← Chapters

#‌ရှောင်ဟိုင်ကို ပစ်မှတ်ထားတာလား!

Vol. 88 Ch. 1246

#‌ရှောင်ဟိုင်ကို ပစ်မှတ်ထားတာလား!

Vol. 88 Ch. 1246

နယ်နိမိတ်မဲ့နယ်မြေ!

ဒါကတစ်ခါက အဆင့်နိမ့်ကြယ်နယ်မြေ၏ အားအကောင်းဆုံးနယ်မြေတစ်ခုဖြစ်ခဲ့ပြီး ယခုအထိတိုင် အပေါ်ယံမျက်နှာပြင်၌ အားအကောင်းဆုံးဟု ယူဆရသည့်တိုင် ဒီထိပ်တန်းအင်အားစုများက သူတို့လူရိုင်းဒေသကို ဘယ်တော်မှ မကျော်လွှားနိုင်ဘူးဆိုတာ သိကြသည်။

အကြောင်းရင်းက ရိုးရှင်းပါသည်။

ယဲ့ချိုးပိုင်ကဲ့သို့ လူများက လူရိုင်းဒေသက ထွက်ပေါ်လာခြင်းပင် မဟုတ်ပေလော။

နယ်နိမိတ်မဲ့မင်းဆက်၊ ဧကရာဇ်နန်းတော် ပင်မခန်းမ၌ ဧကရာဇ်အကြံပေးက ပလ္လင်ပေါ်တွင် ထိုင်နေသည့် မုကျန်းထင်အား အစီရင်ခံတင်ပြသည်။

"အရှင်ဧကရာဇ်၊ စားနပ်ရိက္ခခုနှစ်ကြိမ်မြောက်အသုတ်ကို ရှေးဟောင်းစစ်မြေပြင်ကို ပို့ပြီးပါပြီ"

မုကျန်းထင် စာလိပ်ပေါ်က အထောက်အပံ့များစာရင်းကို ကြည့်ရင်း အနည်းငယ် ခေါင်းညိတ်သည်။

"နောက်တစ်သုတ်ကိုပြင်ဆင်ကြမယ်"

ဒါကိုကြားသော် ဧကရာဇ်အကြံပေး ခါးသီးစွာပြုံးရင်းပြောသည်။

"အရှင်ဧကရာဇ်၊ ခုနှစ်ကြိမ်မြောက်အသုတ်က တော်၀င်မိသားစုရဲ့ ကုန်လှောင်ရုံတွေကို အရေးပေါ်ဖြစ်သွားစေပါပြီ၊ ရှေးဟောင်းစစ်မြေပြင်ကို အထောက်အပံ့တွေ ဆက်ပို့နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ဘဏ္ဍာတိုက်က လုံး၀ကုန်ခမ်းသွားနိုင်ပါတယ်"

မုကျန်းထင် စာလိပ်ကိုပိတ်ကာပြုံးသည်။

"ဧကရာဇ်အကြံပေး၊ မင်းတစ်ခုကို နားလည်ဖို့လိုတယ်၊ သေမျိုးနယ်မြေသာ ချိုးဖျက်ခံလိုက်ရမယ်ဆိုရင် ဒီအရင်းအမြစ်တွေက ငါတို့အတွက် ဘာအကျိုးရှိတော့လို့လဲ၊ အသက်ရှင်သန်နေမှသာ အနာဂတ်ဆိုတာ ရှိလာမယ်"

"ဒါပေမယ့် ကျွန်တော်တို့ပို့လိုက်တဲ့ အရင်းအမြစ်တွေက စစ်မြေပြင်ရဲ့ ရှေ့တန်းမှာ သိပ်အပြောင်းအလဲမရှိပုံပဲ"

"ဒါကသိပ်မများလှပါဘူး" မုကျန်းထင်ထရပ်ကာ နန်းတော်မှ ကောင်းကင်ယံအား မော့ကြည့်ရင်း ညင်သာစွာပြောသည်။

"ဒါပေမယ့် အနည်းငယ်မျှ ပါ၀င်ကူညီပေးနိုင်တာကလည်း ကောင်းတယ်၊ တကယ်လို့ အင်အားစုတိုင်းက ဒီလိုတွေးနေကြမယ်ဆိုရင် သေမျိုးနယ်မြေက မျှော်လင့်ချက် ကင်းမဲ့သွားလိမ့်မယ်"

ဒီအခိုက်အတန့်မှာပင် ပုံရိပ်သုံးခု နန်းတော်ထဲတွင် ရုတ်တရက် တိတ်တဆိတ် ပေါ်လာခဲ့သည်။

မုကျန်းထင်နှင့် ဧကရာဇ်အကြံပေးတို့ ထိတ်လန့်သွားကြပြီးနောက် အတော်လေးပျော်သွားကြသည်။

"ဖူရှန်းလား၊ ဘာလို့ဒီက်ုလာတာလဲ" မုကျန်းထင် မုဖူရှန်းဆီသို့ အလျင်အမြန်သွားသည်။

အသစ်ရောက်လာသောသူများက မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ရှီရှန်းတို့ဖြစ်သည်။

"မင်းဒီအချိန် ရှေ့တမ်းမှာ တိုက်ပွဲ၀င်နေသင့်တာမလား"

သို့သော် မုဖူရှန်း၏ အမူအရာက အလွန်အမင်း လေးနက်နေသည်။

"အဖေ၊ အခုကဒီအကြောင်းကို ပြောနေရမယ့်အချိန်မဟုတ်ဘူး၊ မကြာသေးခင်က မင်းဆက်မှာ ဒါမှမဟုတ် နယ်နိမိတ်မဲ့နယ်မြေတစ်ခုလုံးမှာ ထူးခြားတာ တစ်ခုခုဖြစ်ခဲ့လား"

ထူးခြားတာတစ်ခုခုလား!

မုဖူရှန်း၏မျက်နှာပေါ်က လေးနက်သည့် အကြည့်ကို မြင်ရသောအခါ မုကျန်းထင် ဒါကို ပေါ့ပေါ့လေးမမှတ်ယူရဲပေ။

မည်သို့ပင်ဆိုစေကာမူ မုကျန်းထင် သူ့သား၏စရိုက်ကို ကောင်းကောင်းသိသည်။ တစ်ခုခုက မုဖူရှန်းကို ဒီလိုအမူအရာမျိုးဖြစ်စေပါက ဒါကအရေးပါသည့်ကိစ္စတစ်ခုဖြစ်ရပေမည်။

ထို့ကြောင့် မုကျန်းထင် ဧကရာဇ်အကြံပေးကို ချက်ချင်းလှည့်ကြည့်လိုက်၏။

ဧကရာဇ်အကြံပေးခေါင်းခါယမ်းရင်း ခါးသီးသောအပြုံးဖြင့်ပြောသည်။

"ကျွန်တော်တို့ တခြားသတင်းအချက်တွေတစ်ခုမှ မရရှိခဲ့ပါဘူး၊ ဒါပေမယ့် ဒီရက်တွေမှာတော့ မင်းဆက်တစ်ခုလုံးက အရင်းအမြစ်တွေ စုဆောင်းနေပြီး တခြားအင်အားစုတွေကလည်း အလားတူလုပ်ဆောင်နေကြလောက်တော့ ပြင်ပကိစ္စတွေကို အာရုံစိုက်ဖို့ အချိန်မရှိလောက်ဘူး"

"အတိအကျဘာဖြစ်ခဲ့တာလဲ" မုကျန်းထင် မုဖူရှန်းကို ကြည့်သည်။

မုဖူရှန်းတွင် အခြေအနေကို အသေးစိတ်ရှင်းပြရုံကလွဲပြီး တခြားရွေးချယ်စရာမရှိပါ။

မုကျန်းထင်ခေါင်းခါယမ်းသည်။

"ဖူရှန်း၊ မင်းနားလည်မှုလွဲနေပုံပဲ"

နားလည်မှုလွဲတာလား!

မုဖူရှန်း မျက်ခုံးကြုံ့လိုက်မိသည်။

"တကယ်လို့ တခြားဘက်ကသာ အင်အားစုတွေကိုဖျက်ဆီးပြီး အတွင်းဘက်ကနေ သေမျိုးနယ်မြေကို ဖျက်သိမ်းဖို့ ရည်ရွယ်ထားတယ်ဆိုရင် သူတို့အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတွေနဲ့ စတင်ရတာပဲ"

ဧကရာဇ်တဖြစ်လဲ မုကျန်းထင်က အမြင်မချို့တဲ့ဟုဆိုနိုင်သည်။ ထို့ကြောင့် သူ့စိစစ်မှုကို ဆက်ပြောသည်။

"အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတွေကို မဖြိုဖျက်ရသေးဘူးဆိုရင် ဘာလို့ငါတို့အဆင့်နိမ့်ကြယ်နယ်မြေက အင်အားစုတွေကို ဖျက်ဆီးဖို့ အချိန်နဲ့ အားထုတ်မှုတွေ ဖြုန်းတီးနေရမှာလဲ"

"ဒါကမြင်းထက်လှည်းကို ဦးစားပေးတာဖြစ်ပြီး အရှုံးပေါ်နဲ့ အားထုတ်မှုတစ်ခုပဲ"

မုဖူရှန်း၌ အသိအမြင်တစ်ခုရှိနေသည့်တိုင် သူ့မျက်ခုံးများက ကျုံ့သွားပြန်သည်။

"ဒါကပိုဆိုးတယ်၊ တစ်ဘက်က အဆင့်နိမ့်ကြယ်နယ်မြေကိုလာပြီး ဖျက်ဆီးချင်တာမဟုတ်ဘူးဆိုရင် တခြားတစ်ခုခု ကြံစည်နေတာဖြစ်ရမယ်"

ယင်ယန်နတ်သခင်၊ သခင်ဟွမ်နှင့် ရှင်းဟုန်ယီ၊ ထိုအစွမ်းထက်ပုဂ္ဂိုလ်များက အဆင့်နိမ့်ကြယ်နယ်မြေကို ရောက်နှင့်နေပြီး ယနေ့ထိတိုင် ပုန်းကွယ်နေသည်လား။ သူတို့အတိအကျ ဘာလုပ်ချင်တာလဲ!

ရုတ်တရက်ရှောင်ဟိုင်မေးသည်။

"သူတို့ငါတို့ကို စုံစမ်းချင်တာများလား"

စုံစမ်းတာ!

ရှောင်ဟိုင်မြေပုံတစ်ခုကို ထုတ်ယူပြီး တစ်ဘက်က နယ်မြေမျိုးစုံ၌ ချန်ထားခဲ့သည့် ခြေရာများကို ပြလိုက်၏။

"မင်းသတိမထားမိဘူးလား၊ သူတို့ရောက်ဖူးတဲ့နေရာတွေက ငါတို့တစ်ကြိမ်တစ်ခါ နားနေခဲ့ဖူးတဲ့ နယ်မြေတွေပဲလေ"

"ပြီးတော့ ငါနတ်ဆိုးဘုရင်ပိုင်နက်ကိုလည်း မေးခဲ့တယ်၊ အဲဒီမှာလည်း ဘာမှမဖြစ်ပျက်ခဲ့ဘူး၊ ဆိုလိုတာက တစ်ဘက်က ကိစ္စတစ်ချို့ကိုသာ စုံစမ်းနေတာဖြစ်ပြီး မြွေကို ထိတ်မလန့်သွားစေချင်ပုံပဲ"

ရှီရှန်းခေါင်းကုတ်ရင်းမေးသည်။

"ဒါပေမယ့် ဒါကလျှို့ဝှက်စုံစမ်းမှုတစ်ခုဆိုရင် ဘာကြောင့် ဒီလောက်သိသာတဲ့ ခြေရာတွေကို လုပ်ခဲ့ရတာလဲ"

သူတို့နှစ်ဦး၏စကားများကို ကြားရသောအခါ မုဖူရှန်း၏မျက်ခုံးများက ပိုပို၍ နက်ရှိုင်းစွာ ကျုံ့လာပြီး နောက်ဆုံးတွင် လေးနက်သည့်အသံဖြင့် ကောက်ချက်ချလိုက်လေသည်။

"သူတို့ငါတို့ကို တမင်တကာသူတို့ကို ရှာဖွေရအောင် ဦးဆောင်နေတာပဲ"

ဒါကတစ်ခုတည်းသောဖြစ်နိုင်ချေဖြစ်သည်။

သို့သော်မည်သည့်အတွက်ကြောင့် သူတို့ကို ဒီကိုခေါ်လာရလေသနည်း။ ရည်ရွယ်ချက်ကဘာဖြစ်သနည်း။ မုဖူရှန်းနှင့် ကျန်နှစ်ယောက်တွင် သဲလွန်စမရှိပေ။

မုဖူရှန်း မုကျန်းထင်ကို ကြည့်လိုက်၏။

"အဖေ၊ ဘယ်လိုပဲဆိုဆို ကျွန်တော်ပြောခဲ့တဲ့ လူအနည်းငယ်ကို စုံစမ်းဖို့အတွက် လူတွေကို စေလွှတ်ရမယ်၊ တစ်ဘက်က ကျွန်တော်တို့ကို ဦးဆောင်လမ်းပြနေတာဆိုတော့ သူတို့ ခြေရာတစ်ချို့ကို မလွှဲရှောင်သာချန်ထားခဲ့ကြလိမ့်မယ်"

မုကျန်းထင်ခေါင်းညိတ်ပြီး ဒါကိုမြင်သော ဧကရာဇ်အကြံပေးကလည်း ချက်ချင်း လူများကို စေလွှတ်ရန် ထွက်သွားသည်။

တကယ်တမ်းတွင် မုဖူရှန်းနှင့် ကျန်နှစ်ယောက် မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဘက်က ခြေရာများကို တမင်တကာချန်ထားခဲ့ပုံရပြီး ‌တစ်ရက်အတွင်းမှာပင် သဲလွန်စတစ်ချို့ကို ဖော်ပြခဲ့သည်။

ဒါ့အပြင် သူတို့က နယ်နိမိတ်မဲ့မင်းဆက်ပိုင်နက်အတွင်းရှိသည်။

မြို့လေးတစ်မြို့၏ ဧည့်ခန်းတစ်ခုတွင် ခရမ်းရွှေတုံကင်တစ်ခုကို ရှာတွေ့ခဲ့သည်။

ရှီရှန်းရှေ့တိုးပြီး တုံကင်ကို ကောက်ယူလိုက်စဉ် သူ့အမူအရာက လေးနက်သွား၏။

"ဒါက တျန်းကျင်းကုန်သည်များအသင်းက ခရမ်းရွှေတုံကင်ပဲ"

တစ်ချိန်တည်းမှာပင် တုံကင်အောက်တွင် မှတ်စုတစ်ခုကို ဖိထားပြီး အထဲ၌ စာလုံးရေအနည်းငယ်ကို ရေးထားသည်။

"ဒီထိရောက်လာကြပြီဆိုတော့ မူလမြေကို တိုက်ရိုက်လာခဲ့ကြပါ"

မူလမြေ!

မုဖူရှန်းပြောသည်။

"ကြည့်ရတာ ကျွန်တော်တို့ လူရိုင်းဒေသကို ခရီးထွက်ဖို့လိုနေပြီ"

သံသယနှင့် လေးနက်မှုတို့နှင့်အတူ မုဖူရှန်းနှင့်ကျန်နှစ်ယောပ် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လူရိုင်းဒေသသို့ ချက်ချင်းထွက်သွားကြ၏။

လူရိုင်းဒေသကိုရောက်လာသောအခါ ထူထဲသည့်တည်ရှိမှုတစ်ခုက သူတို့၏အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။

ဒီနေရာက အလယ်ပိုင်းဒေသ၏ နယ်မြေတစ်ခုပေတည်း။

သူတို့အလယ်ပိုင်းဒေသက ထူထဲသည့်သစ်တောတစ်ခုအထက်သို့ ရောက်လာသောအခါ အနက်ရောင်ချီပမာဏ အများအပြားက လေထဲတွင် မြှင့်တင်နေသည်။

ဒီနတ်ဆိုးနက်ချီကိုမြင်သောအခါ ရှောင်ဟိုင်၏ မျက်သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားရသည်။

ဒီနတ်ဆိုးနက်ချီက သူ့ကိုယ်ပိုင်ချီနှင့် အင်မတန်ဆင်တူပုံရသည်။

နတ်ဆိုးဘုရင်ပိုင်နက်တွင် ကျင့်ကြံသူတိုင်းက သူတို့၏သွေးကြောကြောင့် နတ်ဆိုးချီကို ပိုင်ဆိုင်ကြသော်လည်း ရှောင်ဟိုင်၏ သွေးကြောက ထူးခြားပြီး သူကျင့်ကြံသည့် နတ်ဆိုးနက်စွမ်းအင်က တခြားသူများနှင့် ကွဲပြားသည်။

"ဒီနေရာက...ဆရာငါ့ကိုတွေ့ခဲ့တဲ့နေရာပဲ" ရှောင်ဟိုင်အသံတိုးကာပြောလိုက်၏။

မုဖူရှန်းနှင့် ရှီရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကြည့်ရသည်မှာ တစ်ဘက်လူ၏ရည်ရွယ်ချက်က ရှောင်ဟိုင်နှင့် ဆက်စပ်နေပုံပင်။

သူတို့နတ်ဆိုးနက်စွမ်းအင် ထုတ်လွှတ်နေသည့် နေရာသို့ဆင်းသက်သောအခါ ထိုနေရာကို လူရိုင်းဒေသ၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ဝိုင်းရံထားကြလေပြီ။

သူတို့ထဲတွင် ချင်းတျန်းနျန်၊ တိမ်ပြာဓားဂိုဏ်းက ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့ကလည်း ပါ၀င်သည်။

သူတို့ရှေ့၌ ကျောက်တုံးနက်အပိုင်းအစများရှိသည်။

ရှောင်ဟိုင်ရှေ့တိုးကာငုံ့ရင်း မြေပေါ်၌ ကျန်ရှိနေသေးသည့် ကျောက်တုံးနက်အပိုင်းအစများကို ကောက်ကိုင်လိုက်၏။ ထိုအချိန်က သူ့ဝိဉာဉ်ပြိုကွဲကာ ပြန်လည်မွေးဖွားလာပြီးနောက် သူဒီကျောက်တုံးနက်ထဲတွင် ပိတ်မိနေခဲ့သည်။

မုဖူရှန်းနှင့်ကျန်နှစ်ယောက်ကို မြင်ရသောအခါ ချင်းတျန်းနျန်းနှင့် ကျန်သောသူများ အနည်းငယ်ထိတ်လန့်သွားကြ၏။

သူတို့ရှေ့တိုးကာ မေးတော့မည့်အချိန်တွင် ခရမ်းရောင်ကိုယ်ကျပ်၀တ်စုံ၀တ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

ဒီလူကိုမြင်သောအခါ ရှီရှန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

"ကျီရှင်း......."

ဒီလူက အလယ်အလတ်အဆင့်ကြယ်နယ်မြေက တိန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲတွင် သူတို့တွေ့ဆုံခဲ့ရသည့် လေလံပွဲဦးစီးပေတည်း။

ကျီရှင်း ရှုပ်ထွေးနေသည့်အကြည့်နှင့်အတူ ရှီရှန်းနှင့် ကျန်သောသူများအား အနည်းငယ် ဦးညွတ်ရင်းပြောသည်။

"လူရိုင်းဒေသကို စစ်ပွဲတစ်ခုထဲ ကျသွားတာကို မမြင်ချင်ဘူးဆိုရင် ကျွန်မနဲ့အတူ လာကြပါ"

အပိုင်း(1247) coming။

All Chapters