← Chapters

#‌ပုန်းအောင်းနေသည့်လှိုင်း#

Vol. 88 Ch. 1242

#‌ပုန်းအောင်းနေသည့်လှိုင်း#

Vol. 88 Ch. 1242

နေ၀င်ချိန်က သွေးပမာ။

လွင်ပြင်ထဲတွင် လက်မောင်းလုံးခန့်ထုသည့် အက်ကြောင်းများရှိနေပြီး လတ်ဆတ်သည့် သွေးများက သွေးစီးကြောင်းများအလား အထဲသို့စီး၀င်နေသည်။

စစ်မြေပြင်၏ရှေ့တန်းတွင် ငရဲနတ်ဆိုးဒေသ၏ တတိယတိုက်ခိုက်မှုက အင်မတန်မြန်ဆန်ကာ ပြင်းထန်သည်။

ကြိုတင်ပြင်ဆင်မှုများလုပ်ထားပြီး ထောင်ချောက်များ တပ်ဆင်ထားသည့်တိုင် ရန်သူ၏ စစ်တပ်ကို မတားနိုင်ပေ။

ဒါ့အပြင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း မရှိသဖြင့် ကာကွယ်ရေး၏ ခက်ခဲမှုက သိသိသာသာပင် တိုးတက်လာသည်။

အချိန်တိုအတွင်းမှာပင် ဆုံးရှုံးမှုများက အတော်လေးရက်စက်လွန်းသည်။

ယခုတွင်မူ ငရဲနတ်ဆိုးဒေသ၏ စစ်တပ်က လွင်ပြင်တစ်၀က်ကျော်ကိုပင် ဖြတ်ကျော်နေလေပြီ။ မြို့ရိုးများက သိပ်မဝေးတော့ပါ။

အင်မော်တယ်ဧကရာဇ်နှင့် တခြားသူများ ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြ၏။

"ယဲ့ချိုးပိုင်တို့ဆီက ဘာလှုပ်ရှားမှုမှ မရှိသေးဘူးလား၊ လက်ရှိအခြေအနေနဲ့ဆိုရင် ကျုပ်တို့ အကြာကြီးထိန်းထားနိုင်မှာ မဟုတ်တော့ဘူး"

မစ္စတာကလည်း သက်ပြင်းအနည်းကယ် ချသည်။

"ပထမတိုက်ခိုက်မှုနှစ်ကြိမ်ကျရှုံးခြင်းက ငရဲနတ်ဆိုးဒေသရဲ့ မျက်နှာကို လုံး၀ဖျက်ဆီးပစ်ခဲ့တယ်၊ ဆိုရိုးစကားရှိတဲ့အတိုင်းပဲလေ 'သုံးချက်တိုက်ပြီးတာနဲ့ မင်းပြီးသွားပြီ' ဆိုတဲ့အတိုင်းပဲ၊ ဒီတတိယတိုက်ခိုက်မှုမှာ သူတို့သေချာပေါက် ပြင်းထန်တဲ့တိုက်ခိုက်မှုကို လုပ်ဆောင်လိမ့်မယ်"

"ယဲ့ချိုးပိုင်တို့ ဒီမှာရှိမယ်ဆိုရင်တောင် သူတို့အရမ်းအရေးပါတဲ့အခန်းကဏ္ဍက ဆော့ကစားနိုင်မှာ မဟုတ်လောက်ဘူး၊ ရန်သူရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် ငါတို့ အပြင်းအထန်အားထုတ်နေမှာဖြစ်သလို ဒီမြို့ရိုးတွေကိုလည်း အပြတ်အသတ် ချိုးဖျက်ပစ်လိမ့်မယ်"

မှန်ပေသည်။

စစ်တပ်များ၏တိုက်ပွဲတွင် အဆင့်မြင့်စစ်သည်များအကြား လုံး၀အသာစီးမရဘဲနှင့် သေမျိုးနယ်မြေက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အကူအညီရှိလျှင်ပင် ငရဲနတ်ဆိုးဒေသ၏ များပြားပြီး အစွမ်းထက်သည့် အင်အားစုများနှင့် ရင်ဆိုင်ရာ၌ အသာစီးမရနိုင်ပေ။

"တကယ်တော့ အခုကျုပ်တို့ရဲ့ ကံတရားကို ယဲ့ချိုးပိုင်တို့ဆီမှာ ပုံအပ်ထားရုံပဲ တတ်နိုင်တော့တယ်" အင်မော်တယ်ဧကရာဇ် တောင်များအလွန်သို့ အကြည့်ပို့လွှတ်ရင်း ခပ်မှိန်မှိန်ပြောသည်။

"သူတို့ ကြီးမားတဲ့ဆူပူအုံကြွမှုတစ်ခုကို ဖြစ်စေနိုင်ဖို့ မျှော်လင့်ပါတယ်....."

ဒါကိုပြောနေစဉ် အင်မော်တယ်ဧကရာဇ် ခေါင်းခါယမ်းရင်း ခါးသီးစွာပြုံးလိုက်၏။

ငရဲနတ်ဆိုးဒေသ၏ ပထမ၊ ဒုတိယနှင့် တတိယတိုက်ခိုက်မှုတို့အတွက်ပင်လျှင် ယဲ့ချိုးပိုင်တို့အုပ်စုအပေါ် မူတည်အားကိုးနေရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

ဒါကအင်မော်တယ်ဧကရာဇ်အတွက် အထင်နှင့်အမြင်ခြားနားနေသည်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဘက်တွင် ငရဲနတ်ဆိုးဒေသစစ်တပ်နောက်တွင် အကြီးအကဲလေးဦး၏ မျက်နှာထက်တွင် အလွန်အမင်း မသက်မသာဖြစ်နေသည့် အမူအရာများရှိနေကြသည်။

သူတို့သတင်းပို့ချက်တစ်ခုရခဲ့ကြသည်။ ရန်သူက သူတို့နတ်အသိအာရုံကို ရှောင်ရှားနိုင်ခဲ့ပြီး တောင်များကိုဖြတ်ကာ ခံတပ်၌ မထင်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။ ဒါ့အပြင် စစ်သားအများကြီးကို တပ်စွဲထားသည့်တိုင် သူတို့ ထောက်ပံ့ရေးနှင့် အရင်းအမြစ် ၈၀ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးပစ်ခဲ့သည်။

ဒါ့အပြင် ရန်သူက သူတို့ခံတပ်ကို ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေဆဲပင်။

အစစ်အမှန်နတ်ဘုရားနယ်ပယ်တိုက်ခိုက်သူများ မလှုပ်ရှားနိုင်သလို အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်၀က်အဆင့်များက တိုက်ခိုက်သူများကို ရင်ဆိုင်ရာ၌ အသာစီးမရနိုင်ပေ။

ဒီလူငယ်အနည်းငယ်က သူတို့စစ်တပ်ကို အဆက်မပြတ် သတ်ဖြတ်နေတာကို သူတို့စောင့်ကြည့်နေရုံကလွဲပြီး တခြားဘာမှမလုပ်နိုင်။

"ဒါလုံး၀အဓိပ္ပာယ်မရှိဘူး" မဟာအကြီးအကဲအော်ဟစ်သည်။

"သူတို့ကိုကိုင်တွယ်ဖို့ ငါတို့မှာတကယ်ပဲ ဘာနည်းလမ်းမှမရှိတော့ဘူးမလား"

မျက်နှာက မိုးကြိုးကဲ့သို့မှောင်မိုက်နေသည့် အကြီးအကဲတစ်ဦး မှတ်ချက်ပြုသည်။

"ကြည့်ရတာ သူတိုငါတို့ကို နောက်ဆုတ်ဖို့အတွက် တွန်းအားပေးနေရုံပဲ၊ ငါတို့သာ နောက်ပိုင်းကျောရိုးကို ကာကွယ်ဖို့အတွက် နောက်မဆုတ်သွားဘူးဆိုရင် ရန်သူက ဒီသတ်ဖြတ်မှုကို အဆုံးမရှိဆက်လုပ်နေလောက်တယ်"

"သူတို့ကိုလျစ်လျူရှုပြီး နောက်ပိုင်းမှာ သတ်ဖြတ်ခွင့်ပေးထားပြီးတော့ ငါတို့က ရန်သူကို အပြီးတိုင်အနိုင်ယူဖို့ ဒီအခွင့်အလမ်းကို အသုံးချလို့မရဘူးလား"

အကြီးအကဲတစ်ဦး ခေါင်းခါယမ်းသည်။

"ငါတို့ရန်သူကို ဆက်လက်အစုလိုက်အပြုံလိုက်သတ်ခွင့်ပေးထားမယ်ဆိုရင် ငါတို့ရဲ့ထောက်ပံ့ရေးအရင်းအမြစ်အားလုံး လုံး၀ဖြတ်တောက်ခံရရုံတင်မက နောက်ပိုင်း တခြားနယ်မြေတွေကို တိုက်ခိုက်တဲ့အချိန်မှာလည်း သေစေလောက်တဲ့ သက်ရောက်မှုတစ်ခု ရှိလာနိုင်တယ်"

ဒီနေရာတွင် နောက်အကြီးအကဲတစ်ဦး လေးနက်စွာပြောလာသည်။

"အဲဒီနယ်မြေက ဒီနေရာကို တစ်ချိန်လုံး စောင့်ကြည့်နေတယ်ဆိုတာကို မင်းနားလည်ဖို့လိုတယ်၊ သူတို့က ငါတို့ကို တွန်းလှန်ဖို့အတွက် သေမျိုးနယ်မြေနဲ့ အင်မော်တယ်နယ်မြေကို မကူညီကြပေမယ့် ငါတို့ခွန်အားက သိသိသာသာ လျော့ကျသွားတာကို သူတို့သတိထားမိသွားတာနဲ့ ဒီအခွင့်အလမ်းကိုယူပြီး လှုပ်ရှားမှုတစ်ခု လှုပ်ရှားလာလောက်တယ်"

အကြီးအကဲသုံးဦး၏ ဆန်းစစ်ချက်များကို ကြားရသောအခါ မဟာအကြီးအကဲ အသက်ပြင်းပြင်းရှုရင်း ခံတပ်ရှိရာဘက်သို့ ကြည့်လိုက်သည်။

"ကြည့်ရတာ အဲဒီလူငယ်တွေက ငါတို့စိတ်နေစိတ်ထားကို နားလည်ထားဖို့ပဲ၊ ဒါကြောင့် သူတို့အထောက်အပံ့အားလုံးကို လုံး၀မဖျက်ဆီးဘဲ ၂၀ရာခိုင်နှုန်းချန်ထားခဲ့တာ၊ ဒီလိုလုပ်ခြင်းနဲ့ သူတို့ငါတို့ကို နောက်ဆုတ်ဖို့ တွန်းအားပေးနေတာပဲ....."

မှန်ပေသည်။ ဒါက ယဲ့ချိုးပိုင်တို့၏ ရည်ရွယ်ချက်ပေတည်း။

ကျောက်တုံးလေး၏ အာကာသကျွမ်းကျင်မှုနှင့်အတူ မုဖူရှန်း၏အဆောင်များကိုပါ ပေါင်းစပ်လိုက်ပါရ သူတို့ထောက်ပံ့မှုအားလုံးကို ဖျက်ဆီးပစ်ရန်ဟူသည် လွယ်လွန်းသည်။

သို့သော် ဒီလိုလုပ်တာက ငရဲနတ်ဆိုးဒေသကို လုံး၀ဒေါသထွင်သွားစေပြီး ဒေါသကြောင့် သူတို့ဆင်ခြင်တုံတရားကင်းမဲ့ကာ သေမျိုးနယ်မြေကို ဝိုင်းရံခြင်းသို့ ဦးဆောင်သွားပေလိမ့်မည်။

သူတို့သာ ၂၀ရာခိုင်နှုန်းချန်ထားပါက အနည်းငယ်ဆုံးတော့ ထောက်ပံ့ရေးအားလုံး အဖျက်ဆီးမခံရသဖြင့် မျှော်လင့်ချက်ရောင်ခြည်တစ်စွန်းတော့ ရှိဦးမည်။

"ဒါပေမယ့်ငါတို့အခုနောက်ဆုတ်ရင်..... ဒါက တတိယမြောက်တိုက်ခိုက်မှုဖြစ်ပြီး ငါတို့ ရန်သူရဲ့မြို့ရိုးကိုတောင် မဖျက်ဆီးနိုင်သေးဘူးဆိုရင် ကမ္ဘာကြီးက ငရဲနတ်ဆိုးဒေသကို ဘယ်လိုမြင်မလဲ" မျက်နှာစိမ်း အကြီးအကဲတစ်ဦး၏အမူအရာက သွေးနီရောင်ပြောင်းသွားသည့်အလားပင်။

အထက်တွင် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ကလည်း သတင်းကို လက်ခံရရှိကြပုံရသည်။

မိစ္ဆာသခင် ထူးမခြားနားစွာပြောသည်။

"နောက်ဆုတ်မယ်"

အကြီးအကဲလေးဦး ထိတ်လန့်သွားကြပြီး အထက်သို့မော့ကြည့်လိုက်စဉ် မိစ္ဆာသခင်၏ အမူအရာက တည်ငြိမ်နေတာကိုသာ တွေ့လိုက်ရသည်။

ဒါက.... မိစ္ဆာသခင်ရဲ့စရိုက်နဲ့ အတော်လေး မလိုက်ဖက်နေဘူးမလား!

ယေဘုယျအားဖြင့်ဆိုရပါက မိစ္ဆာသခင်က သူ့ခံစားချက်များကို ဖုံးကွယ်ရာ၌ နတ်ဆိုးဘုရင်ထက် ပိုမကျွမ်းကျင်သလို အနည်းငယ်မကျေမနပ်မှုကိုပင်လျှင် သူ့မျက်နှာထက်တွင် ဖော်ပြတတ်သည်။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ ဒေါသအရိပ်အယောင်လေးတောင် မရှိဘူးလား!

မဟာအကြီးအကဲ လျင်မြန်စွာပြောသည်။

"ဒါပေမယ့်....."

"ငါပြောပြီးပြီ...နောက်ဆုတ်မယ်" မိစ္ဆာသခင် မဟာအကြီးအကဲအား အေးစက်စွာ စိုက်ကြည့်သည်။

ဒါကိုကြားသောအခါ မဟာအကြီးအကဲ၏ ကျောရိုးက ချက်ချင်းချွေးအေးများနှင့် စိုရွှဲသွားပြီး လက်ဝှေ့ယမ်းကာ အော်ဟစ်သည်။

"နောက်ဆုတ်ကြမယ်"

ငရဲနတ်ဆိုးဒေသ၏စစ်တပ်က ပဟေဠိဖြစ်နေသော်လည်း သူတို့၏ ပုံမှန်လေ့ကျင့်မှုများကြောင့် အမိန့်ကို လျင်မြန်စွာ လိုက်နာကြသည်။

သူတို့ဆုတ်ခွာစဉ် ငရဲနတ်ဆိုးဒေသရှိ စစ်သားတိုင်း၏မျက်နှာက တုံ့ဆိုင်း၀န်လေးမှုနှင့် ဖိနှိပ်ထားသည့်ဒေါသဖြင့် ပြည့်နှက်နေသည်။

ငရဲနတ်ဆိုးဒေသ၏ စစ်တပ်က ဒီရေကဲ့သို့ နောက်ဆုတ်သွားတာကို မြင်ရသောအခါ သေမျိုးနယ်မြေက အင်မော်တယ်နယ်မြေက လူတိုင်း ကြက်သေသေသွားကြပြီးနောက် ကမ္ဘာတုန်လှုပ်ဖွယ်ရာအားပေးသံများဖြင့် ပေါက်ကွဲသွားကြ၏။

တကယ့်အခြေအနေကို သိကြသည့် အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများမှာ စိတ်သက်သာရာရစွာ သက်ပြင်းချရင်း အကြည့်များ ဖလှယ်လိုက်ကြ၏။

ကြည့်ရသည်မှာ ယဲ့ချိုးပိုင်တို့ဘက်က အောင်မြင်သွားပုံရသည်။

ထို့နောက် အင်မော်တယ်ဧကရာဇ် ရှေ့တိုးကာ အော်ဟစ်သည်။

"ဒီအောင်မြင်တဲ့ကာကွယ်မှုက လူတိုင်းရဲ့ အားထုတ်မှုကြောင့်ဆိုပေမယ့် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ မုဖူရှန်း၊ ရှီရှန်း၊ မု၀မ်အာ၊ ကျောက်တုံးလေးနဲ့ ဖန်ချန်းတို့ကို အများဆုံးချီးကျူးသင့်တယ်"

လုတိုင်းကြက်သေသေသွားကြ၏။ တကယ်တမ်းတွင် အရင်နှစ်ကြိမ်က သူတို့ပါ၀င်ထောက်ပံ့မှုများက အကြီးကျယ်ဆုံးဖြစ်ခဲ့သော်လည်း ဒီတစ်ကြိမ်တွင်မူ သူတို့မပေါ်လာခဲ့ကြပေ။

စစ်မြေပြင်က ကျိချန်းယောင်၊ ကျင်းဝူကျင်းနှင့် စုန့်ရှောင်တို့ကဲ့သို့ ပါရမီရှင်များပင်လျှင် အနည်းငယ်အံ့ဩသင့်သွားကြ၏။

၎င်းနောက် အင်မော်တယ်ဧကရာဇ် ရှင်းပြသည်။

"ယဲ့ချိုးပိုင်တို့က ရန်သူရဲ့အခြေစိုက်စခန်းထဲကို နောက်ကနေ စိမ့်၀င်ပြီး ရန်သူကို ပိုကြီးမားနဲ့ ပျက်စီးမှုကိုဖြစ်စေခဲ့တယ်"

ဒါကငရဲနတ်ဆိုးဒေသ နောက်ဆုတ်သွားရသည့် အကြောင်းရင်းပေတည်း။

ဒါကိုကြားသော် လူတိုင်း၏ အမူအရာက ထိတ်လန့်နေကြသည်။

သူတို့ရန်သူရဲ့ အခြေစိုက်စခန်းကို တိုက်ရိုက်စိမ့်၀င်ခဲ့တာလား၊ သူတို့ဒါကို ဘယ်လိုစီမံခဲ့ကြတာလဲ!

သို့သော် သူတို့ဘယ်လိုပင် လုပ်ခဲ့ပါစေ ဒီလိုမျိုးသာဆိုပါက ယဲ့ချိုးပိုင်တို့က အကြီးကျယ်ဆုံးချီးကျူးမှုနှင့် အမှန်တကယ် ထိုက်တန်သည်။

အောက်တွင်အောင်ပွဲခံနေကြသည့် လူအုပ်စုကိုကြည့်ရင်း မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ အိပ်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားကြသည့် အင်မော်တယ်ဘိုးဘေးသုံးဦးကို အေးစက်သည့်မျက်လုံးများဖြင့် ကြည့်သည်။

"အတော်လေးကို ပါးနပ်တဲ့အစီအစဉ်ပဲ" နတ်ဆိုးဘုရင် အေးစက်သည့်အသံဖြင့်ပြောသည်။

"သေမျိုးနယ်မြေက အတော်လေးကောင်းတဲ့ မျိုးစေ့တစ်ချို့ကို ထုတ်ပေးနိုင်ခဲ့တယ်လို့ ပြောရမယ်"

မုတ်ဆိတ်ထူသည့် အင်မော်တယ်ဘိုးဘေး ဦးညွတ်ကာ ခပ်ရေးရေးပြုံးသည်။

"ချီးမွမ်းတဲ့အတွက် ကျေးဇူးပါ"

အောက်က အလွန်အမင်းအောင်ပွဲခံနေကြသည့် သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက လူများကို ကြည့်ရင်း မိစ္ဆာသခင် အင်မော်တယ်ဘိုးဘေးသုံးဦးကို ပြန်ကြည့်ကာ နှာခေါင်းရှုံ့သည်။

"ဒါပေမယ့် မင်းတို့နည်းနည်းစောပြီး အောင်ပွဲခံနေကြပုံပဲ....."

မုတ်ဆိတ်ထူအင်မော်တယ်ဘိုးဘေး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီးနောက် တောက်ပစွာပြုံးသည်။

"အောင်မြင်မှုသုံးခုက တကယ့်ကို အောင်ပွဲခံစရာပါပဲ"

"ဟမ့်၊ ဒီစိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ပါတယ်"

ထို့နောက် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ သူတို့နေရာကနေ ချက်ချင်းပျောက်ကွယ်သွားကြ၏။

သူတို့နှစ်ယောက်ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း အင်မော်တယ်ဘိုးဘေးသုံးဦးစလုံး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏မျက်နှာ၌ လေးနက်သည့် အမူအရာများ ရှိနေကြသည်။

ရန်သူကသာ အရင်ကျရှုံးမှုနှစ်ကြိမ်ကကဲ့သို့ ဒေါသပို ပြသပါက သူတို့သိပ်စိတ်ပူလောက်မည်မဟုတ်။

သို့စေကာမူ ယခုရန်သူ၏တုံ့ပြန်မှုက အရမ်းကို တည်ငြိမ်လွန်းသည်။

သူတို့မှာ....တခြားအစီအစဉ်တွေရှိနေတာများ ဖြစ်နိုင်မလား......!

အပိုင်း(1243) coming။

All Chapters