မင်ယာနှင့် တိုက်ပွဲ
Vol. 11 Ch. 1007
"ဘုန်း…"
မင်ယာသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သေဆုံးခြင်းချီများမှာ သူ့အား ဝန်းရံနေ၏။ သူသည် အစွမ်းနေဆဲ ဖြစ်သည့်တိုင် အိုမင်းခြင်း၊ အားနည်းခြင်းနှင့် စွမ်းအင် ကျဆင်းခြင်းတို့ကို မဖုံးကွယ် နိုင်ခဲ့ချေ။ နှစ်တစ်သိန်း အထိ အသက်ကို အတင်းအကြပ် ဆွဲဆန့်ထားခြင်းက မည်ကဲ့သို့ ဘေးထွက်ဆိုးကျိုး မရှိပဲ နေမည်နည်း။
မင်ယာသည် ခန်းမအို၏ အပြင် လောက၌ ကြာကြာနေ၍ မရနိုင်ကြောင်း သူ့ကိုယ်သူ နားလည်ပေသည်။ သူသည် ကောင်းကင် ညီမျှခြင်းကို ဖမ်းဆီးစဉ် အခါကပင် အပြင်သို့ မထွက်ခဲ့ပဲ နတ်ဘုရား အဆောင် တစ်ခုကိုသာ သုံးခဲ့သည်။
သို့သော်လည်း ယခုတွင်မူ သူ စောင့်ရှောက်နေခဲ့သော တောင်တန်း အင်ပါယာမှာလည်း ပျက်စီးတော့မလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် မဖြစ်မနေ အပြင်သို့ ထွက်ကာ တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ဤတိုက်ပွဲက သူ၏ နောက်ဆုံးသော တိုက်ပွဲပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
"ဝှစ်…"
အနက်ရောင် သတ္တုဖြင့် ပြုလုပ်ထားသော လှံတစ်စင်းသည် မင်ယာ၏ လက်တွင် ပေါ်လာခဲ့၏။ လောက၏ ဥပဒေသများသည် သံကြိုးများ အဖြစ် လေထုတွင် ကခုန်ကြသည်။ တစ်ချိန်တည်း၌ သေဆုံးခြင်း ချီများကလည်း လှံအား ဝန်းရံကာ ပေါင်းစပ် နေကြလေ၏။
"ဥပဒေသကို အခြေခံထားတဲ့ လက်နက်…"
ချန်းဖန်မှာ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။
အခြေတည် ဝိညာဉ် အဆင့်များ ကဲ့သို့ ဓမ္မ ရတနာများမှာလည်း ဥပဒေသများကို စုစည်းကာ ဥပဒေသ လက်နက်များ ဖြစ်လာနိုင်ကြသည်။ ထိုလက်နက်ကို ကိုင်ဆောင်သူသည် သာမန် သေမျိုး တစ်ယောက် ဖြစ်စေကာမူ လောက၏ ဥပဒေသ စွမ်းအားများကို ထိန်းချုပ် လာနိုင်ကြသည်။
ချန်းဖန်သည် ကောင်းကင် ကျေးကျွန် အစီအရင်၏ စနက်ကြောင့် ထျန်းဟောင်ဂြိုဟ်ပေါ်တွင် ဥပဒေသ လက်နက် ပေါ်ထွက်လိမ့်မည် မဟုတ် ဟု တွေးထင်ခဲ့မိသည်။ သို့သော်လည်း မမျှော်လင့်စွာပင် မင်ယာသည် ဥပဒေသ လှံ တစ်ခုကို ထုတ်ပြလာခဲ့သည်။
"ဘုန်း…"
ကိုးရောင်ခြယ် နတ်ဘုရား စက်ဝန်းသည် ချန်းဖန်၏ အနောက်၌ လည်ပတ်နေ၏။ သူသည် ပေတစ်သောင်း မြင့်မားသော နတ်ဘုရား လူဝံကြီး အသွင်သို့ ပြောင်းလဲကာ တောင်တန်း တစ်ခုကို ဆုပ်ကိုင်၍ မင်ယာအား ပစ်ပေါက်လိုက်သည်။
"သေမင်းတိုင်းပြည်…"
မင်ယာသည် လှံကို ပစ်လွှတ်ကာ မန္တန် တစ်ပုဒ်ကို ဖြည်းညင်းစွာ ရွတ်လိုက်၏။
"ဘုန်း…"
ရုတ်တရက် လှံသည် အဝါရောင် မြစ်တစ်စင်း အသွင် ပြောင်းလဲကာ သူ့အား ဝန်းရံလာသည်။
"အဲဒါက သေမင်းတိုင်းပြည်ရဲ့ ဥပဒေသလား… "
ကောင်းကင်အရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
အခြေတည် ဝိညာဉ် အဆင့်ကို တက်လှမ်းပြီးနောက် ကျင့်ကြံသူများသည် ဥပဒေသ တစ်ခုကို နားလည်ကာ ဆင့်ခေါ် လာနိုင်ကြသည်။
ကမ္ဘာ လောက အတွင်းရှိ အရာရာသည် ဥပဒေသ ဖြစ်ကြသည်။ ရေ၊ မီး၊ မိုးကြိုး၊ အနီရောင် ဖုန်မှုန့်၊ လေ၊ မိုးတို့သည်လည်း ဥပဒေသများ ဖြစ်သည်။ ကုချင်း၊ စာအုပ်၊ ပန်းချီဆွဲခြင်း စသည်တို့သည်လည်း ဥပဒေသများ ဖြစ်နိုင်သည်။ ဓားပျံ၊ ပုဆိန်၊ လှံလက်နက်တို့သည်လည်း ဥပဒေသများ ဖြစ်လာနိုင်သည်။
ထျန်းဟောင်ဂြိုဟ်၏ သမိုင်း၌ ကျားထိုးခြင်း ဥပဒေသကို နားလည်သော ကောင်းကင် အရှင် တစ်ယောက် ပေါ်ထွက်ခဲ့သည်။ သူသည် တိုက်ခိုက်သည့် အချိန်တိုင်း ရန်သူကို ကြီးမားသည့် ကျားကွက်ဖြင့် ဖုံးလွှမ်းကာ သတ်ပစ်တတ်ခဲ့သည်။
သေမင်းတိုင်းပြည် ဥပဒေသ…
သေမင်းတိုင်းပြည် ဥပဒေသကား မြင်တွေ့ရခဲသော ဥပဒေသ တစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများ အရဆိုလျှင် ကောင်းကင် အရှင်များပင် သေမင်းတိုင်းပြည် ဥပဒေသကို မထိရဲကြဟု ဆိုသည်။ အတင့်ရဲ၍ ထိတွေ့ရန် ကြိုးစားသူသည် ၎င်း၏ မှတ်ဉာဏ်များကို ဆုံးရှုံးရလေသည်။
ယခုတွင် မင်ယာသည် သေမင်း တိုင်းပြည်မှ မြစ်တစ်စင်းကို ဆင့်ခေါ်ခဲ့သည်။ ချန်းပေ့ရွှမ်း အနေဖြင့် ထိုဥပဒေသကို မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။
"ကောင်းကင်အရှင်ချန်း အဆင်ပြေပါ့ မလား…"
နတ်မိမယ် ရှန်းရှီမှာ ချန်းဖန် အတွက် စိုးရိမ် သွားခဲ့၏။
"ဝေါ…"
အဝါရောင် မြစ်ကြီးသည် ကောင်းကင်တွင် စီးဆင်းကာ ချန်းဖန် ပစ်လွှတ်လိုက်တော့ တောင်တန်းကြီးအား တိုက်စား ပစ်လိုက်၏။ ထို့နောက် ၎င်းက ချန်းဖန်ထံသို့ အရှိန်အဟုန် ပြင်းစွာ တိုးဝင်သွားသည်။
"ဘုန်း…"
ရုတ်တရက် နတ်ဘုရား လူဝံ၏ ဝမ်းဗိုက်တွင် ကြီးမားသော ဟောင်းလောင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။ အဝါရောင် မီးခိုးများသည် နှုတ်ခမ်းဝတွင် တရှဲရှဲ မြည်အောင် ထွက်ပေါ်လာသည်။
တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် ချန်းဖန်ကား ဒဏ်ရာ ရရှိသွားခဲ့ပြီ ဖြစ်လေသည်။
“အဲဒါက တကယ့်ကို သေမင်းတိုင်းပြည် ဥပဒေသပဲ...”
ကောင်းကင်အရှင်များမှာ အံ့အားသင့် သွားကြသည်။
နဂါးအရှင်မှာပင်လျှင် မျက်မှောင်ကြုတ် နေခဲ့သည်။ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ အတားအဆီး အစီအရင်များသည် မင်ယာ အပေါ်၌ အလုပ်ဖြစ်ပုံ မပေါ်ချေ။ မင်ယာသည် စွမ်းအင် ကျဆင်းနေသည့်တိုင် သူ၏ စွမ်းအားမှာ ကြယ်ပင်လယ်ထဲရှိ အခြေတည် ဝိညာဥ် ထိပ်ဆုံးများ ကဲ့သို့ အစွမ်းထက် နေခဲ့သည်။
“သေစမ်း...”
မင်ယာက လက်အား ဝှေ့ယမ်းလိုက်ရာ အဝါရောင်မြစ်ကြီးမှာ ချန်းဖန်ထံသို့ နောက်တစ်ကြိမ် တိုးဝင် သွားပြန်လေ၏။
ချန်းဖန်က ခြေဖနှောင့်အား ပေါက်ကာ နတ်ဘုရား လူဝံ၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည်။
“ဘုန်း...”
များစွာသောအလင်း တံတိုင်းများမှာ မြေပြင်မှ မြင့်တက်လာသည်။ ထိုတံတိုင်း တစ်ခုချင်းစီမှာ အဝါရောင် မြေကြီးဒြပ်စင်ဖြင့် ဖွဲ့စည်းထားကာ အဝါရောင် အဆင်း ရှိ၏။ ၎င်းတို့ အားလုံးသည် ပေတစ်သောင်းစီ ရှည်လျားကြကာ လက်မပေါင်း ထောင်ချီသည် အထိ အထူရှိလေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
သို့သော်လည်း မြစ်ကြီးက တိုးဝင် တိုက်စားသည်နှင့် တံတိုင်း ဆယ့်ရှစ်ခုမှာ ချက်ချင်း ပြိုကျ ပေါက်ကွဲသွား၏။ တစ်ချိန်တည်း၌ မြစ်ကြီး၏ စီးဆင်းမှု အဟုန်မှာလည်းအနည်းငယ် နှေးကွေးသွားသည်။
“လာစမ်း...”
မင်ယာက လက်ညိုးကို ဆန့်ထုတ်ကာ သင်္ကေတ အချို့ကို ရေးဆွဲလိုက်ပြန်သည်။
“မကောင်းတော့ဘူး... မင်ယာက မရဏတိုင်းပြည်က တစ္ဆေ နတ်ဘုရားကို ဆင့်ခေါ်နေပြီ”
ကောင်းကင်အရှင် တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ဒဏ္ဍာရီများ အရဆိုလျှင် မင်ယာသည် လျှို့ဝှက် ဆန်းကြယ်သော “မရဏ ကောင်းကင်နယ်” တွင် မွေးဖွားခဲ့သူ တစ်ယောက် ဖြစ်သည်။ အချိန်ကာလကား နှစ်တစ်သိန်း အထိ ရွေ့လျား ကျော်ဖြတ်သွားပြီ ဖြစ်ရာ သူ မည်မျှ အထိ အစွမ်းထက်နေမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြချေ။
“ခရက်...”
ကောင်းကင်သည် ရုတ်တရက် အက်ကွဲသွားဟန် ရ၏။ တစ္ဆေချီနှင့် အကြေးခွံများ ဖုံးလွှမ်းနေသည့် လက်ကြီး တစ်ခုသည် လေထု၌ ပေါ်ထွက်လာခဲ့သည်။ ထိုလက်ကြီး ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် လောကမှာ ကြောက်မက်ဖွယ် စွမ်းအားများနှင့် ပြည့်နှက်သွားသည်။
“တစ္ဆေ နတ်ဘုရား လာစမ်း...”
မင်ယာက သင်္ကေတများကို ထပ်မံ ရေးဆွဲ အသက်သွင်းရင်း အော်ဟစ်လိုက်သည်။ သင်္ကေတများသည် ကောင်းကင်၌ အက်ကွဲကြောင်း တစ်ခုကို ဖန်တီးကာ ဒုတိယမြောက် လက်ကြီး တစ်ဖက်ကို ဆင့်ခေါ်လိုက်ပြန်သည်။
“ဘုန်း...”
ထိုလက်နှစ်ဖက်သည် ကောင်းကင်အား စက္ကူ တစ်စ အလား ဆွဲခွဲပစ်၏။
“ဟီးဟီး...”
သွေးပျက်ဖွယ် ရယ်သံကြီး တစ်ခုနှင့် အတူ တစ္ဆေ နတ်ဘုရားသည် ကောင်ကင် အက်ကွဲကြောင်းမှ တစ်ဆင့် တိုးလျှိုးကာ ထွက်ပေါ်လာခဲ့၏။
၎င်းကား ပေရာဂဏန်းခန့် ရှည်လျားကာ နဖူးထက်တွင် ဦးချိုနှစ်ခု ရှိ၏။ အဇူအရာ အကြေးခွံများသည် ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထား၏။ တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် အစွယ်များမှာ ပါးစပ်ထဲမှ အပြင်ထိ ပြူထွက်နေခဲ့သည်။
“အနံ့ရတယ်... ကောင်းကင် သားရဲတွေရဲ့ အနံ့ရတယ်... မင်းခန္ဓာကိုယ်ထဲမှာ ကောင်းကင် သားရဲတွေရဲ့ သွေးတွေ စီးဆင်းနေတယ်... ငါ မင်းကို စားမယ်”
တစ္ဆေ နတ်ဘုရားက ချန်းဖန်အား သူ၏ နီရဲသော မျက်လုံးကြီးများဖြင့် ကြည့်လိုက်သည်။
“မင်းကလား...”
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။ အတိတ်ဘဝ၌ သူသည် မရဏတိုင်းပြည်သို့ သွားကာ အလွန် အစွမ်းထက်သော တစ္ဆေ နတ်ဘုရားများ၊ တစ္ဆေ ဘုရင်များကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။ ထိုကဲ့သို့သော သူက အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ္ဆေ ပေါက်စလေးကို မည်ကဲ့သို့ ကြောက်မည်နည်း။
“မိစ္ဆာ ဘိုးဘေး...”
နတ်ဘုရား လူဝံသည် ရုတ်တရက် မိစ္ဆာ ခြောက်ကောင် အဖြစ် ပြောင်းလဲသွား၏။ ထိုမိစ္ဆာ ခြောက်ကောင်က အားလုံး၏ အရှေ့တွင်ပင် ခေါင်းခြောက်လုံး၊ လက် နှစ်ဆယ်ဖက် မိစ္ဆာ အဖြစ် ပေါင်းစည်းသွားသည်။ ထိုမိစ္ဆာသည် ပေတစ်သောင်း ရှည်လျားကာ အမှောင် နတ်ဆိုးချီများကို ထုတ်လွှတ်နေ၏။
“မိစ္ဆာ ဘိုးဘေး မျိုးဆက်... မင်ယာ မင်း ငါ့ကို လှည့်စားတယ်”
ရုတ်တရက် တစ္ဆေ နတ်ဘုရား၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူက ချက်ချင်းပင် ကောင်းကင် အက်ကွဲကြောင်း ရှိရာသို့ ပြန်လည် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
မိစ္ဆာ ဘိုးဘေးများကား မြေအောက်လောက၏ အရှင်သခင်များ ဖြစ်ကာ သူတို့အား တစ္ဆေ ဘုရင်ကြီးများကပင် ကြောက်ကြရသည်။ သူသည် မည်မျှပင် သတ္တိရှိစေကာမူ မိစ္ဆာ ဘိုးဘေးများ၏ မျိုးဆက် တစ်ယောက်ကို ယှဥ်၍ မတိုက်ခိုက်ရဲချေ။
“ရပ်စမ်း...”
မိစ္ဆာက အော်ဟစ်ကာ တစ္ဆေ နတ်ဘုရားအား လှမ်းကုတ်ခြစ်လိုက်၏။
“အား...”
နာကျင်သော အော်ဟစ်သံများနှင့် အတူ တစ္ဆေ နတ်ဘုရား၏ ခန္ဓာကိုယ်မှာ နှစ်ဆယ့်ခြောက်ပိုင်း ပြတ်ထွက်သွား၏။ ချက်ချင်းပင် အနက်ရောင် သွေးများ၊ အဇူရာ အကြေးခွံများမှာ ကောင်းကင်တွင် ဖွာလန်ကြဲ သွားလေ၏။ တစ္ဆေ နတ်ဘုရားကား မတိုက်ခိုက်ရသေးခင်မှာပင် အသား အပိုင်းအစများ အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်လေသည်။
ထို့နောက် ချန်းဖန်က မင်ယာဘက်သို့ လှည့်လိုက်၏။ မိစ္ဆာသည် လက် ဆယ့်နှစ်ဖက် စလုံးကို မြှောက်ကာ ထိုးနှက်လိုက်၏။
“မိစ္ဆာခြောက်ပါး... ကောင်းကင် ချိပ်ပိတ်ခြင်း လက်သီး...”
***