← Chapters

အရေးပေါ် ကိစ္စ

Vol. 11 Ch. 1044

အရေးပေါ် ကိစ္စ

Vol. 11 Ch. 1044

“မင်ဟွေ့... မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာပဲ... မင်း လာမယ်ဆိုလည်း အစောက ပြော‌ရောပေါ့ကွာ... အဲဒါဆို ငါ ယင်းရှ၊ ရှင်းယု နဲ့ လီချန်းတို့ပါ ခေါ်ထားလို့ ရမှာ”

ရန်ချိုးက ချူမင်ဟွေ့၏ အနားသို့ တိုးရင်း ‌ပြောလိုက်သည်။ သူကား အသက် သုံးဆယ်သာ ရှိသေးသည့်တိုင် ထျန်းရှန် ကော်ပိုရေးရှင်း ကဲ့သို့သော ထိပ်တန်း ကုမ္ပဏီ၏ စီအီးအို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူ၏ ဘေးနားရှိ ကျန့်ယွီမုန့်မှာလည်း ပိုမို ရင့်ကျက်လာဟန် ရ၏။ သူသည် ကျောက်မျက် ရတနာများကို တစ်ကိုယ်လုံး အပြည့် ဆင်မြန်းကာ ဖိတ်ဖိတ် တောက်ပ လှပနေခဲ့လေသည်။

“အေးကွာ... ငါလည်း အရေးပေါ် ကိစ္စ တစ်ခုကြောင့် ထပြီး လာလိုက်ရတာ”

ချူမင်ဟွေ့က အပြုံးဖြင့် ပြန်လည် ပြောလိုက်သည်။

တစ်ချိန်တစ်ခါက ချူကျိုး လူငယ် မျိုးဆက်ကား ယခုအချိန်တွင်မူ မတူမကွဲပြားသော နေရာများ၌ နေသားတကျ ဖြစ်နေကြပြီ ဖြစ်သည်။

ရန်ချိုးသည် နိုင်ငံ လက်ရွေးစင် ဘက်စကက်ဘော အသင်းမှ အနားယူပြီးနောက် ဖခင်ဖြစ်သူ၏ လုပ်ငန်းများကို ဆက်ခံခဲ့သည်။ သူသည် ထျန်းရှန် ‌ကော်ပိုရေးရှင်းကို ကျန်းပေ့၏ အကြီးမားဆုံး ကုမ္ပဏီ တစ်ခု ဖြစ်လာအောင် ဦးဆောင်ခဲ့သည်။

တစ်ချိန်တည်း၌ စီယင်းရှမှာ ဝန်ကြီးဌာန တစ်ခု၌ ဒုတိယ ဝန်ကြီး ဖြစ်လာကာ လီရီချန်းမှာလည်း ကျန်းနန်နယ် အစိုးရ အဖွဲ့၌ အရေးကြီး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာသည်။ ထို့အတူ ကျိရှင်းယု၊ ဟန်မင်နှင့် လင်းလုလုတို့မှာလည်း နယ်ပယ် အသီးသီး၌ အောင်မြင် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာခဲ့သည်။ သူတို့ထဲ၌ အအောင်မြင်ဆုံးဟု ဆိုနိုင်သည့် “ကျန်းချူရန်” ဆိုလျှင် တိုင်ချူ ဘုရားကျောင်း၏ တပည့် တစ်ယောက်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အရေး‌ပေါ်ကိစ္စ...”

ရန်ချိုးမှာ အသေးစိတ် မေးမနေခဲ့ချေ။ သူက နေကာမျက်မှန် တပ်ထားသော မိန်းကလေးဘက်သို့ လှည့်လိုက်၏။

“ဒါက မိန်းကလေးတန့် ဖြစ်ရမယ်... ကျွန်တော်က ရန်ချိုးပါ... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ”

“အင်း...”

မိန်းကလေးက ခေါင်းညိတ်ပြလိုက်၏။ သူမ၏ ပုံစံက အနည်းငယ် တင်စီးနေသော်လည်း ရန်ချိုးမှာ ဘာမှ မပြောခဲ့ချေ။

“လာလာ... အထဲဝင်ကြ...”

ရန်ချိုးက ထိုနှစ်ယောက်ကို ထျန်းရှန် အဆောက်အဦ၏ ၁၀၀ ထပ်မြောက်သို့ တန်းကာ ခေါ်သွားခဲ့သည်။ ၁၀၀ ထပ်မြောက်သို့ ရောက်သည်နှင့် ရန်ချိုးက အဆင့်မြင့် နည်းပညာကို သုံးကာ အခန်းအား အလုံပိတ်လိုက်သည်။

“မင်ဟွေ့... မင်းက အခုဆိုရင် ထန်လုံတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တောင် ဖြစ်နေပြီ... မင်းလို အဆင့်အတန်းနဲ့တောင် အရေးပေါ် လာရတဲ့ အထိ ဘာကိစ္စက အရေးကြီး‌နေတာလဲ... နောက်ပြီး မိန်းကလေးတန်တောင် ပါလာတယ် ဆိုတော့”

ရန်ချိုးက ချူမင်ဟွေ့နှင့် မိန်းကလေးတန့် တို့ကို လေးနက်စွာ ကြည့်လိုက်သည်။

မိန်းကလေးတန့်က နေကာမျက်မှန်ကား ချွတ်လိုက်၏။ သူမကား ချန်းဖန်၏ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်သည့် တန့်ယွမ်ချင်း၏ သမီး တန့်ရီဖေးပင် ဖြစ်လေသည်။

“ကျင်းမြို့တော် အပြင် အရှေ့တောင်မှာ မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကို ရှင်သိတယ် မလား...”

တန့်ရီဖေးက မေးလိုက်သည်။

“မိန်းကလေးတန့် ပြောတာ အရှေ့တောင်က နတ်ဘုရားလား... သူနဲ့ ဒီချူကျိုးမြို့က တစ်ခုခု ဆက်စပ်နေလို့လား...”

ရုတ်တရက် ရန်ချိုး၏ မျက်လုံးများမှာ တစ်ခုခုကို သတိထားမိဟန် ဝင်းလက် သွား၏။

“မဟုတ်မှ လွဲရော သူ... သူက ချန်းဖန်”

“အမှန်ပဲ...”

ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့က ခေါင်းညိတ်  လိုက်ကြသည်။

ရန်ချိုး၏ မျက်နှာမှာ အနည်းငယ် ဖြူရော် သွား၏။

အတန်ကြာမှ သူက...

“ဒါပေမဲ့ သူထွက်သွားတာ ဆယ်စုနှစ် တစ်ခု ရှိနေပြီ မလား... ငါတို့ သူ့သတင်း တစ်ခုတောင် မကြားခဲ့ရဘူး... မြောက်ပိုင်းချုံး ဖျက်ဆီးခဲ့ရတဲ့ အချိန်မှာတောင် သူ ပြန်မလာခဲ့တာ... အခုမှ ဘယ်လို ပြန်ပေါ်လာတာလဲ... နောက်ပြီး ပြန်လာတယ်ပဲ ထားဦး... သူက ရွှေအမြုတေ အဆင့် တစ်ယောက်ပဲဟာကို... ငါတို့ကို ဘယ်လို ကူညီနိုင်မှာလဲ”

“ရှင်ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်... ဒါပေမဲ့ ခုအချိန်မှာ ကျွန်မတို့ လုပ်နိုင်တာ အခြား ဘာတစ်ခုမှ မရှိဘူး”

တန့်ရီဖေးက သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဪ ဒါနဲ့ ရန်ချိုး... မင်းသိပြီးပြီလား... ခွန်းလွန်ရဲ့ လက်ရှိ ခေါင်းဆောင် အဇူရာ နဂါးလေ... ဝူကျိဂိုဏ်းကို စိန်ခေါ်ရင်း ဒဏ်ရာ အကြီးအကျယ် ရသွားတယ်”

ချူမင်ဟွေ့က ပြောလိုက်သည်။

“ဘယ်လို...”

ရန်ချိုးမှာ အံ့အားသင့် သွား၏။

အဇူရာ နဂါးကား အလွန် အစွမ်းထက်သော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ခွန်းလွန်တွင်လည်း ရဲ့နန်ထင်း၏နောက် ဒုတိယမြောက် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ထိုကဲ့သို့သော ကျင့်ကြံသူ တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရနေသည်ဟု ဆိုသည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံး အံ့အားသင့် သွားလောက်သည်။

“ဝူကျိဂိုဏ်းချုပ်က လုပ်လိုက်တာလား...”

ရန်ချိုးက မေးလိုက်၏။

တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်း၊ နေနန်းတော်နှင့် ရွှမ်ကုန်းဂိုဏ်းတို့သည် သံသယ ရှိစရာ မလိုလောက်‌အောင် ကမ္ဘာ၏ အင်အား အကြီးဆုံးဂိုဏ်းများ ဖြစ်သည်။ သူတို့၏ ဂိုဏ်းချုပ်များမှာလည်း ကမ္ဘာ၏ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်ကြ၏။

“မဟုတ်ဘူးကွ... တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်က အဇူရာ နဂါးကို တစ်ကွက် အတွင်း အနိုင်ယူလိုက်တာ... ဝူကျိဂိုဏ်းချုပ်က ပေါ်တောင် ပေါ်မလာခဲ့ဘူး”

ချူမင်ဟွေ့က ပြောလိုက်သည်။

“ဘယ်လိုကြီးလဲ...”

ရန်ချိုးမှာ ဆွံ့အ သွား၏။ နာမည်မဲ့ ကျင့်ကြံသူ တစ်ယောက်က ကမ္ဘာ၏ အစွမ်း အထက်ဆုံး ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို တစ်ကွက်အတွင်း အနိုင်ယူလိုက်သည်ဟု ဆိုသည်။ ထိုအရာက ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

“အဲဒီ တစ်ယောက်က အခြားဂြိုဟ်က လာတဲ့ နတ်ဘုရား တစ်ပါးများလား...”

ရန်ချိုးက ထိတ်လန့် တုန်လှုပ်ဟန်ဖြင့် မေးလိုက်သည်။

တိုင်ချူ ဘုရားကျောင်းနှင့် ဝူကျိဂိုဏ်းတို့၏ အင်အားမှာ အလွန် လျှို့ဝှက်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သွေးမျိုးနွယ် ကဲ့သို့သော ဂြိုဟ်သားမျိုးနွယ်များပင် သူတို့အား ရန်မစဝံ့ချေ။ များစွာသော လူများကမူ ထိုဂိုဏ်းများ၏ နောက်ကွယ်၌ အခြားဂြိုဟ်မှ နတ်ဘုရားများ ရှိနိုင်သည်ဟုပင် ထင်‌ကြေးပေးကြသည်။

“အမှန်ပဲ... နတ်ဘုရားတွေက နေ့တိုင်းလိုလို ကောင်းကင်နယ်မြေတွေမှာ ပေါ်ထွက်နေတယ်... ဗိုလ်ချုပ်ရဲ့က ကြိုးစား ကျင့်ကြံနေပေမဲ့ အခုမှ ရွှေအမြုတေ အဆင့်ကိုပဲ ရောက်သေးတယ်... ငါတို့နဲ့ နတ်ဘုရားတွေ အကြားက ခြားနားချက်က တစ်နေ့တခြား ပိုပြီး ကြီးမားလာနေတယ်”

ချူမင်ဟွေ့က ဖြူရော်စွာ ပြုံးလိုက်၏။

“တကယ်လို့ ကမ္ဘာပေါ်မှာ အဲဒီ နတ်ဘုရားတွေနဲ့ ယှဥ်ပြီး တိုက်ခိုက်နိုင်တဲ့သူ တစ်ယောက် ရှိမယ်ဆိုရင် အဲဒီ တစ်ယောက်က သူပဲ ရှိတယ်...”

ထို့နောက် အခန်း တစ်ခုလုံးမှ တိတ်ဆိတ် သွားပြန်၏။ တစ်ခဏ ကြာပြီးနောက်မှ ရန်ချိုးက မေးလိုက်၏။

“ဒီတော့ မင်းတို့က ချန်းဖန် အတွက် ရောက်လာကြတာပေါ့... ဒါပေမဲ့ ဘာလို့ မင်းတို့ နှစ်ယောက်တည်းနဲ့ ခိုးကြောင်ခိုးဝှက် လာတာလဲ...”

“ရန်... ချန်းပေ့ရွှမ်းမှာ ရန်သူတွေ ဘယ်လောက်များလဲ ဆိုတာ ရှင်သိလား... ခရစ်ယာန် ဘုရားကျောင်း၊ နဂါးရေကန်၊ သွေးမျိုးဆက်၊ မာယာ၊ အမှောင် ဝံပုလွေ... ရေတွက်လို့တောင် မရနိုင်ဘူး... ကျွန်မတို့ သူ့ကို ပေါ်တင် ရှာနေရင် သူ့ရဲ့ ရန်သူတွေကို သတိပေးသလို ဖြစ်သွားမှာပေါ့”

တန့်ရီဖေးက ပြောလိုက်သည်။

“ဟုတ်တော့ ဟုတ်တယ်...”

အကြောင်းပြချက်ကို ကြားပြီး‌နောက် ရန်ချိုးက ခေါင်းညိတ် လိုက်သည်။

တစ်ချိန်တည်း၌ ချန်းဖန်မှာမူ သူ့အား အခြားလူများ ရှာဖွေ နေသည်ကို မသိပါချေ။ လူငယ် တွေ့ဆုံပွဲသည် ခုနစ်နာရီတိုင်တိုင် ကြာမြင့်ခဲ့၏။ တိုက်ပွဲများ အပြီး၌ ချူယွင်နှင့် ကျန်းဖေးဖေးတို့မှာ အစွမ်း အထက်ဆုံး အမျိုးသား ကျင့်ကြံသူနှင့် အမျိုးသမီး ကျင့်ကြံသူတို့ အသီးသီး ဖြစ်လာခဲ့သည်။

ချန်းဖန်မှာ ထိုတိုက်ပွဲများကို သိပ်အလေးအနက် မထားသော်လည်း ရန်ကျွင်းကျဲ့၏ မျက်လုံးများမှာမူ လေးစားမှု၊ မနာလိုမှုတို့ဖြင့် တဖိတ်ဖိတ် တောက်ပနေခဲ့သည်။ သူ့ကဲ့သို့ မကျင့်ကြံနိုင်သည့် လူချမ်းသာ တစ်ယောက် အနေဖြင့် ချူယွင်နှင့် ကျန်းဖေးဖေးတို့ ကဲ့သို့ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များမှာ နတ်ဘုရားများ သဖွယ် ကြီးကျယ်လှပေသည်။

တွေ့ဆုံပွဲကား မကြာခင် အဆုံးသတ်ခဲ့သည်။ ကျန်းဖေးဖေးမှာ သူငယ်ချင်းများ၏ ဆွဲခေါ်မှု၌ ပါသွားခဲ့ရာ ချန်းဖန်မှာ ရန်ကျွင်းကျဲ့နှင့်သာ အောက်သို့ ပြန်ဆင်းလာခဲ့၏။ လှေကားသို့ အရောက်၌ နေကာမျက်မှန်ဝတ် မိန်းကလေး တစ်ယောက်မှာ သူတို့နှင့် မျက်နှာချင်းဆိုင်မှ ဖြတ်သန်းသွားသည်။ ထိုမိန်းကလေးသည် ချန်းဖန်ကို တွေ့သည်နှင့် ခန္ဓာကိုယ် တစ်ချက် တုန်ခါသွား၏။ သို့သော်လည်း သူမက သက်ပြင်းတစ်ချက် ချကာ ဆက်လက် ထွက်ခွာ သွားခဲ့သည်။

ယွင်ဝူတောင်ရှိ စံအိမ်ကို ပြန်ရောက်ပြီးနောက် ချန်းဖန်၏ ဘဝက ပုံမှန်သို့ ပြန်လည် ပြောင်းလဲ သွားသည်။ သူသည် နေ့ဘက်တွင် ကျင့်ကြံကာ ညဘက်များတွင်မူ နတ်ဘုရား စိတ်အာရုံဖြင့် တစ်ကမ္ဘာလုံးသို့ လည်ပတ်သည်။

တစ်ချိန်တည်း၌ အန်တီထန်မှာလည်း အလုပ်များနေခဲ့၏။ သူမသည် ချန်းဖန် အတွက် မြောက်ပိုင်းချုံးနှင့် ဆက်စပ်သူများကို ရှာဖွေရန် နေ့နေ့ညည အလုပ်များ နေခဲ့သည်။ ကျန်းဖေးဖေးမှာမူ ချန်းဖန်အား အရောတဝင် သိပ်မပြုပဲ ခပ်တန်းတန်းသာ နေ၏။

တစ်ပတ်ကြာပြီးနောက်၌ ချန်းဖန်က ထွက်ခွာရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ ကမ္ဘာသို့ ပြန်လာခြင်းမှာ ချူကျိုးမြို့၌ နေထိုင်ရန် မဟုတ်ချေ။ သူ၏ မိဘများနှင့် တွေ့ဆုံရန် အတွက် ဖြစ်ပေသည်။

“မနက်ဖြန်ကျရင် ငါ အဲဒီအကြောင်း အန်တီထန်ကို ပြောလိုက်‌တော့မယ်”

ချန်းဖန်က တွေးလိုက်သည်။ သို့သော်လည်း နောက်တစ်နေ့ နံနက်၌ အန်တီထန်သည် သတင်း အချို့နှင့် အတူ သူ့ထံသို့ ရောက်ရှိ လာခဲ့သည်။

ထိုသတင်းကား ကျန်းပေ့နယ်တွင် ကျင့်ကြံခြင်း ညီလာခံ တစ်ခု ကျင်းပလိမ့်မည် ဆိုသော သတင်းပင်။

ကျန်းပေ့ ညီလာခံကား နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိသော ညီလာခံ ဖြစ်သည်။ ထိုညီလာခံသို့ ပြည်နယ် အတွင်းရှိ ကျင့်ကြံသူများ သာမက အခြားနယ်များရှိ ကျင့်ကြံသူများပါ တက်ရောက်လေ့ရှိသည်။ ယခုနှစ်တွင်မူ ထိုက်ကျိဂိုဏ်း၊ ပါးကျီဂိုဏ်းများ အပြင် ဒဏ္ဍာရီလာ တိုင်ချူ ဘုရားကျောင်းနှင့် နေနန်းတော်တို့ပင် ထိုညီလာခံကို တက်ရောက်လိမ့်မည်ဟု ဆိုသည်။

ချန်းဖန်သည် ထိုညီလာခံကို စိတ်မဝင်စားသော်လည်း အန်တီထန်၏ နောက်ဆက်တွဲ ပြောလာသော သတင်းက သူ၏ စိတ်ကို ပြောင်းလဲစေခဲ့၏။ ထိုသတင်းကား မြောက်ပိုင်းချုံး၏ အဓိက အဖွဲ့ဝင် တစ်ယောက်မှာလည်း ထိုညီလာခံသို့ တက်ရောက်လိမ့်မည် ဟူ၍ပင်။

***

All Chapters