← Chapters

ကျွန်ကုန်ကူးခြင်း

Vol. 3 Ch. 75

ကျွန်ကုန်ကူးခြင်း

Vol. 3 Ch. 75

"နောက်ထပ်ဥပမာတစ်ခုက 119၊ ဒါက 1 'ရာ'၊ 1 'ဆယ်'နဲ့ 9 'ခု' ဆိုလိုတယ်..."

လျန်ချန်းချိုင် အံ့ဩသွားသည်။

"ဒါဆို 233 က 2 'ရာ'၊ 3 'ဆယ်' နဲ့ 3 'ခု' ဆိုလိုတာလား။" သူက အမြန်တွက်ဆလိုက်သည်။

"ဟုတ်တယ်၊ ရှင်က သင်ယူတာမြန်တာပဲ။" လင်းရှောင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

လျန်ချန်းချိုင် မျက်နှာနီသွားသည်၊ "မိန်းကလေးလင်း၊ ခင်ဗျားက ကျွန်တော့်ကို ကောင်းကောင်းသင်ပေးလို့ပါ။"

လင်းရှောင်ယွဲ့ ပြုံးပြီး ငြင်းမနေတော့ပေ။ သူမက ဆက်ရှင်းပြခဲ့သည်။

"အကုန် အတူတူပဲ၊ ရှင်က အဆုံးမရှိတဲ့ဂဏန်းကြီးတွေကို ရေးနိုင်တယ်။"

ပြီးနောက် လင်းရှောင်ယွဲ့သည် လျန်ချန်းချိုင်ကို နောက်ထပ်ဂဏန်းအနည်းငယ်ထပ်ပေးကာ စမ်းသပ်ခဲ့သည်။ သန်းကနေ သိန်းအထိ၊ လျန်ချန်းချိုင်သည် အာလုံးကို မှန်မှန်ကန်ကန်ရေသွားနိုင်လေသည်။

လျန်ချန်းချိုင်တစ်ယောက် ပိုရေးလေလေ၊ ပိုအံ့ဩမိလေလေပဲ။

"ဒါက အံ့ဩစရာပဲ။" သူက အော်ပြောလိုက်သည်။

သူ ဒီလိုဂဏန်းတွေရေးတဲ့နည်းလမ်းကို အရင်ကမကြားဖူးဘူး၊ ပြီးတော့ ဒါက အခုလူတွေဂဏန်းရေးတဲ့နည်းလမ်းထက် အများကြီးပိုရိုးရှင်းတယ်။

"ဟုတ်တယ်။" လင်းရှောင်ယွဲ့က ပြန်ဖြေလိုက်သည်။

၂၁ ရာစုမှာ၊ အာရေဗျဂဏန်းတွေက ဒသမဂဏန်းတွေရေးဖို့ အသုံးအများဆုံး သင်္ကေတတွေပဲ၊ ပြီးတော့၊ အကြောင်းပြချက်တစ်ခုတော့ ရှိတာပေါ့။

"ဒီဂဏန်းတွေနဲ့ ပိုရင်းနှီးပြီး အခြေခံကောင်းကောင်းရှိဖို့အတွက်၊ ရှင် ဒီနေ့လည်မှာ 0 ကနေ 100 အထိ ဆယ်ခါရေးရမယ်။ ကျွန်မ မနက်ဖြန် စစ်မှာနော်။"

"ဟုတ်ကဲ့။" လျန်ချန်းချိုင်က လင်းရှောင်ယွဲ့ကို အမြန်ဦးညွှတ်လိုက်သည်။

"ကောင်းပြီ၊ ဒီနေ့အတွက် ဒီလောက်ပါပဲ။ ကျွန်မမှာ လုပ်စရာရှိသေးလို့၊ အခုပဲ သွားရတော့မယ်။" လင်းရှောင်ယွဲ့က ချက်ချင်း နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ။ ကျွန်တော် ခင်ဗျားကို ပို့ပေးပါ့မယ်။" လျန်ချန်းချိုင်က အမြန်ပြောလိုက်သည်။

"မလိုပါဘူး လူကြီးမင်းလျန်။" လင်းရှောင်ယွဲ့က ပြောပြီး ထွက်သွားခဲ့သည်။

လျန်ချန်းချိုင်က လင်းရှောင်ယွဲ့၏နောက်ကျောကို ကြည့်ပြီး၊ သူ့နှုတ်ခမ်းထောင့်တွေက မကွေးဘဲမနေနိုင်တော့ပေ။

ဘယ်လိုကြောင့်များ ဒီလောက်တောင် တော်ရတာလဲ။

ချင်းရှီမြို့လို နေရာငယ်လေးမှာ ဒီလိုလူတစ်ယောက်ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ပြီးတော့ သူမက ကောင်မလေးတစ်ယောက်ပဲ။

ရူယီ စားသောက်ဆိုင်ကနေ ထွက်ခွာပြီးနောက်မှာတော့၊ လင်းရှောင်ယွဲ့က အဘိုးရှီပေးခဲ့သည့် လိပ်စာကိုသွားပြီး ဆိပ်ကမ်းနားက ဈေးတစ်ခုကို သွားခဲ့သည်။

ဟုတ်တယ်၊ နွားတွေ၊ မြင်းတွေ ရောင်းဝယ်ဖောက်ကားတဲ့နေရာက ဆိပ်ကမ်းနဲ့ အနီးဆုံးဈေးတစ်ခုမှာ တည်ဆောက်ထားတာပဲ။

လင်းရှောင်ယွဲ့ မသိခဲ့တာက ဒီဈေးက နွားတွေ၊ မြင်းတွေတင်မကဘူး၊ ကျွန်တွေကိုပါ ရောင်းဝယ်ဖောက်ကားတယ်ဆိုတာကိုပေါ့။

သူမ ရောက်သွားချိန်တွင် လူအများကြီး ဝိုင်းအုံနေတာကို တွေ့လိုက်ရသည်။

စောသေးတာကို မြင်တော့၊ သူမလည်း ကြည့်ဖို့ တိုးဝင်သွားခဲ့သည်။

ပြီးနောက် ထိုနေရာတွင် လူများကိုရောင်နေသည်အား တွေ့ရှိခဲ့ရလေသည်။

အမှန်ပဲ လူတွေကို တိရိစ္ဆာန်တွေလို ရောင်းနေခဲ့တာ။

အနက်ရောင်အဝတ်အစားဝတ်ထားသည် ယောက်ျားအနည်းငယ်က စင်ပတ်လည်မှာ ရပ်နေပြီး၊ လက်တွေချည်နှောင်ထားတဲ့ ယောက်ျား၊ မိန်းမအနည်းငယ်ရှိသည်။

ဒီအချိန်မှာ၊ ကြိမ်တိုတစ်ချောင်းကိုင်ထားတဲ့ ယောက်ျားတစ်ယောက်က စင်ပေါ်မှာ လျှောက်သွားရင်း၊ ရောင်းချမှု မကြာခင်စတင်တော့မယ်လို့ အော်ပြောနေသည်။

လင်းရှောင်ယွဲ့က ပတ်ဝန်းကျင်ကလူတွေရဲ့ ဆွေးနွေးမှုတွေကို ကြားပြီး၊ အခြေအနေကို အမြန်နားလည်သွားသည်။

လက်တွေချည်နှောင်ထားတဲ့သူတွေက တကယ်ပဲ ကျွန်တွေပဲ။ သာ့ယန်မင်းဆက်က ကျွန်တွေရောင်းချတာကို ခွင့်ပြုထားသည်။

သူတို့ တတ်နိုင်သရွေ့၊ သူတို့က ဝယ်နိုင်သည်။ ပြီးတော့၊ ကျွန်တွေက တိရစ္ဆာန်တွေလိုပဲ၊ သူတို့ပိုင်ရှင်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပဲ။

လင်းရှောင်ယွဲ့က ကျွန်တွေအားလုံးက စုတ်ပြတ်နေတဲ့အဝတ်အစားတွေ ဝတ်ထားပြီး၊ သူတို့မျက်နှာနဲ့ ကိုယ်တွေက ညစ်ပတ်နေတာကို တွေ့လိုက်ရသည်။ စင်နဲ့နီးနီးကပ်ကပ်ရပ်နေတဲ့သူတွေက သူတို့ကိုယ်ပေါ်က ချွေးနံ့ကိုတောင် ရနိုင်သည်။

သဘာဝအတိုင်း၊ သူမကလည်း ရနိုင်သည်။ သူမက မျက်မှောင်ကြုတ်ပြီး လှည့်ပြီးထွက်သွားဖို့ ပြင်ဆင်လိုက်သည်။

ဒီခေတ်မှာ ဒါကိုခွင့်ပြုထားပေမယ့်၊ သူမရဲ့စိတ်ထဲမှာ သတိပေးခေါင်းလောင်းတွေ ထမြည်ဖို့ လုံလောက်သည်။

ကံကောင်းစွာပဲ၊ ရွာသူကြီးက သူမအမေအတွက် အမျိုးသမီးအိမ်ထောင်စုတစ်ခု တည်ထောင်ပေးဖို့ ကတိပေးခဲ့သည်၊ ပြီးတော့ သူတို့မိသားစုက အိမ်တစ်လုံးဆောက်တော့မည်။ မဟုတ်လျှင်၊ တစ်စုံတစ်ခုတကယ်ဖြစ်လာလျှင်၊ သူတို့မိသားစုက မတော်တဆ ကျွန်တွေဖြစ်သွားနိုင်သည်။

ဒါ့အပြင်၊ သူမက အရင်က သူမရဲ့သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ခဲ့ပေမယ့်၊ အဆိုးဆုံးဖြစ်လာရင်၊ သူမက သူတို့အားလုံးကို သတ်ပြီး သူမအမေနဲ့ မောင်လေးကို ခေါ်သွားရုံပဲ။

***

All Chapters