ညနက်ပိုင်း တွေ့ဆုံခြင်း
Vol. 3 Ch. 72
"ကျွန်တော့်ကို ဖွင့်ပေးဦး။" သူက ဖွင့်မရတော့ လင်းရှောင်ယွဲ့ကို သကြားလုံး ပေးလိုက်သည်။
"ဟဟ၊ လူဆိုးလေး။" လင်းရှောင်ယွဲ့က လင်းရှောင်ကျစ်ရဲ့ခေါင်းကို ပုတ်ပြီး သူ့အတွက် အခွံခွာပေးလိုက်သည်။
မောင်နှမနှစ်ယောက်တည့်နေသည်ကိုမြင်ပြီး လျိုရှီ၏မျက်နှာထက်တွင် အပြုံးပန်းကို ဖုံးကွယ်မထားနိုင်တော့ပေ။
"ဦးလေးစွန်းက စားပွဲနဲ့ ထိုင်ခုံတွေအတွက် ဒင်္ဂါး ၁၂၀ ယူတယ်။ ဈေးနှုန်းမှန်ရဲ့လား။" လျိုရှီက မေးလိုက်သည်။
"ဟုတ်ကဲ့။" လင်းရှောင်ယွဲ့က မနက်က သွားတုန်းက ဦးလေးစွန်းက စပေါ်ငွေ မတောင်းခဲ့တာကို သတိရလိုက်သည်။
"ဦးလေးစွန်းက သမီးတို့ကို လျှော့ဈေးပေးခဲ့တယ်။ အဒေါ်စွန်းက မနက်ဖြန် ဆောက်လုပ်ရေးအဖွဲ့အကြောင်း မေးပေးမှာ။ အမေ၊ သမီး သူတို့ကို ရစ်ငှက်တစ်ကောင် ပို့ပေးသင့်လား။" လင်းရှောင်ယွဲ့က သူမ ယူလာတဲ့ ရစ်ငှက်ကို တစ်ချက်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ကျေးဇူးတင်သင့်တယ်။" လျိုရှီက ပြောလိုက်သည်။
"ကောင်းပြီ။ သမီး အခုပဲ သွားလိုက်မယ်။" လင်းရှောင်ယွဲ့က မြေပေါ်က ရစ်ငှက်ကို ကောက်ပြီး ထွက်သွားခဲ့သည်။
သူမ စွန်းမိသားစု၏ ခြံဝင်းကိုရောက်တော့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးတွေ ထွက်နေတာကို တွေ့လိုက်ရသည်။
ဦးလေးစွန်းက အလုပ်နားပြီဖြစ်ကာ သူက ခြံထဲမှာ ဆေးတံသောက်ရင်း ထိုင်နေသည်။
"ဦးလေး။" လင်းရှောင်ယွဲ့က အမြန်ခေါ်လိုက်သည်။
"ယို၊ မင်း ထပ်ရောက်လာတာလား။ မြန်မြန်ဝင်ခဲ့။" ဦးလေးစွန်းက အမြန်ထလိုက်သည်။
လင်းရှောင်ယွဲ့က ရစ်ငှက်ကို အိမ်ထဲကို ယူသွားခဲ့သည်။
"ကျွန်မ သားကောင်နည်းနည်း ဖမ်းမိတယ်။ ဒါက ဦးလေးတို့အတွက်ပါ။"
"မင်း အရမ်းကြင်နာတာပဲ။ ငါက မင်းကို စားပွဲနဲ့ ထိုင်ခုံတွေအတွက် ပိုက်ဆံမယူခဲ့တာမှ မဟုတ်တာ။" ရစ်ငှက်က အရမ်းဝပြီး အနည်းဆုံး လေးပေါင်လောက် အလေးချိန်ရှိတာကို မြင်တော့ ဦးလေးစွန်းက ရှက်သွားသည်။
ဒီအချိန်မှာ အဒေါ်စွန်းကလည်း ဆူညံသံကြားလို့ ထွက်လာခဲ့သည်။ လင်းရှောင်ယွဲ့က လက်ထဲမှာ တစ်ခုခုကိုင်ထားတာကို တွေ့ပြီး သူမက အရမ်းကြင်နာတယ်လို့ ပြောလိုက်သည်။
"ဦးလေးတို့က ကျွန်မတို့ကို စားပွဲနဲ့ ထိုင်ခုံတွေအတွက် လျှော့ဈေးပေးခဲ့တာ၊ ဒါက ဘာမှမဟုတ်ပါဘူး။ ပြီးတော့ အိမ်ဆောက်တာကို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါက ကျေးဇူးတင်ခြင်းရဲ့ အထိမ်းအမှတ်တစ်ခုပါပဲ။" လင်းရှောင်ယွဲ့က ပြုံးပြီးပြောလိုက်သည်။
"မင်းက မိန်းမကောင်းလေးတစ်ယောက်ပဲ၊ မင်းအမေကလည်း အရမ်းတော်တဲ့ အမေကောင်းတစ်ယောက်ဖြစ်ရမယ်။" အဒေါ်စွန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါ ရစ်ငှက်ကို သန့်ရှင်းရေးလုပ်ဖို့ သွားလိုက်မယ်။ ငါတို့နဲ့အတူ ညစာစားပြီးမှ ပြန်လေ။"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မအမေက ချက်ပြုတ်လို့ပြီးခါနီးပြီ။ ကျွန်မ အခုပဲ သွားရတော့မယ်။" လင်းရှောင်ယွဲ့က အမြန်ပြောလိုက်သည်။
"အော်၊ စားသွားပါဦး။" အဒေါ်စွန်းသည် လင်းရှောင်ယွဲ့က အားနာနေသည်ဟု ထင်လိုက်သည်။
လင်းရှောင်ယွဲ့က ခြံဝင်းအပြင်ဘက်ကို အမြန်ပြေးထွက်သွားခဲ့သည်။
"ကျွန်မအမေက ကျွန်မကို စောင့်နေတယ်။ နောက်တစ်ခါကျမှ ကျွန်မ သေချာပေါက် ညစာစားဖို့ နေခဲ့မယ်။" သူမက ပြေးရင်း ပြောလိုက်သည်။
အဒေါ်စွန်းက ခြေလှမ်းအနည်းငယ် ရှေ့တိုးပြီး ပြုံးပြီး ရပ်လိုက်သည်။
ပြီးနောက်မှ သူမခင်ပွန်းကိုလှည့်ကြည့်ပြီး အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့နှစ်ဦးလုံး၏မျက်နှာထက်တွင် အပြုံးပွင့်များရှိနေလေသည်။
သူတို့လည်း လျိုမိသားစုနှင့် မိတ်ဆွေဖြစ်ခွင့်ရခြင်းကို ပျော်ရွှင်နေကြသည်။
လင်းရှောင်ယွဲ့ အိမ်ပြန်ရောက်ပြီးနောက်မှာတော့ သူမက ညစာကို အမြန်စားလိုက်သည်။
ဆေးကြောပြီးနောက်မှာတော့ တစ်မိသားစုလုံးက အိပ်ရာဝင်ခဲ့ကြသည်။
ညဉ့်နက်ချိန်တွင်။
အိပ်ပျော်တော့မည့် လင်းရှောင်ယွဲ့သည် ရုတ်တရက် တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။
ကမ္ဘာပျက်တုန်းက သူမရခဲ့တဲ့ ဗီဇက သူမကို တစ်ခုခုမှားနေတယ်လို့ ပြောနေသည်။
လင်းရှောင်ယွဲ့က မလှုပ်ရှားဘဲ တံခါးကိုပဲ ကြည့်နေခဲ့သည်။
ပြီးနောက် သူမက သူမရဲ့စိတ်စွမ်းအင်နဲ့ စစ်ဆေးပြီး သူတို့ခြံထဲမှာ လူတစ်ယောက်ရှိနေတာကို ချက်ချင်းသိလိုက်သည်။ ပြီးတော့ သူက ၁၇၀ စင်တီမီတာကျော် အရပ်ရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။
ပြီးတော့ သူမက အသံသေးသေးလေးတစ်ခု ကြားလိုက်ရသည်။
အဲ့ဒီလူက သူတို့တံခါးကို ရောက်နေပြီ၊ သူက သူတို့ရဲ့ကျိုးပဲ့နေတဲ့တံခါးကို ကိရိယာတွေနဲ့ ဖွင့်နေခြင်းပင်...
လင်းရှောင်ယွဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကုတင်ပေါ်ကနေ ဂရုတစိုက် ထိုင်လိုက်သည်။
ပြီးနောက်မှာတော့ သူမအမဲလိုက်လျှင်အသုံးပြုသော လေးနှင့်မြှားက လက်ထဲတွင်ပေါ်လာခဲ့သည်။ သူမက လေးနှင့်မြှားကိုကြိုးဆွဲပြီး တံခါးဆီသို့ တခါတည်း ချိန်ထားလိုက်လေသည်။
ခဏအကြာမှာတော့ တံခါးကိုဖြုတ်၍ရသွားကာ ထိုလူသည် တံခါးကို ဂရုတစိုက်တွန်းဖွင့်ပြီး ခိုးကြောင်ခိုးဝှက်ဖြင့် ခေါင်းကိုတိုးဝင်လာခဲ့သည်။
ထိုလူအခန်းထဲသို့ဝင်လိုက်သည်နှင့် လင်းရှောင်ယွဲ့၏လက်ထဲရှိ မြားသည် ချက်ချင်းပင် လေးကြိုးကနေ ထွက်ခွာသွားလေသည်။
ထိုလူသည်လည်း ကုတင်ပေါ်တွင် လူတစ်ယောက်ထိုင်နေသည်ကိုမြင်လိုက်ရတာကြောင့် တစ်ခုခုမှားနေပြီမှန်းသိလိုက်ကာ ခေါင်းကိုအမြန်ပြန်ရုတ်သွားခဲ့သည်။
***