← Chapters

ကောင်းကင် ဂျူပီတာ

Vol. 11 Ch. 1024

ကောင်းကင် ဂျူပီတာ

Vol. 11 Ch. 1024

ချန်းဖန်သည် ကောင်းကင် လမ်းကြောင်းကို ဖြတ်သန်း၍ ထျန်းဟောင်ဂြိုဟ်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ခဲ့၏။

ကြယ်ပင်လယ်ထဲတွင်မူ အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူများကိုသာလျှင် ဂြိုဟ်များမှ ထွက်ခွာခွင့် ပြုကြသည်။ သူတို့သည် ဂြိုဟ်နယ်မြေ များစွာကို ဖြတ်သန်း သွားလာကြကာ ခရီးစဉ် တစ်လျှောက်ရှိ အခက်အခဲ အမျိုးမျိုးကို ဖြတ်ကျော် ကြသည်။

"ဝှစ်…"

ချန်းဖန်သည် ရွှေရောင် အလင်းတန်း အသွင်ဖြင့် လေထု အလွှာပေါင်း နှစ်ဆယ့် ခုနစ်လွှာကို ထိုးဖာက်ကာ အာကာသ အတွင်း ဝင်ရောက်သွား၏။ သူသည် အောက်သို့ ငုံ့ကြည့် လိုက်ရာ ထျန်းဟောင်ဂြိုဟ်ကြီး မည်မျှ ကျယ်ပြန့်နေသည်ကို တွေ့မြင် လိုက်ရသည်။

‌ကောင်းကင်နယ်များသည် ထျန်းဟောင်ဂြိုဟ်ကြီးကို ဖုံးလွမ်းထားကာ ၎င်းတို့ တစ်ခုချင်းစီမှာ ကမ္ဘာထက် အဆ တစ်ရာ ပိုမို ကြီးမားကြသည်။ တောင်တန်း အင်ပါယာနှင့် အနီးကပ်ဆုံး နေရာများမှာမူ ဝိညာဉ်ချီ အထူထပ်ဆုံး ဖြစ်လေသည်။

ဂြိုဟ်ပေါ်၌ ဝိညာဉ်ချီကြောများသည် လူသားများ၏ အကြောများ ကဲ့သို့ ဖြန့်ကျက် နေကြသည်။ ချန်းဖန်သည် ထိုဝိညာဉ်ကြောများမှာ တစ်နေရာ၌ ဆုံစည်း နေကြောင်း မြင်တွေ့နေရ၏။

"အဲဒါက နတ်ဘုရား ကုန်းမြေ တည်ရှိတဲ့ နေရာပဲ…"

ချန်းဖန်က ရေရွတ် လိုက်သည်။ ထို့နောက် သူက နတ်ဘုရား ကလေးငယ်ကို အသက်သွင်းကာ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် ကြည့်လိုက်သည်။

ရောင်စုံအလင်းများ ယှက်ဖြာ နေသော နတ်ဘုရား ‌နှောင်ကြိုးများသည် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို ရစ်နွယ် ‌နေ၏။ ထိုနှောင်ကြိုး တစ်ခုချင်းစီမှာ မိုင်ပေါင်း သန်းထောင်ချီ ရှည်လျားလှရာ အဆုံးသတ် မရှိဟုပင် ထင်ရလေသည်။

ထိုအရာမှာ နတ်ဘုရား ကျေးကျွန် အစီအရင် ဖြစ်ကြောင်း ချန်းဖန် သိရှိထားသည်။ ထိုကဲ့သို့ ပြိုင်ဘက်ကင်း အစီအရင်သာလျှင် ဂြိုဟ် တစ်ခု၏ ကောင်းကင် ဥပဒေသကို ခိုးယူ နိုင်ပေသည်။

"ကောင်းကင် ကျေးကျွန် အစီအရင်က စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ဖုံးအုပ်ပြီး ခင်းကျင်း ထားတာလား…"

ချန်းဖန်က အနည်းငယ် စဉ်းစားကာ ကောင်းကင် လမ်းကြောင်း အတိုင်း မပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အစား သူက ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ထျန်းဟောင်ဂြိုဟ်နှင့် အနီးဆုံးဂြိုဟ်သို့ ဦးတည် ပျံသန်း လိုက်သည်။

စကြဝဠာ အတွင်း၌ ဂြိုဟ်များမှာ နီးကပ်သည် ဟု ထင်ရသည့်တိုင် ကီလိုမီတာ ဘီလျံနှင့် ချီကာ ကွာဝေးကြသည်။ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ပင်လျှင် ဂြိုဟ်တစ်ခုမှ အခြား တစ်ခုသို့ ရောက်ရှိရန် နှစ်ပေါင်း ၈ နှစ်မှ ၁၀ နှစ် အထိ ကြာအောင် ပျံသန်း ကြရသည်။

သို့သော်လည်း ချန်းဖန်မှာ အခြေတည် ဝိညာဉ် အဆင့်များထက် ပိုမို လျှင်မြန်၏။

"ဝှစ်…"

ချန်းဖန်က ပေပေါင်းများစွာ ကြီးမားသော ခွန်ပန် သားရဲ အသွင်သို့‌ ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက အတောင်ပံကို ခတ်ကာ ရှေ့သို့ လွန်းထိုး ပျံဝဲသွားတော့၏။ ခွန်ပန်သည် အာကာသ သားရဲ ဖြစ်လေရာ အာကာသ အတွင်း ပျံသန်းခြင်းက ၎င်းအတွက် ခက်ခဲသော အရာ မဟုတ်ချေ။

"ဟူး… ဟူး…"

ချန်းဖန်သည် စကြဝဠာကို ဖြတ်သန်း၍ ပျံသန်းနေ၏။

ထိုနေရာ၌ ဝိညာဉ်ချီ မရှိသလို၊ လေထုလည်း မရှိချေ။ ခွန်ပန်သည် "မဟာ ဝါးမျိုခြင်း ကျင့်စဉ်" ကို အသက်သွင်းကာ အာကာသ စွမ်းအားကို စုပ်ယူနေသည်။ တစ်ချိန်တည်း၌ ချန်းဖန်သည် နတ်ဘုရား စက်ဝိုင်းကို သုံး၍ အာကာသ စွမ်းအားများကို ဝိညာဉ်ချီ အဖြစ် သန့်စင်နေ၏။

ဆယ်ရက်မျှ ကြာပြီးနောက်၌ ချန်းဖန်သည် တောက်ပသော ဂြိုဟ်တစ်လုံး အနားသို့ ရောက်ရှိ လာခဲ့သည်။ ခွန်ပန်သည် ခေါင်းကို ငုံ့ကာ ဂြိုဟ်အား ကြည့်လိုက်၏။

ထိုဂြိုဟ်မှာ ထျန်းဟောင်ဂြိုဟ် အရွယ်အစား၏ ဆယ်ပုံတစ်ပုံသာ ရှိသည့်တိုင် ကမ္ဘာဂြိုဟ်ထက်မူ ပိုမို ကြီးမားပေသည်။ အနီးကပ် ကြည့်ပါပ ဂြိုဟ်တစ်ခုလုံး၏ ၇၀ ရာနှုန်းမှာ သစ်ပင်များဖြင့် ဖုံးအုပ်ထားကြောင်း တွေ့မြင်နိုင်ပေသည်။ ထိုနေရာကား သစ်သား ဒြပ်စင် ကျင့်ကြံသူများ အတွက် ကောင်းကင်ဘုံ တစ်ခုသဖွယ် ဖြစ်ပေသည်။

"ဒါက ဘာဂြိုဟ်လဲ…"

ခွန်ပန်က သစ်ပင်များ ဖုံးအုပ်နေသည့် ဂြိုဟ်အား သေချာစွာ အကဲခတ် လိုက်သည်။

"သခင်… အဲဒါက ကျွန်တော့်ရဲ့ မွေးရပ်မြေ ကောင်းကင် ဂျူပီတာဂြိုဟ်ပါ… ကျွန်တော် တောင်တန်း အင်ပါယာရဲ့ အဖမ်း မခံရခင် အထိ ဒီဂြိုဟ်မှာ နှစ်ပေါင်း လေးသောင်းကျော် နေခဲ့တာပါ"

ခွန်ပန်၏ နောက်မှ စိတ်လှုပ်ရှားနေသော အသံ တစ်ခု ထွက်ပေါ်လာသည်။

"ဝှစ်…"

ခွန်ပန်က ခန္ဓာကိုယ်အား တစ်ချက် လူးလှိမ့်ကာ ချန်းဖန် အသွင်သို့ ပြန်လည် ပြောင်းလဲလိုက်၏။

ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ အရပ်ရှည်ရှည် အရိပ် တစ်ခုကို ဆင့်ခေါ် လိုက်သည်။ ထိုအရိပ်သည် ကြွက်သား အပြိုင်းသားဖြင့် ကြံ့ခိုင်သော လူကြီး တစ်ယောက် ဖြစ်၏။ သူ၏ မျက်လုံးများမှာမူ မွန်းစတား တစ်ကောင် အလား အစိမ်းရောင် တောက်ပနေသည်။

"မူရှောင်… ကောင်းကင် ဂျူပီတာဂြိုဟ် အကြောင်း ကျုပ်ကို အနည်းအပါး ပြောပြပါဦး"

ချန်းဖန်က မေးလိုက်၏။

မူရှောင်မှာ တောင်တန်း အင်ပါယာ၏ အကျဉ်းထောင် အတွင်း တွေ့ရသည့် လူခြောက်ယောက် အနက် တစ်ယောက် ဖြစ်ပေသည်။

"သခင်… ကောင်းကင် ဂျူပီတာက ထျန်းဟောင်ဂြိုဟ်နဲ့ အနီးဆုံး ဂြိုဟ် တစ်ခုပါ… ဂြိုဟ်ပေါ်မှာ အခြေတည် ဝိညာဉ် အဆင့်ကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းသုံးဂိုဏ်း ရှိပါတယ်… သူတို့က မိုးကြိုး ကျောင်းတော်၊ ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းနဲ့ ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ တို့ပါပဲ…"

မူရှောင်က ရှင်းပြ လိုက်သည်။ သူကား ရိုးရှင်းသော စိတ်ဓာတ် ရှိသူ တစ်ယောက် ဖြစ်သည်။

အမှန်တကယ်တွင်မူ မူရှောင်သည် နှစ်သောင်းပေါင်းများစွာ အသက်ရှင်သန်ခဲ့သည့် ဝိညာဉ် သစ်ပင် တစ်ပင်မှ အသွင်ပြောင်းလာသည့် မွန်းစတား တစ်ဦး ဖြစ်၏။ သူ၏ ဓမ္မ စွမ်းအားသည် မည်သည့် အဆင့်တူ ကျင့်ကြံသူများထက် မဆို ဆယ်ဆ ပိုမို အစွမ်းထက် ပေသည်။

"မိုးကြိုး ‌ကျောင်းတော်က သူတို့ရဲ့ မိုးကြိုး ကျင့်စဉ်တွေကြောင့် ကျော်ကြားပါတယ်… သူတို့က သစ်သား ဒြပ်စင် မွန်းစတားတွေရဲ့ ရန်သူပါပဲ… ကျုပ်တို့တွေဟာ ရင်ဆိုင်တွေ့တိုင်း အမြဲလိုလို တိုက်ခိုက်လေ့ ရှိကြတယ်"

"ဝိညာဉ် ကျင့်ကြံခြင်းဂိုဏ်းကတော့ သစ်သား ဒြပ်စင် ကျင့်စဉ်တွေကို ကျင့်ကြံပြီး ဝိညာဉ် တွေကို ထိန်းချုပ်ကြတယ်… နောက်ဆုံး တစ်ခု ဖြစ်တဲ့ ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေ ကတော့ ကျုပ်တို့လို ကောင်းကင် ဂျူပီတာရဲ့ မွန်းစတားတွေ ထူထောင်ထားတဲ့ ဂိုဏ်းတစ်ခုပါ… ကျုပ် အပြင် ဂိုဏ်းထဲမှာ သစ်သား ဒြပ်စင် မွန်းစတား ငါးယောက် ရှိပါတယ်"

မူရှောင်က ရှင်းပြလိုက်သည်။

"မင်းတို့ဂြိုဟ်ပေါ်မှာ ရတနာသိုက် ဒါမှမဟုတ် အခွင့်အရေးတွေ ရှိနိုင်တဲ့ စွန့်ပစ်ခံ နယ်မြေလေး ဘာလေး မရှိဘူးလား…"

ချန်းဖန်က ထပ်၍ မေးလိုက်သည်။

မူရှောင်မှာ တစ်ခဏကြာမျှ စဉ်းစား လိုက်၏။ ထို့နောက်တွင်မှ သူက နဖူးအား ရိုက်ကာ ပြန်ဖြေ လိုက်သည်။

"ဝိညာဥ် ရေတွင်း တစ်ခု ရှိပါတယ်… အဲဒါကို ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေရဲ့ နှလုံးသားမှာ ချိတ်ပိတ်ထားတာပါ… ဒါပေမဲ့ အဲဒီ နေရာမှာ သစ်သား ဒြပ်စင် မွန်းစတားတွေတောင် ကျင့်ကြံဖို့ ခက်ခဲပါတယ်"

"အဲဒီကို သွားကြမယ်…"

ချန်းဖန်က မူရှောင်ကို သူ၏ အနောက်ရှိ အမှောင်ရိပ်ထဲသို့ ပြန်လည် ပစ်ထည့်ကာ ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ ဂြိုဟ်ဆီသို့ ပျံသန်း လိုက်တော့၏။

"ဝှစ်…"

ချန်းဖန်သည် ကောင်းကင် ဂျူပီတာဂြိုဟ် လေထုအတွင်းသို့ ဝင်ရောက်ပြီးနောက် အားကောင်းသော သစ်သား ဒြပ်စင် ဝိညာဉ်ချီကို ခံစားလိုက်ရသည်။ ထိုဂြိုဟ်ပေါ်ရှိ သစ်ပင်အားလုံးမှာ အလွန်တရာ ကြီးမား ရှည်လျား၍ နှစ်ထောင်ချီ သက်တမ်းရှိသည့် သစ်ပင်ကြီးများပင် ဖြစ်ကြသည်။

ချန်းဖန်သည် မူရှောင် လမ်းညွှန်ပေးသည့် အတိုင်း ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေကို ဦးတည် လိုက်၏။ ဝိညာဉ် ရေတွင်းနှင့် နီးလာပြီးနောက်၌ ချန်းဖန်သည် အဇူရာ ဝတ်စုံဝတ် လူငယ် တစ်ယောက် အသွင် ပြောင်းလဲ လိုက်သည်။ သူသည် သစ်သား ဓားပျံတစ်ခုကို ကိုင်ဆောင်ကာ မူလ အဆင့်၏ အရှိန်အဝါကို ထုတ်ဖော်ထား၏။

ဝိညာဉ် ရေတွင်းမှာ မွန်းစတားတို့၏ အထွတ်အမြတ်မြေ တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း အခြားဂိုဏ်း နှစ်ခုမှာ ထိုမြေကို ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေထံမှ လုယူရန် တိုက်ခိုက် ခဲ့ကြသည်။

တိုက်ပွဲ အနည်းငယ် အပြီး၌ ရှေးဟောင်း မွန်းစတား အထွတ်အမြတ်မြေသည် အခြား ဂိုဏ်းနှစ်ခုနှင့် သဘောတူညီမှု တစ်ခု ရယူကာ စစ်ပြေငြိမ်း ခဲ့သည်။ သူတို့၏ သဘောတူညီချက် အရ အခြား ဂိုဏ်းများမှ ကျင့်ကြံသူများမှာလည်း ဝိညာဉ် ရေတွင်းသို့ လာရောက်ကာ အခွင့်အရေးများ ရှာဖွေနိုင်မည် ဖြစ်သည်။

ချန်းဖန်သည် ဝိညာဉ် ရေတွင်းနှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ကောင်းကင်၌ အလင်းတန်းများ ပျံသန်းနေသည်ကို တွေ့မြင် လာရသည်။ ထိုကျင့်ကြံသူများကား ရွှေအမြုတေ အဆင့်များ ဖြစ်ကြသည်။ သူတို့ တစ်ယောက်ချင်းစီသည် အဆင့် ငါး သို့မဟုတ် အဆင့် ခုနစ် ရွှေအမြုတေများကို ပိုင်ဆိုင် ထားကြသည်။

ချန်းဖန်သည် အနည်းငယ် အံ့အားသင့် နေမိ၏။ ကောင်းကင် ဂျူပီတာ၏ ကျင့်ကြံသူများက ထျန်းဟောင်ဂြိုဟ်ရှိ လူများထက် ပိုမို အစွမ်းထက်ကြသည်လား။

ချန်းဖန်သည် သူ့ကဲ့သို့ သစ်သားဓားများ ကိုင်ဆောင်ထားသည့် မူလ အဆင့် အချို့ကိုလည်း တွေ့ရသည်။ သို့သော်လည်း သူတို့သည် သစ်ပင်များ၏ အထက်လောက်ကသာ ခမ်နိမ့်နိမ့် ပျံသန်း နေကြ၏။

"ဟူး…"

ဝိညာဉ် ရေတွင်းနှင့် မိုင်ရာချီ အကွာအဝေးသို့ အရောက်၌ ရုတ်တရက် ရှုပ်ထွေးနေသော စွမ်းအင်လှိုင်းများကို တွေ့မြင် လိုက်ရသည်။ ထိုစွမ်းအင်လှိုင်းများမှာ တိုက်ပွဲတစ်ခုထံမှ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပေသည်။

ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်၍ ကြည့်လိုက်ရာ သစ်ပင် မွန်းစတား အုပ်စု တစ်ခုက ယောက်ျား၊ မိန်းမ ကျင့်ကြံသူ နှစ်ယောက်အား ဝိုင်း၍ တိုက်ခိုက်နေသည်ကို တွေ့မြင် လိုက်ရသည်။ ယောက်ျားလေးမှာ ရွှေအမြုတေ တစ်ပိုင်းသာ ဖြစ်ရာ မူလ အဆင့် မွန်းစတားများစွာ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိတော့ချေ။

"ဝှစ်…"

ချန်းဖန်မှာ တစ်စက္ကန့် အတွင်းမှာပင် တိုက်ပွဲ အနီးသို့ ရောက်ရှိသွား၏။ ကျင့်ကြံသူ နှစ်ယောက်မှာ ချန်းဖန်ကို မြင်တွေ့သည်နှင့် ဝမ်းသာ သွားကြသည်။

"မိတ်ဆွေ… ကျေးဇူးပြုပြီး ကူညီပါဦး"

***

All Chapters