← Chapters

ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်

Vol. 11 Ch. 1012

ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်

Vol. 11 Ch. 1012

ဆေးဖော်စပ်ရန် အတွက် လိုအပ်သော ဆေးအမယ်များကို ပြင်ဆင်ပြီးသည်နှင့် ချန်းဖန်သည် “တာတာအို မီးပြင်းဖိုကျမ်း” ကို အသက်သွင်းကာ “တာတာအို မီးပြင်းဖို”ကို ဆင့်ခေါ်လိုက်သည်။ တာတာအို မီးပြင်းဖိုသည် သုံးပေခန့် ရှည်လျားပြီး ၎င်း၏ မျက်နှာပြင် တစ်ခုလုံးမှာ ထူးဆန်းသော တာအို သင်္ကေတများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကောင်းကင်ဆေးများ၊ နတ်ဘုရားသွေးနှင့် လောက ဝိညာဥ်ရေတို့ကို မီးပြင်းဖို အတွင်း ပစ်ထည့်လိုက်သည်။ ထိုအခါ မီးပြင်းဖိုအတွင်းမှ မိုးခြိမ်းသံများ ထွက်ပေါ် လာသည်။

“ဘုန်း...”

မိုးခြိမ်းသံများနှင့် အတူ မီးပြင်းဖိုသည် တောက်ပသော အလင်းများကိုပါ ထုတ်လွှတ်၏။

ထိုအခိုက်၌ မီးပြင်းဖို၏ ကြည်လင်သော ကိုယ်ထည်ကို ဖြတ်၍ ကြည့်ရှု့ပါက နတ်ဘုရား တစ်ပါး၊ ဖီးနစ် ငှက်တစ်ကောင်နှင့် မြစ်ကြီး တစ်စင်းကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

တာတာအိုဂိုဏ်းသည် “တာတာအို မီးပြင်းဖိုကျမ်း” ကို ကျင့်စဥ်ပေပါင်း တစ်သောင်းအား ပေါင်းစည်းရန် ရည်ရွယ်ချက်ဖြင့် တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် ထိုကျမ်းကို သုံး၍ နတ်ဘုရား ဆေးလုံးအား ဖန်တီးတော့မည် ဖြစ်သည်။ အကယ်၍ တာတာအိုဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိုအချင်းအရာကို သိပါက ကျိန်းသေ စိတ်ဆိုးပေလိမ့်မည်။

“ဟူး... ဟူး...”

တစ်ချိန်တည်း၌ မီးပြင်းဖို အတွင်းရှိ အဆုံးမဲ့ စွမ်းအားများသည်  ချန်းဖန်၏ ခန္ဓာကိုယ်နှင့် ဆက်သွယ်ကာ ဒဏ်ရာငယ်လေးများကို တဖြည်းဖြည်း စတင် ကုသပေးသည်။

ထိုအရာကား နတ်ဘုရားဆေး ဖြစ်သည်။ တော်ရုံတန်ရုံ ဒဏ်ရာများမှာ နတ်ဘုရားဆေး၏ အငွေ့အသက် ဖြင့်ပင် ပျောက်ကင်းနိုင်ပေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

မီးပြင်းဖို အတွင်းရှိ အသံများမှာ ပို၍ ပို၍ ကျယ်လောင်လာနေခဲ့သည်။ နတ်ဘုရား၊ ဖီးနစ်ငှက်နှင့် လောက ဝိညာဥ်ရေ တို့သည် တစ်ခုတည်း အဖြစ် ပေါင်းစည်းနေကြ၏။

အဆုံး၌ ၎င်းတို့သည် အပြည့်အဝ ပေါင်းစပ်ကာ ရွှေရောင် အလင်းလုံး တစ်ခု အဖြစ် ပြောင်းလဲသွား၏။ အနီးကပ်ကြည့်ပါက ထိုရွှေရောင် အလင်းလုံးထဲတွင် မွေးကင်းစ ကလေးငယ် တစ်ယောက် ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။

ထူးဆန်းသော အရာကား ထိုကလေးငယ်၏ နဖူးထက်၌ မျက်လုံး တစ်ခုနှင့် ချက်တစ်ခု ရှိနေခြင်းပင်။

“ဘုန်း...”

ဆေးစတင် သန့်စင်သည့် အချိန်မှ စ၍ ရေတွက်သော် သုံးလခန့် ကြာမြင့်ပြီးနောက် နတ်ဘုရား ကလေးငယ်၏ မျက်လုံး နှစ်လုံးမှာ ပွင့်ဟ လာခဲ့သည်။ ထိုအခိုက်၌ ကလေးငယ်သည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ထက်ပင် ပို၍ များပြားသော စွမ်းအင်များကို သယ်ဆောင်ထား၏။ ဒွါရကိုးပါး နတ်ဘုရားဆေးကား အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

ကြယ်ပင်လယ် အတွင်းရှိ ကျင့်ကြံသူများသာ ထိုသတင်းကို ကြားပါက အလွန် အံ့အားသင့် သွားကြပေလိမ့်မည်။ ထိုဆေးမှာ အစစ်အမှန် နတ်ဘုရားဆေး တစ်ခု ဖြစ်သလို ပြုလုပ်ရန် အလွန်  ခက်ခဲသည့်ဆေး ဖြစ်ပေသည်။

များစွာသော သမားတော် တန်ခိုးရှင်များမှာ “ဒွါရကိုးပါး နတ်ဘုရားဆေး” ကို ပြုလုပ်ရာ၌ အကြိမ်ကြိမ် ကျရှုံးခဲ့ကြသည်။ အချို့ဆိုလျှင် ရူးသွပ်သွားသော အခြေအနေ အထိပင် ရောက်ရှိခဲ့ကြသည်။

ထို့ကြောင့်ပင် မဖြစ်မနေ လိုအပ်ခြင်း မရှိပါက ထိုဆေးကို မည်သူမျှ မလုပ်ချင်ကြချေ။

နတ်ဘုရား ကလေးငယ်သည် ဒွရကိုးပါးဖြင့် မွေးဖွားလာပြီး တစ်လက်မ မျှသာ အရှည်ရှိသည်။ ၎င်းသည် ရွှေရောင် အဆင်းဖြင့် တောက်ပနေကာ သာမန် ကလေးငယ် တစ်ယောက်၏ ပုံပန်းသဏ္ဌာန်နှင့် ကွာခြားမှု မရှိလှချေ။ တစ်ခုတည်းသော ကွာခြားချက်ကား ကလေးငယ်၏ နဖူးထက်ရှိ မျက်လုံးတစ်လုံးနှင့် ချက်တစ်ခု သာလျှင် ဖြစ်ပေသည်။

“ဘုန်း...”

နတ်ဘုရား ကလေးငယ်၏ မျက်လုံးများ ပွင့်ဟလာသည်နှင့် ချန်းဖန် တည်ရှိရာ အခန်း တစ်ခုလုံးမှာ တုန်ရီ သွား၏။

“ဝှစ်... ဝှစ်...”

နံရံထက်ရှိ မရေမတွက်နိုင်သော ငွေရောင် သင်္ကေတများသည် တောက်ပလာကာ နတ်ဘုရား ကလေးငယ်ထံမှ ထွက်ပေါ်လာသော စွမ်းအားများကို ပိတ်ဆို့သည်။ သို့သော်လည်း ကလေးငယ်၏ စွမ်းအားမှာ ငွေရောင် သင်္ကေတများကို ဖောက်ထွက်ကာ တောင်တန်း အင်ပါယာ တစ်ခုလုံးကိုပင် တုန်ရီစေ၏။

“ဖွဲ့စည်းစမ်း...”

ချန်းဖန်က လေးနက်သော အသွင်ဖြင့် ကလေးငယ်၏ နဖူးကို တို့ထိ လိုက်သည်။

“ဝှစ်...”

အလင်းတစ်ခုသည် သူ၏ လက်မှ ထွက်ကာ မရေမတွက်နိုင်သော သင်္ကေတများ အဖြစ် ကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွား၏။

ဆတ်ခနဲ တစ်ချက် တုန်ရီပြီးနောက် ကလေးငယ်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပိတ်သွားခဲ့သည်။ ထို့နောက် သူ၏ အသက်ရှူသံများမှာ တဖြည်းဖြည်း နှေးကွေးသွားကာ နှစ်ခြိုက်စွာ အိပ်မောကျသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

“ဟူး...”

ချန်းဖန်က စိတ်သက်သာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုရွှေရောင် ကလေးငယ်သည် သူ့အတွက် အလွန် အရေးကြီးပုံ ပေါ်သည်။ နတ်ဘုရား ဗိုလ်ချုပ် မင်ယာကို ရင်ဆိုင်တုန်းကပင် သူ၏ အမူအရာသည် ယခုလောက် မလေးနက် ခဲ့ချေ။

“နတ်ဘုရား စက်ဝန်းက တကယ့်ကို နတ်ဘုရားတွေရဲ့ ကောင်းကင်ဘုံကလာတာပဲ... အဲဒါကြောင့်သာ မဟုတ်ရင် ဒွါရကိုးပါး နတ်ဘုရားဆေးကြောင့် ငါ အကြီးအကျယ် ဒဏ်ရာရသွားလောက်ပြီ”

ချန်းဖန်က ဂရုတစိုက်ဖြင့် နတ်ဘုရား ကလေးငယ်၏ ခန္ဓာကိုယ်‌‌ပေါ်တွင် သင်္ကေတများကို ထပ်မံ ရေးဆွဲလိုက်သည်။ နောက်ဆုံး ကလေးငယ် လုံးဝ မလှုပ်ရှားတော့သည့် အဖြစ်သို့ ရောက်မှ သူက ရပ်တန့်လိုက်၏။

“‌နောက်ဆို သတိထားမှပဲ... လုံလုံလောက်လောက် အစွမ်း မထက်ရင် ဒီလိုဆေးမျိုးကို လုံးဝ မလုပ်သင့်ဘူး”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။

သူ့ကဲ့သို့ ရွှေအမြုတေ အဆင့် မဆိုထားနှင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များပင် နတ်ဘုရားဆေးလုံးအား လွယ်လွယ်ကူကူ မလုပ်နိုင်ကြချေ။ နတ်ဘုရားဆေးများကား နတ်ဘုရားများ၏ ကလေးများ သဖွယ် ဖြစ်သည်။ ထို့ကြောင့်ပင် နတ်ဘုရားဆေးလုံး ဖော်စပ်ခြင်းမှာ နတ်ဘုရားများ၏ ဆန္ဒကို လွန်ဆန်၍ ပြုလုပ်ရသော ဖြစ်စဥ် တစ်ခု ဖြစ်သည်။

သို့သော်လည်း ခက်ခဲမှုနှင့် တန်စွာပင် အောင်မြင်သည်နှင့် နတ်ဘုရား ဆေးလုံး၏ အာနိသင်ကား တိုင်းတာ၍ မရနိုင်လောက်အောင် အစွမ်းထက်လှပေသည်။

“ငါတွက်ချက်ထားတဲ့အတိုင်း ကောင်းကင်ကျေးကျွန် အစီအရင်က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မိုးကြိုးကပ်ဘေးကို တားဆီးထားတာပဲ... ငါမှန်းတာ မှန်သွားလို့ တော်သေးတာပေါ့... မဟုတ်ရင် ငါပါ အပိုင်းပိုင်း အစစ ဖြစ်နေလောက်ပြီ”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက နတ်ဘုရား ကလေးငယ်ကို ကြည့်ကာ ခေါင်းအား ခါယမ်းလိုက်၏။

“မိုးကြိုးကပ်ဘေးက ဆင်းသက်မလာတော့ ငါ့ရဲ့ နတ်ဘုရား ဆေးလုံးက မပြည့်စုံတော့ဘူး... ဘာပဲဖြစ်ဖြစ် အဲ့လောက်ကတင် လုံလောက်ပါတယ်လေ”

ထိုအရာမှာ ပြီးပြည့်စုံသည့် နတ်ဘုရားဆေးလုံး တစ်လုံး မဟုတ်သည့်တိုင် ချန်းဖန်မှာ ကျေနပ်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် မပြည့်စုံသည့် နတ်ဘုရားဆေး တစ်လုံး ဖန်တီးနိုင်ခဲ့ခြင်းကပင် အံဖွယ်ဖြစ်ရပ် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“ဝါးမျိုခြင်း...”

ချန်းဖန်က ပါးစပ်ကို ဟကာ ဒွါရကိုးပါး နတ်ဘုရားဆေးကို စုပ်ယူလိုက်၏။ နတ်ဘုရား ကလေးငယ်သည် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ချန်းဖန်၏ စိတ်အတွင်း ဝင်‌ရောက်သွားသည်။

“ဝှစ်...”

ရုတ်တရက် တစ်လက်မမျှရှိသော အခြေတည် ဝိညာဥ် တစ်ခုသည် ကောင်းကင်မှ ပြုတ်ကျကာ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံ အတွင်းရှိ ရွှေရောင် တိမ်တိုက်များ အကြားတွင် ပေါ်လာခဲ့၏။

ချန်းဖန်သည် တင်ပျဥ်ချိတ် ထိုင်ကာ လက်နှစ်ဖက်ကို ရင်ဘတ် အ‌ရှေ့တွင် စုစည်းထားသည်။ သူ၏ လက်ချောင်းများကမူ မတူညီသော သင်္ကေတ ပုံသဏ္ဌာန်များအား ဖော်ဆောင်နေခဲ့၏။

“ဖွဲ့စည်းစမ်း...”

ချန်းဖန်က အော်ဟစ်လိုက်ရာ သူ၏ နတ်ဘုရား စိတ်အာရုံ အတွင်းရှိ ရွှေရောင် တိမ်တိုက်များမှာ လေပွေတစ်ခု အသွင် ပြောင်းလဲသွားသည်။ ထိုလေပွေသည် တဖြည်းဖြည်းဖြင့် ကြီးမားလာကာ နတ်ဘုရား စိတ်အာရုံ တစ်ခုလုံးကို ပြည့်နှက်သွား၏။

“သန့်စင်စမ်း...”

ချန်းဖန်က ရေရွတ်ကာ လက်အား အခြား သင်္ကေတ တစ်ခုသို့ ပြောင်းလဲလိုက်သည်။

“ဝှစ်...”

လေပွေသည် အလွန် လျှင်မြန်စွာ လည်ပတ်လာ၏။ အဆုံး၌ ၎င်းသည် ရွှေရောင်အလင်း တစ်ခုအသွင် ပြောင်းလဲသွားသည်။

အကြိမ်ပေါင်း ၃၆၅၀ လည်ပတ်ပြီးနောက်၌ နတ်ဘုရား ကလေးငယ်ထံမှ အရည်စက် တစ်ခုသည် ယိုစိမ့်ထွက်လာကာ လေပွေ ဗဟိုသို့ ကျဆင်းသွား၏။

ရုတ်တရက် နတ်ဘုရား ကလေးငယ်၏ ခန္ဓာကိုယ်သည် တုန်ခါကာ မျက်လုံးများမှာ ပွင့်မလို ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် အတွင်းရှိ ချန်းဖန် ချမှတ်ထားသော သင်္ကေတများသည် တစ်ပြိုင်နက်တည်း လင်းလက်လာကာ သူ့အား ပြန်လည် ထိန်းချုပ်လိုက်ကြသည်။

ထို့နောက် နှစ်စက်၊ သုံးစက်၊ လေးစက်...

စုစုပေါင်း အရည်ကိုးစက်ကို စုပ်ယူပြီးနောက် နတ်ဘုရား ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားလေ၏။ အဆုံး၌ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရွှေနက်ရောင် အဖြစ် ပြောင်းလဲသွားတော့သည်။

“ဟူး...”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်၏။

သူသည် နောက်ဆုံး၌ ဒွါရကိုးပါး နတ်ဘုရားဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း သူသည် ထိုရလဒ်အတွက် ကြီးမားစွာ ပေးဆပ်ခဲ့ရ၏။

ကျင့်ကြံခြင်း မစတင်ခင်က သူ၏ စိတ်အာရုံသည် ရွှေရောင်မြူများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ရွှေရောင် မြူထုသည် တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။ ထိုရွှေရောင်မြူများမှာ ဝိညာဥ်စွမ်းအားများ ဖြစ်ကာ နတ်ဘုရား စိတ်အာရုံ အဖြစ် ဖြန့်ကျက် အသုံးပြုနိုင်ပေသည်။

ပထမ၌ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံသည် မိုင်လေးထောင် ဧရိယာ အထိ လွှမ်းခြုံနိုင်ခဲ့သည်။ ထိုပမာဏမှာ သာမန် အခြေတည် ဝိညာဥ်အဆင့်များထက် ပိုမို သာလွန်ပြီး ထျန်ေးဟောင်ဂြိုဟ်ရှိ ထိပ်ဆုံး အဆင့် အခြေတည် ဝိညာဥ် အဆင့်များ နီးပါးပင် ရှိပေသည်။

သို့သော်လည်း ဒွါရကိုးပါး နတ်ဘုရား ဆေးလုံးကို သန့်စင်ပြီးနောက်၌ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာ မိုင်ရားငါ ဧရိယာကိုသာ လွှမ်းခြုံနိုင်တော့သည်။ ထိုအရာကား ဆယ်ဆခန့်  အထိ နိမ့်ကျသွားခဲ့ခြင်း ဖြစ်ပေသည်။

“ဒါပေမဲ့ ထိုက်တန်ပါတယ်လေ...”

ချန်းဖန်က ရေရွတ်လိုက်၏။

ထိုအရာကား ဒွါရကိုးပါး နတ်ဘုရား ဆေးလုံး ဖြစ်ပေသည်။ ထိုဆေးလုံးသည် သာမန် လူတစ်ယောက်ကိုပင် အစွမ်း အထက်ဆုံး အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာအောင် ချက်ချင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ထိုအရာက ချန်းဖန် လိုချင်သော အရာတစ်ခု မဟုတ်ချေ။ သူသိထားသလောက်ဆိုလျှင် ဒွါရကိုးပါး နတ်ဘုရားဆေးအား အသင့်လျော်ဆုံး အသုံးပြုနိုင်သည့် နေရာမှာ “ဝိညာဥ် သန့်စင်ခြင်း” ဖြစ်ပေသည်။

ချန်းဖန်သည် ပြန်လည် မွေးဖွားပြီးနောက်၌ ရှေးဟောင်း ဝိညာဥ် သန့်စင်ခြင်း ကျင့်စဥ်ကို ကျင့်ကြံ ခဲ့သည်။ ထိုကျင့်စဥ်သည် ရှေးဟောင်း ကျင့်ကြံသူများ ကျင့်ကြံခဲ့သည့် ကျင့်စဥ် တစ်ခု ဖြစ်ပြီး အောင်မြင်သည်နှင့် ကျင့်ကြံသူသည် နတ်ဘုရား စိတ်အာရုံကို သုံးကာ ဓားများကို ဖွဲ့စည်း တိုက်ခိုက်လာနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ရွှေအမြုတေ အဆင့်ကို ဝင်ရောက်ပြီးနောက်၌ ချန်းဖန်သည် ထိုကျင့်စဥ်ကို ကျေနပ်ခြင်း မရှိတော့ချေ။

“ဒြပ်စင်ငါးမျိုး နတ်ဘုရားဂိုဏ်းရဲ့ အဇူရာ သက်ရှည် သခင်လေးဟာ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံခြင်း အခြေခံနဲ့ မွေးဖွားလာခဲ့ပြီးတော့ အရွယ်ရောက်လာတဲ့ အခါမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို အလိုအလျောက် တက်လှမ်းနိုင်ခဲ့တယ်... နောက်ပြီး သူ့ရဲ့ ဝိညာဥ် စွမ်းအားက သာမန် ကျင့်ကြံသူတွေထက် အဆ တစ်ရာလောက် ပိုပြီး အစွမ်းထက်တဲ့ အပြင် နတ်ဘုရား စိတ်အာရုံ ပန်းပွင့်တွေကိုတောင် ဖွဲ့စည်းနိုင်ခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံကတော့ ဒွါရကိုးပါး နတ်ဘုရားဆေးလုံးကို အရည်ကိုးစက် အဖြစ် သန့်စင်ပြီးတာနဲ့ အားကုန်လုနီးပါး ဖြစ်နေခဲ့ပြီ... ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် နတ်ဘုရား စိတ်အာရုံ ပန်းပွင့် တစ်ပွင့် ဖွဲ့စည်းနိုင်ဖို့တောင် အဝေးကြီး လျှောက်လှမ်းရလိမ့်မယ်”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။

သူသည် အဖက်ဖက်က ပြည့်စုံသည့် အစွမ်း အထက်ဆုံး ရွှေအမြုတေ တစ်ယောက် ဖြစ်ချင်သည်။ ကြယ်ပင်လယ် အတွင်း၌အစွမ်း အထက်ဆုံးဟု ဆိုအပ်သော ပါရမီရှင်များနှင့်ပင် ယှဥ်ပြိုင်လိုသည်။ သို့ဖြစ်ရာ သူ့အနေဖြင့်  နတ်ဘုရား စိတ်အာရုံကိုပါ နောက်ကောက်ကျ မနေခဲ့စေရန် ကျင့်ကြံဖို့ လိုအပ်ပေသည်။

“ဒွါရကိုးပါး နတ်ဘုရားဆေးက နတ်ဘုရား စိတ်အာရုံကို သန့်စင်ပေးနိုင်တဲ့ အပြင် နတ်ဘုရား စိတ်ဝိညာဥ်ကိုလည်း အားဖြည့်ပေးနိုင်တယ်... နောက်ပြီး လိုအပ်ရင် နတ်ဘုရား စိတ်အာရုံ အနေနဲ့လည်း အသုံးပြုနိုင်သေးတယ်”

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်ကာ ကျင့်စဥ်အား အသက်သွင်းလိုက်၏။

ရုတ်တရက် နတ်ဘုရား ကလေးငယ်၏ ဒွါရကိုးပါးမှာ ဖြည်းညင်းစွာ ပွင့်ဟလာကာ ချန်းဖန်၏ စိတ်အတွင်းရှိ ရွှေရောင်မြူများကို စုပ်ယူ သန့်စင်လေသည်။ နတ်ဘုရား ကလေးငယ်၏ သန့်စင်မှုကို ခံရပြီးနောက် ရွှေရောင်မြူများမှာ ပိုမို ထူထပ် တောက်ပလာကာ အစစ်အမှန် ရွှေကဲ့သို့ ဖြစ်တည်လာလေ၏။

“ဝှစ်...”

ချန်းဖန်က နတ်ဘုရား ကလေးငယ်ကို ဖြတ်သန်း၍ နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။ ထိုနတ်ဘုရား စိတ်အာရုံသည် ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ကာ တောင်တန်း အင်ပါယာ၏ အစီအရင်များကို ဖြတ်သန်း၍ မိုင်တစ်သောင်း အတွင်းရှိ အရာရာကို ဖုံးလွှမ်းသွားလေသည်။

***

All Chapters