ဂြိုဟ်တစ်ခုလုံး၏ အာရုံစိုက်မှု
Vol. 11 Ch. 1020
“ဘုန်း...”
ချန်းဖန် မည်မျှအထိ မြန်ဆန်သည်ကို မည်သူမျှ ပုံမဖော်နိုင်ကြချေ။ သူသည် စက္ကန့်ပိုင်း အတွင်းမှပင် မိုင်သောင်ချီ အကွာအဝေးသို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
တောင်တန်း အင်ပါယာသည် ထျန်းဟောင်ဂြိုဟ် အလယ်တွင် တည်ရှိပြီး ဆေးနတ်ဘုရားဂိုဏ်းနှင့် မိုင်ပေါင်း နှစ်သန်းခန့် ကွာဝေးသည်။ ထိုအမြန်နှုန်းအတိုင်းသာ ဆက်လက်ပျံသန်းနေပါက ချန်းဖန်သည် ဆေးနတ်ဘုရားဂိုဏ်းကို တစ်နာရီ အတွင်း ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်၏ အမြန်နှုန်းမှာ ပို၍ ပို၍ မြန်ဆန်လာ၏။ လူများသည် ကောင်းကင်၌ ရွှေရောင် ကြယ်ပျံတစ်စင်း ကြွေလွင့်သွားသည်ကိုသာ တွေ့မြင်လိုက်ကြရသည်။ ထိုအခိုက်အတန့်၌ ချန်းဖန်သည် အသံ၏ အမြန်နှုန်းထက်ပင် အဆတစ်ရာခန့် ပိုမို မြန်ဆန်နေခဲ့ပြီ ဖြစ်လေသည်။
“ချန်းပေ့ရွှမ်း ဘာလုပ်နေတာလဲ...”
“သူက ဘာလို့ ရုတ်တရက်ကြီး ထပြေးသွားတာလဲ...”
“သူပြောတော့ ငါတို့ကို ဖြေရှင်းချက် ပေးမယ်ဆို... ခု ဘာလို့ ထွက်ခွာသွားရတာလဲ”
ခန်းမ အတွင်းရှိ လူများမှာ ကြောင်တောင်တောင် ဖြစ်နေကြ၏။ ထို့အတူ တောင်တန်း အင်ပါယာပေါ်ရှိ ကျင့်ကြံသူများမှာလည်း ချန်းဖန်၏ အပြုအမူကို နားမလည်နိုင်ကြချေ။
ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်နှင့် ဘိုးဘေး ကျင်းဟိုင်တို့သာ ချန်းဖန် လုပ်နေသော အရာကို ခန့်မှန်း နိုင်ခဲ့ကြသည်။
“သေချာကြည့်... သူက မြောက်အရပ်ကို ဦးတည်နေတာ... အဲဒီ နေရာက ဆေးနတ်ဘုရားဂိုဏ်း ရှိတဲ့ နေရာ မဟုတ်လား”
ရုတ်တရက် တစ်ယောက်က ထကာ အော်ဟစ်လိုက်၏။
“ဘယ်လို... ဆေးနတ်ဘုရားဂိုဏ်း...”
လူတိုင်းမှာ ရိုးတိုးရိပ်တိတ် ခန့်မှန်း မိလိုက်ကြပြီ ဖြစ်သည်။
“ဖြစ်နိုင်တယ်... စောစောကတင် ကောင်းကင်အရှင်ချန်းက ထာဝရဂိုဏ်းကြီး ငါးခုကို ရှင်းပစ်မယ်လို့ ပြောထားတယ် မလား...”
ဟိုထျန်း ဓားနန်းတော်မှ ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ပြောလိုက်သည်။
အဖြစ်အပျက်ကို ခန့်မှန်းမိသည်နှင့် ခန်းမ အတွင်းရှိ ကောင်းကင်အရှင်များမှာ ဒေါသထွက် နေကြပြီ ဖြစ်လေသည်။ သူတို့သည် စောစောကပင် ချန်းပေ့ရွှမ်းအား ထာဝရဂိုဏ်း ငါးဂိုဏ်းကို အလွတ်ပေးရန် ကြိုးစား ဖျောင်းဖြ ခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းက သူတို့၏ ရှေ့မှောက်တွင်ပင် ဆေးနတ်ဘုရားဂိုဏ်း တည်ရှိရာ နေရာသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက သူတို့၏ မျက်နှာကို ပေါ်တင် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်လေသည်။
ချန်ရှန်း ကောင်းကင်နယ် ဂိုဏ်းချုပ်က ဝိုင်ခွက်ကို ကောက်ယူကာ ပြုံးလိုက်၏။
“ကောင်းကင်အရှင်ချန်းက တကယ့်ကို စိတ်မရှည်တာပဲ... ဆေးနတ်ဘုရားဂိုဏ်းက ဒီကနေ မိုင်သန်းချီ ကွာဝေးတယ်... ကြည့်ရတာ ငါတို့တွေ သူ့ကို အချိန် အကြာကြီး စောင့်ရတော့မယ် ထင်တယ်”
မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ အမျိုးသမီး ကောင်းကင်အရှင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ဆေးနတ်ဘုရားဂိုဏ်းရဲ့ နတ်ဘုရား အစီအရင်ကို ချိုးဖျက်ဖို့ ဆိုရင် အချိန် သုံးလကနေ ငါးလလောက် ကြာမှာ”
“ကောင်းကင်အရှင်ချန်းက ဆေးနတ်ဘုရားဂိုဏ်းတင် မကဘူး... ထာဝရဂိုဏ်း ငါးခု စလုံးကို ရှင်းပစ်ချင်နေတာ မလား... ဂိုဏ်းတစ်ခုကို ပျမ်းမျှ ငါးလ ဆိုပါစို့... ဂိုဏ်းငါးခုလုံးကို ရှင်းပစ်ဖို့ ဆိုရင် သုံးနှစ် နီးပါး ကြာမှာ... ငါတို့က ဒီမှာ သုံးနှစ် စောင့်ရမှာပေါ့ အဲ့လိုလား”
လဓားဂိုဏ်းချုပ်က ခေါင်းအား ခါယမ်းလိုက်သည်။
“ကြည့်ရတာ မြောက်ပိုင်းချုံးက သူတို့ရဲ့ ဖွင့်ပွဲကို သုံးနှစ်တိုင်တိုင် ကျင်းပပြီး စံချိန်အသစ်တစ်ခု တင်ချင်နေပုံ ရတယ်ဗျ... သူတို့က အကုန်ခံနိုင်တယ် ဆိုတော့လည်း ကျုပ်တို့က ဗိုက်ပြည့်အောင် သောက်ပေးရတာပေါ့ဗျာ...”
ကောင်းကင်အရှင် တစ်ယောက်က အရွှန်းဖောက်ကာ ပြောဆိုလိုက်သည်။
“ဟားဟား...”
ကောင်းကင်အရှင်များက သဘောကျစွာ ရယ်မောလိုက်ကြသည်။
“အဟမ်း..”
နဂါးအရှင်က ချောင်းတစ်ချက်ဟန့်ကာ ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
“ဧည့်သည်တော်တို့... ကောင်းကင်အရှင်ချန်းက သူ မထွက်ခွာခင် ခင်ဗျားတို့ အတွက် တစ်စုံတစ်ခုကို ချန်ထားခဲ့ပါတယ်...”
“ဘာလဲ...”
ဘိုးဘေးများက သူ့အား ကြည့်လိုက်ကြသည်။
“ဒါလေးပါ...”
နဂါးအရှင်က ရွှေရောင်အလုံးလေး တစ်ခုကို ထုတ်ပြလိုက်သည်။ ထို့နောက် သူက ထိုရွှေရောင် အလုံးလေးကို ခန်းမ၏ နံရံထံ ပစ်ပေါက်လိုက်၏။ ထိုအခါ တောင်တန်း အင်ပါယာထိပ်၌ မိုင်အနည်းငယ် ရှည်လျားသည့် ကြည်လင်သော ရေမှန် တစ်ခု ဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရေမှန်အား ကြည့်ကြရာ ပင်လယ်ပြင်ထက်၌ လက်နှစ်ဖက် နောက်ပသ် မတ်တပ်ရပ်နေသော ချန်းဖန်အား တွေ့မြင်လိုက်ကြရ၏။ မုန်တိုင်းနှင့် လှိုင်းလုံးများသည် သူ၏ အောက်၌ နဂါးများ ကဲ့သို့ ဒေါသတကြီး ယိမ်းနွဲ့ ကခုန် နေကြသည်။
“အဲဒါက...”
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေ သေသွားကြလေ၏။
“ဆေးနတ်ဘုရားဂိုဏ်း... သူက ဆေးနတ်ဘုရားဂိုဏ်းကို ရောက်နေပြီလား”
ဘိုးဘေးများ အားလုံးမှာ ဖြူရော် သွားကြသည်။ နဂါးအရှင် ပင်လျှင် အံ့အားသင့် နေခဲ့၏။ ချန်းဖန်ကား နာရီဝက် အတွင်းမှာပင် ဆေးနတ်ဘုရားဂိုဏ်း အခြေစိုက်ရာ မြောက်ပင်လယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။
ဆေးနတ်ဘုရားဂိုဏ်း...
ဆေးနတ်ဘုရားဂိုဏ်းသည် မြောက်ပင်လယ် အတွင်းရှိ ကျွန်းငယ် တစ်ခုပေါ်၌ တည်ရှိသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများသည် အပြင်ဘက်၌ ဝန်းရံနေသည့်တိုင် ကျွန်းကလေးမှာမူ သားရဲများ၊ သစ်ပင်ပန်းမာန်များဖြင့် ပြည့်နှက်ကာ ကောင်းကင်ဘုံ တစ်ခုအလား သာယာ ဝပြောနေသည်။
ကျွန်း၏ ဗဟို၊ ဆေးနတ်ဘုရားဂိုဏ်း ခန်းမ၌...
ဘိုးဘေး သုံးယောက်သည် ပုလ္လင်များထက်၌ တင်ပျဥ်ချိတ်ကာ ထိုင်နေကြသည်။ သူတို့သည် မျက်လုံးများကို မှိတ်နေကြကာ တရားရှု့မှတ်နေပုံ ရ၏။ တစ်ချိန်တည်း၌ ဂိုဏ်း၏ များစွာသော အကြီးအကဲများ၊ တပည့်များမှာ သူတို့အား ဝိုင်းရံ၍ ထိုင်နေကြလေသည်။
“ဒီနေ့က မြောက်ပိုင်းချုံးရဲ့ ဖွင့်ပွဲ အခမ်းအနား ကျင်းပတဲ့နေ့ မလား... ငါတို့သာ သွားပြီး ဂုဏ်မပြုရင် ချန်းပေ့ရွှမ်းက ငါတို့ကို ရန်ပြုလာလိမ့်မယ်”
အရပ်ပုပု အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။
အကြီးအကဲဝူ... ခင်ဗျားက တကယ့် ငကြောက်ပဲဗျ... ချန်းပေ့ရွှမ်း ဒီကို လာရဲရင် ကျုပ်တို့ကလည်း သူ့ကို သတ်ပစ်လိုက်ရုံပဲလေ... ဘာထူးဆန်းလို့လဲ”
ခန္ဓာကိုယ် တစ်ခုလုံး အဆိပ်ကောင် တက်တူးများဖြင့် ပြည့်နှက်နေသော လူသန်ကြီးက ပြောလိုက်သည်။
“မင်း...”
အကြီးအကဲဝူမှာ ဒေါသထွက်သွားကာ ပြန်လည် ခုခံ ပြောဆိုရန် ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် ဘိုးဘေး တစ်ယောက်၏ မျက်လုံးမှာ ဖြည်းညင်းစွာ ပွင့်ဟလာခဲ့၏။
“ဘာမှ စိုးရိမ် မနေကြနဲ့တော့... ငါ ချန်ရှန်း ကောင်းကင်နယ်၊ မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းနဲ့ ဝမ်ချင်း ကောင်းကင်နယ်က ဘိုးဘေးတွေကို ဆက်သွယ်ပြီး ပြောထားတယ်... သူတို့က ချန်းပေ့ရွှမ်းကို နောက်ဆုတ်ဖို့ အတွက် ထျန်းဟောင်ဂြိုဟ်ရဲ့ နာမည်ကို သုံးပြီး ဖိအားပေးမယ်တဲ့... ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကိုတော့ အန်တုရဲမှာ မဟုတ်ပါဘူး”
ဘိုးဘေး၏ စကားကြောင့် အကြီးအကဲများမှာ စိတ်သက်သာရာ ရသွားကြ၏။ အကယ်၍ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေး အားလုံးကသာ စုပေါင်း၍ ဖိအားပေးမည် ဆိုပါက ချန်းပေ့ရွှမ်းမှာ ရှေ့ဆက်တိုးဝံ့လိမ့်မည် မဟုတ်ချေ။ သူတို့သည် ထိုအချက်ကို သံသယ မရှိ ယုံကြည်ကြသည်။
“ဘယ့်နှယ်လဲ အကြီးအကဲဝူ... ခင်ဗျားရဲ့ ကြောက်သွေးတွေကို ဖောက်ထုတ်ပစ်လိုက်ပါလားဗျာ... ကြောက်စရာ မရှိ ကြံဖန်ကြောက်နေတယ်... ဟားဟား...”
အကြီးအကဲတင်းက အကြီးအကဲဝူကို ထပ်မံ လှောင်ပြောင် လိုက်၏။
ထိုအချိန်မှာပင်...
“ဘုန်း...”
ကြောက်မက်ဖွယ် မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာကာ ခန်းမ တစ်ခုလုံးမှာ တုန်ခါသွားသည်။ ဘိုးဘေး သုံးယောက် ထိုင်နေသော ပလ္လင်ပင်လျှင် လှုပ်ယမ်းသွား၏။
“ဘာဖြစ်တာလဲ...”
ရုတ်တရက် အကြီးအကဲများမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိကြ၏။
“တစ်ယောက်ယောက်က ဆေးနတ်ဘုရားဂိုဏ်းကို လာပြီး တိုက်ခိုက်နေပြီ...”
အလယ် ပလ္လင်၌ ထိုင်နေသော ယာယီ ဂိုဏ်းချုပ်၏ မျက်လုံးအစုံမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။ သူ၏ ပုံစံသည် ရှစ်နှစ်အရွယ် ကောင်လေး တစ်ယောက်နှင့် တူသည်။ သူသည် နတ်ဘုရား အစီအရင်မှ တစ်ဆင့် ခန်းမကို ဖြတ်ကာ အပြင်ဘက်ရှိ အရာရာအား မြင်တွေ့နေဟန် ရသည်။
“ဝှစ်...”
ယာယီဂိုဏ်းချုပ်က လက်အား ဝှေ့ယမ်းလိုက်ရာ လေထဲ၌ ရွှေရောင် အလင်း တစ်ခု ပေါ်လာခဲ့သည်။ ထိုအလင်းထဲတွင်မူ ဆေးနတ်ဘုရားကျွန်းအား လက်ညိုးဖြင့် တိုက်ခိုက်နေသော အဇူရာ ဝတ်စုံဝတ် လူငယ် တစ်ယောက်ကို တွေ့မြင်ရ၏။ သူ၏ တိုက်ခိုက်မှု တစ်ကြိမ်စီတိုင်း၌ ဆေးနတ်ဘုရား ကျွန်းသည် ပြင်းထန်စွာ လှုပ်ခါလျှက် ရှိသည်။
“ချန်းပေ့ရွှမ်း...”
ထိုလူငယ်အား မြင်သည်နှင့် ဆေးနတ်ဘုရားဂိုဏ်း တစ်ခုလုံးရှိ လူများမှာ ဖြူရော် သွားကြလေတော့၏။
***