထွင်းနိုင်တဲ့အဆောင်သခင်တို့၊ ကျွန်တော့်အမိန့်ကို လိုက်နာပြီး ခင်ဗျားတို့ရဲ့ မိုးကြိုးအဆောင်တွေနဲ့ ကျွန်တော်သတ်မှတ်ပေးတဲ့ နေရာတွေကို ပစ်မှတ်ထားကြပါ၊ မိုးကြိုးအဆောင်တွေကို မကျွမ်းကျင်တဲ့သူတွေက ခင်ဗျားတို့ရဲ့ဝိဉာဉ်စွမ်းအားကို ကျွန်တော့်ရဲ့ အဆောက်စုတ်တံထဲမှာ ပို့ဆောင်ပေးကြပါ"

မုဖူရှန်း၏အမိန့်ကို ကြားရသောအခါ လူတိုင်းအံ့ဩသင့်သွားကြ၏။

ငါတို့ပထမအချက်ကို နားမလည်တဲ့အကြောင်းကို မပြောနဲ့ဦး!

ဒါပေမယ့် မိုးကြိုးဂုဏ်သတ္တိတွင် မကျွမ်းကျင်သည့် အဆောင်သခင်တွေက ဝိဉာဉ်စွမ်းအားတွေကို မင်းရဲ့အဆောင်စုတ်တံထဲမှာ ပို့‌ကြရမှာလား!

လူတိုင်း၏ဝိဉာဉ်စွမ်းအားက မတူတာကို အားလုံးသိကြသည်။

ထို့နောက် လူတစ်ယောက် တခြားသူများစွာ၏ ဝိဉာဉ်စွမ်းအားများကို ထိန်းချုပ်ရန် ကိုယ်ပိုင်စိတ်ဝိဉာဉ်အပေါ် ကြီးမားသည့် ထိန်းချုပ်နိုင်စွမ်းလိုအပ်သည်။

ဒါ့အပြင် ယခုအချိန်တွင် အဆောင်သခင်အများအပြားရှိနေလေရာ ဒါကအခြေခံအားဖြင့် အထမြောက်ရန်ဟူသည် မဖြစ်နိုင်။

သို့စေကာမူ ဒါကစစ်ပွဲကာလအတွင်းဖြစ်လေရာ မည်သူကမှ ခေါင်းဆောင်၏အမိန့်များကို ဆန့်ကျင်ကြမည်မဟုတ်။

အမိန့်များကို လိုက်နာခြင်းက လက်အောက်ငယ်သားအားလုံးအတွက် မရှိအဖြစ်လိုအပ်သည့် အရာတစ်ခုပင်။ မဟုတ်ပါက ဒီနေရာတစ်ယောက်၊ ဟိုနေရာတစ်ယောက် ဆန့်ကျင်နေပါက ဒီတိုက်ပွဲက ရှုံးနိမ့်နေပြီဟု ယူဆ၍ပင် ရနေလေပြီ။

ဒီအချိန်တွင် မုဖူရှန်း စတင်လုပ်ဆောင်သည်။

သူ့လက်ထဲတွင် မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးအဆောင်စုတ်တံက အဆောင်များတစ်လျှောက် လိုင်းများကို လျင်မြန်စွာ ခြေရာခံနေသည်။

ဆန်းကြယ်သည့်အဆင်းများက အဆောင်စာရွက်များပေါ်၌ စီးဆင်းနေသည်။

မုဖူရှန်း အဆောင်စာအုပ်ထဲက အဆောင်ကို သတိရသွားသည်။

ဒါကသူ့၏ပထမဆုံးအကြိမ် ရေးထွင်းခြင်းဖြစ်သော်လည်း သရုပ်ဖော်ချက်အရ ဒီအဆောင်က လက်ရှိအခြေအနေအတွက် အကောင်းဆုံးပေတည်း။

ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်!

ဒီအဆောင်က အင်မတန်ထူးခြားသဖြင့် တခြားမိုးကြိုးသဘာ၀အဆောင်များနှင့်အတူ ပေါင်းစပ်နိုင်ပြီး ဒီနည်းနှင့်အတူ ကိုယ်ပိုင်အသုံးပြုမှုအတွက် ရယူနိုင်သည့် အမျိုးအစားတစ်ခုဖြစ်သည်။

ပေါင်းစည်းထားသည့် မိုးကြိုးသဘာ၀အဆောင်များက ပိုအားကောင်းလေလေ၊ ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က ပိုပြင်းထန်လေ‌လေပင်။

သို့စေကာမူ ဒါက အသုံးပြုသူ၏ မိုးကြိုးထိန်းချုပ်ခြင်းစွမ်းအားနှင့် နတ်ဝိဉာဉ်ထိန်းချုပ်စွမ်းအားတို့ကို အကြီးအကျယ် စမ်းသပ်သည်။

သို့သော် ကောင်းကင်အပြစ်ပေးအစစ်အမှတ်နတ်ဘုရားလက်အောက်တွင် လေ့ကျင့်ပြီးနောက် မုဖူရှန်းယခု မိုးကြိုးထိန်းချုပ်စွမ်းအား၌ ပို၍ပင်ကျွမ်းကျင်လာသည်။

မုဖူရှန်းအဆောင်များကို အလျင်အမြန် ရေးထွင်းနေပြီး များမကြာမီမှာပင် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

"လူတိုင်းပဲ၊ ခင်ဗျားတို့ရဲ့မိုးကြိုးသဘာ၀အဆောင်တွေကို ဒီအဆောင်ပေါ်မှာ ပစ်ပေါက်လိုက်ကြပါ"

လူအုပ်စုက စိတ်ရှုပ်ထွေးနေကြသည့်တိုင် ပြောသည့်အတိုင်း လုပ်ဆောင်နေဆဲပင်။

မုဖူရှန်းဆက်လက်အော်ဟစ်သည်။

"ခင်ဗျားတို့ရဲ့ဝိဉာဉ်စွမ်းအားတွေကို ကျွန်တော့်ရဲ့ အဆောင်စုတ်တံပေါ်မှာ လွှဲပြောင်းပေးကြ"

ချက်ချင်းဆိုသလို ဝိဉာဉ်စွမ်းအားပမာဏအများအပြား တိုး၀င်လာကာ မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးအဆောင်စုတ်တံကို ဖြည့်ပေးပြီးနောက် စုတ်တံကိုယ်၌ ထူထဲသည့် အဖြူရောင်အလင်းတစ်ခုအဖြစ် ရစ်ပတ်နေသည်။

မုဖူရှန်းစုတ်တံကိုကိုင်ရင်း မိုးကြိုးသဘာ၀အဆောင်အမျိုးမျိုးကို ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ထဲ ပေါင်းစပ်ရန်အတွက် တိုက်ရိုက်လမ်းညွှန်နေသည်။

အဆောင်သခင်များနှင့် အင်မော်တယ်ဧကရာဇ်၏ အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်စွမ်းအားက မကြုံစဖူး မြှင့်တက်လာခဲ့သည်။

မိုးကြိုးစွမ်းအားစီးကြောင်းများက နဂါးလေးများပမာ အဆောင်၏အစွန်တွင် အဆက်မပြတ်လှည့်လည်နေကြ၏။

အပြာရောင်မိုးကြိုးမြူ၏ ထုတ်လွှတ်လိုက်သည့်ပေါက်ကွဲမှုက မိုးကြိုးနဂါးတစ်ကောင်၏ အသက်ရှူသံအလားပင်။

ဒါဘယ်လိုအဆောင်လဲ၊ ဘာလို့အရင်က တစ်ခါမှ မကြားဖူးရတာလဲ!

ပြီးတော့ တခြားအဆောင်တွေရဲ့ စွမ်းအားကိုတောင် ပေါင်းစပ်နိုင်တာလား!

သို့သော် ဒါကအဆုံးသတ်မဟုတ်သေး။

အဆောင်အားလုံးပေါင်းစပ်သွားသောအခါ မုဖူရှန်းသိုလှောင်လက်စွပ်တစ်ကွင်းကို ပစ်လိုက်လေရာ လေထဲတွင်ပင် ပေါက်ကွဲသွားပြီး အထဲကနေ အဆောင်အများအပြား ထွက်လာခဲ့သည်။

အဆောင်တစ်ခုချင်းစီတိုင်းက ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်အဖြစ် ပေါင်းစည်းသွားကြ၏။

အပိုင်း(1237) coming။

All Chapters