← Chapters

ချန်းဖန်၏ ဖြေရှင်းချက်

Vol. 11 Ch. 1019

ချန်းဖန်၏ ဖြေရှင်းချက်

Vol. 11 Ch. 1019

ခန်းမ တစ်ခုလုံးမှာ တိတ်ဆိတ် နေ၏။ ဘိုးဘေးများသည် သူတို့၏ ရှေ့မှောက်၌ ချန်းဖန် ယခုကဲ့သို့ တိုက်ခိုက်ရဲလိမ့်မည် ဟု ထင်မှတ် မထားခဲ့ကြချေ။ အတိတ်၌ တောင်တန်း အင်ပါယာ၏ နတ်ဘုရား သခင် ပင်လျှင် ထိုလောက် မရဲတင်းခဲ့ချေ။

“ဘုန်း...”

မဟူ ဗုဒ္ဓဂိုဏ်း ဘိုးဘေး၏ ခန္ဓာကိုယ်မှာ နံရံကို ထိကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ သူကား အသက်မဲ့ နေခဲ့ပြီ ဖြစ်လေသည်။

“ချန်းပေ့ရွှမ်း... မင်း မိုက်ရိုင်းလှချည်လား”

အနက်ရောင် အလင်း တစ်ခုမှာ မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေး၏ အလောင်းမှ ပျံသန်း ထွက်ပေါ်လာ၏။ သူ၏ မျက်နှာ တစ်ခုလုံးမှာ ဒေါသများ၊ ထိတ်လန့်မှုများနှင့် ရောပြွမ်း ပြည့်နှက်နေသည်။

“ပါးစပ်ပိတ်ထားစမ်းဆို...”

ချန်းဖန်က လက်အား ဝှေ့ယမ်းလိုက်သည်။

“ဘုန်း...”

ပေါက်ကွဲမှုနှင့် အတူ မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေး၏ အခြေတည် ဝိညာဥ်မှာ လုံးဝ ပြိုကျကာ ပျက်စီးသွား၏။ သူကား လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

များစွာသော ဘိုးဘေးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ထိုအရာကား ရက်စက် ကြမ်းကြုတ်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ပျက်စီးခြင်းမှာ သင့်လျော်သော ခန္ဓာတစ်ခု ရှာဖွေကာ ပြန်လည် ကုစားနိုင်သော်လည်း အခြေတည် ဝိညာဥ် ပျက်စီးခြင်းမှာမူ ထာဝရ သေဆုံးသွားခြင်း ဖြစ်သည်။ ပြန်လည် ကုစား၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“ကောင်းကင်အရှင်ချန်း... ဘာလို့ အဲဒီလို လုပ်ရတာလဲ”

ဘိုးဘေး ကျင်းဟိုင်က မေးလိုက်၏။

“အဲဒီ လူအိုကြီးက ငါ့ကို မလေးမစား လုပ်ခဲ့တာ မင်းတို့ အမြင်ပဲ... ငါက သူ့ကို မှတ်လောက်သားလောက်တဲ့ သင်ခန်းစာ တစ်ခုပဲ ပေးချင်တာ... ဒါပေမဲ့ သူက ငါ့ရဲ့ တိုက်ခိုက်မှု တစ်ခုကိုတောင် မခုခံနိုင်လောက်အောင် အားနည်းမယ် လို့ ဘယ်သူက တွေးမိမှာလဲ”

ချန်းဖန်က စိတ်ပျက်လက်ပျက် ပုံစံဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။

“မင်း...”

မဟူရာ ဗုဒ္ဓဂိုဏ်း၏ အခြား ဘိုးဘေးများ၊ အကြီးအကဲများမှာ ဒေါသထွက် သွားကြသည်။ ထိုအရာကား ခန္ဓာကျင့်စဥ် ဆယ့်ခုနစ်ခုကို နှစ်ပေါင်း တစ်သောင်း နှစ်ထောင် ကြာအောင် ကျင့်ကြံထားသည့် သူတို့၏ ဘိုးဘေး ဖြစ်သည်။ သူသည် ဆေးနတ်ဘုရားဂိုဏ်း၏ ဘိုးဘေးဖူတူနှင့် တန်းတူ ကျော်ကြားသူ ဖြစ်သည်။

ထိုကဲ့သို့သော လူကို ချန်း‌ပေ့ရွှမ်းက အားနည်းလွန်းသည်ဟု ဆိုခဲ့သည်။ ထိုစကားက အလွန် မောက်မာလွန်းလှ၏။

“သောက်အဓိပ္ပာယ် မရှိတာ...”

သားရဲကျော့ကွင်း ကောင်းကင်နယ်၏ ဘိုးဘေးက ချန်းဖန်အား လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

သူသည် တိရိစ္ဆာန် သားရေကို နံငယ်ပိုင်းမျှသာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်း ဗလာကျင်းနှင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသော ကြွက်သားများ၊ နတ်ဘုရား တက်တူးများနှင့် ပြည့်နှက်နေသည်။ သားရဲကျော့ကွင်း ကောင်းကင်နယ်နှင့် နင်းဖူ ကောင်းကင်နယ်တို့သည် ကပ်လျက် တည်ရှိရာ သူတို့၏ ဘိုးဘေးများမှာ ရင်းနှီးသည်ဟု ဆိုနိုင်ပေသည်။

“ဟမ်...”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ သားရဲ ကျော့ကွင်းဂိုဏ်း ဘိုးဘေးကို ကြည့်လိုက်ပြန်၏။

“ဘုန်း...”

လျှပ်စီးတန်း တစ်ခုမှာ ခန်းမ အတွင်း ပေါ်လာပြန်၏။ ယခုတစ်ကြိမ်တွင်မူ ဘိုးဘေးများသည် မလွတ်တမ်း ကြည့်ရှုနေကြရာ လျှပ်စီးတန်းကို သေချာစွာ တွေ့မြင်လိုက်ရသည်။ ထိုလျှပ်စီးတန်းမှာ လက်မ အနည်းငယ် ရှည်လျားသည့် လှံပုဆိန် တစ်ခု ဖြစ်၏။ အမြင် အာရုံ ပိုမိုကောင်းမွန်သော ဘိုးဘေးများမှာမူ လှံပုဆိန် ပေါ်ရှိ ပျံသန်းနေသော နဂါး သဏ္ဌာန် သင်္ကေတကိုပင် တွေ့မြင်လိုက်ကြရသည်။

“ပျက်စီးစမ်း...”

သားရဲ ကျော့ကွင်းဂိုဏ်း ဘိုးဘေးက အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓမ္မ စွမ်းအားသည် အဇူရာ အလင်းသဖွယ် ဖြာထွက်လာသည်။ မရေမတွက်နိုင်သော တက်တူးများမှာ နတ်ဘုရား သာရဲများ အသွင် ထွက်ပေါ်လာ၏။ ချက်ချင်းပင် သူ၏ ပတ်လည်ရှိ လေထုမှာ ကိုးတောင်ကျားများ၊ ရွှေလင်းယုန်များ၊ ဖီးနစ် မီးငှက်များ၊ နတ်မြင်းများဖြင့် ပြည့်နှက်သွားလေ၏။ ထိုအထဲ၌ ကောင်းကင်မျိုမြွေများ ပင်လျှင် ပါဝင် နေခဲ့သည်။

သားရဲကျော့ကွင်းဂိုဏ်းသည် သားရဲဝိညာဥ်များကို ထိန်းချုပ်နိုင်သည့် စွမ်းအားဖြင့် အလွန် ကျော်ကြားသည်။ သူတို့သည် သားရဲများကို ဖမ်းဆီး၍ ဝိညာဥ်များကို ထုတ်ယူကာ “သားရဲတစ်ထောင် ဝိညာဥ် ခန္ဓာ” ကို ကျင့်ကြံကြသည်။ သားရဲကျော့ကွင်းဂိုဏ်းသည် ထျန်းဟောင်ဂြိုဟ်၏ တောင်ပိုင်း ‌ဒေသ တစ်ခုလုံးကို ထိန်းချုပ်ထား၏။

“ဂါး...”

သားရဲများက ပြိုင်တူ ဟိန်းဟောက်ကာ ချန်းဖန်၏ လှံပုဆိန်ကို ခုခံရန် ကြိုးစားကြ၏။ ၎င်းတို့၏ ဟိန်းဟောက်မှုတွင်ပင် တောင်တန်း အင်ပါယာ တစ်ခုလုံးမှာ တုန်လှုပ်လေရာ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိတ်လန့် ကုန်ကြတော့သည်။

“တော်တော် ကြောက်ဖို့ကောင်းတာပဲ...”

ရှောင်မန် ပင်လျှင် ယောင်ယမ်းကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေးကား ခန်းမ အတွင်းတွင် ရှိသော ဘိုးဘေးများအနက် အစွမ်း အထက်ဆုံး သုံးယောက်ထဲတွင် ပါဝင်သူ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်မှာမူ ဂရုစိုက်ဟန် မရချေ။ သူက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။

“ဘုန်း...”

လှံပုဆိန်သည် လျှပ်စီးတန်း အသွင်ဖြင့် သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေးထံ တိုးဝင် သွားသည်။ နတ်ဘုရား သားရဲများသည် တားဆီးရန် ကြိုးစားကြသော်လည်း လှံပုဆိန်မှာ ၎င်းတို့အား ရေအလား သဘောထားကာ ကျော်ဖြတ်သွားသည်။ ထို့

နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် လှံပုဆိန်သည် သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေး၏ ခန္ဓာကိုယ်နှင့် အခြေတည် ဝိညာဥ် နှစ်ခု စလုံးကို ထိုးဖောက် သွားတော့သည်။ သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေးသည် သူ မသေဆုံးခင် အချိန်အထိ သူ၏ သားရဲတစ်ထောင် ဝိညာဥ် ခန္ဓာ မည်ကဲ့သို့ ပျက်စီးသွားသည်ကို နားလည် မသွားခဲ့ချေ။

သူ မသိသည့် အရာကား ချန်းဖန် ကျင့်ကြံထားသည့် နတ်ဘုရား လက်နက် ကျင့်စဥ်မှာ ထိပ်တန်း နတ်ဘုရား စိတ်အာရုံ ကျင့်စဥ် ဖြစ်သည် ဆိုခြင်းပင်။ ထိုကဲ့သို့ နတ်ဘုရား လက်နက် ကျင့်စဥ်ကို သာမန် ခန္ဓာ ကျင့်စဥ် တစ်ခုနှင့် ခုခံခြင်းမှာ ကြက်ဥကို ကျောက်တောင်သို့ ပစ်ပေါက်သည်နှင့် ခြားနားမှု မရှိချေ။

“ဘယ်သူ ထပ်စမ်းချင်သေးလဲ...”

ချန်းဖန်က ဘိုးဘေးများကို အေးစက်စွာ ကြည့်ကာ မေးလိုက်၏။

ယခုတစ်ကြိမ်တွင်မူ လဓားဂိုဏ်းချုပ် ပင်လျှင် ခေါင်းငုံ့ကာ တိတ်ဆိတ်သွားခဲ့သည်။ ချန်းဖန်သည် သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေးကိုပင် အလွယ်တကူ သတ်ဖြတ်ခဲ့ရာ ဘိုးဘေးများမှာ ခွန်အား ခြားနားမှုကို နားလည်သွားကြပြီ ဖြစ်သည်။

နောက်ဆုံး၌ ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်မှာ လက်ပိုက်ကြည့် မနေနိုင်တော့ချေ။ သူက လက်သီးအား ဆုပ်ရင်း အရိုအသေပြုကာ ပြောလိုက်သည်။

“ကောင်းကင်အရှင်ချန်း... သူတို့ နှစ်ယောက်က ဘာမှ လွန်လွန်ကြူးကြူး မလုပ်ခဲ့ကြဘူး... ဘာလို့ သူတို့ကို သတ်လိုက်တာလဲ... ကျေးဇူးပြုပြီး ဖြေရှင်းချက် ပေးပါ”

“ဟုတ်တယ်... သားရဲကျော့ကွင်း ကောင်းကင်နယ် ဘိုးဘေးက အမြဲ စိတ်ထဲရှိတဲ့ အတိုင်း ပြုမူ ပြောဆိုတတ်တယ်... ငါက တစ်ခါမှ မြောက်ပိုင်းချုံးကို မစော်ကားခဲ့ဘူး... ဒီလို စည်းမဲ့ကမ်းမဲ့ သတ်ဖြတ်ခြင်းမျိုးကို ကျုပ်တို့ လက်မခံနိုင်ဘူး”

“ကျေးဇူးပြုပြီး ဖြေရှင်းချက် ပေးပါ ကောင်းကင်အရှင်ချန်း...”

ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်က အစပျိုးလိုက်သည်နှင့် အခြားသော ကောင်းကင်အရှင်များကလည်း ဝင်ရောက် ပြောလိုက်ကြသည်။ အကယ်၍ ခွန်အား ခြားနားချက်ကြောင့်သာ မဟုတ်လျှင် သူတို့သည် ထိုရိုင်းစိုင်းလွန်းသည့် ချန်းပေ့ရွှမ်းအား စတင် တိုက်ခိုက်နေလောက်ပြီ ဖြစ်သည်။

“ဖြေရှင်းချက် ဟုတ်လား...”

ချန်းဖန်က ပြုံးကာ ပြောလိုက်သည်။

“ကျုပ်က ဘာလို့ ခင်ဗျားတို့ကို ဖြေရှင်းချက် ပေးရမှာလဲ...”

“မင်း...”

ဘိုးဘေးများမှာ ဒေါသထွက် သွားကြသည်။ ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ် ပင်လျှင် မျက်စိမျက်နှာ ပျက်နေခဲ့ပြီ ဖြစ်သည်။

ချန်းပေ့ရွှမ်း အစွမ်းထက်သည်ကို သူတို့ ဝန်ခံသည်။ သို့သော်လည်း ယခုကဲ့သို့ လမ်းဘေးစရိုက်ဆန်သည့် ဆက်ဆံမှုမျိုးကိုမူ သူတို့ လက်မခံနိုင်ကြချေ။ အချို့ ဒေါသထွက်လွယ်သော ကောင်းကင်အရှင်များ ဆိုလျှင် သူတို့၏ ဓားများကို ဆွဲထုတ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က သူတို့အား ဂရုမစိုက်ပဲ ထိုင်ရာမှ ဖြည်းညင်းစွာ ထလိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ လှေကားထစ်များဆီသို့ ဦးတည်လိုက်သည်။

တောင်ခြေနှင့် တောင်တန်း အင်ပါယာသည် လှေကားထစ် ၉၉၉ ထစ်ဖြင့် ဆက်သွယ်ထား၏။ ချန်းဖန်သည် လှေကားထစ် အတိုင်းတည်ငြိမ်စွာပင် ဆင်းလာခဲ့သည်။

အပြင်ရှိ လူများသည် ချန်းဖန်အား တွေ့မြင်ကြရ၏။ သူတို့သည် ချန်းဖန် မည်သည့်အရာ လုပ်နေသည်ကို နားမလည်ကြချေ။

“မကောင်းတော့ဘူး...”

ရုတ်တရက် ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်မှာ တစ်ချက် တုန်ရီသွား၏။ သူက ထိုင်ရာမှ ထရပ်ကာ ချန်းဖန်အား တစ်ခုခု ပြောရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ၏ ကြိုးစားမှုက နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

“မင်းတို့က ငါ့ကို ဖြေရှင်းချက် ပေးစေချင်တယ် မလား...”

ချန်းဖန်က လှေကား အလယ်၌ ရပ်ကာ သူတို့အား ပြန်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မည်သည့် စွမ်းအင်လှိုင်းမှ ဖြာထွက်ခြင်း မရှိပဲ သာမန် သေမျိုးတစ်ယောက် အလား တည်ငြိမ်နေခဲ့သည်။

“ကောင်းပြီလေ... ငါ ဒီနေ့ပဲ မင်းတို့ကို ပေးမယ်”

ထို့နောက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ အလင်းတန်း အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွား၏။ ထိုအလင်းသည် တစ်က္ကန့်လျှင် မိုင်တစ်ထောင်နှုန်းဖြင့် ပျံသန်းကာ မိုးကုပ်စက်ဝိုင်း အဆုံး၌ ပျောက်ကွယ် သွားတော့သည်။

သူ ဦးတည်ချက်ကား ဆေးနတ်ဘုရားဂိုဏ်း အခြေစိုက်ရာ မြောက်ပင်လယ်ပင် ဖြစ်တော့၏။

***

All Chapters