#ရူးသွပ်နေသည့်ရှောင်ဟိုင်၊ ရန်သူ့တပ်စခန်း၌ သောင်းကျန်းခြင်း#
Vol. 88 Ch. 1241
မှန်ပေသည်။
လူအများစုကြောက်ရသည့် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ပင်လျှင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကလူများ သူတို့အမိန့်မပါဘဲ လှုပ်ရှားခြင်းမပြုရဟု ရှင်းလင်းစွာ ပြောထားခဲ့သည်။
ယခုတွင်မူ သူတို့ဒေါသတကြီးအမူအရာကိုသာ ၀တ်ဆင်ထားနိုင်ကြသည်။ ဒေါသက သူတို့ရင်ဘတ်ထဲတွင် ပေါက်ကွဲတော့မတတ် စုပုံနေကြပြီး သူတို့မထုတ်လွှတ်နိုင်ကြပေ။
အစစ်အမှန်နတ်ဘုရားတစ်ဦး အော်ဟစ်သည်။
"စစ်တပ်အားလုံး၊ ငါ့အမိန့်ကိုလိုက်နာ၊ အားအပြည့်နဲ့တိုက်ခိုက်ပြီး သူတို့ကိုဒီနေရာမှာ အခုချက်ချင်းသတ်ပစ်ဖို့အတွက် အားထုတ်တာကို မလျော့လိုက်ကြနဲ့"
ချက်ချင်းသလို ငရဲနတ်ဆိုးဒေသ၏ ကြာရှည်စွာဖိနှိပ်ထားရသည့် စစ်သားများမှာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံ ပြေး၀င်လာကြ၏။
ယဲ့ချိုးပိုင်တို့နှင့်အနီးဆုံးဖြစ်သည့် နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်တပ်မှူးတစ်ယောက် ဦးဆောင်သည်။
ဒါကိုမြင်သော် ရှောင်ဟိုင်အပြုံးဖြင့် သွားများကို ပြသရင်း တိုက်ရိုက်၀င်တိုက်ခိုက်သည်။
"ကျွန်တော်ကိုင်တွယ်လိုက်မယ်"
ရှောင်ဟိုင်၏ရုပ်ပိုင်းဆိုင်ရာအားသာချက်က သူ့တိုက်ခိုက်မှု၌ ပေါက်ကွဲသံများစွာကို ဖြစ်စေသည်။ သူမြေကြီးပေါ် တက်လှမ်းလိုက်တိုင်း မြေကြီးက တုန်ခါလာကာ တစ်လှမ်းစီတိုင်းတွင် ကွဲအက်နေသည်။
ဒီအခိုက်အတန့်၌ နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့်မှ နတ်သခင်လေးဦး ရှောင်ဟိုင်အား လက်ဖဝါးချက်များဖြင့် တစ်ပြိုင်နက်တည်း ရိုက်ချလိုက်ကြ၏။
ကြီးမားသည့် မိစ္ဆာနတ်ဆိုးစွမ်းအင်က အနက်ရောင်လက်ဖဝါးချက်လေးခုအဖြစ် ပြောင်းသွားပြီး ထပ်ကျော့ရင်း ဧရာမဗုဒ္ဓလက်ဖဝါးတစ်ခုဖြစ်လာသည်။
အကယ်၍ သာမန်နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်တစ်ယောက်သာ ဒီလက်ဖဝါးချက်ကို ရင်ဆိုင်ရပါက သူတို့အားအပြည့်အသုံးပြုရန် လိုအပ်ပြီး ဖိနှိပ်ခံရနိုင်ပါသေးသည်။
သို့သော် ရှောင်ဟိုင်၏ အမြန်နှုန်းက တိုးသာတိုးလာခဲ့ပြီး အပြုံးနှင့်အတူ သူ့ကိုယ်ကို နတ်ဆိုးနက်ချီဖြင့် လွှမ်းခြုံစေကာ ဧရာမလက်ဖဝါးချက်ကို တိုက်ရိုက် ထိုးနှက်လိုက်၏။
ရှောင်ဟိုင် ရုပ်ပိုင်းဆိုင်ရာခွန်အား၌ ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ခဲ့ရသည်။
သူ့လက်သီးက ဧရာမလက်ဖဝါးချက်ပေါ် ကျရောက်လာသောအခါ တူညီသည့် အင်အားများ၏တိုက်ပွဲမရှိလာဘဲ ယင်းအစား လက်ဖဝါးချက်က ကြွပ်ဆပ်ခြောက်သွေ့နေသည့် အကိုင်းများကဲ့သို့ ပြိုကွဲသွားသည်။
ဒီကြောက်စရာကောင်းသည့် လက်သီးအားက တပ်မှူးလေးဦး၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သည်။
ခရက်ခ်! ခရက်ခ်!
အရိုးကျိုးပဲ့သံများက တပ်မှူးများ၏ နာကျင်ဖွယ်ရာဟစ်ကြွေးသံနှင့်အတူ ထွက်ပေါ်လာပြီး သူတို့ရင်ဘတ်က မရပ်မနားအရိုးကျိုးသံများနှင့်အတူ ကိုယ်ထဲက အရိုးတိုင်းသို့ပျံ့သွားသည်။
ဒန်တျန်၊ မရီဒျန်များ၊ အင်္ဂါငါးခုနှင့် ဒွာရခြောက်ခု၊ ဝိဉာဉ်- အစရှိသည့် အရာအားလုံးက ရှောင်ဟိုင်၏ထိုးနှက်မှုနောက်တွင် ဖျက်ဆီးခံရသည်။
ဒီမြင်ကွင်းက အထက်က အစစ်အမှန်နတ်ဘုရားနယ်ပယ်များကိုပင် အနည်းငယ် ထိတ်လန့်စေသည်။
ဒီအဆင့်ရုပ်ခွန်အားနှင့် ယခုလိုသန့်စင်သည့်ရုပ်ခွန်အားများက အမှန်တကယ် ရှားပါးလွန်းသည်။
သို့သော် ယခုအချိန်တွင် အဓိကတပ်ဖွဲ့များကလည်း ရောက်လာကြလေပြီ။
ရှောင်ဟိုင်အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်မှုကို ဦးဆောင်ပြီး တပ်မှူးလေးဦးကို သတ်ပြီးနောက်တွင် လူအုပ်စုထဲသို့ တိုက်ရိုက်၀င်သွားသည်။
သူကရှေးခေတ်တုန်းက ကြောက်စရာကောင်းသည့်သားရဲတစ်ကောင်အလား တိုက်ခိုက်နေစဉ် မည်သူမှ သူ့ကို မရပ်တန့်နိုင်ပေ။
တစ်ယောက်ပြီးတစ်ယောက် စစ်သားများက လေထဲတွင် လွင့်စင်သွားရပြီး လေပေါ်တွင်ပင် သေသွားကြရသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
"ပါ၀င်ကြစို့"
ထို့နောက် လူတိုင်း သူတို့လက်နက်များကို ထုတ်ယူလိုက်ကြပြီး ရန်သူ့စစ်ကြောင်းထဲသို့ ထိုးဆင်းသွားကြသည်။
သူတို့၏ယခုပန်းတိုင်က တိုက်ပွဲ၏ဆူညံသံကို အတတ်နိုင်ဆုံးတိုးစေရန်ပင်။
ဒီလိုဆိုပါက သူတို့ရှေ့တန်းတပ်ကို ချည်နှောင်ထားနိုင်သလို ငရဲနတ်ဆိုးဒေသ၏ ရှေ့တန်းတပ်များကိုပင် နောက်ဆုတ်သွားစေနိုင်သည်။
ဓားချီထိုးတက်လာပြီး တပ်ရင်းများအကြား ကြီးမားသည့်ဓားချက်များ ဖြတ်သန်းသွား၏။
အင်ပါယာဆန္ဒက နယ်မြေကိုကြီးစိုးသောအခါ ဟုန်ရင် ဧကရီတစ်ပါးပမာ ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ထားပြီး လှံထိုးချက်တိုင်းတွင် ငရဲနတ်ဆိုးဒေသက လူများစွာကျသွားရသည်။
နင်းချန်ရှင်း စစ်တပ်ထဲသို့တိုက်ခိုက်ရန်အတွက် နတ်ဗိုလ်ချုပ်များကို ဆင့်ခေါ်သည်။
ရှီရှန်း ကောင်းကင်ဖိနှိပ်စေတီကို ဆင့်ခေါ်ရင်း ငရဲနတ်ဆိုးဒေသ၏ စစ်တပ်များကို အဆက်မပြတ်ဖိနှိပ်ရန်အတွက် သူ့ကြယ်စွမ်းအားကို အသုံးပြုနေသည်။
ကျန်သောသူများအကြောင်းကိုမူ ပြောစရာပင်မလိုတော့။
ဒါကိုမြင်သော် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စွမ်းအားရှင်တစ်ဦး ယဲ့ချိုးပိုင်တို့အုပ်စုထံ ချဉ်းကပ်လာသည်။
"အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်တွေ လှုပ်ရှားလို့မရပေမယ့် ငါတို့တော့ အဲဒီထဲမှာမပါဘူးမလား"
ငရဲနတ်ဆိုးဒေသတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စွမ်းအားရှင်များစွာရှိသည်။ သို့စေကာမူ ဆေးဖိုးဖိုး၏ တားမြစ်ချက်ကြောင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များ လှုပ်ရှား၍ မရကြလေရာ အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်စွမ်းအားရှင်အများစုက ရှေ့တန်းကိုသွားခဲ့ကြသည်။
ဒီနေရာကို စောင့်ကြပ်ရန်အတွက် ရှစ်ယောက်တည်းသာ ကျန်တော့သည်။
ရှောင်ဟိုင် အကန့်အသတ်မဲ့မိစ္ဆာနတ်ဆိုးစွမ်းအင်ဖြင့် မျက်နှာကို ရစ်ပတ်ထားသည့် ကြီးမားကာ အဆုံးမဲ့ပင်လယ်တစ်စင်းအလား ထင်ရသောသူကို ကြည့်ရင်း တောက်ပသွားပြီး ပြုံးသည်။
"နောက်ဆုံးတော့ လက်သီးချက်ကို ခံနိုင်တဲ့တစ်ယောက်ယောက် ရောက်လာပြီပေါ့၊ အကုန်ထုတ်သုံးလိုက်၊ ငါ့ကိုစိတ်မပျက်စေနဲ့"
"သောက်ရူးကောင်" အနက်ရောင်မျက်နှာနှင့်လူနှာခေါင်းရှုံ့ရင်း သူ့အ၀တ်အစားများက အနည်းငယ်မျောလွင့်နေပြီး သူပျောက်ကွယ်သွားကာ ရှောင်ဟိုင်ရှေ့ပြန်ပေါ်လာစဉ် ခြေထောက်ကို ပြင်းထန်စွာ လွှဲယမ်းလိုက်၏။
ရှောင်ဟိုင် ခါးရှေ့တွင် လက်နှစ်ဖက်ကို ထားထားသောအခါ ကန်ချက်က သူ့လက်မောင်းများပေါ် ပြင်းထန်စွာ ကျဆင်းလာသည်။
ဘန်း.......!
အော်ဟစ်သံနှင့်အတူ ရှောင်ဟိုင်၏ခန္ဓာက ဘေးသို့ အမြောက်ဆန်တစ်ခုပမာ လွင့်စင်သွား၏။
လမ်းတစ်လျှောက် ငရဲနတ်ဆိုးဒေသမှ မရေမတွက်နိုင်လောက်သောသူများ လွင့်စင်သွားရသည်။
နောက်ဆုံးတွင် သူခံတပ်များစွာကို ချေမှုန်းကျော်ဖြတ်ကာ တောင်ခြေရင်းကို ၀င်တိုက်စဉ် ဧရာမချောက်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ရပ်သွားသည်။
အနက်ရောင်မျက်နှာနှင့်လူ ထူးမခြားနားစွာကြည့်ရင်း အေးစက်စွာပြောသည်။
"ဒီလောက်ထိ မောက်မာတာတောင် ဒါပဲလား"
သူပြောလိုက်ပြီး များမကြာမီမှာပင် သူ့မျက်သူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားသည်။
အသံတစ်သံချဉ်းကပ်လာစဉ် ရှောင်ဟိုင်၏ပုံရိပ်က သူ့ရှေ့သို့ပြေး၀င်လာပြီး လက်သီးက မိုးကြိုးသံအလားထင်ရသည်။
အနက်မျက်နှာနှင့်လူ အေးစက်စွာနှာမှုတ်ရင်း သူ့လက်သီးနှင့် ပြန်တိုက်ခိုက်သည်။
ဘန်း......!
ရှောင်ဟိုင်ခြေငါးလှမ်းဆုတ်လိုက်ရပြီး အနက်မျက်နှာနှင့်လူကမူ လေးလှမ်းဆုတ်လိုက်ရသဖြင့် သူ့မျက်နှာက မယုံနိုင်မှုဖြင့် ပြည့်နှက်နေသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သူ ရှောင်ဟိုင်ကို ပြန်မော့ကြည့်သောအခါ ရှောင်ဟိုင်သူ့ကို ပြန်လည်သက်သာလာရန် အခွင့်အရေးမပေးဘဲ နောက်တစ်ကြိမ် တိုက်ခိုက်လာတာကို တွေ့လိုက်ရသည်။
လက်သီးကျစ်ကျစ်ဆုပ်ရင်း ရှောင်ဟိုင် နက်မှောင်သည့်မျက်နှာပိုင်ရှင်၏ခေါင်းထိပ်ဆီသို့ အပေါ်ကနေ တုတ်တစ်ချောင်းဖြင့် ရိုက်ချသည့်ပမာ လွှဲယမ်းလိုက်၏။
အနက်ရောင်မျက်နှာ့ပိုင်ရှင်၏ အမူအရာက ခက်ထန်သွားသည်။ သူ့ပြိုင်ဘက်၏ ရုပ်ခွန်အားက သူနှင့်သိပ်မဝေးလောက်ပေ။
သူ့လက်အစုံကို အပေါ်သို့မြှောက်ပြီး ရှောင်ဟိုင်၏ ပြင်းထန်သောလက်သီးချက်ကို ကာကွယ်သည်။
တစ်ချိန်တည်းမှာပင် ခြေတစ်ဖက်ကို သူ့ရပ်တည်ရာနေရာ၌ တည်ငြိမ်စေရန် ခိုင်ခံ့စွာ ထားထားရင်း တခြားတစ်ဖက်ကို ရှောင်ဟိုင်ကိုယ်အောက်ပိုင်းဆီသို့ လွှဲယမ်းလိုက်၏။
သို့သော် မဆင်မခြင်လုပ်တတ်သည့်၊ ဂရုမစိုက်တတ်သူတစ်ယောင်ဖြစ်သည့် ရှောင်ဟိုင် ခြေကန်ချက်ကို သူ့ညာဘက်တင်ပါးအောက်သို့ ကျရောက်ခွင့်ပေးထားသည်။ အရိုးကျိုးသံများမြည်ဟီးသွားစဉ် သူ့လက်သီးအစုံကလည်း အနက်ရောင်မျက်နှာပိုင်ရှင်၏ မြှင့်ထားသောလက်ဖဝါးများကို အတင်းထိမှန်သည်။
ထိုးနှက်မှုအတွက် ထိုးနှက်မှုကိုလဲလှယ်ခြင်း!
အနက်ရောင်မျက်နှာပိုင်ရှင်၏ လက်များက တစ်ပြိုင်နက်တည်း ချိုင့်၀င်သွားပြီး သူ့အမူအရာက ရုတ်တရက်ပြောင်းသွားသည်။
သူမြေပေါ်၌ ချထားသည့်ခြေက ဒူးကနေ ကွေးစွားကာ လဲကျသွားရသည်။
အောက်က မြေကြီးကပေါက်ကွဲသွားသည့်အလား ချက်ချင်းကွဲအက်သွားကာ ပင့်ကူအိမ်ကဲ့သို့အက်ကြောင်းများ အပြင်သို့ပျံ့လာပြီး အောက်သို့ပြိုကျသွား၏။
စိတ္တဇကောင်!
ဒီကောင်က စိတ္တဇပဲ!
သို့သော် ဒီဖလှယ်မှုက အနက်ရောင်မျက်နှာပိုင်ရှင်ကို အလွန်အမင်းအရှက်ရစေပြီး ဒေါသထွက်စေသည်။
သူကဒူးထောက်ရန်အတွက် အတင်းတွန်းအားပေးခံရသည်။
သူဒေါသထွက်နေသော်လည်း ရှောင်ဟိုင်၏ လက်သီးများက ဘယ်တော့မှမဆုံးဘဲ မည်သည့်နာကျင်မှုမှ မဖြစ်စေသည့်အလား အနက်ရောင်မျက်နှာပိုင်ရှင်အား ဆက်လက်ထိုးနှက်နေသည်။
ရှောင်ဟိုင်ကို ကြည့်သောသူများကမူ သူရိုင်းစိုင်းစွာရယ်မောနေပြီး သူ့မျက်လုံးများက ပြင်းထန်ရက်စက်သည့် ဆန္ဒဖြင့် ပြည့်လျှမ်းနေတာကို မြင်ရသည်။
အနက်ရောင်မျက်နှာပိုင်ရှင်၏ ကိုယ်ခန္ဓာက မြေကြီးနှင့် တစ်လက်မချင်းစီ တဖြည်းဖြည်းပိုတိုးသွားသည်အထိ ထိုးနှက်ခံနေရသည်။
ဒီတိုက်ခိုက်မှုက ပြင်းထန်သည့်မုန်တိုင်းတစ်စင်းအလား အနက်ရောင်မျက်နှာပိုင်ရှင်ကို ထိရောက်သည့်ကာကွယ်မှုအား တစ်ခဏမျှ မလုပ်နိုင်ဖြစ်သွားစေလေရာ သူ့လက်အစုံကို ခေါင်းပေါ်မြှောက်ရင်း မရပ်မနားထိုးနှက်ချက်များစွာကို စိတ်ပျက်အားငယ်စွာသာ ခုခံနေရတော့သည်။
ဟုန်ရင်နှင့် ကျန်သောသူများ ဒီမြင်ကွင်းအပေါ် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အားကိုးရာမဲ့စွာ ခေါင်းခါယမ်းကြ၏။
"ဂျူနီယာမောင်လေးရှောင်ဟိုင်က နည်းနည်းကြမ်းလွန်းတယ်"
"ကြည့်ရတာ ဒီစစ်ပွဲက သူ့ကိုယ်ထဲမှာ ပေါင်းစပ်နေတဲ့ မကောင်းမှုကိုလည်း နှိုးဆွပေးပုံပဲ"
ဒါကကောင်းသလားဆိုးသလားဆိုတာ မသေချာပေ။
တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သည့်လွင်ပြင်အလွန်က စစ်ရှေ့တန်းတွင် အကြီးအကဲအားလုံးနှင့် မိစ္ဆာအရှင်၊ နတ်ဆိုးသခင်တို့ နောက်ဘက်က ထောက်ပံ့ရေးနေရာများ တိုက်ခိုက်ခံရပြီး ထောက်ပံ့ရေးပစ္စည်း၈၀ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟူသော သတင်းကို ရလိုက်ကြသည်။
အပိုင်း(1242) coming။