← Chapters

Chapter 13

Vol. 2 Ch. 13

Chapter 13

Vol. 2 Ch. 13

ဟော့ချန်ကတော့ ကျန်းယွီဆီ တည့်တည့်လျှောက်သွားလိုက်ပြီး သူမလမ်းကို ပိတ်လိုက်လေသည်။

“ကျန်းယွီ.. ငါပြောစရာရှိတယ်”

ကျန်းယွီကတော့ သူ့ကိုပြန်မကြည့်ပါ။ သူမ မျက်နှာအမူအရာမှာလည်း စိမ်းသက်သက်ပုံစံ ပေါ်နေလေသည်။

“ငါ့ရှေ့က ပိတ်ရပ်မနေနဲ့ ဖယ်”

ဟော့ချန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“အဲ့နေ့က ငါစိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ.. နောင်ကျရင် ဒီလိုထပ်မဖြစ်စေရဘူးကွာ”

ကျန်းယွီတစ်ယောက် နှုတ်ခမ်းထောင့်နားလေးကွေးတက်သွားသည်အထိ ပြုံးလိုက်မိသည်။ ဒီလိုစကားမျိုး အကြိမ်ပေါင်းမနည်း ကြားခဲ့ဖူးသည် မဟုတ်ပါလား..။ ဒါပေမယ့် တစ်ခါမှ အကြမ်းဖက်တာတွေက မပြောင်းလဲခဲ့ဘူးလေ။

သူ့ကိုဒီ့ထက်ပိုပြီး မယုံတော့ပါ..။

“နင့်ဟာနင် အနာဂတ်မှာ ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး”

ချူးလီက သူမကိုလှမ်းဆွဲဖို့ လုပ်လိုက်သော်လည်း ကျန်းယွီကတော့ နောက်ပြန်ဆုတ်လိုက်ကာ ခပ်မြန်မြန်ပင် သူ့ကိုရှောင်လိုက်လေသည်။

ဟော့ချန်သည် ကျန်းယွီ၏ အေးစက်စက်နိုင်သော အပြုအမူများကို ကြည့်လိုက်ပြီး သူမတကယ်ကို ပြောင်းလဲသွားပြီဆိုတာကို ခံစားမိလိုက်သည်။

ဟော့ချန်လည်း ဒီလိုစိတ်အနှောင့်အယှက် ဖြစ်ရပုံမျိုးကို တစ်ခါမှမကြုံဖူးသေးချေ..။ သူ့ကြည့်ရတာ ဟန်နေပုံလည်း မပေါက်တော့ပါ။

ကျန်းယွီကို ဆုံးရှုံးလိုက်ရတာကို မကျေမနပ်ဖြစ်နေတာ မဟုတ်ဘဲ သူ့အတွက် မကျေမချမ်းဖြစ်စရာကား ကျန်းယွီ၏သူ့အပေါ် ဆက်ဆံနေပုံနှင့် သူမဘက်က စဖြတ်သည်ကိုပင်..။ သူမက ဘာမို့လို့လဲ..။

ဟော့ချန်တစ်ယောက် အံကိုကြိတ်လိုက်ပြီး “မင်းသာငါနဲ့ မပြတ်သရွေ့ မင်းလုပ်ချင်တာ အကုန်လုပ်ခွင့်ပေးမယ်..။ မင်းလိုချင်တာ မှန်သမျှလည်း ငါအကုန်ပေးမယ်။ မင်း မကချင်ဘူးလား..? Esmeralda ကိုသာဝင်ခွင့်ရခဲ့ရင် ကျောင်းစရိတ်ဘယ်လောက်ပဲ ဖြစ်နေပစေ ငါပေး,ပေးမယ်”

ကျန်းယွီတစ်ယောက် မချိုမချဉ်၊ ခပ်ရွဲ့ရွဲ့လေး ပြုံးလိုက်မိသည်။

အတိတ်ဘဝတုန်းက သူမသည် ဟော့ချန်၏ကတိများကို အဟုတ်ထင်ခဲ့ပြီး ဒါကိုပင် အချစ်စစ်ဟု အထင်မှားခဲ့ပေသေးသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရဲလို့ အိပ်မက်တွေ၊ အခွင့်အရေးတွေကို ဆုံးရှုံးရသူတွေက အနာဂတ်မှာလည်း ဘာအခွင့်အလမ်းမှ ရှိလာမှာ မဟုတ်ဘူးလေ..။ ဒီလိုဂျာအေးသူ့အမေရိုက်သည့်အဖြစ်မျိုး ကြုံဖူးသူတွေမှသာ ဘဝမှာ ဘာကတော့မြင့်မားလွန်းတယ်၊ ဘာကတော့အရန်ထားသင့်တယ်၊ ဘာကတော့ အသရေဖျက်တာဖြစ်တယ်ဆိုတာမျိုးတွေကို သိနိုင်တာလေ..။ ချောက်ထဲကျမသွားအောင် မျက်စိရှေ့မှာရှိနေတဲ့ ရွက်လှေကို တင်းတင်း ဆွဲကိုင်ထားရမည်လေ..။

App ကနေ ပိုက်ဆံရှာဖို့ အခွင့်အရေးသာ မရခဲ့ဘူးဆိုလျှင် ကျန်းယွီတစ်ယောက် ဟော့ချန်၏ သကာရည်လောင်းထားသည့်စကားများကို ထပ်ယုံစားမိနေဦးမှာပင်။

သို့သော် အခုတော့ မလိုအပ်တော့ပါ။

ကျန်းယွီသည် ထောင်အန်ရှင်းကို လှည့်ကြည့်လိုက်ကာ ဟော့ချန်ကို ပြောလိုက်လေသည်။

“နင်တကယ်ကြိုက်တဲ့လူကိုသာ သွားရွေးစမ်းပါ”

ပြောပြီးသည်နှင့် ကျောပိုးအိတ်ကိုလွယ်ကာ နောက်ကိုပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။

ဟော့ချန်သည်လည်း သူမကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိလေသည်။

ဘာလို့ဒီလိုတွေ ဖြစ်ကုန်ရတာလဲ.. သူမဘာဖြစ်လို့ ဒီလိုလုပ်နိုင်ရတာလဲ...

ဟော့ချန်သည် ကျန်းယွီအတွက်ဆိုလျှင် ဘယ်တုံးကမှ ခက်ခက်ခဲခဲ မကြိုးစားရဖူးပါ..။ ထို့ကြောင့် ဒီနေ့အဖြစ်အပျက်ကို လက်ခံလိုက်ဖို့ရာ သူ့အတွက် ခက်ခဲလွန်းပြီး အတော်ကို စိတ်ကသိကအောက် ဖြစ်နေလေ၏။

အနားတစ်ဝိုက်မှ စပ်စုနေသော လူများကလည်း ဒီအဖြစ်အပျက်ကြောင့် အတော်ပင် အံ့အားသင့်လျက် ရှိနေကြသည်။

ဟော့ချန်က ထောင်အန်ရှင်းကို အကြိုက်ဆုံး မဟုတ်ပေဘူးလား..? ကျန်းယွီကလည်း အစားထိုးသက်သက်ပဲ မဟုတ်ဘူးလား..?

ဒီနေ့ ဘာဖြစ်လို့ သူ့ကိုအရေးမထားတဲ့ ကျန်းယွီကို ခခယယတောင်းဆိုနေရတာလဲ..? ထောင်အန်ရှင်းကို ပထုတ်ပြီးတော့လေ..

စပ်စုနေတဲ့လူတွေတင်မက ထောင်အန်ရှင်းသည်ပါ ဒီအပြောင်းအလဲကြောင့် အတော်စိတ်ကသိကအောက် ဖြစ်နေလေ၏..။

ဟော့ချန်သည် တကယ်ကို သင့်တော်သည့်လူတစ်ယောက်ပင်..။ သူမနှင့် လိုက်ဖက်သည့် လူအများကြီးထဲတွင်တောင်မှ ဘယ်သူမှ ဟော့ချန်လောက် မကောင်းသည်ပင်..။

သူမသည် အစကတည်းက ဟော့ချန်ကို ရွေးချယ်ပြီးသားဖြစ်သည်..။ သူမ ဘယ်လောက် တန်ဖိုးကြီးတယ်ဆိုတာ သိစေချင်လို့သာ လွယ်လွယ်နှင့် ခွင့်မပြုဘဲနေနေခြင်းသာ ဖြစ်သည်။

ထို့ကြောင့်လည်း ကျန်းယွီနှင့် ဟော့ချန်တို့တွဲကြတုန်းက သူမတုတ်တုတ်မျှ မလှုပ်ခဲ့ခြင်းပင်။ ဟော့ချန်သည် သူမနေရာ အစားထိုးရုံသာဆိုသည့်အချက်ကို သူမသိနေသောကြောင့်ပင်..။

လူတွေက ကိုယ်မရနိုင်တာကိုဆိုလျှင် နေ့ရောညပါ တွေးမိနေကြလိမ့်မည်..။ ဒီလိုနှင့် ပို၍ပင် စွဲလမ်းလာကြလိမ့်မည်သာဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ သူမမျှော်မှန်းထားသလို ဖြစ်မလာပါ..။

ကျန်းယွီတစ်ယောက် ကျောင်းဂိတ်ပေါက်ကို လျှောက်လာခိုက် လမ်းတစ်ဖက်တွင်ရှိသည့်အပင်အောက်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် ကောင်လေးတစ်ယောက်ကို လှမ်းတွေ့လိုက်ရသည်။

ချူးလီသည် အနက်ရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး သစ်ပင်ကိုမှီလျှက် ရပ်နေလေသည်။

သူ့နဖူးပေါ်သို့ ဆံနွယ်တစ်ချို့လည်း ကျနေသည်ပင်။ သူသည် အသားဖြူဖွေးလှပြီး နှုတ်ခမ်းများမှာလည်း ရှက်သွေးဖြာနေသကဲ့သို့ နီနေလှသည်..။ ကြည့်ရတာတော့ သစ်ပင်ရဲ့ အဝါရောင်သစ်ရွက်လေးတွေက သူ့နဂိုပုံစံကို နူးညံ့သည့်ပုံပေါက်သွားစေပြီး အေးချမ်းသည့်ပုံရိပ် ဖော်ဆောင်ပေးနေသကဲ့သို့ပင်..။

သူမကို စောင့်နေတယ်ဆိုတာကို ကျန်းယွီသိလိုက်သည်။

အသက်ကိုဝဝရှုလိုက်ကာ စက္ကန့်အနည်းငယ်လောက် ပြင်ဆင်လိုက်ပြီး သူ့ထံသို့ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေသည်။

“ငါခဏနေရင် အကသင်တန်းသွားမှာဆိုတော့ ဒီနေ့တော့ မဒိတ်နိုင်တော့ဘူး”

ချူးလီကတော့ အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ညစာ အရင်စားကြတာပေါ့”

ကျန်းယွီလည်း ဒါကိုကြားလိုက်တာနဲ့ သူမခန့်မှန်းချက်မှားသွားပြီဟု စိတ်ထဲမှ ဆိုလိုက်မိသည်။ ချူးလီက တကယ်ကို သူမအား ရေရှည်ထမင်းစားလက်မှတ်အဖြစ် သဘောထားတာနေတာပဲ..။

သူမ ခံစားချက်တွေကတော့ ရှုပ်ထွေးနေလေသည်။

ဒီလိုသာဆိုလျှင် ဘယ်လောက်စားစားမဝတဲ့ ဒီဝံပုလွေပေါက်လေးကို ကျွေးမွေးဖို့ သူမအတော်လေး အလုပ်ကြိုးစားရတော့မည်ပင်..။

ယွမ်သန်း၃ရာမှာ အလှမ်းဝေးလှသေးသည်။ ယခုအချိန်မှာ အရေးအကြီးဆုံးကတော့ တာဝန်ကို သေချာလုပ်နေဖို့သာ ဖြစ်သည်။

ကျန်းယွီသည် ချူးလီကိုကြည့်လိုက်ပြီး ရုတ်တရက်အကြံပေါ်လာကာ ပြောလိုက်လေသည်။

“ငါတို့ရည်းစားတွေ ဖြစ်နေကြပြီဆိုမှတော့ ငါတစ်ခုခုတောင်းဆိုရင် နင်အကောင်းဆုံး ကူညီပေးမှာပဲ.. ဟုတ်တယ်မလား”

အနာဂတ်တွင် ချူးလီသည် သူမလက်ခံသောတာဝန်များကို ကူညီပေးလို့ ရနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်စုတ်လေးက ဉာဏ်လည်းကောင်းတယ် လူလည်းတော်တယ် မဟုတ်ပါဘူးလား..။

ချူးလီသည် သူမကို စိုက်ကြည့်လိုက်ပြီး ကလူကျီစယ်သလို ပြန်ပြောလိုက်သည်။

“ငါတို့သမီးရည်းစား ဆက်ဆံရေးက ဘာတိုးတက်မှုမှတောင် မရှိသေးတာကို အခုကတည်းက မင်းကငါ့ကို ခိုင်းစားချင်နေပြီပေါ့..?”

ကျန်းယွီသည် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး.. အင်းလေ နင်သာငါ့ကို ရေရှည်ထမင်းစားလက်မှတ်လိုလုပ်ချင်ရင် ဒီလောက်တော့ စကားနားထောင်ရမှာပေါ့.. ဟု စိတ်ထဲမှ ပြောလိုက်လေသည်။

“သွားရအောင်.. ငါညစာစားလို့မရဘူး ဒါပေမယ့် နင့်ကိုဝယ်ကျွေးမယ်“

ချူးလီလည်း ငြင်းမနေတော့ဘဲ သူမနောက်သို့ လေးတိလေးလံခြေလှမ်းများနှင့် ပျော်ပျော်ရွှင်ရွှင် လိုက်သွားလိုက်သည်။

ကျန်းယွီသည် ကိုယ်လုံးပေါ်အားကစားဝတ်စုံလေးကို ဝတ်ဆင်ထားသည့်အတွက် သူမ၏လှပသော ခန္ဓာကိုယ်အချိုးအစား၊ လှပသော ဘဲငန်းသဖွယ် လက်မောင်းများ၊ သေးသွယ်သောခါးလေးနှင့် ရှည်လျားဖြောင့်တန်းကာ အချိုးအစားကျကျဖြင့် ပြီးပြည့်စုံလှသော သူမ၏ခြေတံလေးတွေကို သေချာမြင်နေရလေသည်။

ချူးလီတစ်ယောက် သူမကိုကြည့်လေကြည့်လေ ကုတ်ပစ်လို့မရနိုင်သည့် ရွစိရွစိဖြစ်မှုမျိုးကို ခံစားရလေဖြစ်လာသည်။

သူမနှင့်ပတ်သတ်သည့် သူ့စိတ်ဆန္ဒများမှာ အရသာရှိသည့်အရာများကို စားချင်ရုံထက် ပိုလေသည်။

သူသည် တစ်ခြားသော အရာအများကြီးကိုပါ ခံစားချင်လေ၏..။

လမ်းပေါ်တွင် လက်ချင်းတွဲကာ သွားနေကြသော အတွဲတစ်ချို့ ရှိနေလေသည်။

ကျန်းယွီသည် သူတို့ကိုကြည့်လိုက်ပြီး ထူးထူးဆန်းဆန်းပင် ရှက်သဖြင့် အကြည့်လွဲလိုက်လေသည်။

ချူးလီကတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ကျန်းယွီ၏ အတွေးကို နားလည်သွားကာ ပြောလိုက်လေသည်။ “မင်းကိုင်ချင်တယ်ဆိုရင် ငါ့လက်ကိုကိုင်လို့ရတယ်”

“အခုတော့မဟုတ်သေးဘူး”

ကျန်းယွီတစ်ယောက် မလုံမလဲဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူး”

သူ၏ရေရှည်ထမင်းစားလက်မှတ် ဖြစ်ပေးဖို့ သဘောတူထားသော်လည်း သူမခန္ဓာကိုယ်နှင့် ပြန်ပေးဆပ်မယ်လို့တော့ သူမ မတွေးထားချေ။

ချူးလီ၏ နှုတ်ခမ်းထောင့်လေးများလည်း အနည်းငယ်ကွေးတက်သွားလေသည်။ သူကတော့ သူမ,မလုပ်ချင်သည့်အရာကို ဖိအားမပေးပါ။

အနာဂတ်သည် ရှည်လျားဦးမှာဖြစ်သည့်အတွက်ကြောင့်လည်း သူအလျင်မလိုနေခြင်းပင်..။

စတိုးဆိုင်ရှေ့ကဖြတ်တော့ ချက်ချင်းပဲ ချူးလီတစ်ယောက် ကျန်းယွီကိုခေါ်ကာ အထဲသို့ ဝင်သွားလေသည်။ ထို့နောက် စတော်ဘယ်ရီအရသာ စုပ်လုံးကိုဝယ်လာပြီး အခွံကိုဖောက်လိုက်ကာ ကျန်းယွီကို ပေးလိုက်သည်။

ကျန်းယွီလည်း စုပ်လုံးကိုကြည့်ကာ သူ့ကိုစမ်းတဝါးဝါးဖြင့် ကြည့်လိုက်မိသည်။

“စား”

“အော်”

ကျန်းယွီလည်း စုပ်လုံးကိုစုပ်လိုက်ပြီး သူမလျှာပေါ်တွင် ချိုမြိန်မှုလေးကို ခံစားလိုက်ရသည်။

“အရသာရှိလား”

“အင်း”

သူမသည် ချူးလီ၏ မျက်ဝန်းများထဲမှ ရယ်လိုက်ပုံလေးကို မြင်လိုက်ရပြီး နွေးထွေးမှုပင် အနည်းငယ် ခံစားသွားရသည်။

ဒီလောက်ထိ ကြည့်ရတာ ရင့်ရင့်သီးသီး ဖြစ်နေတတ်တဲ့လူက အချစ်နွံမှာနစ်ဝင်နေတဲ့ ခွေးပေါက်လေးတစ်ကောင်လို ပုံစံမျိုးမြင်ရဖို့ သူမတစ်ခါမှ မမျှော်လင့်ထားပေ။

သို့သော်ငြားလည်း လျှာပေါ်မှ အချိုဓာတ်လေးကို ၁၀စက္ကန့်သာ ခံစားလိုက်ရပြီး ချူးလီက သူမပါးစပ်ထဲက ဆွဲထုတ်ကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ကျန်းယွီ - ???

ချူးလီသည် ပါးစပ်ထဲမှ စုပ်လုံးကိုပြန်ထုတ်လိုက်ကာ ပြုံးလိုက်လေသည်။

“ချိုတာပဲ”

ကျန်းယွီကတော့ သူ့ကိုဒေါသတကြီး ဆူလိုက်လေသည်။

“နင့်ဟာနင် သက်သက်တစ်ခုဝယ်မစားနိုင်ဘူးလား? ဘယ်လိုလုပ် ငါ့ဟာကို စားနိုင်ရတာလဲ”

ချူးလီသည် စုပ်လုံးကို ဘယ်ဘက်ပါးစောင်ထဲထည့်လိုက်ပြီး ဘာမှမဖြစ်သလို ပြန်ပြောလိုက်သည်။

“ငါ မင်းကို အသစ်ထပ်ဝယ်ပေးမယ်လေ”

“မဟုတ်ဘူးလေ... နင့်အပြုအမူကို ပြောနေတာ”

သူမအတော်ကို ခေါင်းရှုပ်သွားလေသည်။

ချူးလီကတော့ စုပ်လုံးကို ပါးစပ်ထဲထည့်၍ ‌ရှေ့ဆက်လျှောက်သွားလိုက်ပြီး သူ့ကြည့်ရတာ စိတ်ကောင်းဝင်နေပုံလည်း တူသည်။

ကျန်းယွီလည်း နောက်ကပြေးလိုက်သွားပြီး မကျေမနပ်ဖြစ်သောလေသံဖြင့် အနည်းငယ်မဲ့ပြုံးပြုံးပြီး ပြန်ပြောလိုက်လေသည်။

“နင်... မရွံဘူးလား”

ချူးလီ နောက်ပြန်လှည့်လိုက်ပြီး မျက်လုံးများကိုပင့်လျက် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“ငါ့ကောင်မလေးစားထားတဲ့ဟာပဲ.. ဘာရွံစရာရှိလို့လဲ”

ကျန်းယွီ - “...”

ချူးလီသည် ကျန်းယွီကို အကသင်တန်းကျောင်းကို လိုက်ပို့လိုက်သည်။

ကျန်းယွီသည် သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသည်နှင့် သူမနှစ်ကုန်ရှိုးပွဲတွင် ဖျော်ဖြေမည့် ‘ဘဲငန်းရေကန်’ မှကောက်နုတ်ချက်များကို စတင်လေ့ကျင့်လိုက်သည်။

ချူးလီသည် ပြတင်းပေါက်နားသို့ သွားရပ်လိုက်၍ အကခန်းထဲမှ ကနေသည့် ကျန်းယွီကို ကြည့်လိုက်သည်။ သူမကိုကြည့်ရတာ လှပကျက်သရေရှိလှပြီး ညို့ဓာတ်အပြည့်ရှိကာ ချက်ချင်းပင် ထပျံတော့မည့် ဘဲငန်းနက်လေး တစ်ကောင်ကဲ့သို့ပင်။

သူ့ကိုစွန့်ပစ်သွားခဲ့သော သူ့အမေကိုပင် ချူးလီ ပြန်အမှတ်ရသွားလေ၏။

သူ့အမေသည်လည်း လှပကျက်သရေရှိလှကာ ရေတံခွန်ကဲ့သို့ ဆံနွယ်အရှည်ကြီးရှိလေသည်။ သူမအသံမှာ သိမ်မွေ့ပြီး၊ သူမ၏အပြုံးသည်တော့ နွေရာသီတွင် အရည်ပျော်ကျနေသည့် နှင်းလေးအလားပင်..။

ချူးလီ၏ ကြောက်မက်ဖွယ်ရာကလေးဘဝ အမှတ်တရများထဲတွင် သူမသည် တစ်ခုတည်းသော လှပမှုလေးဖြစ်ခဲ့သည်။

သို့သော် သူမသည်ကား သူ့ကိုငရဲတွင်းထဲတွင် တစ်သက်လုံး ထားပစ်ခဲ့လေသည်။

သူမ ပေချန်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးအဖြစ် ကောင်းမွန်စွာ ရှင်သန်နေကြောင်း သူသတင်းကြားမိသည်။

သူမလည်း မတတ်သာလို့သာ ထွက်သွားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သူသာ ဘဝမှာ ဒီ့ထက်ပို၍ အဆင်ပြေလာခဲ့လျှင် သူ့အမေလည်း စိတ်ပြန်လည်လာပြီး သူ့ဆီပြန်လာလိမ့်မည်ဟု သူတွေးမိလေသည်။

ချူးလီသည် သူ့လွယ်အိတ်ထဲမှ စာတမ်းတစ်ခုကို ထုတ်လိုက်ပြီး ကော်ရစ်ဒါအလွတ်တွင် နက်နဲသောအတွေးများစွာဖြင့် ထိုင်ဖတ်နေလိုက်သည်။

သူသည် တကယ်ကို လူကောင်းတစ်ဦးဖြစ်လာမည်ပင်..။

ကျန်းယွီလည်း ပျော်ပျော်ရွှင်ရွှင်နှင့် အက,ကခဲ့ပြီးနောက် ရေမိုးချိုးကာ အဝတ်အစား လဲလိုက်လေသည်။ ည၉နာရီတောင် ထိုးတော့မည်ဖြစ်သည်။

ကျောင်းတွင်လည်း ကျောင်းသားတွေ မရှိကြတော့ချေ..။ ကျန်းယွီသည် ကော်ရစ်ဒါအလွတ်တွင် စာအုပ်ထူထူတစ်အုပ်နှင့် ထိုင်နေသော ချူးလီကို တွေ့လိုက်ရသည်။

သူ၏ဖျော့တော့တော့ အသားရောင်ပေါ်တွင် အလင်းရောင်မှိန်မှိန်လေးက တောက်ပပြောင်လက်နေပေသည်။ သူ၏ မည်းနက်နေသောမျက်ဝန်းများမှာလည်း ကြည့်ရတာနက်ရှိုင်းလှပြီး သူ၏မျက်နှာတည်ဆောက်ပုံ အချိုးအစားများမှာ တစ်ခုချင်းစီက ထင်ရှားပြတ်သားလှလေသည်။

စာမျက်နှာများကိုကား လက်ချောင်းလေးများဖြင့် ကိုင်ထားပြီး သူ့ကြည့်ရတာ အတော်စျာန်ဝင်စားနေပုံရသည်။

ဒီလိုလူငယ်လေးတစ်ယောက်ကို လူသတ်သမားတစ်ဦးလို့ လက်ခံရမည်မှာ ကျန်းယွီအတွက် အလွန်ပင် ခက်ခဲလှပေသည်။

အနာဂတ်မှာ သူဘာတွေဖြစ်ခဲ့တာပါလိမ့်?

ချူးလီသည် သူ့နားတွင်ရပ်နေသော ထိုကောင်မလေးကို သတိပြုမိသွားဟန်တူသည်။ သူမကို လှမ်းကြည့်လိုက်ပြီး အသံနိမ့်လေးဖြင့် ပြောလိုက်လေသည်။

“ပြီးသွားပြီလား”

“အင်း... ဘာလို့ ဒီမှာရှိနေတာလဲ”

“မင်းကိုစောင့်နေတာလေ”

“ဘာလုပ်ဖို့ ငါ့ကိုစောင့်နေတာလဲ”

“လေ့ကျင့်တာပြီးတာကို စောင့်နေတာလေ”

ချူးလီသည် သူ၏စာအုပ်အထူကြီးကို ပိတ်လိုက်ပြီး လွယ်အိတ်ထဲထည့်လိုက်ကာ သူမနားသို့လျှောက်သွားလိုက်သည်။

“အတော်နောက်ကျနေပြီ.. ငါလိုက်ပို့ပေးမယ်”

ကော်ရစ်ဒါမှာပဲ ကျန်းယွီတစ်ယောက် ချူးလီ၏ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးပုံစံလေးကို ကြည့်လိုက်မိသည်။ ထို့နောက် နွေးထွေးမှုတစ်ခုက သူမရင်ထဲတွင် ဗြုန်းခနဲပေါ်ထွက်လာခဲ့သည်။

သူမ၏အတိတ်ဘဝတွင် သူမသည် ဟော့ချန်နှင့် ချစ်ကြိုက်ခဲ့သည်။ သို့သော် ဟော့ချန်သည်ကား သူမ၏လွယ်အိတ်ကို တစ်ခါမှမလွယ်ပေးဖူးသည့်အပြင် ညသန်းခေါင် သင်တန်းပြီးသည့်အချိန်ထိလည်း တစ်ခါမှမစောင့်ခဲ့ဖူးပေ။

သူမကသာ ဟော့ချန်အလိုကျ အလိုက်အထိုက်နေခဲ့ပြီး သူလိုချင်တာမှန်သမျှကို အားတက်သရော လိုက်လျောပေးခဲ့သည်ပင်။

မည်သို့ပင်ဆိုစေ သူမတို့နှစ်ဦး၏ အဆင့်အတန်းက ကွာခြားလှလွန်းလေသည်။ ထို့ကြောင့်လည်း မလွဲဧကန်ပင် သူမကိုယ်သူမ နှိမ့်ချရမည်ပင်..။

ဒီဆင်းရဲတဲ့ရည်းစားလေး ချူးလီကတော့ သူမကို လူငယ်ဘဝအချစ်က ဒီလိုဆိုတာကို ခံစားရစေသည်။

သူ၏ကျောပြင်ကို ကြည့်လိုက်ပြီး သူမကို ချူးလီတကယ်မကြိုက်လောက်ဘူးဆိုတာကိုသာ တွေးမိနေလေသည်။

ချူးလီနောက်ကို အမှီပြေးလိုက်သွားကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။ “ဘာလို့ ငါ့အပေါ် အဲ့လောက်ကောင်းပေးနေတာလဲ”

ချူးလီကတော့ ဘာမှသိပုံနားလည်ပုံမရဘဲသာ ပြန်မေးလိုက်သည်။

“ငါက မင်းအပေါ် ဘယ်လိုကောင်းပေးနေလို့လဲ”

“ကောင်းတယ်လေ..။ အရမ်းကောင်းပေးနေတာ”

“ဒါဆို မင်းလည်း ငါ့အပေါ် နည်းနည်းပိုကောင်းပေးပေါ့”

ဒီလိုဖြင့် ချူးလီသည် ခါးကိုညွှတ်လိုက်ကာ သူမအနားကို တိုးသွားလိုက်ပြီး သူ့ပါးလေးဖြင့် သူမနားကို ပွတ်ကာသီကာ လုပ်လိုက်လေသည်။

ကျန်းယွီကတော့ ရင်တုန်ပန်းတုန်ဖြင့် နား,နားတွင်ပါ ချွေးစိုချင်သလို ဖြစ်လာသည်။ သူမအသံမှာလည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြန်မေးလိုက်သည်။

“နင်.. ဘာလုပ်မလို့လဲ”

ချူးလီသည် သူ့နှာခေါင်းဖြင့် သူမနားဖျားကို ပွတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးများမှာလည်း ကွေးတက်သွားလေသည်။

“ငါဗိုက်ဆာနေပြီ.. ညလယ်စာ မြန်မြန်သွားစားကြရအောင်”

ကျန်းယွီ - …..

သူမအတွေးထဲမှ မဟုတ်ကဟုတ်က အတွေးများ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

သေချာတာပေါ့.. ဘယ်လောက်စားစားမဝတဲ့ ဒီဝံပုလွေပေါက်လေး သူမအနားကိုကပ်ချင်နေသည်မှာ ဒါကြောင့်ပဲ မဟုတ်ပါဘူးလား..။

All Chapters