#ဟွမ်ချင်း၊ နင့်မှာ ပြောစရာတစ်ခုခုရှိရင် ပိုကောင်းလိမ့်မယ်#
Vol. 88 Ch. 1243
စစ်တပ်က ထိပ်တိုက်တွေ့ဆုံသောအခါ ထောက်ပံ့ရေးပစ္စည်းများက အရေးအပါဆုံးပင်။
သို့စေကာမူ ကျင့်ကြံခြင်းလောက၏ ထောက်ပံ့ရေးရင်းမြစ်များက သာမန်သေမျိုးများနှင့် အတော်လေးကွာခြားသည်။
သာမန်သေမျိုးများက အစားအစာ၊ အစားအသောက်များကို အားကိုးရသော်လည်း ကျင့်ကြံခြင်းကမ္ဘာ၏ ထောက်ပံ့မှုများတွင်မူ ဆေးလုံးများ၊ အစီအရင်စာလိပ်များနှင့် အဆောင်လက်နက်မျိုးစုံပါ၀င်သည်။
စစ်ကာလအတွင်း အဂ္ဂိရတ်ဆရာများရှိနိုင်သော်လည်း ဒဏ်ရာများ၏ ကြီးမားသည့် အတိုင်းအတာက ဆေးလုံးများမပါရှိဘဲ အခင်းဖြစ်ရာနေရာက အဂ္ဂိရတ်ဆရာများက အချည်းနှီးဟုဆိုလိုသည်။
စွမ်းအားကြီးငရဲနတ်ဆိုးဒေသကပင် သူတို့၏ထောက်ပံ့မှုများကို ဆုံးရှုံးရန် မတတ်နိုင်ပါ။
နောက်ကွယ်ကအကြောင်းရင်းက ထိုအစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် အထက်အဆင့်ပုဂ္ဂိုလ်များ၏ စွမ်းအားက ပိတ်လှောင်ခံထားရပြီး ၀င်ရောက်စွက်ဖက်ရန် မစွမ်းသာသောကြောင့်ပင်။
မဟုတ်ပါက သေမျိုးနှင့်အင်မော်တယ်နယ်မြေတို့က ယခုအချိန်တွင် တိုက်ခိုက်မှုကို လုံး၀ခံနိုင်ရည်ရှိတော့မည်မဟုတ်။
ငရဲနတ်ဆိုးဒေသ၏ စစ်တပ် သူတို့ စစ်နောက်တန်းကို ပြန်လာစဉ် ပျက်စီးနေသည့် အခြေစိုက်စခန်းနှင့် အထောက်အပံ့များကို မြင်ရသောအခါ လူတိုင်း၏မျက်နှာက ပြာနှမ်းသွားကြသည်။
မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့က ဒီမြင်ကွင်းကို အေးစက်သည့် အမူအရာဖြင့် ကြည့်နေကြပြီးနောက် လက်ယမ်းပြသည်။
"ဒဏ်ရာရသူတွေ သွားကုသကြ"
သူတို့၏တည်ငြိမ်မှုကို မြင်ရသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
သူတို့ဘယ်လိုလုပ် ဒီလောက်တည်ငြိမ်နိုင်ရတာလဲ၊ အထောက်အပံ့၈၀ရာခိုင်နှုန်းကျော် ဖျက်ဆီးခံလိုက်ရတာလေ!
မိစ္ဆာလှံစစ်တပ်မှ တပ်မှူးတစ်ယောက် ရဲတင်းစွာပင် မြေပေါ်ဒူးထောက်ကာ ကျယ်လောင်စွာအော်ဟစ်သည်။
"မိစ္ဆာအရှင်မင်းကြီး၊ နတ်ဆိုးအရှင်မင်းကြီး၊ တိုက်ခိုက်မှုသုံးခုက ကျရှုံးသွားခဲ့ပြီဖြစ်သလို ရန်သူကလည်း ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းကို ရုတ်တရက် ၀င်တိုက်ခဲ့တာမို့ ငရဲနတ်ဆိုးဒေသရဲ့ ဂုဏ်ကျက်သရေကို လုံး၀ဆုံးရှုံးသွားပါပြီ"
တစ်ယောက်စကားပြောလာစဉ် အချိန်အတော်ကြာ ခံစားချက်များကို ဖိနှိပ်ထားခဲ့ရသည့် ငရဲနတ်ဆိုးဒေသက ကျန်သောသူများကလည်း ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
"ငရဲနတ်ဆိုးဒေသရဲ့ ဂုဏ်ကျက်သရေကို လုံး၀ဆုံးရှုံးသွားပါပြီ"
နှစ်ဘက်ကြားက တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်က အတော်လေးကြီးမားလွန်းသည့် အခြေအနေအပြင် နှစ်သောင်းချီကြာ ဖိနှိပ်ခံရမှုက ငရဲနတ်ဆိုးဒေသ၌ ဒေါသနှင့် စိတ်ပျက်မှုကို စုစည်းစေခဲ့သည်။
သူတို့၏တိုက်ခိုက်မှုသုံးခုစလုံးက ကျရှုံးခဲ့ရသည်။
ငရဲနတ်ဆိုးဒေသ၏ ဂုဏ်ယူရသည့်စစ်တပ်က ဒါကိုဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။
အမှောင်ထုထဲတွင် ဒူးထောက်နေကြသည့် လူအုပ်စုကြီးကို ကြည့်ရင်း တစ်ချို့က သေခြင်းတရား၏ နှုတ်ခမ်း၀တွင် ရှိနေသည့်တိုင် နတ်ဆိုးဘုရင်၏မျက်နှာက တည်ငြိမ်နေသေးသည်။
"တိုက်ခိုက်မှုသုံးကြိမ်၊ ရန်သူရဲ့ အရင်းအမြစ်နဲ့ လူအင်အားက ဘယ်လောက်ထိ ကုန်ခမ်းသွားခဲ့လဲ"
"ဒါက....."
အောက်ကလူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။
ရန်သူ၏လူအင်အားက တစ်၀က်နီးပါး လျော့ကျသွားခဲ့သည်။
တတိယမြောက်တိုက်ခိုက်မှုတွင် ခုခံမှုက ပထမနှစ်ခုကထက် သိသာစွာပင် ပိုအားနည်းခဲ့သည်။
မိစ္ဆာသခင်ကလည်း ပြုံးသည်။
"ဒါ့အပြင် ငရဲနတ်ဆိုးဒေသက ရက်စက်တဲ့သူတွေလိုပဲ ရှေ့ကိုပဲ သွားတိုက်ခိုက်တယ်လို့ မင်းတို့ထင်ကြတာလား၊ ငါတို့အနိုင်ရဖို့ လိုပေမယ့် ဆုံးရှုံးမှုအနည်းဆုံးနဲ့ နိုင်ဖို့ကိုလည်း ကြိုးစားရမယ်"
မဟာအကြီးအကဲ ၀မ်းမြောက်စွာပင် ချက်ချင်းပြောလာသည်။
"အရှင်သခင်နှစ်ဦးမှာ အစီအစဉ်တွေ ချထားပြီးသား ရှိနေတာများလား"
နတ်ဆိုးဘုရင်အနည်းငယ် ခေါင်းညိတ်ပြီးနောက် မိစ္ဆာလှံတပ်က အရင်ဆုံးစကားပြောလာသည့် တပ်မှူးကို အထင်အမြင်သေးသည့် အကြည့်ဖြင့်ကြည့်ရင်း နောက်လှည့်ထွက်သွားပြီးနောက် စာသားတစ်ကြောင်းတည်းသာချထားခဲ့သည်။
"သူ့ကိုသတ်ပစ်လိုက်၊ စစ်တပ်ရဲ့စိတ်ဓာတ်ကို နှောင့်ယှက်ဖျက်ဆီးတာက တကယ့်ကို ကြီးမားတဲ့ ပြစ်မှုပဲ"
.....
တစ်ချိန်တည်းမှာပင် မြို့ရိုးထိပ်တွင် ငရဲနတ်ဆိုးဒေသ၏ စစ်တပ်နောက်ဆုတ်သွားပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ရန်သူ့အခြေစိုက်စခန်းက ထွက်ခွာရန်အတွက် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးကာ မြို့ရိုးသို့ ပြန်လာခဲ့ကြသည်။
ထို့နောက် သူအခြေအနေရပ်ကို လူတိုင်းရှေ့တွင် အစီရင်ခံတင်ပြသည်။
နတ်သခင်ဟောင်တျန်း ရယ်မောရင်း ရှေ့တိုးကာ ယဲ့ချိုးပိုင်ပခုံးကို ပြင်းထန်စွာ ပုတ်သည်။
"တော်တယ်ကောင်လေး၊ အရမ်းတော်တယ်၊ မင်းတို့ဒီလောက်အများကြီး လုပ်နိုင်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
"ဒီတစ်ကြိမ်တော့ ငရဲနတ်ဆိုးဒေသရဲ့ တိုက်ခိုက်မှုကို ငါတို့ခုခံနိုင်ခဲ့တယ်၊ အင်မော်တယ်ဧကရာဇ်နဲ့ တခြားသူတွေပြောတာ မှန်တယ်၊ မင်းတို့အားလုံးက ချီးကျူးအထိုက်ဆုံးသူတွေပါပဲ"
ဒီအခိုက်အတန့်မှာပင် ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကလည်း ရှေ့တိုးလာကြပြီး ယင်ယန်နတ်သခင် မျက်နှာလိုမျက်နှာရအပြုံးဖြင့်ပြောတာကို ကြားလိုက်ရသည်။
"မှန်ပါတယ်၊ အရင်က နှစ်ကြိမ်လည်း အပါအ၀င်ပေါ့၊ မင်းတို့ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့တကယ်မကာကွယ်နိုင်လောက်ဘူး"
သခင်ဟွမ်စကားမပြောသော်လည်း သူ့အမူအရာက အကုန်လုံးကိုပြောပြနေသည်။
နတ်သခင်ဟောင်တျန်း ဘေးကနေ နှာခေါင်းရှုံ့လိုက်သလို ခေးအောစ့်အနှစ်သာရဓားသခင်ကလည်း ဒီမြင်ကွင်းကို ထူးမခြားနားစွာကြည့်နေသည်။
ဒါကအတော်လေးပုံမှန်သာ။ ဒီတိုက်ပွဲသုံးခုအတွင်း ယဲ့ချိုးပိုင်တို့၏ စွမ်းဆောင်ရည်များက သူတို့ခွန်အားကို ပြသရန် လုံလောက်ပါသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်အောက်တွင် မည်သူမှ သူတို့ကို အနိုင်မယူနိုင်တော့ဟု ဆို၍ရသည်။ ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကလည်း သူတို့က ဒီလူငယ်လေးတွေရဲ့ ပြိုင်ညက်မဟုတ်တော့တာကို သိပါသည်။
သူတို့သာ သနားကရုဏာအတွက် မတောင်းပန်သလို ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ ခွင့်လွှတ်မှုကို အလျင်အမြန် အာမမခံနိုင်ပါက သူတို့၏ အသက်များကလည်း ဒီကိစ္စအပြီးတွင် သေချာပေါက် ဆုံးရှုံးရပေလိမ့်မည်။
ယခုသူတို့က တစ်ဘက်တည်းတွင် ရှိလျှင်ပင် ဖြစ်ပျင်ခဲ့သည့်အဖြစ်အပျက်များက ယဲ့ချိုးပိုင်တို့ကို လက်လွှတ်ခွင့်မပြုပါ။ သူတို့အား ရင်းနှီးသည့်အမူအရာတစ်ခုကို ပြသရန်ဟူသည်ဝေးစွ။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်တို့က သူတော်စင်များမဟုတ်ကြပေ။
ယဲ့ချိုးပိုင်က အထူးကာကွယ်တတ်သူဖြစ်သည်။ သူရှောင်ဟိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် အပြုံးဖြင့်ပြောသည်။
"ခင်ဗျားတို့နှစ်ယောက်က တစ်ခါတုန်းက သေမျိုးနယ်မြေရဲ့ ဩဇာကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ နတ်သခင်တွေဖြစ်နေတုန်းပါပဲ၊ ဒီလိုအပြုအမူမျိုးက နည်းနည်းအထင်အမြင်သေးစရာကောင်းတယ်လို့ ခံစားရစေပါတယ်"
သူ ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့၏ ပြန်လည်သင့်မြတ်ရန်အတွက် ကြိုးပမ်းမှုကို လုံး၀ငြင်းဆန်ခဲ့သည်။
ဒါကနှစ်ယောက်စလုံးကို ပိုအရှက်ရကာ ဒေါသဖြစ်စေပြီး တခြားသူများ၏ လှောင်ပြောင်နေသည့် အကြည့်များအောက်တွင် အလျင်အမြန်နောက်ဆုတ်ရင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်ဦးကိုတစ်ဦး အနည်းငယ် ခေါင်းညိတ်ပြသည်။
သူတို့တစ်ခုခုကို တွေးနေခဲ့ကြလောက်သည်။
"ကောင်းပြီ၊ မင်းတို့အရင်နားကြ၊ မင်းတို့အတော်လေး ပင်ပန်းနေလောက်ပြီ" အင်မော်တယ်ဧကရာဇ်ရှေ့တိုးလာသည်။
"တိုက်ပွဲအပြီးမှာ မင်းတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ဆုချီးမြှင့်ခံရမှာပါ၊ မင်းတို့ကို လျစ်လျူမရှုထားပါဘူး"
ယဲ့ချိုးပိုင်တို့ကလည်း ယခုလိုရည်ရွယ်ထားခြင်းပင်။ ရန်သူ့ခံတပ်ထဲကို၀င်ပြီး အင်အားကြီးရန်သူများစွာ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ခြင်းဖြင့် ဒဏ်ရာရပြီး အင်မော်တယ်အော်ရာများ ကုန်ခမ်းသွားရန်ဟူသည် သဘာ၀ကျပါသည်။
ထို့နောက် သူတို့လက်နှစ်ဖက်ဆုပ်ကာ ထွက်သွားကြသည်။
ငရဲနတ်ဆိုးဒေသ နောက်တစ်ကြိမ် ခိုး၀င်တိုက်ခိုက်ရန် ကြိုးစားခြင်းကနေ ကာကွယ်ရန်အတွက် အမှောင်သခင် ရန်သူ၏ ထိုးစစ်ကို ကာကွယ်ရန် တောင်များဆီသို့ လက်ရွေးစင်များစွာကို စေလွှတ်ခဲ့သည်။
အဆုံးတွင် ဒါကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အလစ်သုတ်တိုက်ခိုက်ရန် ရန်သူ့ခံတပ်ကို သွားရန်အကြံပေးပြီးနောက်မှသာ ရှာတွေ့ခဲ့ခြင်းပင်။
အကယ်၍ ဒါကိုသာရှာမတွေ့ခဲ့ပါက အကျိုးဆက်များက စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်။
သို့စေကာမူ တောင်ပေါ်သို့တပ်ဖွဲ့များစေလွှတ်ခြင်းက သေဆုံးမှုအတွက် ဖြစ်နိုင်ချေရှိသည်ဟုလည်း ဆို၍ရသည်။ ရန်သူ၏ သူလျှိုများနှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်များ၏ ရှာဖွေတွေ့ရှိမှုအောက်တွင် သူတို့၌ ပုန်းကွယ်စရာ နေရာရှိမည်မဟုတ်သည်မှာ သေချာသည်။
နောက်ပိုင်းရက်များက ငရဲနတ်ဆိုးဒေသက အထောက်အပံ့များကို ဖြည့်နေသည် သို့မဟုတ် ပြန်လည်အားဖြည့်နေသည်၊ သို့မဟုတ် တစ်ခုခုကို ကြံစည်နေသလားဆိုတာ မရှင်းလင်းသော်လည်း သူတို့တိုက်ခိုက်မှုတစ်ခုကို မစတင်လာသည်မှာ ခြောက်ရက်ပင် ကြာမြင့်သွားခဲ့သည်။
စိတ်ရှုပ်ထွေးနေသည့်တိုင် အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများ အရမ်းကြီးမတွေးတောကြပေ။ သူတို့ကလည်း ကြီးမားသည့် ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး အားဖြည့်ရန်နှင့် အရေးတကြီးပြန်လည်ကုသရန်ကို လိုအပ်သည်မဟုတ်ပေလော။
ကံကောင်းစွာပင် လုချန်ရှန်း၏ ကုသရေးအစီအရင်များအောက်တွင် တိုက်ပွဲ၌ သေလုနီးပါးဖြစ်ခဲ့ရသည့် စစ်သည်တစ်ချို့က မသေဆုံးခဲ့ရပေ။
ဒါက လုချန်ရှန်း၏ အစီအရင်များကြောင့်လည်းဖြစ်သည်။ မဟုတ်ပါက သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့က အင်အားစုတစ်၀က်ကျော်ကို ဆုံးရှုံးရပေလိမ့်မည်။
မြို့ရိုးနောက်က တဲတစ်လုံးထဲတွင် ကျိချန်းယောင် စိတ်ပျက်အားငယ်စွာပြောသည်။
"ကောင်းပါပြီ၊ စီနီယာလုဒီမှာရှိမှတော့ သူဒါတွေအားလုံးကို ဖြေရှင်းပေးမှာ အသေအချာပဲ"
ထို့နောက် သူမတဲကန့်လန့်ကာကိုမကာ ထွက်သွားသည်။
ကျိချန်းယောင်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အပြုံးချင်း ဖလှယ်လိုက်မိကြ၏။
"ဒီသူတော်စင်မိန်းမပျိုက ဆရာ့အပေါ် နက်ရှိုင်းစွာ စိတ်နှစ်ထားတာပဲ" ဟုန်ရင်က ဧကရီတစ်ပါးဖြစ်သည့်တိုင် ဒီလိုအတင်းအဖျင်းမျိုးတွင် သူမ၏စိတ်၀င်စားမှုက သာမန်လူထက် ပိုကြီးမားသည်။ သူမရယ်မောကာ ပြောသည်။
"ဒါပေမယ့် ဒီသူတော်စင်မိန်းမပျိုက ပါရမီဖြစ်စေ၊ ရုပ်ရည်အသွင်အပြင်ဖြစ်စေ၊ စရိုက်အရဖြစ်စေ၊ အရာအားလုံးမှာ ထိပ်တန်းပဲ၊ သူက သူ့ကိုယ်နေဟန်ပုံစံကို အများကြီး လျှော့ချထားတာကို ဆရာဘယ်လိုလုပ် မလှုပ်မယှက်နေနိုင်တာလဲ"
ကျောက်တုံးလေး လက်အစုံကိုဖြန့်လိုက်သည်။
"ဒုတိယစီနီယာအစ်မရေ၊ ဆရာက ဘယ်လိုလူမျိုးလဲဆိုတာ အစ်မလည်းသိတာပဲ၊ သူ့အတွက် အမျုးသမီးတွေဆိုတာက ရေကြီးခြင်းနဲ့ ကြမ်းတမ်းတဲ့သားရဲတွေလိုပဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"တကယ်ကို၀မ်းနည်းစရာပဲ၊ ဒါပေမယ့် အစ်မဟွမ်ချင်း......"
သူပြောနေစဉ်မှာပင် ယဲ့ချိုးပိုင် အစကတည်းက မနှစ်မြို့ဖွယ်ရာ အမူအရာတစ်ခုရှိနေသည့် ဟွမ်ချင်းအား လှည့်ကြည့်လိုက်မိသည်။
ယဲ့ချိုးပိုင် သူမအကြောင်းပြောလာတာကို ကြားသောအခါ ဟွမ်ချင်း၏မျက်နှာက လူသတ်လိုသည့်အကြည့်ဖြင့် ပြည့်နှက်သွား၏။
"အာ......" ယဲ့ချိုးပိုင် သူ့ပါးစပ်ကို အလျင်အမြန်ပိတ်လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
မုဖူရှန်းနှင့် နင်းချန်ရှင်းတို့၏ အမူအရာများက အနည်းငယ်လေးနက်နေတာကို သတိထားမိသည့်အပေါ် ဖန်ချန်းမေးလိုက်မိသည်။
"အစ်ကိုတို့၊ ဘာကိုတွေးနေကြတာလဲ"
ထိုစဉ် မုဖူရှန်းနှင့် နင်းချန်ရှင်းတို့ တစ်ပြိုင်နက်တည်းပြောတာကို ကြားလိုက်ရသည်။
"တစ်ခုခုမှားနေပြီ"
အပိုင်း(1244) coming။