← Chapters

ကွယ်ဝှက်နေသော လက်တစ်ဖက်

Vol. 11 Ch. 1006

ကွယ်ဝှက်နေသော လက်တစ်ဖက်

Vol. 11 Ch. 1006

"ဘုန်း…"

မြေပြင်သည် တဆတ်ဆတ် တုန်ခါနေကာ ကောင်းကင် ဥပဒေသများမှာ ကောင်းကင်၌ ကွန့်မြူးနေ၏။ မရေမတွက်နိုင်သော အစီအရင်များ၊ သင်္ကေတများသည် နိုးထလာပုံ ရကာ အလင်း ရောင်စဉ်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ကြသည်။ တောင်တန်း၊ မြေပြင်နှင့် အဆောက်အဦး အားလုံးသည် သခင်အား ကြိုဆိုသည့် အလား ဆူညံသံများကို ပြုကြ၏။

"အဲဒါက… ကောင်းကင်အရှင် တထျန်းလား"

မရေမတွက်နိုင်သော လူများမှာ ကောင်းကင်သို့ မော့ကြည့်ကာ စူးစမ်း ကြသည်။

"သူက ကောင်းကင်အရှင် တထျန်း မဟုတ်ရင်တောင် တောင်တန်း အင်ပါယာကို တည်ထောင်ခဲ့တဲ့ လူတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်"

ကောင်းပင်အရှင် ကျင်းဟိုင်က လေးနက်စွာ ပြောသည်။

ထိုစွမ်းအားကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။ တောင်တန်း အင်ပါယာ အတွင်း၌ အစစ်အမှန် နဂါး တစ်ကောင်သည် အမှန်တကယ် ခိုအောင်း နေပုံရသည်။ ရှောင်မန်နှင့် နတ်မိမယ် ရှန်းရှီတို့၏ မျက်နှာများမှာ တဖြည်းဖြည်း ပျက်လာခဲ့၏။

"ဝောာင်တန်း အင်ပါယာမှာ လက်သည်းဖွက် ထားတဲ့ လူအို ကျင့်ကြံသူ တစ်ယောက် ရှိနေတာလား…"

ချန်းဖန်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်း သွား၏။

"ဘုန်း…"

ထိုစွမ်းအင်သည် တစ်ခဏ အတွင်းမှာပင် အခြေတည် ဝိညာဉ် ထိပ်ဆုံး အဆင့်ထိ မြင့်တက်သွားသည်။ ထို့နောက် ၎င်းသည် ရုတ်ချည်းပင် ဘာမှ မဖြစ်ခဲ့သည့် အလား ပျောက်ကွယ်သွား၏။

"ကလန့်…"

တောင်တန်း အင်ပါယာထိပ်ရှိ ခန်းမအို၏ တံခါးသည် ဖြည်းညင်းစွာ ပွင့်ဟလာကာ အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက် လမ်းလျှောက် ထွက်လာခဲ့သည်။

"ငါ့နာမည် မင်ယာ… ငါ့ကို ဘယ်သူက ဆင့်ခေါ်တာလဲ"

အနက်ရောင် ဝတ်စုံဝတ် လူ၏ အသံက မိုင်တစ်သောင်း ဧရိယာ အတွင်းရှိ လူတိုင်း၏ နားစည်အား ရိုက်ခတ်သွားသည်။

"သူက ကောင်းကင်အရှင် တထျန်းရဲ့ လက်အောက်က နတ်ဘုရား ဗိုလ်ချုပ် မင်ယာလား…"

ရုတ်တရက် လူအို ကျင့်ကြံသူကြီးများမှာ ဒဏ္ဍာရီ တစ်ခုကို သတိရ လိုက်ကြ၏။

မင်ယာ…

ငယ်ရွယ်စဉ် အခါက မင်ယာသည် ထျန်းဟောင်ဂြိုဟ်၏ ထိပ်သီး လူငယ် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် ဟန်ရှုံး သတ်မှတ်ချက် နံပါတ် တစ်  နေရာသို့ တက်လှမ်းရန် နှစ်ပေါင်း နှစ်ရာခန့်သာ အချိန်ယူခဲ့ရသည်။

မင်ယာနှင့် တထျန်း တို့သည် အခြေတည် ဝိညာဉ် အဆင့်၌ မရေမတွက်နိုင်အောင် တိုက်ခိုက် ခဲ့ကြပြီး ခေတ်တစ်ခေတ်ကို ဦးဆောင် နိုင်ခဲ့ကြသည်။ သူတို့ အကြားမှ တိုက်ပွဲများမှ ကောင်းကင်အရှင် တထျန်း ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အချိန်မှသာ အဆုံးသတ် ခဲ့လေသည်။

ထို့နောက်တွင် မင်ယာသည် ကောင်းကင် အရှင် တထျန်း၏ နောက်သို့ လိုက်ခဲ့ပြီး အပယ်ခံဂြိုဟ် နယ်မြေ တစ်လွှားကို နှစ်ယောက် အတူ ခြေဆန့် ခဲ့ကြသည်။ သူတို့၏ လက်များသည် မရေမတွက်နိုင်သော မျိုးနွယ်စုများ၏ သွေးများဖြင့် စွန်းထင်း ခဲ့ကြ၏။ နောက်ဆုံး၌ ကောင်းကင် အရှင် တထျန်းမှာ ထျန်းဟောင်ဂြိုဟ်သို့ ပြန်လာ၍ တောင်တန်း အင်ပါယာကို တည်ထောင်ကာ မင်ယာမှာမူ ပြိုင်ဘက်ကင်း နတ်ဘုရား ဗိုလ်ချုပ် အဖြစ် အမှုထမ်းခဲ့လေသည်။

"သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပြန်ပေါ်လာရတာလဲ…"

ကောင်းကင်အရှင်များမှာ စတင် တုန်ရီ လာခဲ့ကြ၏။

တစ်ချိန်တည်း၌ သူတို့၏ စိတ်ကို မေးခွန်းများစွာက ကြီးစိုးထားသည်။ သူက အဘယ်ကြောင့် နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောက် အသက်ရှင် နေရသနည်း။ သူ၏ စွမ်းအားက မည်သည့် အဆင့် အထိ ရောက်နေပြီနည်း။

"နတ်ဘုရား ဗိုလ်ချုပ်… ကျုပ်က တောင်တန်း အင်ပါယာရဲ့ သတ္တမမြောက် နတ်ဘုရား သခင်ပါ… ဒီမိစ္ဆာကို သတ်ပြီး တောင်တန်း အင်ပါယာရဲ့ သေဆုံးသွားတဲ့ ဝိညာဉ်တွေကို ကျွတ်လွတ်အောင် ကူညီပေးပါ"

နတ်ဘုရား သခင်က ချန်းဖန်၏ ခြေထောက်အောက်တွင် ရုန်းကန်ရင်း အော်ဟစ် လိုက်၏။

"ဘုန်း…"

မင်ယာက မျက်လုံးနီကြီးများဖြင့် ချန်းဖန်အား စူးစိုက် ကြည့်လိုက်သည်။

"ရွှေအမြုတေ အဆင့်… မင်းရဲ့ နတ်ဘုရား စွမ်းအားနဲ့ ကျင့်စဉ်က ထျန်းဟောင်ဂြိုဟ်က မဟုတ်ဘူး… မင်းက အခြား ကျင့်ကြံခြင်းဂြိုဟ် တစ်ခုက လာတဲ့ ကျင့်ကြံသူပဲ"

"အခြား ကျင့်ကြံခြင်း ဂြိုဟ် တစ်ခုက လာတဲ့ ကျင့်ကြံသူ…"

လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ကောင်းကင်အရှင် ကျင်းဟိုင်က လျှင်မြန်စွာ မေးလိုက်၏။

"နတ်ဘုရား ဗိုလ်ချုပ် ခင်ဗျာ… ကျွန်တော်က ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ကျင်းဟိုင်ပါ… ချန်းပေ့ရွှမ်းက ထျန်းဟောင်ဂြိုဟ်သား မဟုတ်ဘူးလို့ နတ်ဘုရား ဗိုလ်ချုပ် ပြောလိုက်တာလား"

"အင်း…"

နတ်ဘုရား ဗိုလ်ချုပ် မင်ယာက ခေါင်းညိတ် လိုက်သည်။

"သူ ပိုင်ထားတဲ့ နတ်ဘုရား စွမ်းအားမျိုးကို ငါ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး… စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံး မှာတောင် အဲဒီလို နတ်ဘုရား စွမ်းအားမျိုး မရှိနိုင်ဘူး… မဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး ရွှေအမြုတေ အဆင့်နဲ့ ဒီလောက် အစွမ်းထက်မှာလဲ"

"အဲ့လိုကိုး…"

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ချန်းဖန်ကို ကြည့်ကာ သက်ပြင်းရှိုက် လိုက်မိကြ၏။

ချန်းပေ့ရွှမ်း ကဲ့သို့သော ရွှေအမြုတေ အဆင့်က အခြေတည် ဝိညာဉ် အဆင့်များကို ယှဉ်နိုင်ခြင်းမှာ မထူးဆန်းတော့ချေ။ သူကား နတ်ဘုရားဓား ကိုင်ဆောင်ထားသော နတ်ဘုရား သခင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။  ကောင်းကင်အရှင် တထျန်းပင်လျှင် ရွှေအမြုတေ အဆင့်၌ သူ့လောက် အစွမ်း မထက်ခဲ့ချေ။

"ဒါပေမဲ့ ချန်းပေ့ရွှမ်းက ကျုးဝမ် မျိုးနွယ် မဟုတ်ဘူးလား.. ကျူးဝမ် မျိုးနွယ်တွေကရော အခြား ဂြိုဟ်တစ်ခုက လာကြတာလား"

အချို့က မေးခွန်းထုတ်ကြ၏။

"မင်းက ကျူးဝမ် မျိုးနွယ်လား…"

နတ်ဘုရား ဗိုလ်ချုပ် မင်ယာက ချန်းဖန်အား အံ့ဩစွာ ကြည့်လိုက်သည်။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများမှာမူ သတ်ဖြတ်လိုသော အငွေ့အသက်ဖြင့် ပိုမို၍ အေးစက် လာနေခဲ့၏။

"ဟုတ်တယ်… ငါက မင်းတို့ အရှေ့ဂြိုဟ်လို့ ခေါ်တဲ့ ကမ္ဘာက လာတာ"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"ဟားဟား… မင်းက အရှေ့ဂြိုဟ်က လာတဲ့ ကျူးဝမ် မျိုးဆက် တစ်ယောက်ကိုး… ထျန်းဟောင်ဂြိုဟ်ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်တာ မထူးဆန်းတော့ဘူး"

မင်ယာက မိစ္ဆာတစ်ကောင် အလား ပြုံးရယ် လိုက်သည်။

"အရှင် တထျန်းရဲ့ နောက်ကို လိုက်တဲ့ နှစ်တွေတုန်းက ငါ အရှေ့ဂြိုဟ်ကို တစ်ခေါက် ရောက်ခဲ့သေးတယ်…"

"အဲဒီတုန်းက အရှေ့ဂြိုဟ်ကို ကောင်းကင် အရှင်ကျန်းလို့ ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်က အုပ်စိုးနေတာလေ… အဲ့ကောင်လေးက ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ကျိန်းသေ ရောက်ရှိနိုင်တဲ့ ပါရမီရှင်လေးပေါ့… ဒါပေမဲ့ ငါ သူ့ကို  သတ်ပစ်ခဲ့ပြီး သူ့ရဲ့ ဓားကို ခွန်ရှုနယ်မြေဆီ ပစ်ချခဲ့တယ်"

"အဲဒီနောက် နှစ်ထောင်ပေါင်း များစွာ အကြာမှာတော့ သူ့ရဲ့ မျိုးဆက် တစ်ယောက် ဖြစ်တဲ့ ကောင်းကင် ညီမျှခြင်းက ဒီဂြိုဟ်ကို ရောက်လာခဲ့ပြန်တယ်… ငါ သူ့ကို ဖမ်းခိုင်းလိုက်ပြီး ကျန်တဲ့ ကျူးဝမ် မျိုးနွယ်တွေကိုတော့ မျိုးဆက် ကျိန်စာ  အစီအရင်နဲ့ ကျင့်ကြံလို့ မရနိုင်အောင် တားဆီးခဲ့တယ်လေ… ဒါမှ နောက်ထပ် ကောင်းကင်အရှင်ကျန်း တစ်ယောက် ပေါ်မလာနိုင်မှာပေါ့"

ထျန်းဟောင်ဂြိုဟ်၏ လူအို ကျင့်ကြံသူကြီးများသည် လွန်ခဲ့သော နှစ်ထောင်ချီက ဒဏ္ဍာရီ တစ်ခုကို သတိရနေဆဲ ဖြစ်သည်။

ထိုစဉ်က ကောင်းကင် ညီမျှခြင်း ဟု ခေါ်သော အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်သည် ထျန်းဟောင်ဂြိုဟ် မြောက်ပိုင်း၌ ကောင်းကင် ညီမျှခြင်း ကောင်းကင်နယ်ကို တည်ထောင်ခဲ့သည်။ ကျူးဝမ် မျိုးနွယ်သည် အရှင် ကောင်းကင် ညီမျှခြင်း၏ လက်အောက်၌ ဂုဏ်ရောင် တောက်ပြောင် ခဲ့ကာ ပါရမီရှင်ပေါင်း များစွာကို မွေးထုတ် နိုင်ခဲ့သည်။

သို့သော်လည်း မကြာခင်မှာပင် တောင်တန်း အင်ပါယာသည် ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပေဒကို ချိုးဖောက်သည်ဟု စွပ်စွဲကာ အရှင် ကောင်းကင် ညီမျှခြင်းကို ဖမ်းဆီးခဲ့သည်။ လက်ကျန် ကျူးဝမ် မျိုးနွယ်ဝင်များကိုမူ မြောက်ပိုင်း အစွန်အဖျား ဒေသသို့ နယ်နှင်ဒဏ် ပေးကာ သူတို့၏ ကျင့်ကြံခြင်းကို တားမြစ်ခဲ့လေသည်။

"နတ်ဘုရား ဗိုလ်ချုပ် မင်ယာက အဲဒီ ကိစ္စ အားလုံးရဲ့နောက်ကွယ်မှာ ရှိနေခဲ့တာလား…"

မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ နားလည် သွားကြ၏။

တစ်ချိန်တည်း၌ ချန်းဖန်မှာလည်း ကွင်းဆက် မှတ်တမ်းများကို တဖြည်းဖြည်း ချိတ်ဆက် မိနေခဲ့ပြီ ဖြစ်သည်။

သူသည် ခွန်ရှု နယ်မြေကို ဝင်စဉ်က ပေပေါင်း တစ်သောင်း ရှည်လျားသော တောင်တန်းကြီးကို တွေ့ခဲ့ရသည်။ ခွန်ရှုနယ်၏ ပါးစပ် ဒဏ္ဍာရီ များက ထိုတောင်တန်းကြီးမှာ ခွန်ရှုနယ်မြေကို တည်ထောင်ခဲ့သည့် ကောင်းကင်အရှင် ခွန်းဝူ၏ နတ်ဘုရား လက်နက်ဟု ဆိုကြသည်။

ထိုကောင်းကင်အရှင် ခွန်းဝူကား မင်ယာ ပြောသည့် ကောင်းကင်အရှင်ကျန်းပင် ဖြစ်ပေလိမ့်မည်။

"ဒါဆို အရာ အားလုံးက လွန်ခဲ့တဲ့ နှစ်တစ်သိန်းမှာ စခဲ့တာပေါ့…"

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

မင်ယာက ချန်းဖန်အား ကြည့်ကာ ခေါင်းအား ခါယမ်းလိုက်သည်။

"မင်းတို့ အရှေ့ဂြိုဟ်သားတွေက တကယ် ပါရမီ မြင့်မားကြတာပဲ… ကောင်းကင် အရှင်ကျန်း အသတ်ခံခဲ့ရပြီးတဲ့နောက် ကောင်းကင် ညီမျှခြင်း ဆိုတဲ့ တစ်ယောက် ပေါ်လာခဲ့တယ်… ခုလည်း ထပ်ပြီး မင်း ပေါ်လာပြန်ပြီ… တကယ်ဆို လွန်ခဲ့တဲ့ နှစ်တစ်သိန်းတည်းက မင်းတို့ ဂြိုဟ်တစ်ခုလုံးကို ရှင်းပစ်ခဲ့သင့်တာ"

"မင်း သေသင့်တယ်…"

ချန်းဖန်၏ မျက်လုံး အတွင်းရှိ မီးတောက်ကား ပိုမို ပြင်းပြစွာ လောင်ကြွမ်း လာနေခဲ့သည်။ သူ၏ ရင်ထဲ၌ အချိန်ကာလ ကြာမြင့်စွာ ခိုအောင်း နေခဲ့သော ဒေါသများကား စတင် ပေါက်ကွဲနေခဲ့ပြီ ဖြစ်လေ၏။

"မင်းက မနာလိုစိတ်ကြောင့် ဘာရန်ငြိုးမှ မရှိတဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်… နောက်ပြီး မျိုးနွယ် တစ်ခုလုံးကိုပါ ကျင့်ကြံလို့ မရအောင် တားမြစ်ခဲ့တယ်… ဒီနေ့ ငါ သေရမယ် ဆိုရင်တောင် ဘိုးဘေးတွေ အတွက် မင်းကို အပါ ခေါ်သွားမယ်"

ထို့နောက် ချန်းဖန်က ဖနှောင့်အား ပေါက်ချလိုက်၏။

"ဘုန်း…"

အားလုံး၏ ရှေ့မှောက်တွင်ပင် နတ်ဘုရား သခင်မှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားတော့၏။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ် ပင်လျှင် လွတ်မြောက်ခြင်း မရှိခဲ့ချေ။

"မင်း လုပ်ရဲတယ်ပေါ့…"

ချက်ချင်းပင် မြေပြင် တစ်ခုလုံးမှာ တုန်ရီ လာသည်။ ကောင်းကင်သည် ပြိုကျကာ လောကမှာ အပျက်အစီး နယ်မြေတစ်ခု အဖြစ် ပြောင်းလဲ သွား၏။

ခေတ်တစ်ခေတ်၏ အဆုံးသတ် တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေသည်။

***

All Chapters