ဂိုဏ်းသုံးဂိုဏ်း စုစည်းမှု
Vol. 11 Ch. 1029
“မင်းက အဇူရာသက်ရှည် နတ်ဘုရား ထောင်ချောက် အစီအရင်ကို သိတယ်ပေါ့ ဟုတ်လား... ဒါဆိုရင် ဒီအစီအရင်က နတ်ဘုရားသတ် အင်ပါယာငါးပါး အစီအရင် ငါးခုထဲက တစ်ခု ဆိုတာလည်း မင်း သိလောက်မှာပါ”
ချန်းဖန်က သူ၏ ခြေထောက်အောက်ရှိ လင်းဟယ်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
“အဇူရာသက်ရှည် နတ်ဘုရား ထောင်ချောက် အစီအရင် ရှိနေရခြင်းက ဒီနေရာမှာ ရှိတဲ့ မြက်တစ်ပင်ချင်းစီကိုတောင် ဒြပ်စင်ငါးပါး နတ်ဘုရားဂိုဏ်းက ပိုင်တယ်လို့ အဓိပ္ပာယ်ရတယ်... ငါ ကြားဖူးသလောက်ဆို ဒြပ်စင်ငါးပါး နတ်ဘုရားဂိုဏ်းဝင်တွေက အရမ်းကို ဒေါသကြီးကြတယ်တဲ့... သူတို့က ဘာမဟုတ်တဲ့ ပဋိပက္ခလေးတွေ အတွက်တောင် စစ်ခင်းကြတယ်လေ... မင်းက သူတို့ရဲ့ နယ်မြေထဲကို ကျူးကျော်ခဲ့တယ် ဆိုတော့...”
ချန်းဖန်က စကားကို ဆက်မပြောတော့ပဲ တုံးတိ ဖြတ်ထားလိုက်၏။
ထိုအချိန်၌ လင်းဟယ်၏ မျက်နှာ တစ်ခုလုံးကား ချွေးများဖြင့် ရွှဲရွှဲစို နေခဲ့ပြီ ဖြစ်လေသည်။ သူသည် ကြယ်ပင်လယ် အတွင်းမှ လာသောသူ ဖြစ်ရာ ဒြပ်စင်ငါးပါး နတ်ဘုရားဂိုဏ်း၏ အကြောင်းကို ကောင်းစွာ ကြားဖူးနားဝသည်။
ထိုဂိုဏ်းကြီးကား ဗဟို ဂလက်စီတွင်ပင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည့် ဂိုဏ်းကြီး ဖြစ်သည်။ စကြဝဠာ၏ အင်အား အကြီးဆုံး နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်သည်။
သို့သော်လည်း သူ၏ မိစ္ဆာနေဂိုဏ်းမှာမူ ကြယ်ပင်လယ်၏ တောင်ဘက် အစွန်အဖျားရှိ ထာဝရဂိုဏ်းလေး တစ်ခုသာ ဖြစ်သည်။ သူတို့သည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည့်တိုင် နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းနှင့် နှိုင်းယှဥ်ရန်မှာမူ အလှမ်းကွာဝေး လွန်းလှသေးသည်။ ဂိုဏ်းကြီးကိုးဂိုဏ်း၏ သာမန် တပည့်များ ပင်လျှင် မိစ္ဆာနေဂိုဏ်းကို ရှင်းလင်း ပစ်နိုင်ပေသည်။
“ငါ... ငါ...”
လင်းဟယ်က ဖြေရှင်းချက် ပေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူသည် မည်သည့် စကားလုံးမျှ ရှာမတွေ့ခဲ့ချေ။ အခြေအနေ အရပ်ရပ်က နောက်ကျသွားပြီ ဖြစ်ကြောင်း သူ ကိုယ်တိုင် သိပေသည်။
လောဘ...
လောဘကြောင့် သူသည် ဒြပ်စင်ငါးပါး နတ်ဘုရားဂိုဏ်း၏ ကောင်းကင်ဆေးများကိုသာ မက သစ်သား နတ်ဘုရား နှလုံးသားကိုပါ ယူဆောင်ရန် ကြိုးစားခဲ့မိသည်။ ထိုအရာက ခွင့်လွှတ်၍ မရနိုင်သော ပြစ်မှု တစ်ခုပင် ဖြစ်လေသည်။
“အဲဒါတွေ အားလုံးက မင်းကြောင့် ဖြစ်လာတာ....”
လင်းဟယ်က ချန်းဖန်ကို ကြည့်၍ အော်ဟစ် လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က မီးခိုးများ အဖြစ် ပြောင်းလဲကာ ချန်းဖန်၏ ခြေထောက်အောက်မှ ပျောက်ကွယ်သွား၏။
“စိတ်ဝင်စားစရာပဲ...”
ချန်းဖန်က မည်သို့မျှ မလှုပ်ရှားပဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ကြည့် နေလိုက်သည်။
“ဟူး...”
လင်းဟယ်၏ ခန္ဓာကိုယ်သည် လိပ်ပြာလေး၏ နံဘေး၌ ပြန်လည် ဖြစ်တည်လာ၏။ ခန္ဓာ ပြန်လည် ဖွဲ့စည်းပြီးသည်နှင့် လင်းဟယ်သည် လိပ်ပြာလေးကို သတ်ဖြတ် ပစ်လိုက်သည်။
ထို့နောက် သူက ချန်းဖန်ဘက်သို့ လှည့်ကာ စူးရဲစွာ ကြည့်လိုက်၏။
“မင်းကိုပါ သတ်လိုက်ရင် ငါ ဒီနေရာကို ရောက်တာ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး”
“မင်း ငါ့ကို သတ်နိုင်တာ သေချာလို့လား...”
ချန်းဖန်က မေးလိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ငါ့ထက် မြင့်ကောင်း မြင့်လိမ့်မယ်... ဒါပေမဲ့ အဲဒီလောက်နဲ့ ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား”
လင်းဟယ်က အဇူရာမီးတောက် ထွန်းလင်းနေသည့် ကြေးမီးအိမ်ကို မြှောက်ရင်း ဆိုလိုက်၏။
“ဒါက ငါရဲ့ မိသားစု ဘိုးဘွားပိုင် ချင်ယုမီးအိမ်ပဲ... ဒီမီးအိမ်ရဲ့ အရသာကို မြည်းကြည့်လိုက်ဦး”
လင်းဟယ်က ကြေးမီးအိမ်အား တို့ထိလိုက်ရာ အဇူရာ မီးတောက်မှာ စတင်ကာ ကခုန်လာည်။ ထိုမီးတောက်ည် လေထုအား အရှိန်အဟုန်ဖြင့် ကြွမ်းလောင်ကာ ချန်းဖန်ကိုပါ ပြချပစ်ရန် တိုးဝင်လာ၏။
“မင်းက သစ်သားဒြပ်စင်ကို ကျင့်ကြံတဲ့သူ မလား... ဟဟ... သစ်သားက မီးတောက်ကို ပြန်လို ပြန်တွန်းလှန်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့”
လင်းဟယ်က ပြုံးလိုက်၏။ သူသည် များစွာသော အစွမ်းထက် အခြေတည် ဝိညာဥ် အဆင့်များကို ထိုမီးတောက်ဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုတစ်ကြိမ်၌လည်း သူ ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။
ချန်းဖန်က ဘာမှ ပြန်မပြောပဲ ပြုံးလိုက်၏။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
“ဝှစ်...”
ရုတ်တရက် ကမ္ဘာသစ်ပင်သည် ကြီးမားသော ဖီးနစ်မီးငှက် အသွင် ပြောင်းလဲသွား၏။ ထိုမီးငှက်က လွယ်ကူစွာပင် အဇူရာ မီးတောက်ကို ချေမှုန်းကာ လင်းဟယ်ထံ ဆက်လက် တိုးဝင် သွားသည်။
“အား...”
ရုတ်တရက် လင်ဟယ်၏ အော်ဟစ်သံမှာ နတ်ဘုရား ကုန်းမြေ တစ်လွှား၌ လွှမ်းခြုံ သွားခဲ့တော၏။
***
ထိုအချိန် ဝိညာဥ် ရေတွင်း အပြင်ဘက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကောင်းကင်သို့ စိတ်လှုပ်ရှားစွာ မော့ကြည့် နေကြ၏။
“မိုးကြိုးကျောင်းတော်ရဲ့ ကောင်းကင်အရှင် ချင်ကန်း၊ ကျန်းမိသားစု ဘိုးဘေး၊ နောက်ပြီး ရှေးဟောင်းမွန်းစတား အထွတ်အမြတ်မြေကတောင် သူတို့ရဲ့ မဟာ မွန်းစတား နှစ်ယောက်ဖြစ်တဲ့ ဖူဟိုင်နဲ့ ထူရှန်းတို့ကို လွှတ်လိုက်တာပဲ...”
“မိုးကြိုးကျောင်းတော်ရဲ့ ညီအကို သုံးယောက်က ဘိုးဘေးတွေရဲ့ အသည်းကျော်တွေလေ... ဒါကြောင့်ပဲ အကုန်လုံးက သူတို့ သေဆုံးမှုကို အလေးအနက် ထားနေကြတာ...”
“ငါကြားရ သလောက်ဆို သတ်သွားတဲ့ လူက ဓားကျင့်ကြံတဲ့ တန်ခိုးရှင် တစ်ယောက်တဲ့”
“ဟုတ်တယ်... သူက ဓားတစ်ချောင်းနဲ့တင် အားလုံးကို သတ်ခဲ့တာ... အခုဆိုရင် ဂိုဏ်းကြီးသုံးဂိုဏ်းက လူသတ်သမားကို ရှာဖွေဖို့ ခဏပေါင်းစည်းကြမယ်တဲ့... မဟုတ်ရင် ဒီအဖြစ်အပျက်က စစ်ပွဲကြီး တစ်ခုကိုတောင် ဦးတည်သွားနိုင်တယ်လေ”
လူများစွာမှာ ဆွေးနွေး ငြင်းခုန် နေကြသည်။
ဝိညာဥ်ရေတွင်းကား သေးငယ်သော နေရာ တစ်ခု ဖြစ်ပေသည်။ လူသတ်သမား မည်သည့် နေရာ၌ ပုန်းအောင်းနေပါစေ အခြေတည် ဝိညာဥ် အဆင့်များမှာ တွေ့အောင် ရှာဖွေနိုင်ပေလိမ့်မည်။
“လူသတ်သမားကို မိရင် သူတို့ ဘယ်လိုလုပ်မယ် မသိဘူး... သတ်မှာလား ဒါမှမဟုတ် ဝိညာဥ်ပြစ်ဒဏ်ခတ် မလားပဲ”
များစွာသော လူများမှာ ခေါင်းခါ လိုက်မိကြတော့သည်။
ထိုအချိန် ဝိညာဥ် ရေတွင်း အတွင်းရှိ ကျင့်ကြံသူများမှာလည်း စုံစမ်း ရှာဖွေမှုကို အရှိန်မြှင့် ပြုလုပ် နေကြသည်။ သူတို့သည် ဝိညာဥ်ရေတွင်းကို ပေလေးထောင် အထက် ဆင်းနိုင်သည့် ရွှေအမြုတေ အဆင့်များအား အဓိက ထား၍ စစ်ဆေးကြသည်။ မူလ အဆင့်များကိုမူ လျစ်လျူထားသည်။ ထို့ကြောင့်ပင် ဖူချင်းနှင့် ညီမလေးကျန်းတို့မှာ အေးဆေးစွာ ကျင့်ကြံနိုင်ကြပေသည်။
တစ်ရက်...
နှစ်ရက်...
အချိန်သည် လျှင်မြန်စွာ ကျော်ဖြတ်နေ၏။ သို့သော်လည်း သူတို့သည် ယခုထိ တရားခံကို ရှာဖွေ မတွေ့ကြသေးချေ။
ချီဖန်းက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
“ငါ သံသယရှိနေတဲ့သူ တစ်ယောက်တော့ ရှိတယ်... သူက မူလ အဆင့်ပဲ... ဒါပေမဲ့ သူက ဝိညာဥ် ရေတွင်း အောက်ခြေအထိ ဆင်းနိုင်စွမ်း ရှိတယ်... ငါတို့ အားလုံး သူ့ကို မေ့နေကြတာ”
“ဟုတ်သားပဲ... ငါ ရေတွင်းအောက်ခြေမှာ သူ့ကို တွေ့ခဲ့ရသေးတယ်”
မွန်းစတား မင်းသားနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။
“စိတ်ဝင်စားစရာပဲ... မူလ အဆင့် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဝိညာဥ် ရေတွင်း အောက်ခြေကို ဆင်းနိုင်ရတာလဲ... သူက တရားခံ မဟုတ်ရင်တောင် တရားခံနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေရမယ်”
စီနီယာ တပည့် တစ်ယောက်က ခေါင်းညိတ် လိုက်သည်။
“ဘာဖြစ်ဖြစ် ဝိညာဥ် ရေတွင်းက နောက်သုံးရက်ကြာရင် ပွင့်လာမှာပါ... အဲဒီ အခါကျ အားလုံး ပူးပေါင်းပြီး သူ့ကို ရှာကြတာပေါ့”
များစွာသော တပည့်များက ခေါင်းညိတ် လိုက်ကြသည်။
ထိုကောင်လေး မည်မျှပင် အစွမ်းထက်စေကာမူ ဝိညာဥ် ရေတွင်းမှာ ကျဥ်းကျဥ်းလေး ဖြစ်သည်။ သူသည် အခြေတည် ဝိညာဥ် အဆင့်များ၏ လက်မှ လွတ်အောင် ပုန်းနိုင်လိမ့်မည် မဟုတ်ချေ။
သုံးရက်ကြာပြီးနောက်၌...
“ဘုန်း...”
အလင်းတန်းများသည် ဝိညာဥ် ရေတွင်း အောက်ခြေမှ နေ၍ ထွက်ပေါ်လာ၏။ ဝိညာဥ် ရေတွင်း ဝင်ပေါက်ကား သုံးရက်ကြာပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ပွင့်တော့မည် ဖြစ်လေသည်။
***