#အံ့ဩသင့်ဖွယ်ရာတိုက်ခိုက်မှု၊ ယဲ့ချိုးပိုင်၏ နည်းဗျူဟာ#
Vol. 88 Ch. 1239
ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို ဒီအတိုင်းအတာတစ်ခုထိ ပြသရန်အတွက် မုဖူရှန်း၏စိတ်ဝိဉာဉ်၌ ကြီးမားသည့် ၀န်ထုပ်၀န်းပိုးတစ်ခုကို ဖြစ်စေခဲ့သည်။
တစ်နည်းဆိုရပါက စိတ်ဝိဉာဉ်ပြန်မကောင်းလာသေးခင် ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်ကို တစ်ကြိမ်သာလျှင် ရေးထွင်းနိုင်သည်။
သို့စေကာမူ ရလဒ်က မုဖူရှန်း၏ မျှော်လင့်ချက်များနှင့် ကိုက်ညီခဲ့သည်။
ပန်းတစ်သောင်းမိုးသက်မုန်တိုင်းအဆောင်က ငရဲနတ်ဆိုးဒေသ၏စစ်တပ်ကို ကြီးမားသည့်ဆုံးရှုံးမှုများ ဖြစ်စေခဲ့ပြီး ယခုလို စိတ်ဓာတ်ကျဆင်းမှုကြားတွင် ရန်သူများက ဆက်လက်မတိုက်ခိုက်နိုင်တော့ပါ။
သူတို့အရင်ဆုံးနောက်ဆုတ်ကာ ပြန်လည်စုဖွဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုကို ဆက်လုပ်ရန် ရွေးချယ်ကြပေလိမ့်မည်။
တိုက်ခိုက်မှုကိုဆက်လုပ်ခြင်းဖြင့် ငရဲနတ်ဆိုးဒေသ၏လုပ်ရပ်က မိုက်မဲလွန်းသည်ဟု တွေးကောင်းတွေးနိုင်သည်။
သို့သော် ငရဲနတ်ဆိုးဒေသ၏ပန်းတိုင်က သေမျိုးနယ်မြေတစ်ခုတည်းတင် မဟုတ်ပါ။ မည်သို့ပင်ဆိုစေကာမူ တခြားနယ်မြေများလည်း ရှိသေးသည် မဟုတ်ပေလော။
ဒါ့အပြင် ငရဲနတ်ဆိုးဒေသ၏ ဆုံးရှုံးမှုများက ကြီးမားသည့်တိုင် သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့က ပိုကြီးမားသည့် ဆုံးရှုံးမှုများကို ကြုံခဲ့ရသည်။
သူတို့၏တိုက်ခိုက်ရေးစွမ်းအားက တိုက်ရိုက်ဆိုသလို ၄၀ရာခိုင်နှုန်းကျော် လျှော့ချခံလိုက်ရသည်။
တိုက်ခိုက်ရေးစွမ်းအားနှင့် အရေအတွက်တွင် ကြီးမားသည့်ကွာဟချက်တစ်ခု ရှိနေပြီဖြစ်လေရာ ဒါကယခု ပိုဆိုးဝါးသည့် ကပ်ဘေးတစ်ခုပင်။
ထို့ကြောင့် ငရဲနတ်ဆိုးဒေသက အောင်မြင်မှုပတွက် အလျင်လိုစရာမလိုပါ။ ဒီထပ်တလဲလဲကျဆုံးမှုက သူတို့ကို သေမျိုးနယ်မြေကို အပြည့်အ၀သိမ်းပိုက်ခွင့်ပေးသလို သူတို့၏ကိုယ်ပိုင်စွမ်းအားကိုလည်း ပို၍ထိန်းသိမ်းနိုင်ပေသည်။
အင်မော်တယ်ဧကရာဇ် မုဖူရှန်းပခုံးကို ပုတ်ရင်း ကျယ်လောင်စွာရယ်မောသည်။
"သူ့တပည့်ဖြစ်ဖို့ တကယ်ထိုက်တန်ပါပေတယ်၊ ဒီအောင်ပွဲအတွက် အဓိကဂုဏ်ယူချီးကျူးရမယ့်လူက မင်းပဲ"
"အချိန်ကျလာတဲ့အခါကျရင် ငါမင်းအတွက် ရိုးရှင်းတဲ့အခမ်းအနားတစ်ခု စီစဉ်ပေးမယ်"
မုဖူရှန်းမငြင်းပေ။
မည်သို့ပင်ဆိုစေကာမူ မဟာစစ်ပွဲအတွင်း အောင်ပွဲခံခြင်း၏ အဓိကရည်ရွယ်ချက်က တခြားသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်ပင် မဟုတ်ပေလော။
မြို့ရိုးသို့ပြန်ရောက်လာသောအခါ နင်းချန်ရှင်း အားပေးသံများနှင့်ရောနေသည့် ငိုကြွေးသံ၊ ၀မ်းနည်းပူဆွေသံများနှင့်အတူ မပြည့်စုံသည့်အလောင်းများကို မြို့ရိုးများထဲသို့ သယ်လာနေကြသည့် ကျင့်ကြံသူများကို ကြည့်ရင်း စိတ်ဓာတ်ကျသလို ခံစားရသည်။
မစ္စတာရောက်လာပြီး နင်းချန်ရှင်းပခုံးကို ပုတ်သည်။
"ဒါကစစ်ရဲ့ရက်စက်မှုပဲ၊ အောင်ပွဲခံတဲ့ဘက်မှာတောင် ရယ်မောပျော်ရွှင်မှုဆိုတဲ့ အသံနောက်ကွယ်မှာ ၀မ်းနည်းမှုတွေ ပုန်းကွယ်နေတယ်"
နင်းချန်ရှင်းမျက်ခုံးကို ဖြေလျှော့ကာမေးသည်။
"စစ်ပွဲကို တကယ်ပဲရှောင်လွှဲလို့မရဘူးလား"
မစ္စတာခေါင်းခါယမ်းသည်။
"ငါမသိဘူး၊ ဒီအဖြေကို မင်းရှာရမယ်"
"ဒီအဖြေကရှိချင်ရှိမယ်၊ မရှိချင်မရှိဘူး၊ ဘာပဲဆိုဆို ဒီဂြိုလ်ထဲကို လူသားမျိုးနွယ် စတင်ပေါ်လာကတည်းက သဘာ၀ရွေးချယ်မှုရဲ့နိယာမဆိုတာက ရှိခဲ့ပြီး လူသားဆင့်ကဲဖြစ်စဉ်အထပ်ထပ်က စစ်ပွဲအတိုင်းအတာမျိုးစုံကနေ ဖြတ်သန်းခဲ့တာပဲ၊ ဒါကြောင့် မင်းစိတ်ကူးတွေကို ငါသဘောမတူပေမယ့် မင်းရဲ့လုပ်ဆောင်ချက်တွေကိုတော့ ငါထောက်ခံချင်ပါတယ်" သူဆက်ပြောသည်။
နင်းချန်ရှင်းခေါင်းညိတ်သည်။
"အခုကျွန်တော်တို့လုပ်နိုင်တာက ငရဲနတ်ဆိုးဒေသကို ပြန်တွန်းထုတ်ဖို့ပဲ၊ မဟုတ်ဘူးဆိုရင် သူတို့နောက်ထပ်သေဆုံးမှုတွေကို သေချာပေါက်ဖြစ်စေလိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ နင်းချန်ရှန်း၏ လက်ရှိစွမ်းအားနှင့် စစ်ပွဲဖြစ်စဉ်ကို မထိန်းချုပ်နိုင်သေးပါ။
နောက်ထပ်နှစ်ရက်အတွင်း အနားယူကောင်းမွန်လာကြပြီးနောက် အမှောင်ပိုင်နက်က သူတို့၏ဒုတ်ယအောင်ပွဲသတင်းကို အမြန်ပျံ့စေခဲ့သည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ မဟာအောင်မြင်မှုများကိုလည်း သာမန်ပွဲတော်တစ်ခုအတွင်း ကျင်းပဂုဏ်ပြုခဲ့သည်။
ရုတ်တရက် သေမျိုးနယ်မြေ၏ ကျင့်ကြံသူအားလုံးက ပြင်းပြသည့်စိတ်လှုပ်ရှားမှုထဲတွင် နစ်မွှန်းသွားကြ၏။
ကနဦးစိတ်ပျက်အားငယ်မှုကနေ လက်ရှိတွင် လူတိုင်း ရှင်သန်မှုအတွက် မျှော်လင့်ချက်ရောင်ခြည်တဖျပ်ဖျပ်နှင့် ရှိနေသည်။
ထို့ကြောင့် ဒါက သေမျိုးနယ်မြေ၏ အင်အားစုများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို ရှေ့တန်း၌ ဦးတည်စေရန်ပင် လှုံ့ဆော်ခဲ့သလို အကူအညီထောက်ပံ့တာဖြစ်စေ သို့မဟုတ် တိုက်ခိုက်ရေးစွမ်းအားများကို အားဖြည့်ပေးတာဖြစ်စေ တွန်းအားပေးခဲ့သည်။
ဒီနေ့တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ဒဏ်ရာများနှင့် ကုန်ခမ်းနေသည့် အင်မော်တယ်အော်ရာကလည်း ပြန်လည်ပြည့်လာခဲ့သည်။ သူတို့ဒီကိစ္စကို တဲထဲတွင်ပင် ဆွေးနေကြသည်။
ယဲ့ချိုးပိုင်ရယ်မောရင်းပြောသည်။
"ငါတို့အရမ်းအနုနည်းနဲ့ လုပ်ဆောင်နေတယ်လို့ မထင်ကြဘူးလား"
မုဖူရှန်း ယဲ့ချိုးပိုင်ကို သတိပေးသည့် အနေဖြင့်ကြည့်သည်။
ပြီးသွားပြီ၊ အစ်ကိုကြီးပြန်စနေပြီ.....!
ရှီရှန်းခေါင်းကုတ်သည်။
"ကျွန်တော်တို့ခွန်အားက ရန်သူ့ထက်အားနည်းတော့ အနုနည်းနဲ့လုပ်နေရတာက ပုံမှန်ပဲမလား"
ယဲ့ချိုးပိုင် မေးခွန်းတစ်ခုနှင့် ချေပသည်။
"အားနည်းတာနဲ့ အနုနည်းအနေအထားမှာ ရှိနေရမယ်လို့ ဘယ်သူပြောတာလဲ၊ ငါတို့ တိုက်ခိုက်ဖို့ ပဏာမခြေလှမ်းမလှမ်းဘူးဆိုတာကို ရန်သူကလည်း တွေးလိမ့်မယ်လို့ ငါတို့မစဉ်းစားသင့်ဘူးလား၊ ဒီလိုသတိနည်းပါးတဲ့အခြေအနေမှာ ငါတို့ဆီက တိုက်ခိုက်မှုက ဒီရေတွေကို ပြောင်းပြန်လှန်ပစ်ပြီး အခွင့်အရေးတွေကို ပိုပြီး ရှာတွေ့စေမှာ မဟုတ်ဘူးလား"
"ငါတို့ဒီအတိုင်းပြုသမျှနူနေပြီး ဆက်အတိုက်ခံနေရမယ်ဆိုရင် မလွှဲရှောင်သာပဲ သေတဲ့အထိ ပင်ပန်းလာကြမှာပဲ"
ဟုန်ရင်ရယ်မောသည်။
"ဒီရှုထောင့်မှာတော့ အစ်ကိုကြီးရဲ့ စကားတွေက လုံး၀မှန်တယ်၊ ပြုသမျှမူနေတာက သေခြင်းတရားဆီကို ဖြည်းဖြည်းချင်းသွားတဲ့ လမ်းကြောင်းတစ်ခုပါပဲ"
အလုံးစုံစွမ်းအားဖြစ်စေ၊ အရေအတွက်ဖြစ်စေ၊ ကွာဟချက်က ကြီးမားသည်။
ရန်သူက တစ်ယောက်နှင့်တစ်ယောက် ဖလှယ်လျှင်ပင် သူတို့သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့ကို သေဆုံးသည်အထိ ဖျက်ဆီးပစ်နိုင်သည်။
မုဖူရှန်းနဖူးကိုဖုံးကာ ခေါင်းကိုက်လာသလို ခံစားရပြီး မေးသည်။
"ဒါဆို ကျွန်တော်တို့ဘာလုပ်သင့်လဲ၊ အစ်ကိုကြီး"
"ရိုးရှင်းပါတယ်" ယဲ့ချိုးပိုင်ပြောရင်း အပြုံးဖြင့် လက်တစ်ချောင်းထောင်ပြသည်။
"ငါတို့သာ ငါတို့အင်အားကို ထည့်စဉ်းစားပြီး တိုက်ခိုက်ဖို့ ပဏာမခြေလှမ်းလှမ်းမယ်ဆိုရင် သူတို့အဲဒီအစစ်အမှန်နတ်ဘုရား ဒါမှမဟုတ် ပိုမြင့်တဲ့လူတွေကို အသုံးမပြုသရွေ့ ငါတို့ကို မကိုင်တွယ်နိုင်လောက်ဘူး"
"နှစ်ရက်ကုန်ဆုံးသွားပြီဆိုတော့ ရန်သူကလည်း ပြင်ဆင်မှုတွေလုပ်ပြီးသွားပြီး တိုက်ခိုက်မှုကို အချိန်မရွေးစတင်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ"
"ရန်သူတိုက်ခိုက်လာသောအခါ ငါတို့မြင့်မားတဲ့တောင်တွေကိုဖြတ်ပြီး သူတို့ရဲ့ခံတပ်ကို ဖျက်ဆီးပစ်မယ်၊ အရင်းအမြစ် အထောက်အပံ့မရှိတော့ရင် သူတို့ခွန်အားက သိသိသာသာလျော့ကျသွားမှာ သေချာပြီး တစ်ချိန်တည်းမှာပဲ ငရဲနတ်ဆိုးဒေသရဲ့ ရှေ့တန်းကလူတွေကို ကန့်သတ်နိုင်မယ်"
ဒီအစီအစဉ်က အနည်းဆုံးတော့ အတော်လေးရဲတင်းလွန်းသည်။
ရန်သူ၏ခံတပ်ကို တိုက်ခိုက်ရန်အတွက် ကျယ်ပြန့်သည့်လွင်ပြင်ကိုဖြတ်ပြီး မြင့်မားသည့်တောင်များအား ကျော်သွားရပေမည်။
အကယ်၍ရှာတွေ့ခံရပါက ချက်ချင်းပင် ဝိုင်းရံခံရပေလိမ့်မည်။
သို့သော် ယဲ့ချိုးပိုင်ပြောခဲ့တာကသာ အောင်မြင်ပါက ရလဒ်က အင်မတန်ကောင်းမွန်ပေလိမ့်မည်။ ဒါကတတိယတိုက်ခိုက်မှုအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်သည်။
"ဒါပေမယ့် သူတို့ဘက်မှာ အစစ်အမှန်နတ်ဘုရားတွေအများကြီးနဲ့ နတ်ဆိုးဘုရင် မိစ္ဆာသခင်လည်းရှိမယ်လေ" မု၀မ်အာ ညင်သာစွာမေးသည်။
"သူတို့မလှုပ်ရှားနိုင်ဘူးဆိုရင်တောင် ရန်သူ့ကိုကင်းထောက်ဖို့ နတ်အသိကို ထုတ်လွှတ်တာက ဖြစ်နိုင်သေးတယ်လေ၊ ဒီနတ်အသိအတားအဆီးကို ဘယ်လိုကျော်လွှားကြမလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါကလွယ်ပါတယ်၊ ဆရာအရင်က ငါတို့အော်ရာကို ဖုံးကွယ်ဖို့အတွက် မှော်ရတနာတွေ ပေးခဲ့တယ်မလား၊ ငါတို့ မြင့်မားတဲ့ တောင်တွေဆီကိုပဲ ကြိုတင်ရောက်ဖို့လိုတယ်၊ ပြီးရင် ကောင်းကောင်းပုန်းဖို့အတွက် မှော်ရတနာတွေကို သုံးရုံပဲ၊ ရန်သူ တောင်တွေကို ဖြတ်ကျော်လာတဲ့အခါကျရင် အဲဒါက ငါတို့လုပ်ဆောင်ရမယ့်အချိန်ဖြစ်လာလိမ့်မယ်"
နင်းချန်ရှင်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများ သဘောတူသည့်အသွင် ခေါင်းညိတ်နေတာကို မြင်ရသောအခါ မုဖူရှန်း ကောင်းကင်ကိုမော့ကြည့်ရင်း အားကိုးရာမဲ့စွာ သက်ပြင်းချသည်။
ဆရာ၊ ကျွန်တော် အစ်ကိုကြီးကို တကယ်မတားဆီးနိုင်တော့ဘူး!
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင် ဒီအစီအစဉ်ကို အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာကို ပြောပြလိုက်ကြ၏။
နှစ်ဦးစလုံး အတော်လေးအံ့ဩသွားကြသည်။
အစပိုင်းတွင် သူတို့၀န်လေးနေသော်လည်း ယဲ့ချိုးပိုင်၏ ပိုင်းခြားစိတ်ဖြာမှုကို နားထောင်ပြီးသောအခါ တုံ့ဆိုင်းစွာ သဘောတူလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း အဆောင်များစွာရေးထွင်းရင်း ငရဲနတ်ဆိုးဒေသ၏ တတိယတိုက်ခိုက်မှုကို ခုခံရန်အတွက် ချန်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ ငရဲနတ်ဆိုးဒေသက ရန်သူ၏ခံတပ်ထဲသို့ စိမ့်၀င်ဖျက်ဆီးသည့်ကာလအတွင်း သူတို့မရှိသည့်အချိန်အခါတစ်ခု ရှိလာမည်ဖြစ်လေရာ ငရဲနတ်ဆိုးဒေသကို ဆန့်ကျင်ရာ၌ သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့၏ ဖိအားက ပိုတိုးလာပေလိမ့်မည်။
မထွက်ခွာသေးခင် မစ္စတာ လေးနက်စွာပြောသည်။
"ဘေးကင်းဖို့က ပထမဆိုတာ သတိရပါ၊ မဖြစ်နိုင်ဘူးထင်တာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့"
"မင်းတို့က သေမျိုးနယ်မြေရဲ့ မျှော်လင့်ချက်ပဲ၊ နားလည်လား"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများခေါင်းညိတ်ကြသည်။ ညတာယံကျရောက်လာသောအခါ သူတို့အထူးပြုလုပ်ထားသည့် အနက်ရောင်၀တ်ရုံများကို ၀တ်ဆင်ပြီး မှော်ကိရိယာများနှင့် အော်ရာကို ဖုံးကွယ်ကာ ကျယ်ပြန့်သည့်လွင်ပြင်ကို ဖြတ်ရင်း မြို့ရိုးအလွန်က မြင့်မားသည့်တောင်များထံ ပြေးသွားကြ၏။
လမ်းတွင် သူတို့လွင်ပြင်ပေါ်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် ကျရောက်လာသည့် ရန်သူ့၏ နတ်အသိကို ခံစားနိုင်သည်။
ရန်သူက ဒီလိုဖြစ်နိုင်ချေကနေ စောင့်ကြပ်ကာကွယ်နေတယ်ဆိုတာ ရှင်းနေသည်။
မတော်တဆမှုမရှိဘဲ မြင့်မားသည့်တောင်များနောက်ကို ရောက်လာသောအခါ ယဲ့ချိုးပိုင်နှင့် သူ့အဖော်များ ပုန်းကွယ်ရန်အတွက် နေရာတစ်ခုတွေ့လိုက်ကြ၏။
သို့သော် နေမထွက်ခင်မှာပင် ငရဲနတ်ဆိုးဒေသက မရေမတွက်နိုက်လောက်သည့် စစ်တပ်များက အနက်ရောင်၀တ်ရုံထဲတွင် ပုန်းကွယ်ရင်း ရှေ့သို့၀မ်းလျားမှောက်ကာ ဖြည်းဖြည်းချင်းချီတက်နေတာကိုလည်း သူတို့တွေ့ရသည်။
ကြည့်ရသည်မှာ ရန်သူများတွင် မျှော်လင့်မထားသည့်တိုက်ခိုက်မှုတစ်ခုအတွက်လည်း စိတ်ကူးများရှိပုံရသည်။
အရင်တိုက်ပွဲနှစ်ခုက ရှုံးနိမ့်မှုများက ငရဲနတ်ဆိုးဒေသကို ဒီတိုက်ပွဲစစ်ဆင်ရေးကို အလေးအနက်ထားစေခဲ့ပုံရသည်။
အပိုင်း(1240) coming။