← Chapters

Chapter 11

Vol. 2 Ch. 11

Chapter 11

Vol. 2 Ch. 11

ချူးလီသည် ကျန်းယီကို မလုပ်တတ်လုပ်တတ်နှင့် ကုန်းပိုးထားရင်း အနီးစပ်ဆုံး ဆေးခန်းသို့ သွားလိုက်သည်။

သူမကြည့်ရတာ ပိန်သော်လည်း သူမအလေးချိန်ကတော့ ပေါ့မနေပါ။ ကျန်းယွီသည် နှစ်အနည်းငယ်ကြာ ဘဲလေးကလာခဲ့သည့်အတွက် သူမတွင် အဆီအနည်းငယ်သာရှိပြီး ကြွက်သားများမှာ တောင့်တင်းခိုင်မာလှပေသည်။

ဆေးခန်းတွင်တော့ အသက်ကြီးကြီး ဆရာဝန်တစ်ဦးက ဗိုက်ကိုခစစ်ဆေးပေးလေသည်။

“ဘာမှမဖြစ်ပါဘူး.. အဆင်ပြေသွားမှာပါ နည်းနည်းလောက် အနားယူဖို့ပဲလိုတာ”

တစ်ချိန်တည်းမှာပင် ဒေါက်တာသည် တံခါးနားတွင်ထိုင်၍ စာအုပ်တစ်အုပ်ဖတ်နေသော ချူးလီအား စိုက်ကြည့်လိုက်ပြီး ရှုတ်ချသည့်လေသံလေးနှင့် လှမ်းဆိုလိုက်လေသည်။

“လူဖြစ်ပြီး ဘယ်လိုတောင် လုပ်နိုင်ရတာလဲ”

ချူးလီကတော့ ဒီလိုအထင်အမြင်လွဲခံရမှုများကို နေသားကျနေသည့်အလားပင် ပြောသမျှကို ကြားသော်လည်း ခေါင်းတစ်ချက်မော့မကြည့်ပေ။

ဒေါက်တာတစ်ယောက် အထင်လွဲနေသည်ကို ရိပ်မိလိုက်သဖြင့် ကျန်းယွီလည်း အလျင်အမြန်ပင် ရှင်းပြရန်လုပ်လေသည်။

“အထင်မှားနေတာနော်ဆရာ.. ကျွန်မကို ထိုးလိုက်တာ သူမဟုတ်ဘူး”

“ဆရာ့ကို ရှင်းပြဖို့မလိုပါဘူး.. ယောင်္ကျားတွေဆီက အိမ်တွင်းအကြမ်းဖက်ခံရပြီး ရှက်လို့ဆေးရုံတောင် သွားမပြရဲတဲ့ အမျိုးသမီးတွေ အများကြီးနဲ့ ဆရာကြုံခဲ့ဖူးတာပေါ့..။ သူတို့အားလုံး ဆရာ့ဆီ ရောက်လာခဲ့ကြတာလေ”

ထိုစကားကြောင့် ကျန်းယွီလည်း သူမ၏အတိတ်ဘဝကို ပြန်သတိရသွားမိလေသည်။

သူမအနာတရာဖြစ်ကာ ဒဏ်ရာရသည့်အချိန်တိုင်း ရှက်လွန်းလို့ ဆေးရုံပင် သွားမပြရဲခဲ့ပေ..။ အသိမိတ်ဆွေတစ်ယောက်ယောက်နှင့် မတော်တဆတွေ့မိပြီး လူအများရှေ့ ဖော်ထုတ်ခံလိုက်ရမှာကို ကြောက်နေခဲ့သောကြောင့်ပင်။

ယခုချိန် ပြန်တွေးကြည့်မိတော့မှ အတော်ကို မိုက်မဲခဲ့သည့် လုပ်ရပ်ပေတည်း..။

ထိုမအေဘေး ဟော့ချန်အား ဒီအတိုင်း လွှတ်မပေးလိုက်သင့်ပေ..။ အတိတ်ဘဝတွင် သူမခံစားခဲ့ရသမျှကို ပြန်ပေးဆပ်ခိုင်းရပေမည်။

ချူးလီ တစ်ချက်လှည့်ကြည့်လိုက်သောအခါတွင်တော့ သူမသည် မျက်နှာကောင်းမနေပါ။ အဆုံးတွင်တော့ စာအုပ်ကိုပိတ်လိုက်ပြီး သူမဘေးနားသို့ လျှောက်သွားလိုက်ကာ စိတ်မဝင်စားဟန်ဖြင့် ဆိုလိုက်လေသည်။

“နာနေသေးလား”

“သက်သာနေပါပြီ”

“အဲ့ဒါဆိုလည်း ပြီးတာပဲ.. ငါဗိုက်ဆာနေပြီ အရင်သွားနှင့်မယ်”

“အင်း.. ဆေးခန်းခေါ်လာပေးလို့ ကျေးဇူးပဲ"

ထိုစကားများကို ဒေါက်တာကြားလိုက်သောအခါ သူ့မှာချက်ချင်းပင် ဒေါသထွက်လာပြီး မခံမရပ်နိုင်ဖြင့် ဝင်ပြောမိလေသည်။

“ကောင်မလေးရယ်.. ဘယ်လိုကောင်မျိုးနဲ့များ တွေ့နေတာပါလိမ့်။ ကိုယ့်ကောင်မလေးကို ဒီလိုနာကျင်အောင်လုပ်ပြီးတာတောင် ထွက်သွားဖို့လုပ်နေသေးတယ်”

ကျန်းယွီမှာလည်း ထပ်ခါထပ်ခါ ရှင်းပြနေရလေ၏..။

“ကျွန်မကို ထိုးလိုက်တာ တကယ်သူမဟုတ်ပါဘူး ဆရာရယ်”

“ရတယ် မရှင်းပြနဲ့တော့သမီး”

ဒေါက်တာသည် ချူးလီကို အင်္ကျီမှဆွဲလိုက်ကာ ကျန်းယွီ၏ခခုတင်ဘေးသို့ ဆွဲခေါ်သွားလေ၏။

“ကိုယ့်ကောင်မလေးကိုယ် ဂရုစိုက်ရင်စိုက် မဟုတ်ရင် မင်းယုံသည်ရှိ၊ မယုံသည်ရှိ ငါရဲခေါ်ပြီး လာဖမ်းခိုင်းလိုက်မှာ"

ချူးလီလည်း ပြန်ဆောင့်တွန်းလိုက်သဖြင့် အသက်ကြီးကြီးဒေါက်တာခမျာ နောက်ကိုခြေနှစ်လှမ်းလောက် ယိုင်ကျသွားပြီး မြေကြီးပေါ်သို့ လဲကျသွားမတတ်ပင် ဖြစ်သွားရသည်။

ချူးလီသည် ‘ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား” ဆိုသောစကားနှင့် လုံးလုံးမသက်ဆိုင်သူပင်။

“သမီး နင့်ကောင်လေးက တကယ်ကို အကြမ်းဖက်တတ်တာပဲ..။ မဖြစ်တော့ဘူး ခဏစောင့် ငါရဲခေါ်မှဖြစ်တော့မယ်”

ဒေါက်တာတစ်ယောက် ထွက်သွားရန်လုပ်နေခိုက်မှာပင် ချူးလီသည် သူ့ရှိသမျှအားနှင့် ပခုံးကနေ ဆောင့်ဆွဲလိုက်ပြီး ခုတင်ဘေးနားသို့ ဆောင့်ချလိုက်လေသည်။

ဒီလိုနှင့် ကျန်းယွီလည်း ချူးလီ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်လေသည်။

ထိုအချိန်မှာပဲ နူးညံ့သိမ်မွေ့လှသော အထိအတွေ့လေးနှင့် အသားချင်း ထိကပ်နေသော ခံစားချက်သည် ချူးလီနှလုံးသားထဲသို့ နက်နက်နဲနဲ စိမ့်ဝင်သွားလေသည်..။

သူ့နှလုံးများပင် တဆတ်ဆတ် တုန်ရီလာလေသည်။

ဒီလိုမျိုးကို အရင်တုံးက တစ်ခါလေးတောင် မခံစားခဲ့ဖူးပါ။ လူတွေနဲ့ ထိတွေ့နေရလျှင်တောင် သူ့နှလုံးသားမှာ ယခုလို တရွရွဖြစ်မနေပါ..။

နှစ်ပေါင်းများစွာ ခံစားချက်များ ထုံနေခဲ့ရသောကြောင့် ဒီလိုအဖြစ်မျိုးကို မကြုံခဲ့ရတာလည်း ကြာခဲ့ပေပြီ။

ချက်ချင်းပင် သူရပ်လိုက်မိသည်။

“ဒေါက်တာ ကျွန်မတကယ်ကို တောင်းပန်ပါတယ်ရှင်.. ကျွန်မ ဒီသူငယ်ချင်းက စိတ်ဆတ်လို့ပါ..။ သူတမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ရပါဘူး။ ကျွန်မတကယ်တောင်းပန်ပါတယ်နော်”

ထိုစဉ်မှာပဲ နောက်လူနာရောက်လာသဖြင့် ဒေါက်တာလည်း သူ့အင်္ကျီအဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြန်သပ်လိုက်ကာ ချူးလီအား ခြိမ်းမောင်းသောအကြည့်တစ်ခုဖြင့်ကြည့်ပြီး ဆိုလိုက်လေသည်။

“ဒီလောက်ကောင်းတဲ့ကောင်မလေးမျိုး ဘယ်ကသွားရှာမလဲ ဟမ်?”

ချူးလီနှင့် ကျန်းယွီသာ လူနာဆောင်ထဲ ကျန်ခဲ့ကြသဖြင့် ချူးလီလည်း သူမခုတင်ဘေးနားသို့ သွားထိုင်လိုက်ကာ ရွဲ့တဲ့တဲ့ပြောလိုက်လေသည်။

“ငါက မင်းရဲ့ အကြမ်းဖက်တတ်တဲ့ရည်းစားနဲ့ တူနေလို့လား”

ကျန်းယွီသည်လည်း ရှက်ရှက်နှင့်ပင် ပြန်ဖြေလိုက်သည်။

“အတော်တော့တူသလိုပဲ”

ချူးလီကတော့ အေးတိအေးစက် ပြုံးလိုက်လေသည်။

သူရယ်လိုက်သော်လည်း သူ့ကြည့်ရတာ ဒေါသများနှင့် ပြည့်နှက်နေပုံပေါ်လေသည်..။ သူ့မျက်ဝန်းနက်နက်များမှာ သူ့ကိုပို၍ပင် ကြောက်စရာကောင်းသည့်ပုံပေါ်အောင် အားဖြည့်ပေးနေသည့်အလားပင်။

ဒေါက်တာသည် ကန့်လန့်ကာကိုမလိုက်ပြီး သူတို့ကိုကြည့်ကာ ဆိုလိုက်လေသည်။

“ဘာလုပ်နေတာလဲ.. ကောင်မလေးရဲ့ဗိုက်ကို ပွတ်ပေးနေလေ..။ နာလွန်းလို့ မျက်နှာတောင် အရောင်ဖျော့နေပြီကို မတွေ့ဘူးလား”

ချူးလီသည် သူ့မျက်လုံးများကိုမှေးလိုက်ကာ ကျန်းယွီ၏ ဗိုက်ကို စိုက်ကြည့်လိုက်သည်။ အချိန်ခဏလောက် ကြာပြီးမှ သူ့ဆီက စကားတစ်ခွန်းထွက်လာလေ၏..။

“လှဲလိုက်”

ကျန်းယွီသည် “အိုး” တစ်ခွန်းသာပြန်ပြောကာ သူ့စကားနားထောင်ပြီး လှဲအိပ်လိုက်လေသည်။

ချူးလီသည် သူ့လက်ဖဝါးကို ကျန်းယွီဗိုက်ပေါ်တင်လိုက်ပြီး အတော်လေးဖိချလိုက်သည်။

သူမလည်းနှာမှုတ်လိုက်ပြီး သူ့လက်ကိုတွန်းထုတ်လိုက်ကာ“နာလိုက်တာ သေတော့မှာပဲ”

ကျန်းယွီ၏မျက်နှာမှာ အရောင်မရှိတော့ဘဲ ဖျော့တော့နေပြီး အားအင်ချိနဲ့စွာပင် သူမဆက်ပြောလိုက်သည်။

“အားနည်းနည်း လျော့စမ်းပါ”

ချူးလီသည် မျက်စောင်းထိုးလိုက်ပြီး အားလျော့လိုက်ကာ သူမဗိုက်ကို စက်ဝိုင်းပုံစံလေး ပွတ်ပေးနေလိုက်သည်။

အင်္ကျီပါးလေးမှတစ်ဆင့်ပင် ကျန်းယွီသည် သူ့လက်ဖဝါး၏ နွေးထွေးမှုကို ခံစားလို့ရလေသည်။

သူမလည်း မနေနိုင်တော့ဘဲ မျက်ခုံးကိုပင့်၍ သူ့အားမော့ကြည့်လိုက်သည်။ တကယ်တော့ သူ့မျက်နှာအချိုးအစား တည်ဆောက်ပုံများမှာ နူးညံ့သိမ်မွေ့လှပေသည်။ သို့သော်ငြားလည်း အလွန်နက်နဲလှသော သူ့မျက်ဝန်းတစ်စုံက သူ့မျက်ခုံးများနှင့် အတူတူ ထိုနူးညံ့သိမ်မွေ့မှုများကို ဖယ်ရှားပစ်ထားလေရာ သူ့မျက်နှာတွင် အထက်စီးဆန်မှုနှင့် အေးတိအေးစက်နိုင်မှုတို့သာ ကျန်ခဲ့လေတော့သည်။

သူဘာတွေကြုံတွေ့ခဲ့ရသည်ကို ကျန်းယွီမသိပါ..။ သို့သော် လူတစ်ယောက်ကို နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့သောအရာများ ဖြစ်သဖြင့် တော်ရုံတန်ရုံဆိုးရွားတာမျိုး မဟုတ်ချေဆိုတာ ကျန်းယွီသိပေသည်။

သူ့ကိုအချိန်မှီ ကယ်တင်နိုင်ဖို့ကို ကျန်းယွီတစ်ယောက် တိတ်တဆိတ် လိုလားနေမိနေပြီဖြစ်သည်။

ချူးလီလည်း သူမစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် သူ့မျက်နှာအမူအရာများ မူမမှန်ဖြစ်လာပြီး သူမဗိုက်ကို အားထည့်ဖိလိုက်လေ၏။

“အား”

ကျန်းယွီသည် အတော်နာသွားသဖြင့် မကျေမနပ်လေသံနှင့် ပြန်ပြောလိုက်သည်။

“ဖြည်းဖြည်းသာသာ လုပ်စမ်းပါလို့”

“ငါ့ကိုစိုက်ကြည့်မနေနဲ့”

ချူးလီသည် ကျောင်းလွယ်အိတ်ကို သူမမျက်နှာပေါ်တည့်တည့် ပစ်ချလိုက်လေသည်။

ကျန်းယွီလည်း သူမခေါင်းကိုခါယမ်း၍ ကျောပိုးအိတ်ကို အောက်ပစ်ချလိုက်ကာ “ကြည့်တော့ ဘာဖြစ်လဲ..နင့်အသားပဲ့ပါသွားတာမို့လား”

“အကြည့်ခံရတာမကြိုက်ဘူး”

“ဒါပေမယ့် နင့်ကိုကြည့်ရတာ ငါကြိုက်တယ်လေ”

ကျန်းယွီသည် ရယ်မောကာ ဆက်ပြောလိုက်သည်။

“နင်က အတော်ချောတဲ့အပြင် အဲ့လောက် IQ မြင့်တာ အနာဂတ်မှာ တကယ်ထွန်းပေါက်မယ့်လူဖြစ်မှာပဲ”

ချူးလီကတော့ သူမစကားများကို လစ်လျူရှုပြီး မျက်နှာသေကြီးနှင့် သူမဗိုက်ကိုသာ ဆက်ပွတ်ပေးနေလေသည်။

ကျန်းယွီလည်း ဇွဲကောင်းကောင်းဖြင့် ဆက်ပြီးနားချခန်းဖွင့်လိုက်သည်။

“ဒါပေမယ့် နင်သိလား..။ ဘဝကြီးက ချားရဟတ်လည်နေတဲ့အတိုင်းပဲ။ တစ်ခါတစ်လေကျရင် မလွဲသာမရှောင်သာပဲ အမှားတွေ လုပ်မိကောင်းလုပ်မိနိုင်တယ်..။ နင့်ကိုယ်နင်မထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါ အမှားလုပ်လိုက်မိရင်တောင် အနာဂတ်အတွက် တွေးရမယ်။ အဲ့ဒါကြောင့် နင်အခုချိန်မှာ အနာဂတ်အကြောင်း မတွေးနိုင်သေးဘူးဆိုရင်လည်း နောင်တစ်ချိန်မှာ နောင်တရလာနိုင်တဲ့အရာတွေကို အခုကတည်းက လုပ်လို့မဖြစ်ဘူး..။ အာ့..”

သူမပြောလို့ပင် မဆုံးသေးခင်မှာပဲ လက်စားချေနေတဲ့အလား သူ့လက်က အားထည့်ဖိလိုက်ပြန်လေသည်။

ချူးလီသည် သူမအား အေးတိအေးစက်အကြည့်ဖြင့် ကြည့်လိုက်ပြီး “မင်းကြည့်ရတာ သူများကိစ္စဝင်ပါရတာ အတော်ဝါသနာပါပုံပဲ”

ကျန်းယွီလည်း နှုတ်ခမ်းထော်လိုက်ပြီး ယွမ်သန်း၃ရာကြောင့်သာ မဟုတ်လျှင် ဒီကောင့်ကို အာရုံထဲထည့်ဖို့ပင် ပျင်းနေပေလိမ့်မည်။

“နောက်ကျမှ နင်သိလာလိမ့်မယ်”

ကျန်းယွီတစ်ယောက် မကျေမနပ်သာ ရေရွတ်လိုက်လေသည်။

ဆေးခန်းက ထွက်လာပြီးသည့်နောက်တွင်တော့ ကျန်းယွီတစ်ယောက် ဗိုက်နာမနေတော့ပါ။

ချူးလီ သူမကိုပွတ်ပေးခဲ့သည်က အတော်လေးထိရောက်လှပေသည်။

သူမလည်း အနည်းငယ် ဗိုက်ဆာနေပြီဖြစ်သဖြင့် ချူးလီကို ရိုးရှင်းစွာသာ မေးလိုက်သည်။

“နင်ဘာစားချင်လဲ.. ငါလိုက်ကျွေးမယ်လေ”

“ဘာဖြစ်ဖြစ်”

“အဲ့ဒါဆို ဟော့ပေါ့သွားစားကြမလား”

ဒီလိုဖြင့် သူတို့နှစ်ယောက် ဖက်ထုပ်ပေါင်းများဘရောင်းသည့်လမ်းထဲသို့ လျှောက်လာခဲ့ကြသည်။ ဟော့ပေါ့ကို အသား၃ပွဲ မှာလိုက်သော်လည်း ပိုက်ဆံကတော့ အများကြီးမကျပေ..။ မည်သို့ပင်ဆိုစေ ယွမ်အနည်းငယ်နှင့် ဒီလောက်သာရပေမည်လေ။

ကျန်းယွီမှာ ပိုက်ဆံအများကြီး မရှိပေ။ အနာဂတ်တွင် Esmeralda တွင် ကျောင်းတက်နိုင်ရန်အတွက်လည်း သူမပိုက်ဆံစုရဦးပေမည်။

သူမသာ ဒီကျောင်းကို ဝင်နိုင်ခဲ့သည်နှင့် သူမ၏ဘဲလေးအက အသက်မွေးဝမ်းကြောင်းမှာ လုံးဝ လမ်းပွင့်သွားပေလိမ့်မည်။

ဘဲလေးအကဘုရင်မ ပုထျန်းယန်တက်ခဲ့သော ကျောင်းလည်းဖြစ်သောကြောင့် သူမ၏ အိုင်ဒေါကြောင့်ပင်ဖြစ်စေ ဒီကျောင်းကို ကျန်းယွီ ဝင်ခွင့်ရကိုရ,ရမည်ဖြစ်သည်။

ခဏအကြာတွင်တော့ မှာထားသည့် ဖက်ထုပ်ပေါင်း ၂ ပန်းကန် လာချလေသည်။

ချူးလီကတော့ အပူလောင်မှာတွေဘာတွေ ရှောင်မနေဘဲ ချက်ချင်းသာ တစ်ခုယူစားလိုက်လေသည်။

ဘာအရသာမှ ရှိမနေပေ..။

ဒုတိယတစ်ခုကို လျင်လျင်မြန်မြန် ထပ်စားလိုက်သော်လည်း သူ့လျှာပေါ်တွင် ဘာအရသာခံစားမှုမှ ရှိမနေပါ။

တတိယတစ်ခုသည်လည်း အတူတူပင်..။

ချူးလီ၏ မျက်ဝန်းများထဲမှ မြင်နေရသော အလင်းရောင်လေးသည် တဖြည်းဖြည်း မှိန်လာလေသည်။ ကျန်းယွီတစ်ယောက်ကတော့ သူ့ကြည့်ပြီး မစားနိုင်သေးပေ..။ ဖက်ထုပ်ပေါင်းကို တစ်ခါမှမစားဖူးသည့်အလားပင် ဖြစ်နေသောကြောင့် အလောတကြီးဝင်ဟန့်လိုက်သည်။

“ဘယ်သူမှ လုမစားပါဘူး.. အဲ့လောက်မြန်မြန်စားနေတာ လျှာအပူလောင်မှာ မကြောက်ဘူးလား”

နောက်ဆုံးဖက်ထုပ်ကိုပင် စားလိုက်ပြီးပြီဖြစ်သော်လည်း သူ့လျှာကတော့ ဘာအရသာကိုမှ မခံစားမိလိုက်ပါ။

ဤသည်မှာ ဘာရောဂါမျိုး ရှိနေလို့မဟုတ်ဘဲ စိတ်ကြောင့်သာဖြစ်လေသည်။

ငယ်စဉ်က သူ့ကိုယ်သူကာကွယ်ရန် သူခံစားနေရသော ဖိအားများနှင့် စိတ်ဒဏ်ရာများကို ဖွင့်မဟဘဲ ရေငုံနှုတ်ပိတ်နေခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များပင်..။

အရသာခံနိုင်စွမ်း၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ စာနာတတ်မှု စသည်တို့အကုန် ပျောက်ဆုံးသွားခဲ့ရပြီး စက်ရုံတစ်ကောင်ကဲ့သို့ပင် ရည်ရွယ်ချက်မရှိ ရှင်သန်နေခြင်းသာ ဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခုအထိ ချူးလီသည် ထိုခံစားချက်များကို ပြန်လိုက်ရှာခဲ့သေး၏။ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ခြင်း၊ အရိုက်ခံခြင်း၊ ချိုလွန်းစပ်လွန်းသည်များကို အလွန်အကျွံစားခြင်း၊ ရိုလာကိုစတာသွားစီးခြင်း၊ သရဲအိမ်ထဲဝင်ခြင်း စသည်တို့အပြင် သတ်သေဖို့ပါ ကြိုးစားကြည့်ဖူးခဲ့သည်။

ဒါကြောင့်လည်း ထိုညက သူခုန်ချခဲ့ခြင်းပင်..။

လမ်းဆုံးရောက်နေပြီဟု သူထင်ခဲ့မိသည်။ သို့သော် သူမထင်မှတ်ထားခဲ့သည်က သူ့ဘဝတွင် ၁၀နှစ်ကျော်ကြာအောင်လောက် ထုံနေခဲ့ပြီးမှ ကျန်းယွီ၏ ပါးရိုက်ချက်ကြောင့် နာကျင်မှုကို ပြန်ခံစားလိုက်ရခြင်းပေ..။

ထို့နောက် သူမပေးသော Ferrero Rocher ချောကလက်မှာလည်း သူ့ကို တဖိမ့်ဖိမ့်ပင် တုန်သွားစေခဲ့၏။

ထို့ကြောင့် သူလိုအပ်နေသော အာရုံခံစားမှုများကို ဒီမိန်းကလေးက ပေးနိုင်နေသည့်အတွက် သူမ၏ အကြိမ်ကြိမ်ရန်စမှုများကို ချူးလီသည်းခံနေခြင်းသာ ဖြစ်သည်။

သို့သော်ငြားလည်း သူမဝယ်ကျွေးသော ဖက်ထုပ်ပေါင်းကတော့ ဘာသက်ရောက်မှုမှ ရှိမနေပေ။

ပြသနာက ဘာဖြစ်နေသနည်း..?

ကျန်းယွီ၏ ဖက်ထုပ်ပန်းကန်ကို ချူးလီမျက်စိရောက်သွားသည်။

သူမပန်းကန်ကို စိုက်ကြည့်နေသည်ကို တွေ့သဖြင့် သူ့ဟာသူအကုန်စားပြီးပြီးကို သူမဟာကိုပါ စားဖို့မတွေးသင့်ဘူးဟု စိတ်ထဲမှာ ပြောလိုက်မိသည်။

ဒါပေမယ့် သူအရမ်းဗိုက်ဆာနေလို့များလား?

တွေးလို့ပင်မဆုံးခင်မှာပဲ ချူးလီက ဇွန်းကောက်ကိုင်လိုက်ပြီး သူမပန်းကန်ကိုကြည့်ကာ ပြောလိုက်သည်။

“ငါ့ကိုတစ်ခုကျွေး”

“နင့်အတွက် နောက်တစ်ပန်းကန် ထပ်မှာပေးမယ်လေ”

“ဟင့်အင်း.. မင်းဟာကိုပဲလိုချင်တာ”

ကျန်းယွီလည်း ဖက်ထုပ်တစ်ခုကို ခပ်လိုက်ပြီး ချူးလီပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ပါးစပ်ကပါ တိုးတိုးလေး ရေရွတ်လိုက်သေး၏။

“ငါဖြင့်တစ်ခါမှ ဒီလိုမျိုး မမြင်ဖူးပါဘူး”

ချူးလီသည် တစ်ချက်ကိုက်လိုက်တာနှင့် ဖက်ထုပ်သည် ချက်ချင်းဆိုသလိုပင် အသားအပြည့်နှင့် ငံငံလေးဖြစ်လာလေသည်။ ဟင်းခတ်အမွှေးအကြိုင်ထည့်ထားသည့် ကြက်သွန်နီအရသာအပြင် စပ်စပ်ကလေးဖြစ်နေသည်ကိုပါ ချက်ချင်းခံစားမိလေတော့သည်။

ဒီလောက်အရသာရှိသည့် အစားအသောက်မျိုး မစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီဖြစ်သည်။

ချူးလီသည် ဖက်ထုပ်ကို ဖြည်းဖြည်းချင်း အရသာခံစားလိုက်ပြီးနောက် ခေါင်းကိုမော့ကာ ကျန်းယွီကိုကြည့်လိုက်သည်။

မိန်းမငယ်လေးကတော့ ခေါင်းကိုငုံ့ကာ နှုတ်ခမ်းလေးဖွဖွစူပြီး ဇွန်းဖြင့်ဟင်းရည်ကို ခပ်ပေးလိုက်သည်။

ချူးလီတစ်ယောက် တံထွေးကိုမျိုချလိုက်သည်နှင့် သူ့လည်စေ့သည်လည်း အပေါ်သို့တက်သွားလေသည်။ ထို့နောက် သူ့နှလုံးသားထဲမှလာသည့် ခပ်ရွရွဖြစ်နေသော ခံစားချက်ကို ခံစားမိလိုက်လေသည်။

ကျန်းယွီလည်း ချူးလီ၏ ဒေါသထွက်ဟန်ပါသောအကြည့်ကို သတိထားမိလိုက်၍ ခေါင်းကိုမော့ကာ နှုတ်ခမ်းကိုမဲ့၍ မေးလိုက်တော့သည်။

“ဘာလုပ်နေတာလဲ”

ချူးလီကတော့ ပန်းကန်အလွတ်ကို ဇွန်းဖြင့်ခေါက်နေကာ သူ့နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်အထိ ပြုံးပြီးပြန်ကြည့်လိုက်သည်။

“မောင်လေး ထပ်စားချင်နေတုံးပဲ”

ကျန်းယွီလည်း ကြောင်တောင်တောင်ပါဖြစ်သွားသည်။ ဒီကောင်က သူ့ကိုမောင်လေးလို့ခေါ်တာ အရမ်းမုန်းတာမဟုတ်ပါဘူးလား? အစားလေး စားရဖို့အတွက်နဲ့ သိက္ခာပါမရှိပေတော့ဘူးလား..?

“ဘာလို့သူများပန်းကန်ကို လိုက်မျက်စောင်းထိုးနေတာလဲ..။ နောက်တစ်ပွဲ ထပ်မှာပေးမယ်။ ဝယ်ကျွေးမယ်ပြောထားတာပဲ ဝအောင်တော့ကျွေးရမှာပေါ့”

“မလိုဘူး”

ပြောရင်းဆိုရင်းပင် ဇွန်းကိုဆန့်ထုတ်လိုက်ပြီး “မင်းဟာကိုပဲ စားချင်တာ”

ကျန်းယွီသည် သူမပန်းကန်ကို အမြန်ဆွဲယူလိုက်ပြီး “ငါဗိုက်ဆာနေတုန်းပဲလို့”

“ငါ မင်းဟာကို စားချင်တယ်”

ချူးလီသည် ကျန်းယွီကိုလှမ်းကြည့်လိုက်ပြီး ထိုစဉ်တွင် သူ၏ မက်မွန်သီးပုံမျက်လုံးလေးများပင် အပေါ်သို့ ကွေးတက်သွားလေသည်။

“မမ”

“...”

ထို ‘မမ’ ဟုခေါ်လိုက်သည့် အသံမှာ ဝံပုလွေတစ်ကောင်နှင့်ပင် တူလှသည်။

ကျန်းယွီလည်း သူ၏အန္တရာယ်များပြီး ညို့ဓာတ်အပြည့်ရှိသော မျက်ဝန်းများကြောင့် ငြင်းဆန်ဖို့စကားလုံးပင် ရှာမရတော့ပေ..။ ထို့ကြောင့် မတတ်နိုင်ဘဲ သူမဖက်ထုပ်ပန်းကန်ကိုသာ ပေးလိုက်တော့သည်။

“စား..စား ဝအောင်စားသိလား”

ချူးလီသည် သူမပန်းကန်ကိုဆွဲယူလိုက်ပြီး ဖက်ထုပ်များကို တစ်ခုချင်း သေချာစားနေလိုက်သည်။

စားလိုက်သမျှမှာ အရသာရှိလှပြီး တကယ်ကို ဖက်ထုပ်ပေါင်းတစ်ပွဲကို အရသာရှိရှိစားလိုက်ရသည်ပင်...။”

“နင်ဒီရက်ပိုင်း ဘာမှမစားဖြစ်ဘူးလား”

ကျန်းယွီလည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“နောက်တစ်ပွဲ ထပ်မှာပေးရဦးမလား”

ဒီနေ့ သူမဝယ်ကျွေးမည် ပြောထားသောကြောင့် သူမကပ်စေးမနဲနေသင့်ပေ..။

ချူးလီသည် စားပွဲပေါ်မှ မီနျူးစာရွက်ကို လှမ်းကြည့်လိုက်ပြီး“ထောပတ်နဲ့ဖုတ်ထားတဲ့ ဘီစကွတ်ရွရွလေး စားချင်တယ်”

“အိုခေလေ”

ကျန်းယွီလည်း သူစားချင်တာကို မှာပေးလိုက်ပြီး ပန်းကန်လုံးထဲမှ ဟင်းရည်အကုန်ကို ချူးလီမော့သောက်နေသည်ကို ကြည့်နေလိုက်သည်။

သူ့ကြည့်ရတာ အနည်းဆုံး၃ရက်လောက် အငတ်နေခဲ့ရသည်နှင့် တူနေလေသည်။

“နင့်မှာ တစ်ခုခုဝယ်စားဖို့ ပိုက်ဆံမရှိဘူးလား"

ချူးလီသည် ခဏလောက်စဉ်းစားနေလိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“မထူးဆန်းတော့ပါဘူး”

ကျန်းယွီတစ်ယောက် တကယ်သနားသွားလေ၏..။

“နောက်တစ်ခါ ဗိုက်ဆာရင် ငါ့ဆီသာလာခဲ့လိုက်”

သူမလည်း ဆင်းရဲတယ်ဆိုပေမယ့် သူ့ကိုဖက်ထုပ်ဝယ်ကျွေးဖို့လောက်တော့ သူမမှာ ပိုက်ဆံရှိပါသေးသည်။

“အိုခေလေ..မမ”

သူမ အစကထင်ထားသည်က ချူးလီတစ်ယောက် အေးတိအေးစက် ငြင်းလိုက်မည်ကိုပင်..။ ဒီလောက်အလွယ်တကူ ပြုံးပြပြီး ခပ်ချွဲချွဲလေသံဖြင့် ပြန်ပြောလိမ့်မည်ဟု သူမလုံးဝမထင်ထားခဲ့ပေ..။

ထို့အပြင် သူ၏ ‘မမ’ ခေါ်သံမှာ ကျန်းယွီထင်ထားသည်ထက်ပင် ပို၍ပို၍ သဘာဝဆန်လာပြီး တစ်ဖက်မှာလည်း ဒါကိုထူးဆန်းသည်ဟု ကျန်းယွီခံစားနေရသည်။ သို့သော်လည်း အနည်းငယ်တော့ စိတ်သက်သာရာရစရာပင်..။

ဒီဆက်ဆံရေးကို တိုးတက်အောင်သာ ဆက်လုပ်နိုင်နေလျှင် သူမပိုက်ဆံအဖြတ်ခံရမည်ကိုလည်း စိုးရိမ်စရာမရှိတော့ပေ..။

ထောပတ်ပေါင်မုန့်ရောက်လာသည်နှင့် ချူးလီတစ်ယောက် မစောင့်နိုင်တော့ဘဲ ချက်ချင်းဖဲ့၍ ပါးစပ်ထဲထည့်လိုက်လေသည်။

ကျန်းယွီသည်လည်း စိတ်ပူသွားပြီး “အခုမှ မီးဖိုပေါ်ကချလာတာဟ.. ပူတယ်လေ”

ချူးလီကတော့ မကြားချင်ယောင်ဆောင်ပြီး သူ့လျှာဖျားတွင် ပေါ်လာမည့်အရသာကိုသာ အာရုံစိုက်နေမိသည်။

သို့သော်ငြား မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ချေ..။ ထောပတ်ပေါင်မုန့်မှာ ဘာအရသာမှ ရှိမနေပါ။

ပြဿနာက ဘာများလဲ?

ချူးလီတစ်ယောက် မျက်မှောင်ကြုံ့လိုက်ပြီး မျက်နှာထားလည်း တင်းမာသွားသည်။

ဤသည်ကို မြင်လိုက်သဖြင့် ကျန်းယွီလည်း မေးလိုက်သည်။

“အရသာမရှိလို့လား”

ထို့နောက် ပေါင်မုန့်ကိုနည်းနည်းဖဲ့ကာ သူမပါးစပ်ထဲသို့ထည့်လိုက်ပြီး အရသာခံကြည့်ကာ ပြောလိုက်လေသည်။

“အရသာရှိပါတယ်ဟ”

သူမစားတာကိုကြည့်လိုက်ပြီး ခဏတွေးတောနေလိုက်ပြီးတော့မှ ပေါင်မုန့်ကိုကောက်ယူ၍ ထပ်အရသာခံကြည့်လိုက်သည်။

ဒီတစ်ကြိမ်တွင်တော့ ကြက်သွန်နီနံ့လေး တသင်းသင်းနှင့် ကြွပ်ဆပ်နေသော ထောပတ်ပေါင်မုန့်ကို သူအရသာခံလို့ရသွားလေသည်။

ထိုအချိန်တွင်တော့ ဘာဖြစ်နေလဲဆိုတာ ချူးလီသဘောပေါက်သွားခဲ့လေပြီ..။ ကျန်းယွီ ထိပြီးသော အစားအသောက်တွေကိုသာ သူစားလို့ရပေသည်။

အတိတ်က ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်မှုများမှာ အသုံးမဝင်ဘဲ ကျန်းယွီ၏ ရိုက်ချက်သည်သာ သူ့ကိုနာကျင်မှုပေးသည့်အတိုင်းပင်။

သူမတစ်ယောက်တည်းနှင့်သာ ဒီလိုခံစားချက်တွေ ဘာလို့ဖြစ်ပေါ်နေလဲဆိုတာ ချူးလီလည်း မသိတော့ပါ..။

ကျန်းယွီသည် ချူးလီတစ်ယောက် ပေါင်မုန့်ကိုပြန်ချလိုက်သည်ကိုမြင်၍ မေးလိုက်သည်။

“ဗိုက်ပြည့်နေပြီလား”

ချူးလီ မျက်ခုံးကိုပင့်လိုက်ပြီး သူမကိုကြည့်လိုက်သည်။

“ဘာလို့ ငါ့နောက်ကိုလိုက်နေတာလဲ..? ငါကဘာများကောင်းနေလို့လဲ?”

ကျန်းယွီလည်း ချက်ချင်းပင် အရင်က ဖြီးဖြန်းထားသည့် လေလုံးအတိုင်းပင် ထပ်ပြောလိုက်သည်။

“ငါ နင့်ကို စိတ်ဝင်စားလို့လေ”

“ဟုတ်ပြီလေ.. ငါ့မှာလည်း မင်းအတွက် ခံစားချက်ရှိပါတယ်..။ ဒါဆို ငါတို့ တွဲကြတာပေါ့.. မမ”

ကျန်းယွီ - ?

စောက်ကျိုးနည်းပြီ!

All Chapters