မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်
Vol. 020 Ch. 1915
ကျွင်းချိုးယွင်၏အဖွဲ့အပြင် အခြားသောကျင့်ကြံသူအဖွဲ့များလည်း ဤနေရာသို့ရောက်လာကြသည်။ ထိုအဖွဲ့၌ အဖွဲ့ဝင်အများအပြားမရှိသော်လည်း တစ်ယောက်ချင်းစီတိုင်းတွင် အံ့အားသင့်ဖွယ် အရှိန်အဝါများရှိကြသည်။ ရီဖူရှင်းသည်လည်း ယခင်က ထိုခေါင်းဆောင်လူငယ်နှင့်ကြုံခဲ့ဖူးသည်။ တုံ့လိုင်နတ်ဘုရားဘုံ၌ ထိုလူရွယ်သည် ကျွင်းချိုးယွင်နှင့်အတူရှိခဲ့ပြီး နှစ်ဦးသားရင်းနှီးခဲ့သည်။
သူတို့ရောက်ရှိပြီးနောက် သူတို့သည် ရီဖူရှင်းအားဘေးတိုက်ကြည့်လိုက်သည်။ သူတို့သည် သူ့အားသိပ်ပြီးအရေးမစိုက်ကြပေ။ သူတို့အကြည့်များသည် ချောက်ကမ်းပါးမျက်နှာပေါ်တွင် ဗုဒ္ဓတေးဂီတသင်္ကေတများကိုနားလည်လုပ်ဆောင်နေသည့် အမျိုးသမီးရန်ဟောင်အပေါ်ကျရောက်နေသည်။ သူမဆီမှ နတ်အလင်းရောင်ထွက်လာသည်ကိုမြင်လိုက်ရသည့်အခါ ကျွင်းချိုးယွင်နှင့်အခြားလူငယ်ဆီမှ ထူးဆန်းသောအကြည့်များပေါ်လာကြသည်။ သူမသည် ချောက်ကမ်းပါးမျက်နှာပြင်မှ အက္ခရာများကို နားလည်သဘောပေါက်ဟန်တူသည်။
"စန့်ကွမ်း... ခင်ဗျားရဲ့နားလည်သဘောပေါက်မှုကရော ဘယ်လိုလဲ" ထိုအခိုက် လူငယ်ကမေးလိုက်သည်။သူ၏အသံသည် တည်ငြိမ်ပြီးသာမန်သာဖြစ်သည်။ ထိုသူသည် ကျွင်းချိုးယွင်နှင့်တူသည်။ သူသည် တုံ့လိုင်ကုန်းမြေ၏ထိပ်တန်းအင်အားစုမှ မွေးဖွားလာခဲ့သည်။ အာခီမီကလန်၊ယွင်ကလန်တို့သည် တုံ့လိုင်ကုန်းမြေမှအလွန်ကြောက်မက်ဖွယ်အင်အားစုများဖြစ်ကြပြီး သူတို့သည်လည်း ကျွင်းကလန်ထက်အင်အားမနည်းပေ။
ကျွင်းကလန်နှင့်ယွင်ကလန်အပြင် ကျင့်ကြံနေသောအမျိုးသမီးရန်ဟောင်သည် တုံ့လိုင်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည့် စန့်ကွမ်းကလန်မှကျင့်ကြံသူတစ်ဦးနှင့်တူသည်။ ချောက်ကမ်းပါးမျက်နှာပြင်ရှေ့တွင် တုံလိုင်ကုန်းမြေရှိ အဓိကအင်အားစုကြီးမှ ကျင့်ကြံသူများသည် စုဝေးရောက်ရှိနေကြသည်။
အမှန်တကယ်အားဖြင့် ကျွင်းချိုးယွင်နှင့် ယွင်ကလန်မှ ယွင်ကျီးတို့သည် ရီဖူရှင်းအတွက် လာခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် ဤနေရာ၌ မတော်တဆတွေ့ဆုံကြခြင်းမျှသာဖြစ်သည်။ ရီဖူရှင်း၏ကျင့်ကြံခြင်းစွမ်းရည်သည် ထူးခြားသော်လည်း ကျွင်းချိုးယွင်သည် သူ့အားသိပ်စိတ်မပူပေ။
"ယွင်ကျီး မင်းက အတင့်ရဲလှချည်လား" စန့်ကွမ်းချိုးရယ်နောက်မှ စန့်ကွမ်းကလန်အကြီးအကဲတစ်ဦးသည် မျက်မှောင်ကြုံ့ပြီးပြောလိုက်သည်။ သူ၏အမူအရာသည် အေးစက်နေသည်။ ယွင်ကျီးသည် စန့်ကွမ်းချိုးရယ်၏ကျင့်ကြံခြင်းကို ရည်ရွယ်ချက်ရှိရှိနှောက်ယှက်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်က စန့်ကွမ်းချိုးရယ်ရဲ့ကျင့်ကြံမှုအခြေအနေကို မေးဖို့လာခဲ့တာပါ။စီနီယာက ဘာလို့ဒီလိုလုပ်တာက ရဲတင်းတယ်လို့ကျွန်တော့်ကိုပြောရတာလဲ" ယွင်ကျီးသည်အကြီးအကဲကိုကြည့်ပြီးမေးလိုက်သည်။ အကြီးအကဲသည်ဘာမှမတုံ့ပြန်ပေ။ သူ၏ခန္ဓာကိုယ်မှ အေးစက်စက်ရောင်ဝါထွက်ပေါ်လာသည်။ တုံ့လိုင်ကုန်းမြေမှ အဓိက ကလန်အနည်းငယ်ကြားမှဆက်ဆံရေးသည် ရှုပ်ထွေးသည်။ယွင်ကလန်၊ကျွင်းကလန်နှင့် သူတို့၏စန့်ကွမ်းကလန်တို့သည် အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်နေသည်။
ထို့နောက် စန့်ကွမ်းချိုးရယ်၏ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်သည် တဖြေးဖြေးမှေးမှိန်သွားသည်။ သူမသည် ဖြေးညှင်းစွာလှည့်လာသည်။ သူမ၏လှပသောအကြည့်များသည် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ယွင်ကျီးနှင့် ကျွင်းချိုးယွင်တို့ဆီသို့ဦးတည်သွားသည်။
"ငါ အချို့အရာတွေကို နားလည်သဘောပေါက်နေပြီ။ ငါနဲ့အတူပါဝင်ချင်လား" စန့်ကွမ်းချိုးရယ်သည် ယွင်ကျီးကို တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်သည်။
ယွင်ကျီးသည်သူ၏ရှေ့မှ ကြီးမားသည့်ချောက်ကမ်းပါးမျက်နှာပြင်ကို ကြည့်လိုက်သည်။ မထင်မရှားရွှေရောင်အက္ခရာများသည် ပဟေဠိသဖွယ်ဖြစ်နေသည်။ သူသည် အရာအားလုံးကိုမမြင်ပေ။သို့သော်သူတို့ဘေးပတ်ဝန်းကျင်မှ လူများနှင့် သူတို့ကလန်၏မှတ်တမ်းများအရ ချောက်ကမ်းပါးမျက်နှာပြင်ပေါ်ရှိအက္ခရာများသည် တေးဂီတသင်္ကေတများဖြစ်ကြောင်းသူတို့သိရှိခဲ့ကြသည်။
ထင်ရှားသောဗုဒ္ဓကျင့်ကြံသူတစ်ဦးသည် ဗုဒ္ဓတေးဂီတလမ်းစဉ်များကို ချောက်ကမ်းပါးမျက်နှာပြင်တွင် ရေးထွင်းခဲ့သည်။ သူတို့ကလန်၏မှတ်တမ်းများအရ ဤနည်းလမ်းကို မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်ဟုခေါ်သည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ထိုးစစ်စည်းချက်လမ်းစဉ်ဖြစ်သည်။ ၎င်းသည် အခြားသူများ၏စိတ်ဝိဉာဉ်များကိုချက်ချင်းတိုက်ခိုက်နိုင်သည်။ အထူးသဖြင့် နတ်ဆိုးများ၏စွမ်းအားများကို ဟန့်တားရာ၌ကောင်းသည်။ ထိုလမ်းစဉ်သည် စည်းချက်လမ်းစဉ်၏ထူးခြားလွန်ကဲသောလမ်းစဉ်တစ်ခုဖြစ်သည်။
သို့သော် စည်းချက်လမ်းစဉ်ကို ကျွမ်းကျင်သည့် ကျင့်ကြံသူများသာလျှင် ၎င်းကိုနားလည်ရန်အခွင့်အရေးရှိသည်။ ကျွင်းချိုးယွင်နှင့် ယွင်ကျီးတို့သည် စည်းချက်လမ်းစဉ်ကို အနည်းငယ်သိရှိကြသော်လည်း မဟာလမ်းစဉ်၏ ဤစွမ်းအားကိုမကျွမ်းကျင်ကြပေ။ သူတို့သည်လည်း အနည်းငယ်ခံစားမိနိုင်သည်။ သို့သော်လည်း မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်ကို နားလည်ပြီးကျင့်ကြံရန်သူတို့အတွက်မဖြစ်နိုင်ပေ။
စန့်ကွမ်းချိုးရယ်ကိုကြည့်ပြီးနောက် ယွင်ကျီးသည် သူ၏ဘေးရှိ ကျွင်းချိုးယွင်ကိုမေးလိုက်သည်။ "ခင်ဗျားဘယ်လိုထင်လဲ"
"ကျွန်တော်တို့က စည်းချက်လမ်းစဉ်ကိုမကျွမ်းကျင်ပေမယ့် လမ်းစဉ်ကိုနားလည်ဖို့ကြိုးစားရာမှာတော့ထိခိုက်မှုမရှိပါဘူး။မဟာလမ်းစဉ်အားလုံးက အပြန်အလှန်ဆက်စပ်နေတာ။ ကျွန်တော်တို့စိတ်မကူးခဲ့ဖူးတဲ့ အကျိုးကျေးဇူးတွေ ကျွန်တော်တို့ရလိမ့်မယ်" ကျွင်းချိုးယွင်သည် စန့်ကွမ်းချိုးရယ်ကို ကြည့်ပြီးပြောလိုက်သည်။ သူသည် ထိုသို့ပြောပြီး ဘေးမှရီဖူရှင်းကို ငဲ့ကြည့်လိုက်သည်။
"ကောင်းပြီ" ယွင်ကျီးကသဘောတူလိုက်သည်။ "ဒါဆိုခဏလောက် နားလည်အောင်လုပ်ကြစို့။ ငါတို့ ဒီမိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်ကို နားလည်နိုင်မလားကြည့်ကြရအောင်"
မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်။ လူအုပ်ကြီးသည် ယွင်ကျီးပြောသည်ကိုကြားလိုက်သည့်အခါ သူတို့တုန်လှုပ်သွားကြသည်။ ဒီသင်ကြားချက်တွေကို မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်လို့ခေါ်သလား။
သူတို့သည် တုံ့လိုင်ကုန်းမြေ၏အဓိကအင်အားစုများမှဖြစ်ကြသည်။ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနှင့်အရင်းနှီးဆုံးသောအင်အားစုများဖြစ်ကြသည်။ သူတို့ပြောသည့် စကားများသည် မမှားသင့်ပေ။
ရီဖူရှင်းသည် နာမည်ကိုစိတ်ထဲမှ ထပ်ခါထပ်ခါရေရွတ်နေသည်။ မိစ္ဆာသတ်ဖြတ်ခြင်းလမ်းစဉ်ပေလား။
ကျွင်းချိုးယွင်သည် ရှေ့သို့အနည်းငယ်တိုးလိုက်သည်။ ကျင့်ကြံသူအနည်းငယ်သူ့နောက်မှလိုက်ပါသွားသည်။ သူတို့၏နောက်တွင် ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက်တန်းစီနေသည်။ သူတို့၏အရှိန်အဝါများသည် အံ့ဩဖွယ်ဖြစ်နေသည်။ သူတို့သည် လေဟာနယ်ရှိကျင့်ကြံသူများကို ဖိအားများခံစားစေသည်။
သေချာကြည့်လိုက်မည်ဆိုလျှင် ရီဖူရှင်းရဲ့အဖွဲ့၏ ဤနေရာမှ ထွက်ပြေးရာလမ်းကြောင်းအားလုံးသည် တိုက်ဆိုင်စွာပိတ်မိသွားသည်ကို သတိထားမိမည်ဖြစ်သည်။
ဒီတိုင်ခင်က ရီဖူရှင်းနှင့် ကျွင်းကလန် ကြားတွင် ကြီးမားသည့်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ သူသည် ကျွင်းကလန်မှကျင့်ကြံသူအများအပြားကိုသတ်ခဲ့သည်။
ပုံရိပ်ယောင်ကောင်းကင်ပိုင်နက်ထဲသို့ ဝင်ရောက်လာပြီးနောက် ရီဖူရှင်းအားအသက်ရှင်လျက်ထွက်ခွင့်မပေးရန် ကျွင်းချိုးယွင်ကစီစဉ်ထားသည်။
ယခုအခါ အရှေ့နတ်ဘုရားကျွန်းစုမှ နတ်ဘုရားမများ တစ်ယောက်မှမရှိသောကြောင့် ကျွင်းချိုးယွင်၏လမ်းကို နှောက်ယှက်နိုင်မည့်လူမရှိပေ။
သူသည်ရီဖူရှင်းအားကြည့်လိုက်ပြီးပြောလိုက်သည်။ "မင်းမှာထူးခြားတဲ့အရည်အချင်းမရှိဘူးလား။ အဲဒါဆို အတူတူနားလည်အောင်လုပ်ပြီး ကျင့်ကြံကြရအောင်"
ကျွင်းကျိုးယွင်သည် ရီဖူရှင်းအား သူနှင့်အတူချောက်ကမ်းပါးမျက်နှာပြင်မှအက္ခရာများကိုနားလည်အောင်လုပ်ရန်ခွင့်ပြုခဲ့သည်။ ကျွင်းချိုးယွင်သည် ပန်းသစ်ပင်၏အဖြစ်အပျက်သည် ရီဖူရှင်းနှင့်ပတ်သတ်နေကြောင်းကိုဝန်မခံချင်သော်လည်း သူနှင့်ပတ်သတ်ကြောင်းကို သေသေချာချာသိသည်။
သို့တိုင် ဤကိစ္စသည် အရေးမကြီးပေ။ရီဖူရှင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျွင်းချိုးယွင်သည် ရီဖူရှင်းကို သတ်မည်သာဖြစ်သည်။
ရီဖူရှင်း၏အသက်ကိုမယူမှီ သူသည် ရီဖူရှင်းအား သူ၏နောက်သို့လိုက်၍ သင်ကြားချက်များကိုနားလည်အောင်လုပ်ရန်ခွင့်ပြုပြီး ရီဖူရှင်း၏အမှန်တကယ်အရည်အချင်းကိုမြင်ရန်လုပ်ဆောင်ခဲ့သည်။
ရီဖူရှင်းသည် ကျွင်းချိုးယွင်ကိုဘေးစောင်းမှကြည့်ကာ သူ့အားလျစ်လျူရှူလိုက်သည်။ ထို့နောက် သူသည် ချောက်ကမ်းပါးမျက်နှာပြင်ကိုကြည့်လိုက်သည်။ အစက သူသည် ဤနေရာ၌နားလည်ပြီးကျင့်ကြံရန်စီစဉ်ထားသည်။ ဤသည်က ကျွင်းချိုးယွင်နှင့်မည်သို့သက်ဆိုင်ပါသနည်း။ ဤနေရာ၌ မဟာလမ်းစဉ်၏အက္ခရာများကို နားလည်ရန် ကျွင်းချိုးယွင်၏ခွင့်ပြုချက်ကို သူလိုအပ်သည်လား။
ရီဖူရှင်းသည် သူ့အားလျစ်လျူရှူနေသည်ကိုမြင်လိုက်သည့်အခါ ကျွင်းချိုးယွင်သည် ရီဖူရှင်းအားဂရုမစိုက်တော့ဘဲ ချောက်ကမ်းပါးမျက်နှာပြင်ဆီသို့မျက်နှာမူလိုက်သည်။
အရာအားလုံးသည် ပုံမှန်ဖြစ်သွားသည်။ လက်ရှိကျင့်ကြံသူများသည်လည်း အက္ခရာများကို နားလည်ဖို့ကြိုးစားရန် ချောက်ကမ်းပါးမျက်နှာပြင်ဆီသို့ပြန်လှည့်လိုက်ကြသည်။
ရီဖူရှင်းသည်လည်း အလားတူလုပ်ဆောင်လိုက်သည်။ မဟာလမ်းစဉ်၏အသိသည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ချောက်ကမ်းပါးမျက်နှာပြင်ပေါ်မှအသိကိုခံစားမိလိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်း၏မျက်လုံးများသည် အလွန်တောက်ပသွားသည်။ သူတို့၏ပတ်ဝန်းကျင်၌ နှစ်သက်ကြည်နူးဖွယ်လေပြေညှင်းတချက်တိုက်ခတ်သွားသည်။ ထိုအခိုက် ရွှေရောင်အက္ခရာများသည် သူ၏ရှေ့တွင် ကခုန်လာသည်။
တေးဂီတသင်္ကေတများ။
ရီဖူရှင်းသည် လေးလေးနက်နက်အာရုံစိုက်သည့်အေခြအေနသို့ ရောက်သွားသည်။ သူ၏အာရုံစူးစိုက်မှုသည် ချောက်ကမ်းပါးမျက်နှာပြင်ပေါ်၌ အပြည့်အဝရှိသည်။ ယခုအခါ သူသည်လုံးဝတိတ်ဆိတ်နေသည့် ပိုင်နက်နယ်မြေသို့ရောက်သွားသလိုပင်ဖြစ်သည်။ သူ၏ရှေ့မှ ရွှေရောင်တေးဂီတသင်္ကေတများသည်လည်း ဘေးပတ်လည်တွင်ခုန်ပေါက်နေသည်။
အသိ။ ရီဖူရှင်းသည် အသိ၏တည်ရှိမှုကိုခံစားမိလိုက်သည်။ ထိုသည်မှာ အလွန်ရှင်းလင်းထင်ရှား၏။ မဟာလမ်းစဉ်၏အက္ခရာများအတွင်း၌ အသိပါဝင်ပြီး တစ်ခုနှင့်တစ်ခုသည် ကောင်းစွာပေါင်းစည်းထားသည်။ ရီဖူရှင်းသည် သူတို့အားခံစားမိရန် ပြင်းပြင်းထန်ထန်ကြိုးစားလိုက်သည်။ သူသည် ဘေးပတ်လည်၌တေးဂီတသင်္ကေတများခုန်ပေါက်နေသည်ကို ခံစားမိသော်လည်း သူတို့၏အသံကိုမကြားနိုင်ပေ။
အလှပဆုံးသီချင်းသည် အသံမပါသည့်သီချင်းဖြစ်သည်။ အသိသည် အသံ၏တည်ရှိမှုကို ကျော်လွန်သွားသည်။
ရီဖူရှင်း၏ခံစားသိရှိမှုများသည် ကြောက်မက်ဖွယ်ဖြစ်သည်။ သူသည် ၎င်းတို့အားခံစားမိလိုက်သည်နှင့် အက္ခရာများသည် အသက်ဝင်လာသကဲ့သို့ဖြစ်သွားသည်။ ၎င်းတို့သည်သာယာေသာေတးသွားဖြင့် လေထဲတွင်ကခုန်နေသည့် ရွှေရောင်အက္ခရာများဖြစ်လာသည်။
သို့သော်လည်း အသံလုံးဝမထွက်ပေ။အနည်းဆုံးရီဖူရှင်းသည် လုံးဝမကြားနိုင်ပေ။
တေးဂီတသင်္ကေတများရှိသော်လည်း အသံမရှိပေ။
သို့သော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများတောက်ပနေသည်။ သူသည်ရွှေရောင်ခန္ဓာကိိုပုံသွင်းနေပုံရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စတင်တောက်ပလာသည်။
ထိုမြင်ကွင်းသည် ပေ့ကုန်းအော့နှင့်အခြားသူများကို ထူးဆန်းသည့်အမူအယာဖြစ်သွားစေသည်။ ရီဖူရှင်းသည် မည်မျှထူးခြားသည့်စွမ်းရည်ကို ပြသနေပါစေ သူတို့သည် အံ့အားသင့်မည်မဟုတ်ပေ။သို့သော် သူတို့အားဆွံအသွားစေသည်မှာ ရီဖူရှင်းသည် ထင်ရှားသည့်စွမ်းရည်ကိုပြသရုံမဟုတ်ခြင်းကြောင့်ဖြစ်သည်။
သူသည် မဟာလမ်းစဉ်၏စွမ်းအားအမျိုးအစားအားလုံးကို ကျွမ်းကျင်ပြီးကျင့်ကြံနိုင်သည့်ပုံပေါ်သောအချက်က သူတို့အားအံ့အားသင့်သွားစေခြင်းဖြစ်သည်။
ယခုအခါ သူသည် စည်းချက်လမ်းစဉ်ကိုလည်း ကျွမ်းကျင်နေပြီဖြစ်သည်။
ထို့သို့ဆိုလျှင် သူ မကျင့်ကြံနိုင်သည့် မဟာလမ်းစဉ်၏စွမ်းအားမရှိတော့လေသလား။
ဤအချိန်၌ ရီဖူရှင်းသည် ဓားသိုင်းပညာထက်ပို၍ နားလည်ရန်ခက်သည့်အရာကို နားလည်နေပြီဖြစ်သည်။ သူသည် တေးဂီတသင်္ကေတများကိုနားလည်ပြီး အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ခုကိုနားလည်နိုင်ခဲ့သည်။
အလှပဆုံးသောသီချင်းသည် အသံမပါသည့်သီချင်းဖြစ်သည်။ စည်းချက်လမ်းစဉ်အား ကြားရန်အတွက် အသံကိုမလိုအပ်ပေ။
မိစ္ဆာရဟန်းသတ်ဖြတ်ခြင်းဟန်ပန်သည် အသံ၏ဟန်ပန်ကို ထိန်းချုပ်ထားသည်။ မဟာလမ်းစဉ်၏အသံသည် အခြားအဆင့်သို့ရောက်သွားသည့်အခါ ရီဖူရှင်းသည် ထိုအသံများကိုကြားရန် အဆင့်မှီမည်မဟုတ်ပေ။
သူ၏အဆင့်သည် အလွန်နိမ့်သည်။ထို့ကြောင့် သူသည် အသံများကိုမကြားနိုင်ခြင်းဖြစ်သည်။
ရီဖူရှင်းသည် သူ့ဘာသာတွေးတောလိုက်သည်။
သူသည် အသံများကိုမကြားနိုင်သော်လည်း သူ၏ခံစားနိုင်စွမ်းသည် အလွန်အားကောင်းသဖြင့် တေးဂီတသင်္ကေတများ၏စည်းချက်ကို ခံစားနိုင်သည်။ ဤစည်းချက်ဖြင့် သူသည် ကျင့်ကြံနိုင်နေခြင်းဖြစ်သည်။
ထိုအခိုက် ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းတွင် ပို၍နစ်မြောသွားသည်။ ပထမဆုံးတေးဂီတသင်္ကေတများ၏စည်းချက်ကို ခံစားမိသောအခါ သူသည်လုံးဝအာရုံစိုက်မိသွားသည်။
ထိုနေရာရှိလူတိုင်းသည် တေးဂီတသင်္ကေတများကိုနားလည်ရန်လုပ်ဆောင်နေကြသည်။ သို့သော်လည်း အများစုသည် အဓိကအချက်များကိုမဖမ်းဆုပ်နိုင်ခဲ့ကြပေ။ အလယ်အလတ်အဆင့်ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ "ကျုပ် စည်းချက်လမ်းစဉ်ကိုနှစ်ပေါင်းများစွာကျင့်ကြံခဲ့တယ်။ ဒီစည်းချက်က ထူးခြားတယ်လို့ ခံစားမိနေတယ်။ ကံမကောင်းစွာနဲ့ပဲ အဓိကအချက်ကို ကျုပ်နားမလည်ဘူး။ ကျုပ်က ဒီအခွင့်အရေးကိုလွတ်ဖို့ ကံပါလာတာပဲ"
ထိုသို့ပြောပြီးနောက် သူသည် သက်ပြင်းရှည်ချလိုက်သည်။ နောက်ဆုံး၌သူသည် လက်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီး ထွက်ခွာရန်လှည့်လိုက်သည်။
"ခင်ဗျား ထွက်သွားတော့မှာလား" တစ်စုံတစ်ယောက်ကမေးလိုက်သည်။
"ဟုတ်တယ်" အကြိးအကဲက လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ "ဒီတေးဂီတလမ်းစဉ်ကို ရာစုနှစ်အတွင်း ဘယ်သူနားလည်နိုင်မလဲဆိုတာ ကျွန်တော်သိချင်မိတယ်"
ထိုသည်က ခက်ခဲသည်။အလွန်ကိုခက်ခဲလွန်းပေသည်။
သူသည် စည်းချက်လမ်းစဉ်ကို နှစ်ပေါင်းများစွာလေ့လာခဲ့ပြီး ဆရာအဆင့်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသည်။ သို့တိုင် သူသည် ဤလမ်းစဉ်၏အပေါ်ယံမျှသာ နားလည်နိုင်သည်။ သူ၏အမြင်အရ ဤစည်းချက်လမ်းစဉ်၏ခက်ခဲမှုအရ အရှေ့နတ်ဘုရားကျွန်းစုသည် ဆယ်ကြိမ်ဖွင့်ပေးမည်ဆိုလျှင်တောင် ထိုသည်ကို မည်သူမျှအောင်မြင်စွာကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ထိုအခိုက်တွင် ပုံမမှန်သောစည်းချက်တစ်ခုထွက်ပေါ်လာပြီး အကြီးအကဲအား သူ၏လမ်းကြောင်းတွင် ရပ်တန့်စေလိုက်သည်။ သူသည် လှည့်လိုက်ပြီး ချောက်ကမ်းပါးမျက်နှာပြင်ကိုကြည့်လိုက်သည်။ ချောက်ကမ်းပါးမျက်နှာပြင်တွင်ခုန်ဆင်းသွားပုံရသောပထမဆုံးရွှေရောင်အက္ခရာများကို သူမြင်လိုက်သည်။ ထိုအက္ခရာများမှ တောက်ပသည့်ရွှေရောင်အလင်းများဖြာထွက်လာသည်။အက္ခရာများသည် လေဟာပြင်ထဲသို့ချက်ချင်းပျံ့လွင့်သွားသည့် မဟာလမ်းစဉ်၏လှိုင်းသံများကို ထုတ်လွှတ်လိုက်သည်။ လူတိုင်းသည် အသံ၏အင်အားကို ရှင်းရှင်းလင်းလင်းခံစားမိနိုင်သည်။
"ဒါ ဘယ်သူလုပ်တာလဲ"
အကြီးအကဲ၏မုတ်ဆိတ်မွှေးများသည် လေထဲတွင် လွင့်နေသည်။ သူ၏အကြည့်သည် ရုတ်တရတ်အလွန်စူးရှသွားသည်။ သူ၏နှလုံးသားတုန်လှုပ်သွားသလို သူသည် လူအုပ်ဘက်သို့ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် တေးဂီတသင်္ကေတများကိုနားလည်နိုင်ခဲ့ပုံရသည်။ ဤသည်က ပထမဆုံးအဆင့်ဖြစ်သော်လည်း စတင်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့သောနေရာမှအစပြု၍ ဤပဟေဠိကိုနားလည်သဘောပေါက်ခြင်းသည် ဖြစ်နိုင်ချေတစ်ခုဖြစ်လိမ့်မည်။
သူ၏အကြည့်သည် စန့်ကွမ်းချိုးရယ်ထံသို့ရောက်သွားသည်။ ဤမတိုင်ခင်က သူမသည် ချောက်ကမ်းပါးမှာ ပဲ့တင်ထပ်နိုင်အောင်လုပ်နိုင်ခဲ့သည်။ တစ်စုံတစ်ယာက်သည် အောင်မြင်အောင်လုပ်နိုင်မည်ဆိုလျှင် သူမသည် ထိုသို့လုပ်ဆောင်နိုင်သည့် အလားအလာအများဆုံးသူဖြစ်သည်။
သို့သော် ယခုအခါ စန့်ကွမ်းချိုးရယ်သည်အလားတူ တုန်လှုပ်အံ့ဩနေပုံရသည်။ သူမ၏လှပသောမျက်လုံးများဖွင့်၍ ချောက်ကမ်းပါးမျက်နှာပြင်ကိုချောင်းကြည့်လိုက်သည်။ မဟာလမ်းစဉ်၏လှိုင်းသည် သူမအား ပြင်းထန်သည့်ကြောက်ရွံခြင်းကိုခံစားရစေသည်။ ဤသည်က သူမ နားလည်ရန်ပြင်းပြင်းထန်ထန်ကြိုးစားနေသည့် ရလဒ်ဖြစ်သည်။
သို့တိုင် သူမ ဤအဆင့်သို့ မရောက်မှီ တစ်စုံတစ်ယောက်သည် သူမကိုကျော်တက်သွားခဲ့သည်။
ထိုသည်ကို ဘယ်သူလုပ်ဆောင်ခဲ့သနည်း။
သူမသည်လည်း လူအုပ်ကို ဝေ့ကြည့်လိုက်သည်။ သူမ၏တုံ့ပြန်ချက်ကိုမြင်လိုက်သည့်အခါ အကြီးအကဲသည် ထိုသည်အားလုပ်ဆောင်ခဲ့သူမှာ စန့်ကွမ်းချိုးရယ်မဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။ ထိုသည်ကို မည်သူလုပ်ခဲ့သနည်း။
လူအများအပြားသည် မျက်လုံးဖွင့်ပြီးပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။ အချို့လူများသည် အချင်းချင်းတီးတိုးပြောနေကြသည်။ သူတို့အားလုံး အခုဘာဖြစ်ခဲ့သည်ကိုခံစားမိလိုက်ကြသည်။
စန့်ကွမ်းချိုးရယ်သည် ကျွင်းချိုးယွင်နှင့်ယွင်ကျီးကိုငဲ့ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုပ်ဆောင်ခဲ့ခြင်းမှာ ဖြစ်နိုင်ပါ၏လော။
သူတို့နှစ်ဦးက စန့်ကွမ်းချိုးရယ်ကို ကြည့်နေကြသည်။ ယွမ်ချီသည် သူမအား သံသယအကြည့်ဖြင့် ကြည့်နေသည်။ သူသည် ထို့နောက်ပြုံး၍မေးလိုက်သည်။ "အဲ့တာ မင်းမဟုတ်ဘူးလား"
စန့်ကွမ်းချိုးရယ်သည် ထိုသည်ကသူတို့မဟုတ်ကြောင်း သိရှိရန် ထပ်မေးနေစရာမလိုတော့ပေ။
ဒါဆို ထိုသည်က မည်သူဖြစ်နိုင်မည်နည်း။
မည်သူက ယခုအထိကျင့်ကြံနေသေးသနည်း။
သူမ၏အကြည့်က လူအုပ်ကိုဖြတ်၍ ပုံရိပ်တစ်ခုထံကျရောက်သွားသည်။ ထိုပုံရိပ်သည် ဝတ်စုံဖြူကိုဝတ်ဆင်ထားပြီး အဖြူရောင် ဆံပင်များရှိသည်။ သူ၏အကြည့်မှာ တောင်ကမ်းပါးစွန်းအားစိုက်ကြည့်နေဆဲဖြစ်ပြီး သူသည် အဝေးသို့မကြည့်နိုင်လောက်အောင် ထိုကမ်းပါးနံရံ၌ စိတ်ရောကိုယ်ပါ နစ်မြုပ်နေဟန်ရှိသည်။
ထိုလူက ရီဖူရှင်းဖြစ်သည်။ သူသည် တုန်လှုပ်ခြင်းမရှိသည့်လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပြီး တေးဂီတသင်္ကေတများကို နားလည်ဆင်ခြင်နေဆဲဖြစ်သူဖြစ်သည်။
စန့်ကွမ်းချိုးရယ်က သူ့အားသံသယဝင်မိသည်မှာ သဘာဝကျပေသည်။
***