← Chapters

#‌အားအပြည့်တိုက်ခိုက်မှု၊ တိမ်ပြာဓားချက်#

Vol. 88 Ch. 1237

#‌အားအပြည့်တိုက်ခိုက်မှု၊ တိမ်ပြာဓားချက်#

Vol. 88 Ch. 1237

ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို ဗဟိုချက်တစ်ခုအဖြစ် ယူဆနိုင်သည်။

တခြားမိုးကြိုးသဘာ၀အဆောင်များက ဒီဗဟိုချက်၏ အဆစ်များဖြစ်လာနိုင်ပြီး အဆစ်တစ်ခုစီက ၎င်း၏စွမ်းအားကို ဗဟိုချက်ထဲသို့ အဆက်မပြတ်ပို့ဆောင်ရင်း ဗဟိုချက်စွမ်းအားကို မြှင့်တင်ပေးသည်။

ဒီစွမ်းအားတွင် အခြေခံအားဖြင့် အထက်ကန့်သတ်ချက်၍မရှိဘဲ တစ်ခုတည်းသော ကန့်သတ်ချက်က အဆောင်ရေးထွင်းသူ၏ ဝိဉာဉ်စွမ်းအားသာ။

အဆောင်ရေးထွင်းသူ၏ဝိဉာဉ်က လုံလောက်အောငါ အားကောင်းနေသရွေ့ ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင် တခြားအဆောင်များကို စဉ်ဆက်မပြတ် စုပ်ယူမှုအား ခံနိုင်ရည်ရှိသည်။

ဒီအခိုက်အတန့်၌ မိုးကြိုးသဘာ၀အဆောင်များစွာက ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ထဲသို့ အဆက်မပြတ်စီး၀င်းနေပြီး မိုးကြိုးစွမ်းအားကို ပတ်ပတ်လည်က နံရံများ၌ ပင့်ကူအိမ်ပမာပျံ့နှံစေပြီး ခရမ်းပြာလျှပ်စီးများ တိမ်များအတွင်း လိမ့်တက်လာစဉ် ကောင်းကင်ကို မှောင်မိုက်သွားစေသည်။

မိုးကြိုးနဂါးဟိန်းလိုက်စဉ် မိုးကြိုးပစ်သံများက ဒေါသထွက်နေသည့်အလား မိုးနှင့်မြေကို တုန်ခါစေသည်။

ဒီဆူညံမှုက နှစ်ဘက်စလုံးက အစွမ်းထက်ပုဂ္ဂိုလ်များ၏အာရုံကို ဆွဲဆောင်သွားခဲ့ပြီး အားလုံး နတ်မိုးကြိုးစွမ်းအားကို ထုတ်လွှတ်နေသည့် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို ကြည့်လိုက်ကြ၏။

သူတို့၏အမူအရာများက သုန်မှုန်နေကြ၏။

ရှေးခေတ်ကအမွေအနှစ်ဖြတ်နောက်ခံရပြီးတာတောင် ဒီအဆင့်အဆောင်သခင် သေမျိုးနယ်မြေမှာ ရှိနေသေးတာလား၊ ဒါမှမဟုတ် ဒီလူက အင်မော်တယ်နယ်မြေကလား!

မုဖူရှန်းရေးထွင်းခဲ့သည့်အဆောင်ကို မြင်ရသောအခါ မြို့ရိုး‌ပေါ်က နတ်တံဆိပ်ဂိုဏ်းနှင့် အဆောင်မျှော်စင်က အားကောင်းသောသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့မျက်လုံးထဲတွင် ထိတ်လန့်နေသည့် အရာများရှိနေကြသည်။

ထို့နောက်သူတို့ခါးသီးသော အပြုံးချင်း ဖလှယ်ရင်း ခေါင်းခါယမ်းကြသည်။

ဒီအံ့ဖွယ်အဆောင်သခင်လေးက အချိန်တိုအတွင်းမှာပင် သူ့အရိပ်ကိုပင် မမြင်နိုင်တော့သည့်အထိ သူတို့အား ဖြတ်ကျော်သွားခဲ့သည်။

ဒီလိုအဆောင်မျိုးကို နတ်တံဆိပ်ဂိုဏ်းနှင့် အဆောင်မျှော်စင်၏ သမိုင်းတစ်လျှောက်လုံးတွင်ပင် သူတို့တစ်ခါမှ မကြားဖူးကြပေ။

ဒီအခိုက်အတန့်၌ ငရဲနတ်ဆိုးဒေသမှ မဟာအကြီးအကဲ ဒီမြင်ကွင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်ရင်း ချက်ချင်းအမိန့်ပေးသည်။

"ဆန်းကြယ်အင်ပါယာအစောင့်တွေ၊ ရန်သူ့ရဲ့အဆောင်ရေးထွင်းတာကို နှောင့်ယှက်ကြ"

သူ့အမိန့်နှင့်အတူ ဆန်းကြယ်အင်ပါယာအစောင့်များ၏ ဖွဲ့စည်းတိုက်ခိုက်မှုက ချက်ချင်းဦးတည်ချက်ပြောင်းသွားပြီး မုဖူရှန်းရှိရာနေရာသို့ တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်ကြ၏။

ကြီးမားသည့်အနက်ရောင်လက်ဆစ်ဖက်က မိစ္ဆာနတ်ဆိုးစွမ်းအင်ကနေ ဖြစ်တည်လာပြီး မြိုရိုးတစ်ခုလုံးကိုပင် ဖုံးနိုင်သည်အထိ ကြီးမားလာကာ မုဖူရှန်းထံ ရောက်ရှိလာသည်။

ယခုအခိုက်အတန့်၌ မုဖူရှန်းရေးထွင်းနေသည့် အဆောင်၏ အရေးပါမှုကို နားလည်သဖြင့် အင်မော်တယ်ဧကရာဇ် ချက်ချင်းအမိန့်ပေးသည်။

"မုဖူရှန်းကိုကူညီကြ၊ သူ့ကိုကာကွယ်ကြ"

မိစ္ဆာလှံတပ်နှင့် တိုက်ခိုက်နေသည့် ရှေ့တန်းက အစီအရင်ဆရာများမှာ ဒီအမိန့်ကို ကြားသောအခါ သူတို့၏တိုက်ခိုက်မှုများကို ဒီဧရာမလက်ကြီးထံ ပြန်လည်လမ်းညွှန်လိုက်ကြသည်။

အစီအရင်ဆရာများနှင့် အဆောင်သခင်များ ရှေ့တန်း၌ သူတို့ကိုမထိန်းချုပ်တော့လေရာ မိစ္ဆာလှံစစ်တပ်က ပစ်ခွင်းသည့် လှံများနှင့်မြှားများက နတ်ဆိုးဒိုင်းတပ်ရှေ့က လူများထံ မုန်တိုင်းတစ်စင်းပမာ ရွာသွန်းလာသည်။

ချက်ချင်းဆိုသလို သေဆုံးမှုများက ပို၍ပင်များပြားပြင်းထန်လာသည်။

ဒါကိုသတိထားမိသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မုဖူရှန်းဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာကို အလျင်အမြန် နားလည်သွားကြ၏။

ယဲ့ချိုးပိုင် စိတ်အာရုံဖြင့်ဆက်သွယ်လိုက်၏။

"မင်းအချိန်ဘယ်လောက်လိုအပ်လဲ"

မုဖူရှန်းလေးနက်စွာပြောသည်။

"ဒီတစ်ကြိမ်တော့ အမွေးတိုင်တစ်တိုင်စာ အချိန်လောက်လိုတယ်၊ မဟုတ်ဘူးဆိုရင် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ရဲ့စွမ်းအားက ဒီတိုက်ပွဲကို သိသိသာသာ ကူညီထောက်ပံ့ဖို့ မလုံလောက်ဘူး"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

ဒီတစ်ကြိမ်တွင် ဒါကအမွေးတိုင်တစ်တိုင်စာမျှအချိန်လိုအပ်သည်။ အကယ်၍ သူတို့သာ မိစ္ဆာလှံတပ်က အားဖြည့်ထားသည့် ရန်သူများကို ရှေ့ဆက်ပြီးသတ်ဖြတ်ခွင့်ပေးထားမည်ဆိုပါက ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို အပြီးသတ်နိုင်ခဲ့လျှင်ပင် သေမျိုးနယ်မြေ၏ အင်မော်တယ်နယ်မြေ၏ ဆုံးရှုံးမှုများက အလွန်အင်မတန် ပြင်းထန်နေပေဦးမည်။

ဒါက နောက်ပိုင်းတိုက်ပွဲများကိုလည်း တိုက်ရိုက်သက်ရောက်ပေလိမ့်မည်။

ဒီအတွေးနှင့်အတူ ယဲ့ချိုးပိုင်၏ ရှေးဟောင်းရွှေနတ်ဓားက လက်ထဲကနေ ပျောက်သွားပြီး ဓားအိမ်ပါသည့် ရှေးဟောင်းဓားရှည်တစ်လက် အစားထိုး၀င်လာသည်။

ကလန်........!

ဒီတဒင်္ဂ၌ တိုက်ပွဲဗဟိုချက်ကနေ ဓားဟိန်းသံများပဲ့တင်ထပ်လာသည်။

ယဲ့ချိုးပိုင်အနီးတွင် ဗဟိုပြုရင်း ဓားဆန္ဒက မိုင်တစ်ရာကျော်ထိ ဖြတ်သန်းသွား၏။

ဓားပိုင်နက်အတွင်း အမြင့်ဆုံးအထိ ထက်မြက်သည့်ဓားဆန္ဒက မိစ္ဆာနတ်ဆိုးစွမ်းအင်ကိုပင် ပိုင်းဖြတ်ပစ်သည်။

ဒီအတွက်‌ကြောင့် မိစ္ဆာလှံနှင့် နတ်ဆိုးဒိုင်းတပ်များမှ တပ်မှူးများစွာ ဒဏ်ရာရသွားကြ၏။

ဒါကိုမြင်သောအခါ တပ်မှူးတစ်ချို့ ယဲ့ချိုးပိုင်ရှိရာသို့ ပြေးလာပြီး သူ့တိုက်ခိုက်မှုကို နတားဆီးချင်ကြသည်။

သို့သော် ယဲ့ချိုးပိုင် သူတို့ကိုလုံး၀ လျစ်လျုရှုထားပြီး ယင်းအစား လူအုပ်စု၏ အကြည့်များကြားတွင် လေထဲသို့တက်သွားပြီး လက်တစ်ဖက်နှင့်ဓားလက်ကိုင်ကို ကိုင်ကာ ကျန်တစ်ဖက်နှင့် ဓားအိမ်ကိုကိုင်သည်။

ခေးအောစ့်အနှစ်သာရဓားသခင် ချက်ချင်းခေါင်းမော့ပြီး ယဲ့ချိုးပိုင်လက်ထဲက ဓားကို မမှိတ်မသုတ်စိုက်ကြည့်နေသည်။

အင်မော်တယ်နယ်မြေက စွမ်းအားရှင်များကလည်း အလားတူပင်အံ့ဩသင့်နေကြပြီး လှမ်းကြည့်လိုက်ကြ၏။

အထက်တွင် မိစ္ဆာသခင်၊ နတ်ဆိုးဘုရင်တို့က ချက်ချင်းဆိုသလို ခြေဖျားထောက်လိုက်ကြမိပြီး ဓားကိုစိုက်ကြည့်ရင်း ရေရွတ်သည်။

"သူတော်စင်(မြင့်မြတ်)အဆင့်လက်နက်လား၊ သေမျိုးနယ်မြေမှာ ဘယ်လိုလုပ် ဒီလိုအရာမျိုးရှိနိုင်မှာလဲ"

"အင်မော်တယ်နယ်မြေမှာတောင် သူတော်စင်လက်နက်တစ်ခုတည်းပဲရှိပြီး ဒီလက်နက်က အင်မော်တယ်နယ်မြေကို တည်ငြိမ်စေတဲ့ ရတနာပဲလေ"

အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြရင်း သူတို့၏အမူအရာများက အင်မတန် လေးနက်နေကြ၏။

"ဒီကလေးက လုချန်ရှန်းရဲ့တပည့်မလား"

"လုချန်ရှန်းကတကယ်ပဲ ဘယ်သူလဲ၊ သူ့ရဲ့ နက်နဲလှတဲ့စွမ်းအားကိုမပြောနဲ့ဦး၊ သူသူတော်စင်လက်နက်တွေကိုတောင် သူ့တပည့်တွေကို ဒီအတိုင်းလွတ်လွတ်လပ်လပ် ပေးတာလား"

ဒီအချိန်တွင် မဟာအကြီးအကဲ၏ ဒေါသတကြီးအမိန့်အောက်တွင် နတ်သခင်တစ်ဒါဇင်ကျော်က ယဲ့ချိုးပိုင်ထံ ပြေး၀င်လာကြပြီး တိုက်ခိုက်သည်။

လေထဲတွင် မြင့်တက်လာသည့်ဓားဆန္ဒက သူတို့အားလုံးကို မခံမရပ်နိုင်လောက်သည့် အေးစိမ့်သော လူသတ်လိုသည့်အော်ရာတစ်ခုကို ခံစားရစေသည်။

သို့စေကာမူ ယဲ့ချိုးပိုင်တင်မဟုတ်ဘဲ ဟုန်ရင်ကလည်း အင်ပါယာဆန္ဒနှင့်အတူ စွမ်းအားအပြည့်ထုတ်လွှတ်ပြီး ပြန်လည်မွေးဖွားခြင်းလှံကိုကိုက်ရင်း အင်ပါယာမှတ်တမ်းကို အသုံးပြုကာ နတ်ဆိုးဒိုင်းတပ်နှင့် မိစ္ဆာလှံတပ်တို့၏ ရှေ့တန်းများကို မခုခံနိုင်အောင် လုပ်နေသည်။

နင်းချန်ရှင်း စာလိပ်တစ်လိပ်ကို ကိုင်ထားပြီး 'ဖိနှိပ်စေ' ဟူသောစကားလုံးနှင့်အတူ ကြီးမားသည့်စေတီတစ်ခု ပေါ်လာပြီး စစ်တပ်အပေါ် ရက်စက်စွာ ကျဆင်းသည်။

ရှောင်ဟိုင်ကလည်း ရုပ်ခွန်အားကို မှီခိုအားကိုးရင်း စစ်တပ်ထံသို့ လှည့်လည်နေသည့်နဂါးတစ်ကောင်ပမာ ပြေး၀င်တိုက်ခိုက်ကာ တစ်ချက်ချင်းစီက ငရဲနတ်ဆိုးဒေသမှ လူတစ်ဒါဇင်ကျော်ကို လွင့်စင်သွားစေသည်။

တစ်ချိန်တည်းမှာပင် ရှီရှန်းလက်ထဲတွင် စေတီလေးတစ်ခုကိုကိုင်ပြီး ကောင်းကင်ပေါ်သို့ ပစ်လိုက်၏။

စေတီလေးက လေကိုဆန့်ကျင်ကာ ကောင်းကင်ပေါ်၌ ချက်ချင်းကြီးလာပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် ဖိနှိပ်စွမ်းအားကို သယ်ဆောင်ရင်း ကိုးထပ်စေတီက ‌ကမ္ဘာကြီးတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

"ကောင်းကင်ဖိနှိပ်စေတီ......"

ဒီစေတီက ငရဲနတ်ဆိုးဒေသက လူတိုင်းအတွက် အရမ်းရင်းနှီးလွန်းသည်။

ကောင်းကင်ဖိနှိပ်စေတီ ကျဆင်းလာသည့် အခိုက်အတန့်၌ ငရဲနတ်ဆိုးဒေသမှ ထောင်ချီသည့်စစ်သားများက အောက်တွင် လုံး၀ဖိနှိပ်ခံရသည်။

အဝေးတစ်နေရာ၌ အဆုံးမဲ့သိပ်သည်းထူထပ်နေသည့် စစ်တပ်အလယ်တွင် စေတီတစ်စင်းက စစ်တပ်အလယ်ဗဟို၌ တည်ရှိနေသည်။

ကျောက်တုံးလေးနှင့် မု၀မ်အာတို့ကလည်း နောက်ဆုံးလက်ကျန်များကို ထုတ်သုံးကာ ရှေးတိုးလာနေသည့် ငရဲနတ်ဆိုးဒေသစစ်တပ်ကို ခုခံရန်အတွက် အစွမ်းကုန် ထုတ်သုံးကြသည်။

ဒီအချိန်တွင် နတ်သခင်နယ်ပယ်တပ်မှူး တစ်ဒါဇင်ကျော်က ယဲ့ချိုးပိုင်အောက်ကနေ အတူတကွတိုက်ခိုက်ကြသည်။

ယဲ့ချိုးပိုင်ကိုယ်တစ်ဝိုက်ရှိ ဓားဆန္ဒက ဆက်လက်မြှ‌င့်တက်နေသည်။

ရုတ်တရက် သူဓားဆွဲထုတ်လိုက်၏။

ဘန်း.......!

ထိုးထွက်လာသည့် ဓားမူလအနှစ်သာရက ဓားသွား၏ပွင့်ထွက်လာသည့် အပိုင်းကနေ ထွက်လာခဲ့သည်။

ထို့နောက်ပူးတွဲဓားချက်တစ်ချက်က ပေါ်လာပြီး ထိုနတ်သခင်တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုများကို အားထုတ်စရာမလိုဘဲ ချေဖျက်ပစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုပူးတွဲဓားချက်က ကြက်သေသေနေသည့် လူများထံ ဖြတ်သန်းသွားစဉ် သူတို့အား ခုခံရန်အတွက် နေဂာပင်မရှိဘဲ ပိုင်းဖြတ်ပစ်သည်။

ယဲ့ချိုးပိုင်ဓားကို ဆွဲထုတ်နေတာကို မရပ်ပေ။

တိုးညင်းသောအော်ဟစ်သံတစ်သံနှင့်အတူ တိမ်ပြာဓားသွားတစ်၀က်ခန့်က ကမ္ဘာကြီးထဲတွင် ပေါ်လာခဲ့သည်။

ဓားတာအိုအနှစ်သာရကနေ ပေါက်ဖွားလာသည့် ကြီးမားသည့်ဓားချက်က ယဲ့ချိုးပိုင်နှင့်အတူ စတင်ကာ ရှေ့ကသိပ်သည်းထူထဲသည့် စစ်တပ်ထံ လိမ့်၀င်သွား၏။

ဓားချက်က မိုးနှင့်မြေကို ထိုးဖောက်သွားသည့်ဓားသွားအလား ဒေါင်လိုက်ရှိပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာပင် စိမ့်၀င်နေကာ ရှေ့သို့ရှင်းလင်းပစ်နေစဉ် မြေကြီးကို ခွဲခြမ်းပစ်ရုံတင်မက ကောင်းကင်ရှိ တိမ်မည်းများကိုပါ နှစ်ခြမ်းကွဲသွားစေသည်။

လူအုပ်စုကြီး၏ အံ့ဩသင့်နေကြသည့် အကြည့်များအောက်တွင် ကြီးမားသည့် ဓားချက်ဖြတ်သွားရာနေရာတိုင်း၌ လူတစ်ယောက်မှပင် မရှင်သန်ခဲ့ပါ။

ထိုအချိန်မှစ၍ လူပြည့်ထူထပ်နေသည့် စစ်တပ်၏အလယ်ဗဟိုတွင် မိုင်ရာချီကျယ်ပြန့်သော ကွက်လပ်တစ်ခုပေါ်လာခဲ့သည်။

အပိုင်း(1238) coming။

All Chapters