နှစ်ယောက်တည်း အတူတူ၊ အချစ်နဲ့ဘဝအကြောင်း ပြောကြရအောင်
Vol. 40 Ch. 589
ဒီအချက်က မင်ဧကရာဇ်အတွက် အနည်းငယ်မျှော်လင့်မထားခဲ့ပေ။ နန်းတွင်းစာမေးပွဲစနစ်ကို အဆိုပြုခဲ့စဉ်က နန်းတွင်းအရာရှိများထံမှ ခုခံဆန့်ကျင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
အကယ်၍သာ ချင်ဖုန်းနှင့် နိုင်ငံတော် ပညာသင်ကျောင်းကြားမှ ပညာရပ်ဆိုင်ရာအငြင်းပွားမှုနှင့် နဂါးခွေရစ် တိုင်လုံးမှ နဂါးတစ်ကောင် မျက်လုံးဖွင့်ခဲ့ခြင်းသာ မရှိခဲ့လျှင် သူဒါကို တွန်းအားပေးနိုင်ခဲ့မည်မဟုတ်ပေ။
သို့သော်လည်း နန်းတွင်း၌ ရံဖန်ရံခါ ဆန့်ကျင်ဘက်အသံများ ရှိနေဆဲပင် ဖြစ်သည်။
တော်ဝင်အာဏာစုစည်းရာ မင်းနေပြည်တော်တွင်ပင် ဒီလိုစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရလျှင် အခြားနယ်မြေလေးခုတွင်ကော အဘယ်သို့ရှိမည်နည်း။
"နန်းတွင်းစာမေးပွဲစနစ်ကို အကောင်အထည်ဖော်ရာမှာ ကြုံရမယ့်ခုခံမှုတွေကို မင်းနားလည်ရဲ့လား။ အနောက်ပိုင်းနယ်မြေကလူတွေကို မင်းစည်းရုံးနိုင်ပါ့မလား။"
ချူမင်းသားက ခပ်ရေးရေးပြုံးလိုက်သော်လည်း သူ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်နေသည်။
"ပရမ်းပတာဖြစ်နေတဲ့အချိန်တွေမှာ ပြင်းထန်တဲ့အရေးယူမှုတွေ လိုအပ်ပါတယ်။ ခုခံဆန့်ကျင်မှုတစ်ခုခုရှိခဲ့ရင် ကျွန်တော်တို့အဲ့ဒါကို ရှင်းလင်းဖယ်ရှားပစ်ပါ့မယ်။ ဒါပေမဲ့ နန်းတွင်းစာမေးပွဲစနစ်က အလွန်အရေးကြီးပါတယ်။ အရှင်မင်းကြီးရဲ့ခွင့်ပြုချက်မရှိဘဲ ကျွန်တော်မဆင်မခြင်မလှုပ်ရှားဝံ့ပါဘူး။"
ခဏတာစဉ်းစားပြီးနောက် မင်ဧကရာဇ်က ပြန်ဖြေသည်။
"ကောင်းပြီ၊ ငါမင်းကိုဒီကတိပေးမယ်။ နန်းတွင်းစာမေးပွဲစနစ်ကို မင်းနေပြည်တော်မှာ အကောင်အထည်ဖော်ပြီးတဲ့နောက်မှာ မင်းလည်းအနောက်ပိုင်းနယ်မြေမှာ လိုက်လုပ်လို့ရတယ်။ မင်းတို့ထဲက ထူးချွန်တဲ့ပါရမီရှင်တွေက မင်းနေပြည်တော်ကိုလာပြီး အရေးကြီးတဲ့ရာထူးတွေတောင် ရယူနိုင်တယ်။"
အပေါ်ယံတွင် ဒီပြောဆိုချက်သည် အနောက်ပိုင်းနယ်မြေမှ ပညာတတ်များကို အားပေးနေသယောင် ရှိသော်လည်း အမှန်တကယ်တွင်တော့ တကယ့်ပါရမီရှင်များကို မြို့တော်သို့ဆွဲဆောင်ပြီး အနောက်ပိုင်းနယ်မြေ အလွန်အင်အားကြီးမားမလာအောင် တားဆီးရန် ရည်ရွယ်သည်။
ချူမင်းသားသည် ဒါကိုကောင်းကောင်းနားလည်သော်လည်း သူဒါကို အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ သူခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"
မင်းနေပြည်တော်၏ မိစ္ဆာနှိမ်နင်းရေးဌာနတွင် ချင်ဖုန်းသည် ဒန်မော့၏ဒဏ်ရာများကို ကုသပေးရန် ထပ်ခိုးသို့ နောက်တစ်ကြိမ်ရောက်ရှိလာသည်။
နောက်ဆုံးတစ်ခေါက်က သူသည် နာကျင်မှုကိုသက်သာစေရန် သွေးခဲပိတ်ဆို့ခြင်းကို ဖယ်ရှားပေးခြင်းဖြင့် ဒန်မော့၏အခြေအနေကို တိုးတက်အောင်ကူညီပေးခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာစေရန် ဆေးအချို့ညွှန်းပေးခဲ့သည်။ ဒန်မော့၏အခြေအနေမှာ သိသိသာသာတိုးတက်လာခဲ့သည်။
ယခု ချင်ဖုန်းသည် သူ၏အတွင်းအင်္ဂါများမှ ပျက်စီးမှုကို ဖြည်းညင်းစွာပြုပြင်ရန် ကြိုးစားနိုင်သည်။
သို့သော် ဒီကုသမှုအစီအစဉ်ကို သတိဖြင့်ချဉ်းကပ်ရမည်ဖြစ်သည်၊ အကြောင်းမှာ ဒန်မော့၏ အခြေအနေမှာ နှစ်ရှည်လများဖြစ်ပွားနေသော နာတာရှည်ရောဂါတစ်ခုဖြစ်သောကြောင့်ပင်။
အလျင်စလိုလုပ်ခဲ့လျှင် အန္တရာယ်ဖြစ်နိုင်သည်။
တစ်နာရီကြာကုသမှုအပြီးတွင် အကြီးအကဲဒန်၏ ကျောက်ကပ်များကို ချင်ဖုန်းက နောက်ဆုံးတွင် ပြုပြင်ပေးနိုင်ခဲ့ပြီး သူ၏အသားအရေမှာ အရင်ကထက်များစွာကောင်းမွန်လာသည်။
အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ဒန်မော့က ပြုံးလိုက်သည်။
"မင်းနေပြည်တော်ကို ပြန်ရောက်ကတည်းက ဒီနေ့လိုမျိုး သက်သောင့်သက်သာဖြစ်တာမျိုး ဘယ်တုန်းကမှ မခံစားဖူးဘူး။ မင်း ပင်ပန်းသွားပြီ။"
ချင်ဖုန်းသည် သူ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။ အတွင်းအင်္ဂါများကို ပြုပြင်ခြင်းသည် ချီစွမ်းအင်လမ်းကြောင်းများကို ပြုပြင်ခြင်းလောက်မခက်ခဲသော်လည်း များစွာသောစိတ်စွမ်းအင်ကို လိုအပ်နေဆဲပင် ဖြစ်သည်။
သို့သော် အောင်မြင်စွာကုသပေးနိုင်သရွေ့ ဒါတွေအားလုံးက တန်ဖိုးရှိသည်။
"နောက်မှ ကျွန်တော်အကြီးအကဲဒန်ကို နောက်ထပ်ဆေးညွှန်းတစ်ခုပေးပါ့မယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ကြိမ်စီသောက်ပါ။ ခင်ဗျားရဲ့ကျောက်ကပ်တွေ သာမန်လူတစ်ယောက်လို အပြည့်အဝပြန်ကောင်းလာတဲ့အခါ ကျွန်တော်ခင်ဗျားရဲ့တခြားအင်္ဂါတွေကို ကုသပေးပါ့မယ်။"
"မင်း ကိုဒုက္ခပေးရတော့မှာပဲ။"
ဒန်မော့က သူ၏ကျေးဇူးတင်ကြောင်းကို ဖော်ပြသည်။
ထိုအချိန်တွင် အနီရောင်ပုံရိပ်တစ်ခု သူတို့ဘေးတွင် ရုတ်တရက်ပေါ်လာသည်။
ချင်ဖုန်းက လှမ်းကြည့်လိုက်ရာ သူ၏လျှို့ဝှက်ကာကွယ်ရေးကို တာဝန်ယူထားသော စုံစမ်းစစ်ဆေးရေးဌာနမှ အဖွဲ့ဝင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒန်မော့က စူးစမ်းစွာမေးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
စုံစမ်းစစ်ဆေးရေးဌာနအဖွဲ့ဝင်က ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
"ကျွန်တော်တို့မနေ့ညက ကြွက်တစ်ကောင်ဖမ်းမိခဲ့ပြီး ခင်ဗျားတို့နှစ်ယောက်လုံးကို အကြောင်းကြားဖို့လိုအပ်တယ်လို့ ထင်လို့ပါ။"
သူသည် သံသယရှိသောအဘိုးအိုဆရာဝန်ကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ စစ်ဆေးမေးမြန်းမှုဖြစ်စဉ်နှင့် နောက်ဆုံးရလဒ်တို့ကို ရှင်းပြလိုက်သည်။
ဒီအကြောင်းကိုကြားပြီးနောက် နှစ်ဦးစလုံး၏မျက်နှာအမူအရာမှာ မကောင်းမွန်ပေ။
ချင်ဖုန်းက သုံးသပ်လိုက်သည်။
"သေဆုံးရတဲ့အကြောင်းရင်းက အရိုးပြောင်းအဆိပ်မှုန့်ပဲ။ အဆိပ်က ပါးစပ်ထဲမှာ ဝှက်မထားဘူးဆိုတော့ ပျော်ဝင်သွားတဲ့ပိုးကောင်တွေထဲမှာ ဝှက်ထားနိုင်ခြေအများဆုံးပဲ။"
"ကျွန်တော်မမှားဘူးဆိုရင် ဒီပိုးကောင်တွေက 'အဆိပ်ရှိ သတ္တဝါများ ကျမ်း' ထဲမှာဖော်ပြထားတဲ့ မယ်တော်သားတော် အဆိပ်ပိုး တွေဖြစ်သင့်တယ်။ သူတို့က အမေနဲ့သား နှစ်ကောင်ရှိတယ်။"
"ဒီထူးဆန်းတဲ့ပိုးကောင်တွေက ရှင်ခြင်းနဲ့သေခြင်းကို မျှဝေခံစားကြတယ်၊ ပြီးတော့ အမေပိုးကောင်ကို ထိန်းချုပ်တဲ့ဘယ်သူမဆို သားပိုးကောင်တွေကိုလည်း ခြယ်လှယ်နိုင်ပြီး သားပိုးကောင်တွေ စွဲကပ်နေတဲ့သူတွေရဲ့ စိတ်ကိုပါ လွှမ်းမိုးနိုင်တယ်။"
ဒန်မော့က သူ့ဘာသာဆိုလိုက်သည်။
"တစ်နည်းအားဖြင့်ပြောရရင် မနေ့ညကအဘိုးအိုဆရာဝန်က တကယ့်ရန်သူမဟုတ်နိုင်ဘူး။ ဖြစ်နိုင်တာက သူကရန်သူကပစ်ထုတ်လိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပဲဖြစ်နိုင်တယ်။"
ဒန်မော့က ပြန်ဖြေသည်။
"ဒီလိုဆိုရင်တော့ တစ်ဖက်လူက သံသယဝင်သွားလောက်ပြီ။ အရင်ကနည်းလမ်းတွေအတိုင်းသုံးပြီး သဲလွန်စတစ်ခုခုကို ခြေရာခံဖို့က အရမ်းခက်ခဲသွားလိမ့်မယ်။"
ရန်သူသည် မျှော်လင့်ထားသည်ထက် များစွာပို၍ကောက်ကျစ်လှပြီး ရှိနေသူသုံးဦး၏ နှလုံးသားထဲတွင် မအီမသာဖြစ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
နောက်ဆုံးတော့လည်း နတ်ပြည်ပြန် ရနံ့ဖြင့် သတ်ဖြတ်သည့်နည်းလမ်းမှာ ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ပြီး ရန်သူ၏နောက်ဆက်တွဲလုပ်ဆောင်ချက်များမှာ ပို၍လျှို့ဝှက်ဆန်းကြယ်ပြီး ရှာဖွေတွေ့ရှိရန် ခက်ခဲလာမည်သာဖြစ်သည်။
တင်းမြန်က ဆိုလိုက်သည်။
"အကြီးအကဲဒန်၊ အခုသခင်လေးချင်က ခင်ဗျားကိုကုသပေးနေတာ ထူးခြားတဲ့ရလဒ်တွေရနေတော့ အမှောင်ထဲကအဲ့ဒီလူတွေက သူတို့ရဲ့အာရုံစိုက်မှုကို နန်းတွင်းဆေးဆရာတွေအပေါ်မှာ မထားတော့ဘူး ဖြစ်နိုင်တယ်။ သူတို့က သခင်လေးချင်နဲ့ ခင်ဗျားကို ပစ်မှတ်ထားလာကြလိမ့်မယ်။"
"လာမယ့်ရက်တွေမှာ ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးဌာနက ခင်ဗျားတို့ရဲ့လုံခြုံရေးကို လျှို့ဝှက်ကာကွယ်ပေးဖို့ လူအင်အားတိုးမြှင့်ပြီး သူတို့အငိုက်မိတဲ့အချိန်မှာ ရန်သူရဲ့ကွန်ယက်ကို ချိုးဖျက်ပစ်ပါ့မယ်။"
ဒီစကားကိုကြားသော် ဒန်မော့က အေးစက်စွာနှာမှုတ်လိုက်သည်။
"မင်းဒါဘာကိုဆိုလိုတာလဲ။ ငါကဒဏ်ရာရပြီး အသက်ကြီးနေလို့ အသုံးမကျတော့ဘူးလို့ မင်းထင်နေလား။ သူတို့လာရဲရင် လာပါစေ။ အတိတ်တုန်းက ငါတစ်ယောက်တည်း နယ်စပ်ကို စောင့်ကြပ်ပြီး အသူရာမျိုးနွယ်ကို သုံးရက်သုံးညလုံး တိုက်ခိုက်နိုင်ခဲ့တယ်။ အခုတော့ ပုန်းလျှိုးကွယ်လျှိုးကြွက်အနည်းငယ်ကို ဘယ်လိုလုပ်ကြောက်နေရမှာလဲ။"
မျက်နှာဖုံးဖြူအောက်တွင် တင်းမြန်က သက်ပြင်းချလိုက်သည်။
"အကြီးအကဲဒန်၊ ခင်ဗျားသိပါတယ်၊ ကျွန်တော်ဆိုလိုတာ အဲ့ဒါမဟုတ်ဘူးဆိုတာ။ ခင်ဗျားရဲ့် ရှင်ခြင်းနဲ့သေခြင်းက အလွန်အရေးကြီးပြီး အမှားအယွင်းရှိလို့ မဖြစ်နိုင်လို့ပါပဲ။"
ဒန်မော့က မဲ့ပြုံးပြုံးပြီး သူ့ကိုလျစ်လျူရှုလိုက်သည်။
ချင်ဖုန်းသည် ဘေးတွင်တိတ်ဆိတ်စွာရပ်လျက် မြင်ကွင်းကိုကြည့်ရှုရင်း လက်လျှော့ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
အကြီးအကဲဒန်၏ စိတ်နေစိတ်ထားမှာ ကျန့်ချင်းဖုန်းဖော်ပြခဲ့သလိုပင် အမှန်တကယ်ထူးဆန်းပြီး ခေါင်းမာလှသည်။
ဒီနေရာတွင် ဂျူနီယာတစ်ဦးအနေဖြင့် ချင်ဖုန်းသည် ဒီလောက်ပေါ့ပေါ့ဆဆဝင်ရောက်စွက်ဖက်ရန် မသင့်တော်ဟု ထင်ခဲ့သည်။
သို့သော် အကြီးအကဲဒန်၏လုံခြုံရေးကို ထည့်သွင်းစဉ်းစားပြီး သူသည် စကားဆိုကာ အကြံပေးလိုက်သည်။
"အကြီးအကဲဒန်၊ ခင်ဗျားအားကောင်းပြီး ဒီကြွက်တွေကိုမကြောက်ဘူးဆိုရင်တောင် အသင့်ပြင်ထားတာက အမြဲကောင်းပါတယ်။"
"နောက်ဆုံးတော့ မင်းနေပြည်တော်ကို လုပ်ကြံသတ်ဖြတ်ဖို့လာရဲတဲ့ရန်သူတွေက သာမန်လူတွေတော့ သေချာပေါက်မဟုတ်ဘူးလေ။ ခင်ဗျားဘယ်လိုထင်လဲ။"
ဒီစကားကိုကြားသော် ဒန်မော့သည် မျက်ခုံးအနည်းငယ်တွန့်ချိုးပြီး ခပ်ပြတ်ပြတ်ဆိုလိုက်သည်။
"ထားလိုက်တော့၊ မင်းတို့လုပ်ချင်သလိုလုပ်ကြ။"
သူ့ဘေးတွင် တင်းမြန်သည် ချင်ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး အံ့ဩသွားသည်။ အကြီးအကဲဒန်ကို စည်းရုံးနိုင်ခဲ့သောသူ တစ်ယောက်ကို သူမြင်ဖူးသည်မှာ ဒါပထမဆုံးအကြိမ်ပင်။
'ဒီကောင်လေး၊ သူတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။'
ဆယ်ရက်ကုန်လွန်သွားပြီး ညဉ့်နက်လာရာ လသည် ကောင်းကင်တွင် တောက်ပစွာလင်းလက်နေသည်။
လေထဲတွင် ရောင်စုံမီးရှူးမီးပန်းများ ဖူးပွင့်နေပြီး မြေခွေးမျိုးနွယ်၏ စွဲမက်ဖွယ်အလှပဂေးများသည် သူတို့၏အမွေးဖွားသောအမြီးများကို ဝှေ့ယမ်းကာ ပြည့်တန်ဆာအိမ်၏ဝင်ပေါက်တွင် ဧည့်သည်များကို ရယ်မောပြုံးရွှင်စွာဖြင့် နှုတ်ဆက်နေကြသည်။
ဟုတ်တယ်၊ တူရှန်းမြေခွေးမျိုးနွယ်ပြည့်တန်ဆာအိမ် တရားဝင်ဖွင့်လှစ်ပြီဖြစ်သည်။
ပြည့်တန်ဆာအိမ်ကို 'မြေခွေးလေးရဲ့ တီးတိုးသံ' ဟုခေါ်ပြီး ဒါက အဆောက်အအုံရှိလှပသော မိန်းကလေးများနှင့် အပြည့်အဝလိုက်ဖက်သောနာမည်တစ်ခုပင်။
ကျော်ကြားသော တူရှန်းမြေခွေးမျိုးနွယ်က ပြည့်တန်ဆာအိမ်ဖွင့်လှစ်သည်ဟူသောသတင်းသည် တောမီးကဲ့သို့ပျံ့နှံ့သွားပြီး မြို့၏ထောင့်ပေါင်းစုံမှ လူအုပ်ကြီးများကို 'မြေခွေးလေးရဲ့ တီးတိုးသံ' ၏တံခါးဝသို့ ဆွဲဆောင်လာကာ သူတို့သည် စိတ်အားထက်သန်စွာဖြင့် တစ်ယောက်ပြီး တစ်ယောက်ဝင်ရောက်သွားကြသည်။
လေထုမှာ စွဲမက်ဖွယ်ကောင်းပြီး ပန်းရောင်သန်းနေသကဲ့သို့သော အရှိန်အဝါတစ်ခု လေထုထဲတွင် ပျံ့နှံ့နေသည်။
ဒုတိယထပ်မှ အခန်းတစ်ခန်းတွင် ချင်ဖုန်းသည် ပြတင်းပေါက်အက်ကွဲကြောင်းမှတစ်ဆင့် အောက်မှစည်ကားနေသောခန်းမဆောင်ကို လေ့လာနေသည်။ လူအုပ်ကြီး စုဝေးနေသည်ကို မြင်သောအခါ သူသက်ပြင်းမချဘဲမနေနိုင်တော့ပေ။
"မင်းနေပြည်တော်မှာ တကယ်ပဲနှာဘူးကြီးတွေအများကြီးရှိတာပဲ။ ပထမဆုံးနေ့မှာပဲ ဒီလောက်ဧည့်သည်တွေ များနေပြီ။ အနာဂတ်မှာဘယ်လိုဖြစ်လာမလဲ။"
သူသည် သူ၏ပိုက်ဆံအိတ်ထဲသို့ အဆက်မပြတ်စီးဝင်လာသော ငွေပြားစီးကြောင်းကို မြင်ယောင်နေပုံရသည်။
လက်ရှိချင်ဖုန်းအတွက် ငွေသည် ကိန်းဂဏန်းစဉ်တစ်ခုထက်မပိုပေ။ သူဒီည ဒီကိုလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ကောင်းကင်ဘုံရောင်ပြန်ကျောက်တုံးပင်။
"အကြီးအကဲ ထျန်းယွဲ့၊ ကျွန်တော်ခင်ဗျားကို မြေခွေးလေးရဲ့ တီးတိုးသံပြာသာဒ်ကို တည်ဆောက်ရာမှာ ကူညီပေးပြီးပါပြီ။ ကျွန်တော်တို့ရဲ့သဘောတူညီချက်အရ ခင်ဗျားရဲ့ကောင်းကင်ဘုံရောင်ပြန် ကျောက်တုံးကို ခဏလောက်ငှားချင်ပါတယ်။"
နတ်ပင်လယ်ထဲတွင် ရှေးဟောင်းနတ်ဘုရား အငွေ့အသက်အနည်းငယ်သာ ကျန်တော့ပြီး စီနီယာရွှမ်း၏ စကားများအရ တတိယအဆင့်နယ်ပယ်သို့ဝင်ရောက်ရန် ပထမမူလ နတ်ဘုရား ချီစွမ်းအင်သည် မရှိမဖြစ် လိုအပ်သည်။ ချင်ဖုန်းသည် ဒီအတွက် သဘာဝကျကျအလွန်စိုးရိမ်နေသည်။
ဒီစကားကိုကြားသော် စုထျန်းယွဲ့သည် အနည်းငယ်ရှေ့သို့ကိုင်းညွှတ်လိုက်ရာ သူမ၏ကိုယ်မှ ထူးခြားသော အမွှေးနံ့သာနှင့် မိန်းမဆန်သောရနံ့တို့ လွင့်ပျံ့လာသည်။
"ပိုးဖဲကုလားကာများအောက်တွင် အမွှေးတိုင်ငွေ့များ ဝေ့ဝဲနေလျက်၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းထဲမှာ နှစ်ယောက်တည်းရှိနေတုန်း ရှင်က ဒီလိုစိတ်ပျက်စရာစကားတွေ လာပြောနေတယ်ပေါ့လေ။"
"ဘာလို့ငါတို့တခြားအရာတစ်ခုခုအကြောင်း မပြောကြတာလဲ။ ကျွန်မကြားဖူးတာကတော့ သခင်လေးချင်ကို မင်းနေပြည်တော်မှာ ဆရာကြီးချင်လို့ခေါ်ကြပြီး သူက ထူးခြားတဲ့ပါရမီရှင် ပညာတတ်တစ်ယောက်ဆိုတာပဲ။"
စုထျန်းယွဲ့သည် အပြည့်အဝလှပသူတစ်ဦးဖြစ်ပြီး ညှို့ယူဖျားယောင်းခြင်းအနုပညာတွင် အလွန်ကျွမ်းကျင်သည်။ ဒီအချိန်တွင် သူမ၏စွဲမက်ဖွယ်မျက်လုံးများသည် ပိုးသားကဲ့သို့ဖြစ်နေပြီး သူမ၏အမြီးကိုးချောင်းမှာ အနည်းငယ်ယိမ်းနွဲ့နေရာ လူတို့၏နှလုံးသားကို တကယ်ပင်လှုပ်ရှားစေသည်။
အကယ်၍သာ တခြားယောက်ျားတစ်ယောက်ဖြစ်ခဲ့လျှင် သူသည် ဒီလိုမြင်ကွင်းမျိုးတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မည်မဟုတ်သည်မှာ သေချာသည်။
သို့သော် ချင်ဖုန်းသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏မျက်လုံးများဖြင့်လေ့လာကာ အသက်ရှူငြိမ်သက်ပြီး မလှုပ်မယှက်နေသည်။ သူသည် နောက်သို့တစ်လှမ်းပင်ဆုတ်လိုက်ပြီး ဆိုလိုက်သည်။
"အကြီးအကဲ ထျန်းယွဲ့၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီလိုမနောက်ပါနဲ့။ ခင်ဗျား အနေနဲ့ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်အကူအညီတောင်းမိလိမ့်မယ်။"
ဒီစကားကိုကြားသော် စုထျန်းယွဲ့သည် ကျယ်လောင်စွာရယ်မောလိုက်ပြီး သူမ၏ရယ်သံမှာ လေထဲတွင်ပန်းများ တုန်ခါနေသကဲ့သို့ပင် ကြားရသည်မှာ နားဝင်ချိုလှသည်။
"အမြဲတမ်း နှောင့်ယှက်ခံရတဲ့အခါ အသံနက်ကြီးနဲ့အော်ဟစ်ကြတာက မိန်းမတွေချည်းပဲ၊ ယောက်ျားတစ်ယောက် အကူအညီတောင်းအော်တာတော့ ကျွန်မတစ်ခါမှမကြားဖူးဘူး။ ဒီနေ့တော့ ရှင်အကူအညီတောင်းအော်တာကို ကျွန်မမြင်ချင်တယ်။"
ချင်ဖုန်း၏မျက်နှာမှာ ရှက်နေသည်။
"အကြီးအကဲ ထျန်းယွဲ့၊ တကယ်ပဲ ဒီလိုလုပ်ချင်နေတာလား။"
စုထျန်းယွဲ့က သူမ၏ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်သည်။
"ရှင် ဒီနေ့မခေါ်ဘူးဆိုရင် ဒီတံခါးကနေထွက်သွားဖို့တော့ မျှော်လင့်မနေနဲ့။"
တစ်ဖက်လူ ဒီလောက် လေးနက်နေသည်ကိုမြင်သောအခါ ချင်ဖုန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ အော်ဟစ်လိုက်သည်။
"မိန်းမ"
စုထျန်းယွဲ့၏အပြုံးမှာ ခဲသွားပြီး သူမနေရာတွင်တင် မှင်တက်သွားတော့သည်။