← Chapters

#‌ငလျင်၊ ဒုတိယအောင်ပွဲ#

Vol. 88 Ch. 1238

#‌ငလျင်၊ ဒုတိယအောင်ပွဲ#

Vol. 88 Ch. 1238

နတ်သခင်နယ်ပယ်ကိုရောက်ပြီး သူ့တို့၏ကိုယ်များအား နိယာမစွမ်းအားများနှင့်အတူ ကြီးမားသည့် တိုးတက်မှုများကို ရရှိပြီးနောက်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအတွက် နတ်သခင်နယ်ပယ်အဆင့်၌ ပြိုင်ဘက်ရှားလှသည်ဟု ဆို၍ရသည်။

ဒါ့အပြင် ယဲ့ချိုးပိုင် တိမ်ပြာဓားကို တိုက်ရိုက်သုံးခဲ့သည်။

သူတစ်၀က်သာ ဆွဲထုတ်ခဲ့သော်လည်း ဒါကပင် ဆန့်ကျင်ဘက်စစ်တပ်များ၏ ချီတက်မှုကို သိသိသာသာနှောင့်နှေးစေရန် လုံလောက်နေလေပြီ။

ယဲ့ချိုးပိုင်၏ လက်ရှိဓားတာအိုစွမ်းအားနှင့်အတူ ဓားကိုတစ်၀က်တိတိဆွဲထုတ်စဉ် ဆွဲထုတ်လိုက်ခြင်းက အများကြီးကုန်ခမ်းသွားစေသော်လည်း အရင်ကကဲ့သို့ လုံး၀ အားအင်ကုန်ခမ်းသွားခြင်းမျိုးနှင့်မတူဘဲ သူ့တိုင်ခိုက်ရေးစွမ်းရည်များကို ထိန်းသိမ်းထားနိုင်ဆဲပင်။

ယဲ့ချိုးပိုင်နှင့် သူ့အဖွဲ့၏ အလုံးစုံအားထုတ်မှုက သျေိုးနယ်မြေက ရှေ့တန်းစစ်သည်များနှင့် အင်မော်တယ်နယ်မြေက ကျင့်ကြံသူများကို အသက်ရှူနိုင်စေရန်အတွက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုပေးခဲ့ပြီး အမွေးတိုင်တစ်တိုင်စာအချိန်အတောအတွင်း ဖိအားကို အကြီးအကျယ် လျော့ကျသွားစေသည်။

တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်၌ မိုးကြိုးလိမ့်တက်လာသည်။

မုဖူရှန်းအထက်တွင် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က ပြင်းထန်စွာ တုန်ခါနေသည်။ ၎င်းပတ်လည်၌ တောင်ငယ်လေးများကဲ့သို့ ကြီးမားသည့် လျှပ်စီးစက်လုံးများ တချွင်ချွင်မြည်နေပြီး လျှပ်စီးအရည်ကဲ့သို့စွမ်းအားများကို ဖြာထွက်စေသည်။

ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က မုဖူရှန်း လက်ရှိသိပ်သည်းနိုင်သည့် 'အဆုံးစွန်သောအကန့်အသတ်' သို့ ချဉ်းကပ်နေသည်။

ဒီလျှပ်စီးလုံးများကရာချီရှိနေသည်။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများပင် စက်လုံးတစ်ခုချင်းစီထဲက အုတ်သောင်းအုတ်နင်းစွမ်းအားက ဘယ်လောက်ထိ နက်ရှိုင်းသလဲဆိုတာကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။

ဒါကိုတိုက်ရိုက်ရင်ဆိုင်ပါက ကာကွယ်ရန်အတွက် အခွင့်အရေးမရှိတော့မှာကို သူတို့စိုးရိမ်နေကြသည်။

ရုတ်တရက် မုဖူရှန်း မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ရပ်လိုက်ပြီးနောက် စူးရှစွာပြောသည်။

"ဒါကအလုပ်ဖြစ်မှာပါ"

မုဖူရှန်း၏အသံပို့လွှတ်မှုကို ကြားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ငရဲနတ်ဆိုးဒေသ၏ စစ်တန်းလျားထဲကနေ အမြန်ဆုတ်ခွာသွားကြသည်။

သူတို့ကိုနောက်ဆုတ်စေပြီးနောက် မုဖူရှန်း လက်ချောင်းထိပ်များကို ကြီးမား၏ စစ်တပ်ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ဦးတည်စေသည်။

ချက်ချင်းဆိုသလို ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က ကြမ်းတမ်းသည့် လျှပ်စီးစီးကြောင်းများကို ထုတ်လွှတ်သည်။

ရာချီသောလျှပ်စီးလုံးများက သိပ်သည်းထူထဲသည့် စစ်တပ်အစုအဝေးကို ပြင်းထန်စွာ ထိမှန်သည်။

အပြာရောင်အလင်းတန်းများ ပွင့်လန်းလာခဲ့ပြီး မှောင်မိုက်နေသည့်ကောင်းကင်ကို လုံး၀လင်းသွားစေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့၏အော်ရာက အလိုလို ရှေ့သို့ပေါက်ကွဲသွားကြ၏။

ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်၏ စွမ်းအားက သူတို့နှစ်ယောက်၏ ‌မျှော်လင့်ချက်ထက် သာလွန်နေပြီး ဒီလျှပ်စီးလုံးများက စစ်တပ်အလယ်သို့ ကျသွားပါက နတ်ဆိုးတပ်များ၏ ဆုံးရှုံးမှုများက တိုင်းတာ၍ပင် ရမည်မဟုတ်သည်မှာ ရှင်းနေသည်။

ဒါက ဒီဒုတိယတိုက်ခိုက်မှုအတွက် တိုက်ရိုက်ကျရှုံးမှုဆီသို့ ဦးတည်သွားပေလိမ့်မည်။

ဤသည်က စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေမည်သာမက ငရဲနတ်ဆိုးဒေသ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းလည်းဖြစ်သည်။

ဒါကိုမြင်သောအခါ အင်မော်တယ်ဘိုးဘေးသုံးဦး မိစ္ဆာသခင်နှစ်ဦးရှေ့တွင်ရပ်ပြီး သူတို့၏အော်ရာများက တောက်ပနေကာ အမူအရာများက လေးနက်နေသည်။

"အခုမင်းတို့နှစ်ယောက်က လူငယ်မျိုးဆက်တွေရဲ့ တိုက်ပွဲမှာ ၀င်ရောက်စွက်ဖက်ချင်တာလား"

မိစ္ဆာသခင်၏ မျက်နှာက ကြည့်ရဆိုးသွားပြီး ပြန်လည်ချေပသည်။

"ဒါကစစ်ပွဲတစ်ခုပဲ၊ အောင်ပွဲအတွက်သာဆိုရင် ငါတို့လူငယ်မျိုးဆက်တွေကို တိုက်ခိုက်တော့ရော ဘာအရေးလဲ၊ အရမ်းကြီးနုံအမနေစမ်းပါနဲ့"

ဒါကိုကြားသော် အင်မော်တယ်ဘိုးဘေးသုံးဦး၏ နှလုံးသားများက နှစ်မြှုပ်သွားရ၏။

အကယ်၍ ငရဲနတ်ဆိုး‌ဒေသ၏ အဆင့်မြင့်ပုဂ္ဂိုလ်များက အကျိုးဆက်ကို လျစ်လျူရှုပြီး လှုပ်ရှားလာပါက သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက သေချာပေါက် ခံနိုင်ရှိမည်မဟုတ်။

မူလက သေမျိုးနယ်မြေက ငရဲနတ်ဆိုးဒေသကို ဖိနှိပ်ရန် စီမံကိုင်တွယ်နိုင်ခဲ့ခြင်းက အစစ်အမှန်နတ်ဘုရားရာချီတို့က တစ်ပြိုင်နက်တည်း သူတို့အသက်များကို လောင်ကျွမ်းစေခဲ့ပြီး လူသားဘိုးဘေးလေးဦးက သူတို့ဝိဉာဉ်များကို စတေးခဲ့သောကြောင့်ပင်။

သို့သော်ယခုတွင်မူ သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့၏ခွန်အားက ရှေးခေတ်တုန်းက သေမျိုးမယ်မြေခွန်အားထက် တစ်၀က်ပင်လျှင် အားမကောင်းတော့။

"မင်းတို့ဒီအဖိုးကြီး မရှိနေသလိုပြုမူနေတာလား"

ရုတ်တရက် ဘက်ပေါင်းစုံကနေ ဆေးဖိုးဖိုး၏အသံ ပဲ့တင်ထပ်လာသည်။

ဒီအသံကိုကြားသောအခါ မိစ္ဆာသခင်နတ်ဆိုးဘုရင်တို့၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူတို့မျက်နှာက သုန်မှုန်ကာ အတိမှောင်မိုက်နေသည်။

"ငါပြောခဲ့တယ်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်နဲ့ အထက်အဆင့်ကလူတွေ လှုပ်ရှားမယ်ဆိုရင် ဒီအဖိုးကြီးကို မင်းတို့ရဲ့ ငရဲနတ်ဆိုးဒေသကို ဖျက်ဆီးပစ်တဲ့အပေါ် အပြစ်မတင်နဲ့"

မိစ္ဆာသခင်ဒေါသတကြီးအော်ဟစ်သည်။

"ကျုပ်ရဲ့ ငရဲနတ်ဆိုးဒေသကို ဖျက်ဆီးပစ်မယ်၊ ခင်ဗျားမှာ စွမ်းအားရှိလို့လား"

"မင်းမယုံဘူးဆိုရင် စမ်းကြည့်လို့ရတယ်"

သူတို့ထိုသို့ပြောလိုက်သည့်တိုင် သူတို့နှစ်ယောက်၏ အော်ရာများကို ရုပ်သိမ်းသွားပြီဖြစ်ကာ တိတ်ဆိတ်သွားကြသည်။

ဆေးဖိုးဖိုး လှုပ်ရှားခဲ့သည့်အချိန်က သူ့အစစ်အမှန်စွမ်းအားကို သူတို့မမြင်နိုင်ခဲ့ပေ။

သူတို့ပင်လျှင် မမြင်နိုင်လေရာ ဆေးဖိုးဖိုး၏ စွမ်းအားနယ်ပယ်က မည်မျှပင် နက်ရှိုင်းလေသနည်း။

သူတို့ကသေချာပေါက် သူ့ပြိုင်ဘက်မဟုတ်ဘူးဟုသာ ဆိုနိုင်တော့သည်။

ဒါကိုတွေးမိသောအခါ သူတို့နှစ်ယောက် အင်မတန်ဒေါသထွက်နေသည့်တိုင် ဒေါသကို ဖိနှိပ်ရင်း စစ်မြေပြင်ထံ အကြည့်ပို့လွှတ်ရန်သာ တတ်နိုင်သည်။

ကျယ်ပြန့်သည့်လွင်ပြင်အထက်တွင် ပြင်းထန်သည့် မိုးက်ြိုးစွမ်းအားနှင့် ပြည့်လျှမ်းနေသည့် ရာချီသော ခရမ်းပြာရောင်လျှပ်စီးလုံးများက တောင်ကုန်းလေးများကဲ့သို့ ဖြတ်သွားပြီး ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ မဟာအကြီးအကဲ အထိတ်တလန့်နှာမှုတ်သည်။

"နတ်ဆိုးမိစ္ဆာနတ်ဒိုင်းနက်ရှိတဲ့ နေရာမှာဆိုရင် ဒါက အကာအကွယ်ကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ၊ ငရဲနတ်ဆိုးဒေသက လူတွေ၊ အာရုံမစိုက်ကြနဲ့.... အားအပြည့်နဲ့ ဆက်ချီတက်ကြ"

သို့စေကာမူ သူ့စကားလုံးများထွက်လာပြီး မကြာခင်မှာပင် မုဖူရှန်းအဆောင်စုတ်တံကို အောက်သို့ဆွဲချလိုက်သည်နှင့် ထိုလျှပ်စီးလုံးတစ်ရာကျော်က လမ်းကြောင်းပြောင်းလိုက်သည်။ ၎င်းတို့က ဒေါင်လိုက်မကျလာတော့ဘဲ ယင်းအစား ရုတ်တရက်လေထဲက ပြောင်းကာ နတ်ဆိုးဒိုင်းတပ် ကာကွယ်ထားသည့် နေရာကို ကွေ့ပတ်ရင်း ငရဲနတ်ဆိုးဒေသ၏ စစ်တပ်ဆီသို့ မြေကြီးကို အားပြုကာ တိုက်ရိုက်ပျံသန်းသွားကြ၏။

လျှပ်စီးလုံးဖြတ်သွားသည့် နေရာတိုင်းတွင် မြေကြီးက ပြိုကွဲနေသည်။

မဟာအကြီးအကဲ၏မျက်နှာက ကြောက်ရွှံ့မှုအဖြစ် ပြောင်းသွားပြီး သူ့အမိန့်ကို အမြန်ပြောင်းပစ်သည်။

"တပ်ဖွဲ့အားလုံး၊ ရပ်ကြ၊ နတ်ဆိုးဒိုင်းတပ်တွေ၊ ကာကွယ်ဖို့အတွက် ရှေ့ကိုဆက်လာကြ"

သို့သော် ငရဲနတ်ဆိုးဒေသ၏ လုပ်ဆောင်ချက်များက မည်မျှပင် စည်းလုံးမြန်ဆန်နေပါစေ၊ အရာအားလုံးက နောက်ကျသွားပါပြီ။

ရာချီသော လျှပ်စီးလုံးများက ငရဲနတ်ဆိုးဒေသစစ်တပ်အလယ်ဗဟိုသို့ ဝင်တိုက်သွားခဲ့သည်။

၎င်းဖြတ်သန်းသွားရာနေရာ၌ နတ်ဆိုးဒိုင်းနှင့် မိစ္ဆာလှံတပ်တို့တွင် ခုခံကာကွယ်ရန်အတွက် အခွင့်အရေးအနည်းငယ်မျှပင် မရှိဘဲ တောင်ကဲ့သို့ကြီးမားထူထဲသည့် လျှပ်းစီးလုံးများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

လျှပ်စီးလုံးများဖြတ်သွားပြီးနောက်တွင် ငရဲနတ်ဆိုးဒေသအတွင်း လွှမ်းမိုးခံလိုက်ရသောသူများက ပျောက်ကွယ်သွားပြီး ဒီကမ္ဘာကြီးထဲကနေ အငွေ့ပျံသွားကာ ခြေရာလေးတစ်ခုပင်လျှင် မကျန်ရှိခဲ့ပါ။

နတ်သခင်အဆင့်စွမ်းအားရှင်များက လျှပ်စီးလုံးများရှေ့သို့ အမြန်သွားပြီး သူတို့သွေးအဆီအနှစ်နှင့် ဝိဉာဉ်စွမ်းအားကို လောင်ကျွမ်းစေရာ အစွမ်းကုန်ခုခံရန်အတွက် ကြိုးစားနေသည်။

မုဖူရှန်းဒ်ကိုမြင်သောအခါ ခပ်ပေါ့ပေါ့ရယ်မောသည်။

"ဒါကိုတားဆီးနိုင်မယ်လို့ ထင်နေတာလား" ထို့နောက် သူ့လက်ချောင်းများက တွဲစပ်သွားကြပြီး 'ဖျောက်' သူသော အသံတစ်သံထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ငရဲနတ်ဆိုးဒေသ၏စစ်တပ်ဆီသို့ ပြေး၀င်သွားသည့် ရာချီသောလျှပ်စီးလုံးများက ရပ်တန့်သွားကာ တောက်ပသည့်လျှပ်စီးအလင်းတန်းများက ဘက်ပေါင်းစုံကနေ အပြင်ဘက်သို့ လွင့်မြောသွားကြ၏။

အလွန်အင်မတန်ဖိသိပ်ထားသည့် မိုးကြိုးစွမ်းအားက ပြင်းထန်စွာစတင်ထိုးတက်လာပြီး နောက်တဒင်္ဂ၌ နားကွဲလုနီးပါးအသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။

ဘန်း...ဘန်း....ဘန်း....ဘန်း!

ဒီအခိုက်အတန့်၌ ကမ္ဘာမြေကိုပင် လှုပ်ခါစေသည့်အသံများနှင့်အတူ ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးအပြင် အဆုံးမဲ့ပင်လယ်ဒေသထဲရှိ ရှေးဟောင်းစစ်မြေပြင်အလွန်က နေရာများကပင် ခရမ်းပြာရောင်ပြောင်းသွားသည်။

တောက်ပသည့်လျှပ်စီးအလင်းက မရေမတွက်နိုင်လောက်သောသူများက အလိုလို အတင်းမျက်လုံးမှိတ်သွားစေသည်။

ငရဲနတ်ဆိုးဒေသ၏ စစ်တပ်အတွင်းတွင် ပြင်းထန်သောမိုးကြိုးစွမ်းအားက မုန်တိုင်းတစ်စင်းပမာ၊ မြေမီးတောက်တစ်ခုပမာ ကောင်းကင်ကနေ ဆင်းသက်လာသည့် ကပ်ဘေးတစ်ခုအတွက်ပင်။

သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက လူများကမူ နောက်ဆုတ်သွားကြသည်။

သို့သော် ဒီတိုက်ခိုက်မှုများကို ခုခံနိုင်ရန်အတွက် သူတို့စွမ်းအားအပြည့်ကို ထုတ်သုံးရန် လိုသေးသည်။

ဒီကပ်ဘေးကြီးပမာပေါက်ကွဲမှုက အမွေးတိုင်တစ်၀က်စာခန့်ကြာသွားခဲ့သည်။

ယင်းနောက်တွင်သာ လျှပ်စီးများက တဖြည်းဖြည်းစတင်ပျောက်ကွယ်လာသည်။

လူများ သူတို့ရှေ့ကမြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်သူငယ်အိမ်များက အပြင်းအထန်ကျုံ့သွားကြ၏။

ရာချီသောနေရာများ၌ အသူရာချောက်များပမာ နက်ရှိုင်းကာ အောက်ခြေမဲ့သည့် ချောက်ကမ်းပါးကြီးများရှိနေသည်။

မူလသိပ်သည်းထူထဲလှသည့် ငရဲနတ်ဆိုးဒေသ၏စစ်တပ်က ယခုတွင်တူ ငါးပုံတစ်ပုံကျော် တိုက်ရိုက်လျော့သွားခဲ့သည်။

ဒါကိုမြင်သောအခါ ငရဲနတ်ဆိုးဒေသကလူများဖြစ်စေ သို့မဟုတ် အင်မော်တယ်နှင့် သေမျိုးနယ်မြေကသူများဖြစ်စေ သူတို့အားလုံး နှလုံးသားထဲထိတိုင် တုန်ယင်နေကြပြီး ‌ထိတ်လန့်‌မှုကြောင့် အတိဆွံအနေကြသည်။

ဒီအဆောင်စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

အင်မော်တယ်ဧကရာဇ် အရင်ဆုံးသတိပြန်၀င်လာပြီး ချက်ချင်းအော်ဟစ်အမိန့်ပေးသည်။

"အားအပြည့်နဲ့တိုက်ခိုက်ကြ"

ချက်ချင်းဆိုသလို သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေကလူများ ဆက်လက်တိုက်ခိုက်ကြသည်။

မုဖူရှန်းကမူ အဆောင်စုတ်တံကို ဆက်လက်ကိုင်ထားစဉ် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က ထပ်မံစတင်တောက်ပလာပြန်သည်။

ဒါကိုမြင်သော် မဟာအကြီးအကဲ နိုးကြားစွာပင် အော်ဟစ်သည်။

"နောက်ဆုတ်ကြ၊ ခံတပ်ထိဆုတ်ကြမယ်"

ငရဲနတ်ဆိုးဒေသ၏ စစ်တပ် ဒီရေကဲ့သို့ ဆုတ်သွားတာကို ကြည့်ရင်း မုဖူရှန်း အဆောင်စုတ်တံကို သိမ်းဆည်းလိုက်၏။

အင်မော်တယ်ဧကရာဇ်လာမေးသည်။

"ဒီအဆောင်ကို သုံးလို့ရသေးတာလား"

မုဖူရှန်းလက်အစုံကိုဖြန့်ကြက်ကာ ဖြေကြားသည်။

"ခင်ဗျားလာနောက်နေတာလား၊ ကျွန်တော်က သရုပ်ဆောင်နေရုံပဲ၊ ဒါကို အကြိမ်များစွာသာ သုံးနိုင်မယ်ဆိုရင် ရယ်စရာကောင်းလွန်းမနေဘူးလား"

မဟုတ်ပါက သူရန်သူ၏စိတ်ဓာတ်ကို ဘယ်လိုဖိနှိပ်နိုင်မည်နည်း၊ ရန်သူကို နောက်ဆုတ်အောင် ဘယ်လိုလုပ်နိုင်မည်နည်း။

အပိုင်း(1239) coming။

All Chapters