#ငရဲနတ်ဆိုးဒေသ၏ အပြင်အဆင်#
Vol. 88 Ch. 1245
ငြိမ်သက်မှု#!
တစ်ခါတစ်ရံ စစ်ဆေးမှုအတောအတွင်း တည်ငြိမ်နေခြင်းသောသူက သံသယကနေ လွတ်မြောက်သွားပြီဟု ဆိုလိုခြင်းမဟုတ်။ ဒါက သူတို့တစ်ယောက်ချင်းစီ၏ အခြေအနေရပ်များအပေါ် မူတည်သည်။
တခြားသူများသာဆိုရပါက ဒါက မမှန်လောက်သော်လည်း ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့အတွက်မူ ယခုလိုအခြေအနေအောက်တွင် အလွန်အမင်းတည်ငြိမ်နေရန်ဟူသည် မဖြစ်နိုင်ပေ။
နှစ်ယောက်စလုံးတွင် ရှောင်ဟိုင်နှင့် ငြိမ်းချမ်း၍မရနိုင်တော့သော သေစေလောက်သည့်ရန်ငြိုးရှိသည်။
ရှောင်ဟိုင်အပါအ၀င် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အလွန်အမင်းအားကောင်းလာပြီး အထိန်းအချုပ်မဲ့လာတာကို မြင်ရသောအခါ သူတို့၏နှလုံးသားများက ရှောင်လွှဲ၍မရနိုင်သော ပြင်းထန်သည့် အကြောက်တရားများနှင့် ပြည့်နှက်နေပေလိမ့်မည်။
ဥပမာမြို့ရိုးထိပ်တွင် သူတို့ရှောင်ဟိုင်နှင့် ငြိမ်းချမ်းရေးရှာဖွေရန်အတွက် သွားခဲ့သော်လည်း အငြင်းခံလိုက်ရသောအခါ နတ်သခင်နှစ်ဦးအနည်းငယ် ပျာယာခတ်သွားကြပုံရသည်။
ယခုတွင်လည်း အမှောင်ပိုင်နက်၏ စစ်ဆေးခြင်းကို ခံရလေရာ သူတို့ ကြောက်စိတ်တစ်ချို့ပြသတာ သို့မဟုတ် တစ်ချို့စိုးရိမ်ပူပန်ကြသည့် ခံစားချက်များပြသမည်မှာ ရှောင်လွှဲ၍မရပေ။
အနည်းဆုံးတော့ သူတို့သေချာပေါက် အရမ်းကြီးမတည်ငြိမ်သင့်ပေ။
ယခုလိုအခြေအနေရပ်များအောက်တွင် ဖြစ်နိုင်ချေနှစ်ခုတည်းသာရှိသည်။
ပထမတစ်ခုက ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ တိုက်ပွဲပြီးဆုံးသောအခါ သူတို့အသက်နှင့်စွမ်းအားကို ထိန်းသိမ်းပေးထားနိုင်သည့် အားကောင်းသောနောက်ခံတစ်ခုကို ရှာတွေ့သွားခဲ့ခြင်းပင်။
ဒုတိယက သူတို့တွင် ဖုံးကွယ်စရာတစ်ခုခုရှိသဖြင့် တည်ငြိမ်စွာ ဟန်ဆောင်ရန် လိုအပ်ခြင်းဖြစ်သည်။
ဘယ်တစ်ခုပင်ဖြစ်နေပါစေ သူတို့အား သံသယ၀င်ရန် လုံလောက်နေလေပြီ။
နင်းချန်ရှင်း၏သတိပေးချက်ကို ကြားသောအခါ လျိုကျိယုနှင့် အမှောင်သခင် ရုတ်တရက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထိုးဖောက်မည့်လမ်းကြောင်းတစ်ခု တွေ့ခဲ့လေပြီ။
အင်မော်တယ်ဧကရာဇ် လေးနပ်သည့်အသံဖြင့်ပြောသည်။
"သူတို့ကို ချက်ချင်းဖမ်းဆီးကြ၊ အဖိုးကြီးယန်၊ အမှောင်သခင်၊ ဒါကို ခင်ဗျားတို့နှစ်ယောက်ကို လက်လွှဲပေးလိုက်တော့မယ်"
ဘိုးဘေးနယ်ပယ်အစွန်းတွင် ရှိသည့် သူတစ်ယောက်တဖြစ်လဲ နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်နှစ်ယောက်ကို ဖမ်းရန်ကို အဖိုးကြီးယန် ကိုင်တွယ်နိုင်ဆဲပင်။
အဖိုးကြီးယန်နှင့် အမှောင်သခင်တို့ ခေါင်းညိတ်ကြပြီးနောက် ချက်ချင်းဆိုသလို မူလနေရာကနေ ပျောက်ကွယ်သွားကြ၏။
သို့စေကာမူ များမကြာမီ သူတို့ပြန်လာစဉ် အဖိုးကြီးယန်နှင့် အမှောင်သခင်တို့၏ သုန်မှုန်နေသည့် အမူအရာများကို မြင်ရသောအခါ အင်မော်တယ်ဧကရာဇ် ချက်ချင်းမှန်းဆမိသဖြင့် မှောင်မိုက်သည့်မျက်နှာထားဖြင့်မေးသည်။
"သူတို့လွတ်မြောက်သွားကြပြီလား"
အဖိုးကြီးယန်ခေါင်းညိတ်သည်။
"တဲထဲက အော်ရာကိုကြည့်ရမယ်ဆိုရင် သူတို့ သိပ်မကြာသေးခင်က ထွက်သွားကြတာ"
အမှောင်သခင် သုံးသပ်သည်။
"ကြည့်ရတာ သူတို့နောက်ထပ်ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ခံနေပုံပဲ၊ မဟုတ်ဘူးဆိုရင် သူတို့တည်ငြိမ်ဟန်ဆောင်ပြီးနောက်မှာ ချက်ချင်းထွက်သွားမှာမဟုတ်ဘူး၊ ဒီလုပ်ရပ်တွေက သူတို့မှာ ဖုံးကွယ်စရာတစ်ခုခုရှိနေတာကို အတည်ပြုပါတယ်"
ဘေးကနေ မစ္စတာကလည်း လေးနက်စွာ ပြောလာသည်။
"ရှေးခေတ်တုန်းက သေမျိုးနယ်မြေကျရှုံးမှုရဲ့ အဓိကအကြောင်းရင်းက ငရဲနတ်ဆိုးဒေသရဲ့ အင်အားစုများစွာကို ၀င်နှောက်သိမ်းသွသ်းပစ်ခြင်းကြောင့်ပဲ၊ ငါတို့ ဒီရှုထောင့်မှာ အလားတူအမှားမျိုးကို ထပ်မလုပ်သင့်ဘူး"
အမှောင်သခင်ချက်ချင်းပြောသည်။
"ကျုပ် ယင်ယန်နတ်သခင်နဲ့ သခင်ဟွမ်တို့အကြောင်း သဲလွန်စတွေရှာဖို့ အမှောင်ပိုင်နက်က အရင်းအမြစ်အားလုံးကို စုစည်းလိုက်ပါမယ်"
အင်မော်တယ်ဧကရာဇ် အလေးအနက်ဆိုသည်။
"သူတို့ကိုအမြန်ဆုံးရှာပါ၊ တကယ်ပဲ ငရဲနတ်ဆိုးဒေသက ဆန်းကြယ်အင်ပါယာအစောင့်တွေဆိုရင်တော့ သူတို့သေမျိုးနယ်မြေထဲကို စိမ့်၀င်နေလောက်ပြီ"
လျိုကျိယု စိတ်ရှုပ်ထွေးမှုကို ဖော်ပြသည်။
"ဒါပေမယ့် သူတို့ဘယ်လိုစိမ့်၀င်လာတာလဲ"
ယဲ့ချိုးပိုင်ရုတ်တရက် ရှင်းဟုန်ယီကို တွေးမိသွားသဖြင့် လေးနက်စွာပြောသည်။
"စစ်တုရင်အပိုင်းအစတွေ.....သေမျိုးနယ်မြေထဲက ငရဲနတ်ဆိုးဒေသရဲ့ ပုန်းလျိုနေတဲ့ အပိုင်းအစတွေပေါ့၊ သူတို့အကြားမှာ ဆန်းကြယ်အင်ပါယာအစောင့်တစ်ချို့ ရှိလောက်တယ်"
ဦးတည်ချက်ကိုအတည်ပြုပြီးသည်နှင့် အမှောင်ပိုင်နက်ဦးဆောင်သည့် ထောက်လှမ်းရေးအင်အားစုများက သဲလွန်စများကို ချက်ချင်းစတင်ရှာဖွေသည်။
ယခုအချိန်တွင် ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က လုံး၀ပြောင်းရွေ့သွားခဲ့သည်။ သူတို့၏ အရင်းအမြစ်များဖြစ်စေ တပည့်များဖြစ်စေ ကမ္ဘာကြီး၏ မျက်နှာစာကနေ အငွေ့ပျံသွားသည့်အလား ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင် သေမျိုးနယ်မြေအတွင်း အသံတစ်သံပျံ့လာသည်။
သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့ တိုက်ပွဲလေးခုကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီး ငရဲနတ်ဆိုးဒေသကို ထိခိုက်စေခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် အင်အားစုများက အားအင်အလွန်အကျွံ ကုန်ခမ်းသွားပြီး တိုက်ပွဲဆက်လက်၀င်နိုင်စွမ်းပင် မရှိကြတော့ပါ။
ဒီသတင်းက သေမျိုးနယ်မြေ၏ လက်ရှိအခြေအနေအတွက် သေစေလောက်သည်။
စုရုံးလာခဲ့သည့်မျှော်လင့်ချက်က ဒီတဒင်္ဂမှာပင် စတင်ယိမ်းယိုင်လာသည်။
တစ်ခါတစ်ရံ မျှော်လင့်ချက်ရောင်ခြည်စွန်းတစ်ခုရှိခြင်းက ကြောက်စရာကောင်းနိုင်သည်။
သို့သော် တစ်ချို့အချိန်များတွင် မျှော်လင့်ချက်ရောင်ခြည်စွန်းက စတင်တုန်ယင်လာသောအခါ စတင်ပျက်စီးပြိုကွဲလာပြီးနောက် တကယ့်ကို ကြောက်စရာကောင်းလာတတ်သည်။
သို့စေကာမူ ဒီသတင်းပျံ့နှံ့မှုကြောင့်ပင် အမှောင်ပိုင်နက်ကလည်း အင်အားစုများစွာ၏ တည်ရှိမှုအကြောင်းကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။
ထို့ထဲတွင် ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း၏ တပည့်များပါ၀င်သည်။
ဒါ့အပြင် သေမျိုးနယ်မြေ၏ နံပါတ်တစ်ကုန်သည်များအသင်းဟု လူသိများသော တျန်ကျင်းကုန်သည်များအသင်းလည်း ပါ၀င်လေသည်။
ဒီသတင်းကိုသိရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပင် ထိတ်လန့်သွားကြ၏။
ရှီရှန်း၏မျက်နှာပေါ်၌ ရှုပ်ထွေးနေသည့်အမူအရာတစ်ခုရှိနေပြီး ခရမ်းရွှေတုံကင်ကို ထုတ်ယူကာ အတွေးထဲ နစ်မြောပျောက်ဆုံးနေပုံရသည်။
"ဒါပေမယ့်အခုဒါကို တွေးကြည့်တော့ တကယ်ပဲနည်းနည်းထူးဆန်းပုံပဲ" မုဖူရှန်း ရှီရှန်းငို စိုက်ကြည့်ပြီးနောက် မျက်ခုံးကျုံ့ကာ ပြောသည်။
"အဆင့်မြင့်ကြယ်နယ်မြေကို ၀င်လာပြီးနောက်ပိုင်း ကျွန်တော်တို့ တျန်ကျင်းကုန်သည်များအသင်းအကြောင်း ဘာတစ်ခုမှ မကြားရတော့ဘူး"
ယုတ္တိတန်စွာဆိုရပါက အရင်းအမြစ်များစွာကို ထိန်းချုပ်ထားသည့် သေမျိုးနယ်မြေက နံပါတ်တစ်ကုန်သည်များအသင်းတဖြစ်လဲ တျန်ကျင်းကုန်သည်များအသင်းက အဆင့်မြင့်ကြယ်နယ်မြေ၌ မတည်ရှိဘူးဆိုတာ မဖြစ်နိုင်ပေ။
သိူ့သော် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အဆင့်မြင့်ကြယ်နယ်မြေကို ၀င်လာပြီးနောက် တျန်ကျင်းကုန်သည်များအသင်း၏ မည်သည့်ခြေရာကိုမှ မတွေ့ခဲ့ပါ။
ဒါကခရမ်းရွှေတုံကင်ကို အသုံးမ၀င် ဖြစ်သွားစေသည်။
အမှောင်သခင်ခေါင်းခါယမ်းရင်း အားတင်းပြုံးလိုက်၏။
"ကြည့်ရတာ သူတို့ပြင်ဆင်မှုတွေက သူတို့ထင်ထားတာထက် စောပြီးစခဲ့ပုံပဲ၊ အမှောင်ပိုင်နက်ကတောင် ဒါကိုသတိမထားမိခဲ့ဘူး"
ယဲ့ချိုးပိုင်ယခုမေးလာသည်။
"ဒါဆိုအခုသူတို့ဘယ်မှာလဲ"
သူ့ဘေးက လျိုကျိယု၏ အမူအရာက ရှုပ်ထွေးနေဆဲပင်။
"အတိအကျတည်နေရာကိုတော့ မသိဘူး၊ ဒါပေမယ့် ငါတို့ရထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံရမယ်ဆိုရင်တော့ အခုယင်ယန်နတ်သခင်၊ သခင်ဟွမ်နဲ့ တျန်းကျင်းကုန်သည်းများအသင်းတို့က အနီ၀တ်အမျိုးသမီးတစ်ယောက်ရဲ့ အမိန့်အောက်မှာ ရှိနေကြပုံပဲ"
အနီ၀တ်အမျိုးသမီး!
ယဲ့ချိုးပိုင့်နှုတ်မှ လွတ်ခနဲထွက်သွားသည်။
"ရှင်းဟုန်ယီ"
လျိုကျိယုခေါင်းညိတ်သည်။
"ဖြစ်နိုင်ချေများတယ်"
စကားပြောရင်း သူမြေပုံတစ်ခုကို ဖြန့်လိုက်သည်။
"သေချာတိကျတဲ့သဲလွန်စတွေမရှိပေမယ့် ခြေရာတစ်ချို့ကိုတော့ တွေ့ခဲ့ပါတယ်"
ထို့နောက် သူမြေပုံပေါ်က အနီမှတ်တည်နေရာများစွာကို ညွှန်ပြသည်။
"သူတို့မကြာသေးခင်က ဒီကြယ်ဒေသတွေမှာ ခြေရာတွေချန်ထားခဲ့တယ်လို့ အစီရင်ခံထားတယ်၊ သူတို့အခုဘယ်မှာလဲဆိုတာ ရှာတွေ့ဖို့အတွက် ငါတို့ဒီတည်နေရာတွေကနေတဆင့် လိုက်ရှာလို့ရနိုင်တယ်"
ပထမက အဆင့်မြင့်ကြယ်နယ်မြေမှ ယင်ယန်ကြယ်ဒေသနှင့် အဖော်မဲ့ရှစ်ခွင့်ကြယ်ဒေသတို့ဖြစ်သည်။
ထို့နောက် နတ်ဆိုးဘုရင်ပိုင်နက်ထဲတွင်လည်း ခြေရာများရှိသည်။
ဒါကိုမြင်သော် ရှောင်ဟိုင်၏ အမူအရာက အနည်းငယ်တင်းကြပ်သွား၏။
၎င်းနောက် လမ်းကြောင်းအတိုင်းအောက်ဆင်းသွားပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကောင်းကင်ပိုင်နက်၊ အစရှိသည်တို့ပါပါ၀င်သည်။
ယင်ယန်ကြယ်ဒေသနှင့် အဖော်မဲ့ရှစ်ခွင်ကြယ်ဒေသကလွဲပြီး ဒီခြေရာများကို ချန်ထားခဲ့သည့်နေရာများက ယဲ့ချိုးပိုင်တို့အဖွဲ့ အရင်က ရောက်ဖူးသည့်နေရာများဖြစ်ပုံရသည်။
ဒါကိုသတိမူမိသောအခါ ယဲ့ချိုးပိုင်၏ အမူအရာက သိသိသာသာပြောင်းလဲသွားပြီး ရုတ်တရက် မုဖူရှန်းကို လှည့်ကြည့်လိုက်မိသည်။
မုဖူရှန်း၏အမူအရာကလည်း မည်းမှောင်သွားသည်။
"ကြည့်ရတာ သူတို့ရဲ့နောက်ထပ်ပစ်မှတ်က အဆင့်နိမ့်ကြယ်နယ်မြေဖြစ်ပုံပဲ"
ဟုန်ရင်ခေါင်းညိတ်သည်။
"ပြီးတော့ နယ်နိမိတ်မဲ့ဒေသမှာ ဖြစ်ဖို့များတယ်"
နယ်နိမိတ်မဲ့ဒေသ!
ဒါက အဆင့်နိမ့်ကြယ်နယ်မြေ၏ အားအကောင်းဆုံးဒေသတစ်ခုဖြစ်ပြီး မုဖူရှန်း၏ ဇာတိမြေ၊ နယ်နိမိတ်မဲ့မင်းဆက်၏ တည်နေရာလည်းဖြစ်သည်။
"ဒီတော့အခုဘာစီစဉ်ထားလဲ" လျိုကျိယုမေးသည်။
"မင်းတို့သွားကြမယ်ဆိုရင် ငရဲနတ်ဆိုးဒေသ ထပ်တိုက်ခိုက်လာရင် ကာကွယ်ဖို့ အတော်လေးခက်ခဲလောက်တယ်"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ကျွန်တော်တို့သွားရမယ်၊ ဒါပေမယ့် အားလုံးအတူတူသွားလို့မရဘူး"
မုဖူရှန်းပြောသည်။
"ကျွန်တော်သွားမယ်"
ရှောင်ဟိုင်နှင့် ရှီရှန်းတို့ကလည်း ထရပ်ကြသည်။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဒီလိုဆိုရင်တော့ မင်းတို့သုံးယောက်သွားကြပါ"
ဘေးက ဟွမ်ချင်းပြောသည်။
"ဒီလိုဆိုမှတော့ ငါလည်းသွားလို့ရတာပေါ့၊ ဘာပဲဆိုဆို ငါဒီမှာနေလည်း ဘာမှမလုပ်နိုင်ဘူးလေ၊ အဲတော့ နင်တို့နောက်လိုက်ပြီး ငရဲနတ်ဆိုးဒေသက အကြွင်းအကျန်တွေ ဘာလုပ်နေသလဲဆိုတာ ကြည့်ချင်တယ်"
အမှောင်သခင် လျိုကျိယုကို စိုက်ကြည့်လိုက်စဉ် လျိုကျိယု မုဖူရှန်းနှင့် ကျန်သောသူများဘေးတွင် နေရာဦးထားလိုက်တာကို တွေ့ရသဖြင့် အတိဆွံအသွားရသည်။
ဒီအခိုက်အတန့်မှာပင် မစ္စတာရှေ့တိုးလာသည်။
"ဂရုစိုက်ဖို့သတိရကြ၊ သူတို့ပန်းတိုင်က မင်းတို့ ဒါမှမဟုတ် မင်းတို့ထဲက တစ်ယောက်ဖြစ်နိုင်တယ်"
မုဖူရှန်းနှင့်ကျန်သောသူများ ခေါင်းညိတ်ပြီးနောက် တိတ်တိတ်လေး ထွက်သွားကြလေတော့သည်။
အပိုင်း(1246) coming။