ကျွန်မ ဒီမှာရှိတယ်
Vol. 3 Ch. 73
တစ်ချိန်တည်းမှာပဲ၊ မြားက သူ့ခေါင်းရှိခဲ့တဲ့နေရာကို ဖြတ်ကျော်ပြီး တံခါးကို ထိုးဖောက်သွားခဲ့သည်။
ထိုလူ၏အမူအရာသည် ပြောင်းလဲသွားကာ လှည့်ပြေးဖို့ပြင်တော့သည်။
လင်းရှောင်ယွီ့သည်လည်း ကုတင်ပေါ်မှ အမြန်ဆင်းလိုက်လေသည်။ သူမက ဖိနပ်တောင်မစီးဘဲ ထိုလူနောက်သလို့ ပြေးလိုက်ခဲ့သည်။
သို့သော်လည်း သူမ တံခါးသို့ရောက်သောအခါ တစ်ဖက်လူက ထွက်ပြေးသွားပြီးဖြစ်နေသည်။
သူမ၏စိတ်စွမ်းအင်ကိုသုံးကာ ကြည့်လိုက်ချိန်တွင် ထိုလူသည် သူမပတ်ဝန်းကျင်၏ မီတာ ၂၀ အချင်းဝက်အပြင်ဘက်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
"မမ..." ထိုအချိန်မှာပဲ လင်းရှောင်ကျစ်၏အသံက ကုတင်ပေါ်ကနေ ထွက်လာခဲ့သည်။
လင်းရှောင်ယွဲ့၏နှလုံးသားသည် နစ်မြုပ်သွားခဲ့သည်။ ခဏတုံ့ဆိုင်းနေပြီးနောက်မှာတော့ သူမက တံခါးပေါ်မှ မြားကိုဆွဲထုတ်ပြီး လေးနှင့်မြားကို သူမ၏နေရာလွတ်လပ်စွပ်ထဲသို့ ပြန်ထည့်လိုက်တော့သည်။
ပြီးနောက် သူမက တံခါးကို သေချာပြန်ပိတ်ပြီး ကုတင်ပေါ် ပြန်တက်သွားခဲ့သည်။
အန္တရာယ်အားလုံးကို ထည့်မစဉ်းစားမိခဲ့ဘူးဆိုသည်အား သူမ သိသွားလေသည်။
သူမအမေသည် ကလေးနှစ်ယောက်နှင့်မုဆိုးမတစ်ယောက်ဖြစ်ပြီး အိမ်တွင် ယောက်ျားသားမရှိပေ။ လူတွေက သူမတို့ လင်းမိသားစုကနေ ငွေစ ၄၂ စယူခဲ့သည်ကိုလည်း သိကြသည်။ ဒါကြောင့် သူမတို့သည် မရိုးသားသောစိတ်ရှိသူတစ်ယောက်ယောက်၏ ပစ်မှတ်ထားခံရဖို့ အလားအလာများလေသည်။
ဒီနေ့ညမှာ ထိုလူသည် သတိပေးချက်သဘောရသွားခဲ့ပြီ။ ဒီလောက်နဲ့ ရပ်လိုက်ရင်တော့ အကောင်းဆုံးပေါ့၊ မဟုတ်လို့ကတော့...
လင်းရှောင်ယွဲ့၏မျက်လုံးများသည် အေးစက်သည့်အလင်းရောင်တစ်ခုဖြင့် တောက်လဲ့သွားခဲ့သည်။
အိမ်ဆောက်ခြင်းကို အရှိန်မြှင့်မှရတော့မည်။ ဒါ့အပြင် အိမ်တွင် လုံခြုံရေးစနစ်တစ်ခုလည်း လိုအပ်သည်။
လင်းရှောင်ယွဲ့တစ်ယောက် ကျန်သည့်ညတစ်ဝက်တွင် သူမကိုယ်သူမ အိပ်ပျော်ခွင့်မပေးရဲတော့ဘဲ အရုဏ်တက်သည်အထိ အိမ်အတွက် စဉ်းစားနေတော့သည်။
မနက်စောစောတွင် လျိုရှီသည် မနက်စာလုပ်ရန် နိုးလာခဲ့ကာ တံခါးပေါ်တွင် အပေါက်တစ်ပေါက်ရှိနေသည်ကိုမြင်ပြီး အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။
လင်းရှောင်ယွဲ့သည် အနည်းငယ်တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးမှာတော့ ညက အဖြစ်အပျက်အကြောင်းကို သူမအမေအား ပြောပြခဲ့လေသည်။
လျိုရှီ၏မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားခဲ့သည်။ "သူခိုးထပ်လာရင် ဘယ်လိုလုပ်ကြမလဲ။ ဒီအိမ်နဲ့ ကျိုးပဲ့နေတဲ့တံခါးတစ်ချပ်က အမေတို့ကို မကာကွယ်ပေးနိုင်ဘူး။"
မုဆိုးမတစ်ယောက်၏ဘဝက ခက်ခဲလှသည်။ သူမ အဒေါ်ဝမ်နှင့်တောင်ပေါ်တောင်ယာရွက်များ သွားခူးတုန်းကလည်း ညစ်ညမ်းသည့်စကားများပြောလာသည့် ယောက်ျားတစ်ယောက်နှင့် တွေ့ခဲ့ဖူးသည်။
ဒါကြောင့် သူမသည် အချိန်အများစုကို အိမ်ထဲတွင်သာနေဖို့ ရွေးချယ်ခဲ့လေသည်။
သို့သော်လည်း အိမ်ထဲသို့ တစ်ယောက်ယောက် ဝင်လာလိမ့်မည်ကိုတော့ မထင်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် သူမသမီးက တွေ့ရှိသွားပြီး မြားဖြင့် ခြိမ်းခြောက်နိုင်ခဲ့သည်။ သူမသာ အချိန်မီမသိခဲ့လျှင် အကျိုးဆက်တွေက မတွေးဝံ့စရာတွေ ဖြစ်သွားနိုင်သည်။
"အမေ၊ စိတ်မပူပါနဲ့။ သမီး ဒီမှာရှိတယ်။" လင်းရှောင်ယွဲ့က အသံတိုးတိုးနဲ့ ပြောလိုက်သည်။
"ဒီတစ်ခါတော့ အဲ့လူ ကံကောင်းသွားတယ်။ ထပ်လာရဲရင်၊ ထပ်ပြီးမထွက်သွားနိုင်တော့ဘူး။" လင်းရှောင်ယွဲ့၏မျက်လုံးများက လူသတ်ချင်စိတ်နဲ့ ပြည့်နှက်နေသည်။
"မဟုတ်ဘူး၊ အဲ့ဒီလိုလူတစ်ယောက်အတွက် လူသတ်ရတာ မတန်ဘူး။ အဆိုးဆုံးဖြစ်လာရင်၊ အမေက နေ့ခင်းဘက်အိပ်ပြီး ညဘက်မှာ မင်းနဲ့ မင်းမောင်ကို စောင့်မယ်။" လျိုရှီက အခိုင်အမာပြောလိုက်သည်။
လင်းရှောင်ယွဲ့က နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
"အဲ့လောက် မလိုအပ်ပါဘူး။ သမီး ဒါကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားပါ့မယ်။" သူမက သူမအမေ၏လက်မောင်းကို ပုတ်လိုက်သည်။
"ကောင်းပြီ။" လျိုရှီရဲ့ မျက်လုံးတွေက စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေတုန်းဖြစ်သော်လည်း သူမက ခေါင်းညိတ်လိုက်သည်။
သူမက သူမရဲ့ကလေးနှစ်ယောက်ကို ကာကွယ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ သူမရဲ့သမီးက သူမနဲ့ သူမရဲ့သားကို ကာကွယ်နေသည်။ သူမရဲ့သမီးကို ဘယ်အချိန်ကစပြီး အားကိုးလာမိတာလဲ...
မနက်စာစားပြီးနောက်မှာတော့၊ လင်းရှောင်ယွဲ့က ထွက်သွားဖို့ ပြင်ဆင်နေခဲ့သည်။
"နောက်ကျနေပြီ။ သမီး နွားလှည်းကို စောင့်ဖို့သွားရတော့မယ်။ နောက်ကျ ကြောက်ရင်၊ ရှောင်ကျစ်ကိုခေါ်ပြီး အဒေါ်ဝမ်ဆီသွားနေပါ။ သမီး နေ့လည်မတိုင်ခင် ပြန်လာခဲ့မယ်။"
"ကောင်းပြီ။ သတိထားသွားနော်။"
လင်းရှောင်ယွဲ့ ပြုံးလိုက်ကာ "စိတ်မပူပါနဲ့။ အမေ့သမီးကို ထိခိုက်အောင် လုပ်နိုင်တဲ့လူ မရှိပါဘူး။"
သူမက သူမရဲ့သေနတ်ကို ထုတ်မပြချင်တာကြောင့်သာ မဟုတ်ရင်၊ အဲ့ဒီလူက သေသွားလောက်ပြီ။
ဒါ့အပြင်၊ သူမက သူမရဲ့မိသားစုကို ဒုက္ခမပေးချင်ပေ။
ဒီခေတ်မှာ၊ သူမက လူတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ တစ်ယောက်ယောက်သိသွားရင်၊ သူမက သူမရဲ့အသက်နဲ့ ပေးဆပ်ရမှာ။
သူမက ညကလူက သူ့အသက်ကို နည်းနည်းပိုတန်ဖိုးထားလိမ့်မယ်လို့ပဲ မျှော်လင့်မိသည်။
ပြီးတော့၊ မကောင်းတဲ့စိတ်ရှိတဲ့သူတွေက သူတို့နဲ့ဝေးဝေးနေသင့်တယ်။
လင်းရှောင်ယွဲ့သည် သားကောင်အနည်းငယ်ကို ကျောပေါ်မှာသယ်ပြီး တံခါးအပြင်ဘက်ကို လျှောက်ထွက်သွားခဲ့သည်။
လမ်းတွင်လည်း သူမက ရွာသားများကို ပုံမှန်အတိုင်း နှုတ်ဆက်သွားခဲ့သည်။
***