← Chapters

#‌နတ်ဆိုးဘုရင်၏ အစီအစဉ်#

Vol. 88 Ch. 1244

#‌နတ်ဆိုးဘုရင်၏ အစီအစဉ်#

Vol. 88 Ch. 1244

တစ်ခုခုမှားနေတယ်!

မုဖူရှန်းနှင့် နင်းချန်ရှင်းတို့က အလုံးစုံအခြေအနေရပ်များ၌ အမြင့်အကျယ်ဆုံး သူများပေတည်း။

ဒါ့အပြင် သူတို့ခံစားချက်များက အမြဲလိုလိုမှန်နေတတ်သည်။

သူတို့နှစ်ယောက် ဒီစကားလုံးများကို ပြောလာသောအခါ ဟွမ်ချင်းအပါအ၀င် ယဲ့ချိုးပိုင်တို့အုပ်စု သူတို့အပေါ် အာရုံစိုက်လိုက်ကြ၏။

"မင်းတို့ဘာသတိထားမိတာလဲ" ယဲ့ချိုးပိုင်မေးသည်။

နင်းချန်ရှင်းနှင့် မုဖူရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မျက်ခုံးကျုံ့ကာ ရှင်းပြသည်။

"ငရဲနတ်ဆိုးဒေသရဲ့ လှုပ်ရှားမှုက အတော်လေးကို မှန်မနေဘူး"

"ထောက်လှမ်းရေးသတင်းတွေအရဆိုရင် သူတို့ရဲ့တတိယတိုက်ခိုက်မှုက အတော်လေးပြင်းထန်ခဲ့တာမို့ အရင်နှစ်ကြိမ်က အရှုံးတွေကို လက်မခံနိုင်ခဲ့တာ သိသာနေတယ်၊ ဆိုလိုတာက ငရဲနတ်ဆိုးဒေသက အတော်လေးကိုယ့်ကိုကိုယ် အထင်ကြီးတာပဲ"

"ဒါပေမယ့် ဒီတတိယအကြိမ်ကလည်း အရှုံးနဲ့ပဲအဆုံးသတ်သွားရတယ်၊ ယုတ္တိတန်စွာပြောရရင် စစ်သားတွေရဲ့ စိတ်ဓာတ်ကို တည်ငြိမ်အောင်လုပ်ဖို့နဲ့ သေမျိုးနယ်မြေနဲ့ အင်မော်တယ်နယ်မြေတို့ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားခဲ့ရတာကို သိနေတာဆိုတော့ သူတို့စတုတ္ထမြောက်တိုက်ခိုက်မှုအတွက် စစ်သားတွေစေလွှတ်ဖို့ အလျင်အမြန် လုပ်ဆောင်သင့်တာ"

မုဖူရှန်းခေါင်းညိတ်ရင်း ဆက်ပြောသည်။

"ဒါပေမယ့်ခြောက်ရက်တောင်ကြာသွားပြီ၊ လှုပ်ရှားမှုအရိပ်အယောင်တစ်ခုမှ မရှိသေးဘူး၊ သူတို့တစ်ခုခုကို ကြံစည်နေတာ ဖြစ်လောက်တယ်"

သူတို့နှစ်ဦး၏ပြောဆိုမှုကို ကြားရသောအခါ ဟုန်ရင်အပါအ၀င် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အတွေးနက်စွာ မျက်မှောင်ကြုတ်ရင်း ခေါင်းညိတ်ကြသည်။

မှန်ပေသည်။ ငရဲနတ်ဆိုးဒေသ၏ ဂုဏ်ယူမှုနှင့် မောက်မာမှုကိုထည့်တွက်ပါက သူတို့ဒီလောက်ကြာကြာ သည်းခံနိုင်မည်မဟုတ်ာ ကျိန်းသေသည်။

ဟွမ်ချင်းလက်ပိုက်ကာ ခပ်ပေါ့ပေါ့ပင် မေးသည်။

"ငါသွားပြီးစစ်ဆေးကြည့်ရမလား"

မုဖူရှန်းအံ့ဩသင့်သွားရသည်။

"အစ်မဟွမ်ချင်း၊ စုံစမ်းစစ်ဆေးမှုကို ဘယ်ကနေစရမလဲဆိုတာ သိတဲ့သဲလွန်စတစ်ခုခု အစ်မမှာရှိလို့လား"

သို့သော် ‌မျှော်လင့်မထားစွာပင် ဟွမ်ချင်းခေါင်းခါယမ်းပြီး သူမ၏အပြုအမူက တည်ငြိမ်နေသလို အသံကလည်း မယုံနိုင်စရာကောင်းလောက်အောင် အေးဆေးလွန်းသည်။

"သဲလွန်စတွေတော့မရှိဘူး၊ ဒါပေမယ့် သူတို့ဘာလုပ်နေသလံဆိုတာ သိရဖို့ သူတို့ခံတပ်ကိုအလည်အပတ်သွားရုံပဲမလား"

ဒီနေရာတွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အတိဆွံအသွားလေတော့သည်။

ဟွမ်ချင်းဆက်ပြောသည်။

"ငါသွားတိုက်ခိုက်မှာမဟုတ်ပါဘူး၊ ကင်းထောက်လုပ်ရုံပါပဲ၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်က ဘယ်သူမှ လှုပ်ရှားမှာလည်း မဟုတ်လောက်ပါဘူး"

ရုတ်တရက် မြို့ရိုးအထက်ကနေ အင်မော်တယ်ဧကရာဇ်၏ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာခဲ့သည်။

"ငရဲနတ်ဆိုးဒေသက တိုက်ခိုက်နေပြီ၊ အစီအရင်ဆရာတွေနဲ့ အဆောင်သခင်တွေ၊ နံရံပေါ်ကိုတက်ကြ၊ တခြားသူတွေက ရန်သူကို ရှေ့တန်းမှာ ရင်ဆိုင်ဖို့အတွက်ပြင်ဆင်ကြ"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အနည်းငယ် ပဟေဠိဖြစ်နေကြသည်။

ငါတို့ပဲ အရမ်းသံသယလွန်ကဲနေတာများလား!

ဟွမ်ချင်းလက်အစုံကိုဖြန့်လိုက်သည်။

"အခုလောလောဆယ်တော့ စောင့်ကြည့်နေဖို့ မလိုတော့ပုံပဲ"

ထို့နောက် သူမလှည့်ကာတဲထဲကနေ ထွက်သွားသည်။

"သွားကြစို့၊ အကြံအစည်တစ်ခုခုရှိနေတာဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒီတိုက်ခိုက်မှုက အဲဒါကို ဖော်ပြနိုင်လောက်တယ်" ယဲ့ချိုးပိုင်အပြုံးဖြင့် ပြောသည်။

.....

ဒီတိုက်ခိုက်မှုတွင် ငရဲနတ်ဆိုးဒေသက သူတို့၏ အရင်တိုက်ခိုက်ရေးပုံစံကို ပြောင်းပစ်ခဲ့သည်။

အရင်တိုက်ခိုက်မှုသုံးခုအနက် တစ်ခုစီက အရင်တစ်ခုထက်ပိုပြင်းထန်သလို ပို၍ အဆင်အခြင်မဲ့ပေသည်။

သို့သော် ယခုတစ်ကြိမ်တွင်ရော!

သူတို့မျှော်လင့်မထားစွာပင် ရှေးရိုးစွဲဆန်ဆန်တိုက်ခိုက်ကြသည်။

သူတို့၏ချီတက်မှာက အင်မတန်နှေးသည်သာမက သူတို့၏အာရုံကိုလည်း နတ်ဆိုးဒိုင်တပ်ကို တိုက်ခိုက်မှုများအား တွန်းလှန်ရာ၌ ပို့လွှတ်ရင်း နောက်တန်းက မိစ္ဆာလှံတပ်လေးသမားများ၏ အကူအညီနှင့်အတူ ဖြည်းဖြည်းချင်းချီတက်နေသည်။

သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့က နောက်ထပ်ထိခိုက်သေဆုံးမှုများကို တွေ့ကြုံခံစားနေရဆဲပင်။

ဒီတိုက်ပွဲက မျှော်လင့်ထားသည့်အတိုင်းပင် အင်အားတစ်စပြီးတစ်စ ကုန်ခမ်းသွားသည့် စစ်ပွဲတစ်ခုအဖြစ် ပြောင်းသွားရသည်။

ဒါက ခုနှစ်ရက်နှင့်ခြောက်ညလုံးလုံး ကြာမြင့်ခဲ့သည်။

လမ်းကြောင်းသုံးပုံနှစ်ပုံကို ချီတက်လာပြီးနောက် ငရဲနတ်ဆိုးဒေသတပ်များက အလိုလိုနောက်ဆုတ်သွားကြ၏။

ဒါက အင်မော်တယ်ဧကရာဇ်နှင့် ကျန်သောသူများကို အလွန်အမင်းပဟေဠိဖြစ်စေပြီး အထူးသဖြင့် မစ္စတာ၏ မျက်လုံးများကလည်း စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကြသည်။

အထက်တွင် အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း တစ်ခုခုမှားနေတာကို သတိထားမိသဖြင့် မုတ်ဆိတ်ထူအင်မော်တယ်ဘိုးဘေး ပထမဆုံးမေးလာသည်။

"မင်းတို့ငရဲနတ်ဆိုးဒေသ ဘာကိုစီစဉ်နေတာလဲ"

မိစ္ဆာသခင် နှာခေါင်းရှုံ့ရင်း သွားများကို ပြသလိုက်၏။

"စီစဉ်နေတယ်၊ ဒီသခင်က မင်းဘာပြောနေသလဲဆိုတာ မသိဘူး"

မြို့ရိုးပေါ်တွင် မုဖူရှန်းပြောသည်။

"သူတို့တစ်ခုခုကို အချိန်ဆွဲနေပုံပဲ"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဒါကို တွက်ဆမိသဖြင့် ခေါင်းညိတ်ကြသည်။

"မစ္စတာပြောခဲ့တာက ရှေးခေတ်တုန်းက သေမျိုးနယ်မြေမှာ ငရဲနတ်ဆိုးဒေသ တစ်ခါက နည်းဗျူဟာတစ်ခုကို သုံးခဲ့ဖူးတယ်တဲ့" ဟုန်ရင် မျက်ခုံးကြုတ်ကာ ပြောသည်။

"ပြိုင်ဘက်ရဲ့ဆန်းကြယ်အင်ပါယာအစောင့်တွေက ပုံရိပ်ယောင်အစီအရင်တွေမှာ ကျွမ်းကျင်ရုံတင်မက လူတွေရဲ့နှလုံးသားကို လှည့်ဖျားရာမှာလည်း ကျွမ်းကျင်တယ်"

လူတွေရဲ့နှလုံးသားကို လှည့်ဖျားတာလား!

ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်သည်။

"ဂျူနီယာညီမလေးဆိုလိုချင်တာက ပြိုင်ဘက်က အချိန်ဆွဲနေရတဲ့အကြောင်းရင်းက သူတို့ဆန်းကြယ်အင်ပါယာအစောင့်တွေကို အထဲကနေ ငါတို့ကိုမတည်ငြိမ်အောင်လုပ်ဖို့ သေမျိုးနယ်မြေထဲ စေလွှတ်ပြီးသားလား"

"ဒါပေမယ့် ဒါကအဓိပ္ပာယ်မရှိဘူးလေ" ရှောင်ဟိုင်စိတ်ရှုပ်ထွေးစွာပြောသည်။

"ပြိုင်ဘက်ရဲ့ခွန်အားအရဆိုရင် သူတို့ ဒီအတိုင်းအတာအထိ သွားနေစရာမှမလိုတာ၊ မြို့ရိုးတွေကို ကျော်ဖြတ်ဖို့ဆိုတာက အချိန်တစ်ခုပဲလိုတာလေ"

"ဒါ့အပြင် ဦးလေးလျိုက အမှောင်ပိုင်နက်က လူတွေကို စစ်တပ်ထဲမှာ ကင်းလှည့်ဖို့ အမြဲဦးဆောင်နေတာဖြစ်ပြီး ဘာတစ်ခုမှ မူမမှန်တာကိုလည်း ရှာမတွေ့ခဲ့ပါဘူး"

"ဒါတင်မဟုတ်ဘူး၊ ဆန်းကြယ်အင်ပါယာအစောင့်တွေကို မြို့ရိုးထဲကို ပို့ဖို့အတွက် လွင်ပြင်ကို ဖြတ်ကျော်ဖို့လိုတယ်၊ တိုက်ပွဲတိုင်းအပြီး မြို့ကိုပြန်လာသူတိုင်းမှာ ဘယ်သူပဲဖြစ်နေပါစေ စစ်ဆေးမှုခံယူရတာပဲ၊ ဒီနည်းနဲ့ ကျွန်တော်တို့စစ်တပ်ထဲကို စိမ့်၀င်ဖို့‌ဆိုတာက လုံး၀မဖြစ်နိုင်ဘူး"

မုဖူရှန်းခေါင်းညိတ်သည်။

"စီနီယာအစ်ကိုရှောင်ဟိုင်ပြောတာ အဓိပ္ပာယ်အများကြီးရှိပါတယ်၊ ဒါပေမယ့် ဒါကလည်း ထူးဆန်းတယ်လို့ ကျွန်တော်ထင်မိတယ်၊ လှည့်စားဖို့နဲ့ ဘက်ပြောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်မဟုတ်ဘူးဆိုရင် ဘာလို့အချိန်ဆွဲနေရတာလဲ"

ဓားနှလုံးသားနက်ရှိုင်းမှုကို ပိုင်ဆိုင်ထားသည့် ဓားသမားတဖြစ်လဲ ယဲ့ချိုးပိုင်ကလည်း မကောင်းသည့်နိမိတ်များကို အာရုံခံမိသည်။

ထို့နောက်သူလေးနက်စွာပြောသည်။

"ဒါပေမယ့် ဒီလိုဖြစ်နိုင်ချေကရှိနေတုန်းပဲ၊ ဘေးကင်းစေဖို့အတွက် အင်မော်တယ်ဧကရာဇ်ကို စကားပြောပြီး စစ်တပ်ကို သေချာစစ်ဆေးဖို့ အမိန့်ပေးဖို့ ပြောကြရအောင်"

လူတိုင်းခေါင်းညိတ်သည်။

အင်မော်တယ်ဧကရာဇ်နှင့် သူတို့သံသယများကို ဝေမျှပြီးနောက်တွင် အင်မော်တယ်ဧကရာဇ် ဒါကိုအလေးအနက်ထားပြီး အမှောင်သခင်ကို ချက်ချင်းဆင့်ခေါ်ကာ စစ်ဆေးမှုလုပ်ရန်အတွက် ယုံကြည်ရသောသူများကို အားကိုးရန် ပြောခဲ့သည်။

ဒါ့အပြင် သူတို့ရန်သူကို သတိ၀င်သွားစေ၍မရပေ။

မဟုတ်ပါက ပြိုင်ဘက်က သေချာပေါက် သတိထားမိပြီး သဲလွန်စ သို့မဟုတ် ခြေရာများကို ဖျက်ဆီးပစ်နိုင်သည်။

သေမျိုးနယ်မြေတွင် အတွင်းရေးစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေစဉ် ငရဲနတ်ဆိုးဒေသ၏ ခံတပ်၌ အနက်ရောင်၀တ်ရုံ၀တ်ထားပြီး ကိုယ်ခန္ဓာပုံသဏ္ဍာန်ကို မဖော်ထုတ်ပြသလို ကျားမလားဆိုတာကိုပင် မခွဲခြားအောင်လုပ်ထားသော အသံကိုပင် ပြောင်းထားသည့် လူတစ်ယောက် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်ရှေ့တွင်ပေါ်လာသည်။

အနက်၀တ်လူက ဒူးမထောက်ဘဲ ယင်းအစား လက်နှစ်ဖက်နှင့်ဦးညွတ်ကာ ပြောသည်။

"အရှင်သခင်တို့၊ တစ်ဘက်လူက စပြီးသံသယ၀င်နေလောက်ပြီ၊ ကျွန်တော်တို့..."

ဒီနေရာတွင် အနက်၀တ်လူက သူ့လည်ပင်းကို လက်ဟန်ဖြင့် လှီးဖြတ်ရမလားအသွင်ပြသည်။

သို့စေကာမူ မိစ္ဆာသခင်မဲ့ပြုံးပြုံးရင်း နတ်ဆိုးဘုရင်ဘက်သို့လှည့်လိုက်၏။

"မလိုပါဘူး၊ သူတို့စစ်ဆေးပါစေ၊ ဒါက နတ်ဆိုးဘုရင်ရဲ့ အစီအစဉ်နဲ့ အတော်လေးကို ကိုက်ညီတယ်"

နတ်ဆိုးဘုရင်ခေါင်းညိတ်ရင်း အေးစက်စွာပြောသည်။

"အရင်ကစီစဉ်ထားနဲ့အတိုင်းဆက်လုပ်ပါ၊ ကျန်တာတွေစိတ်မပူနဲ့"

အနက်၀တ်လူ၏ခေါင်းက အနည်းငယ်လှုပ်ရှားသွားပြီးနောက် ခေါင်းညိတ်သည်။

"နားလည်ပါပြီ"

ထို့နောက် အနက်ရောင်၀တ်ရုံက တွန့်လိပ်သွားပြီး နောက်တဒင်္ဂ၌ သူခန်းမကနေ ပျောက်ကွယ်သွား၏။

ဒါကိုမြင်သော် မိစ္ဆာသခင် အပြုံးကို သိမ်းဆည်းလိုက်သည်။

"မင်းတကယ်သေချာလား"

နတ်ဆိုးဘုရင်ခေါင်းညိတ်သည်။

"အရင်ကတည်းက ဒီတည်ရှိမှုကို ငါမရှင်းမလင်းခံစားနေရတယ်၊ ဒါမှားမှာမဟုတ်ဘူး"

"အင်း၊ ငါတို့အဲဒီလူကို တွေ့တာနဲ့ ငါတို့ရဲ့ငရဲနတ်ဆိုးဒေသက အမြင့်တွေဆီ ပျံသန်းသွားနိုင်ပြီး အင်မော်တယ်နယ်မြေဆိုတဲ့ ပုံရိပ်တစ်ခုကိုတောင် ထိုးနှက်နိုင်လောက်တယ်" မိစ္ဆာသခင်၏ မျက်နှာထက်၀ယ် ရူးသွပ်သည့်အပြုံးတစ်ပွင့်ရှိနေသည်။

နတ်ဆိုးဘုရင် သူ့ကိုစိုက်ကြည့်ရင်း အေးစက်စွာပြောသည်။

"သူက ငါတို့နတ်ဆိုးနယ်မြေက လူတွေထဲကတစ်ယောက်ပဲ၊ မင်းနဲ့ဘာဆိုင်လို့လဲ"

မိစ္ဆာသခင်ကျယ်လောင်စွာ ရယ်မောရင်း နတ်ဆိုးဘုရင်၏ပခုံးကို ပုတ်ရင်းကြိုးစားလိုက်သော်လည်း ရှောင်ရှားခံလိုက်ရသည်။ သူ့မျက်လုံး၌ အေးစက်သည့်ပြတ်သားသော အလင်းတစ်ချက် ဖြတ်သန်းသွားပြီးနောက် ပြုံးရင်းပြောသည်။

"မိစ္ဆာနယ်မြေနဲ့ နတ်ဆိုးနယ်မြေတို့က မိသားစုတစ်ခုပဲလေ၊ မင်းဘာလို့ ဒီလောက် ရှင်းလင်းနေစရာလိုလို့လဲ"

နတ်ဆိုးဘုရင် ထူးမခြားနားစွာပြောသည်။

"တစ်ချို့အရာတွေကို ခွဲခြားဖို့လိုသေးတယ်"

"ဒီတော့ သူတို့တွေ့တဲ့အခါကျမှ ဒီအကြောင်းကို ပြောကြတာပေါ့"

......

စုံစမ်းစစ်ဆေးမှုအပြီးတွင် စစ်တပ်အတွင်း သံသယဖြစ်ဖွယ်ရာ သို့မဟုတ် ကြောက်စရာကောင်းသည့်လူများဟူ၍မရှိပါ။

မုဖူရှန်း အမှောင်သခင်ကို ကြည့်ရင်းမေးသည်။

"ယင်ယန်နတ်သခင်နဲ့ သခင်ဟွမ်တို့ကရော"

အမှောင်သခင် လျိုကျိယုကို ကြည့်လိုက်စဉ် သူခေါင်းခါယမ်းရင်းပြောသည်။

"သေချာတာပေါ့၊ သူတို့ကိုလည်း စစ်ဆေးခဲ့ပေမယ့် ထူးခြားတာဘာတစ်ခုမှ မတွေ့ရပါဘူး"

"သူတို့က ထူးထူးခြားခြားတည်ငြိမ်နေပုံပဲ"

ဒီနေရာတွင် နင်ချန်ရှင်းချက်ချင်းမေးလာသည်။

"ဦးလေးလျို‌ဆိုလိုတာက သူတို့က ထူးထူးခြားခြားတည်ငြိမ်နေတ‌ယ်ပေါ့"

အပိုင်း(1245) coming။

All Chapters